iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္တိုင္ မွ်ေ၀ၾကမယ့္ Weight Loss အစီအစဥ္ေလးကို စပါၿပီ။ Weight Loss Diet ေလးကို လုပ္ခဲ့တဲ့ ညီမငယ္တစ္ဦးကေန ေပးပို႔လာတဲ့ နည္းေလးနဲ႔ သူ ေတြ႔ႀကံဳခဲ့တဲ့ အခက္အခဲအခ်ိဳ႕နဲ႔ အေၾကာင္းအရာေတြကို က်န္တဲ့ သူငယ္ခ်င္းေတြ အတြက္ ျပန္လည္ မွ်ေ၀လိုက္ရပါတယ္။
ကြ်န္မနာမည္ကေတာ့ ၀င့္၀ါ (Nickname) ပါ။ ကြ်န္မ အရင္က ေပါင္ ၁၄၀ ရွိပါတယ္။ ကြ်န္မ အရပ္နဲ႔ ကိုယ္အေလးခ်ိန္နဲ႔ဆိုရင္ ၀တယ္ဆိုတဲ့ အေနအထားကို ေရာက္ေနၿပီလို႔ သိလိုက္ရပါတယ္။ အထိုင္အထ ေလးၿပီး ေျခေထာက္ေတြ နာလာတဲ့ အတြက္ ၀ိတ္ခ်ဖို႔ စဥ္းစားခဲ့ပါတယ္။ ေဆးေတြလည္း မေသာက္ခ်င္တဲ့ အတြက္ အစားအစာနဲ႔ ၀ိတ္ေလွ်ာ့မယ္ဆိုၿပီး ပထမဦးဆံုး Weight Loss Diet Plan ကို လုပ္ခဲ့ပါတယ္။
လုပ္ခဲ့တဲ့ Plan ကေတာ့ တစ္ပတ္အတြင္း ၁၀ေပါင္ က်ေစမယ့္ ေန႔အလိုက္ အသီးအႏွံနဲ႔ အရည္ေတြ စားရတဲ့ Plan ပါ။ အစာကို ရုတ္တရက္ ျဖတ္လိုက္တာ မဟုတ္တဲ့ အတြက္ အေတာ္ေလးကို အဆင္ေျပပါတယ္။ ႀကံဳရတဲ့ ဒုကၡကေတာ့ ေနာက္ေန႔ စားဖို႔ အတြက္ ႀကိဳၿပီး ေစ်း၀ယ္ရတာပါပဲ။ သူက အစံုစားရတဲ့ အတြက္ နည္းနည္းစီ ၀ယ္ေနရပါတယ္။
ေနာက္ႀကံဳရတဲ့ ဒုကၡတစ္မ်ိဳးကေတာ့ ကိုယ့္ပတ္၀န္းက်င္က လူေတြရဲ႕ ေလွာင္ေျပာင္မႈပါ။ “အရမ္း လွခ်င္ေနတာလား၊ အငတ္ခံ မေနပါနဲ႔ ဘာမွ ထူးမွာ မဟုတ္ဘူး။ စားလိုက္ပါ ဒါေလးေတာ့ “ဆိုၿပီး မ်ိဳးစံု စေနာက္ အတင္းေကြ်းတာမ်ိုးေတြ လုပ္တတ္ၾကပါတယ္။ ကိုယ္က အငတ္ခံတာ မဟုတ္ေပမယ့္ ကိုယ္စားတဲ့ အစားအစာေတြထဲမွာ ဆီေတြ အငံေတြ ေရွာင္ၿပီး စားတာျဖစ္လို႔ တစ္ခုခု လိုအပ္ေနတယ္လို႔ေတာ့ စိတ္ထဲ ထင္မိပါတယ္။
၃ရက္ေျမာက္ေန႔မွာေတာ့ အားလံုး ဒုကၡေတြကို ခံႏုိင္သြားပါၿပီ။ စ စားတဲ ့ရက္ေတြမွာ အျခား စားေနၾက အစားအစာေတြကို စားခ်င္စိတ္ ခ်ိဳးႏွိမ္ရတာလြဲရင္ က်န္တဲ့ က်န္းမာေရး ျပႆနာေတြေတာ့ မျဖစ္ခဲ့ပါဘူး။ တစ္ခု ရွိတာကေတာ့ သူ႔အတိုင္း ေျပာတဲ့ ေလ့က်င့္ခန္းေတြကေတာ့ သိပ္မလုပ္ျဖစ္ပါဘူး။ ရံုးအျပန္ အိမ္ေလွကားတက္တာေလာက္ပဲ လုပ္ျဖစ္ခဲ့ပါတယ္။
၇ရက္ေျမာက္တဲ့ ေန႔မွာ ေပါင္ခ်ိန္လိုက္ေတာ့ ၅ေပါင္ က်ေနပါတယ္။ အစာ စားခ်င္စိတ္လည္း အရမ္း မျဖစ္ေတာ့ဘဲ အခုဆိုရင္ ျဖည္းျဖည္းခ်င္းစီ ၀ိတ္ကို ျပန္ထိန္းၿပီး ေလွ်ာ့ေနႏုိင္ပါၿပီ။ အခု ေပါင္ ၁၂၉ေပါင္ပဲ က်န္ပါေတာ့တယ္။

Credit: MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်တိုင် မျှဝေကြမယ့် Weight Loss အစီအစဉ်လေးကို စပါပြီ။ Weight Loss Diet လေးကို လုပ်ခဲ့တဲ့ ညီမငယ်တစ်ဦးကနေ ပေးပို့လာတဲ့ နည်းလေးနဲ့ သူ တွေ့ကြုံခဲ့တဲ့ အခက်အခဲအချို့နဲ့ အကြောင်းအရာတွေကို ကျန်တဲ့ သူငယ်ချင်းတွေ အတွက် ပြန်လည် မျှဝေလိုက်ရပါတယ်။
ကျွန်မနာမည်ကတော့ ဝင့်ဝါ (Nickname) ပါ။ ကျွန်မ အရင်က ပေါင် ၁၄၀ ရှိပါတယ်။ ကျွန်မ အရပ်နဲ့ ကိုယ်အလေးချိန်နဲ့ဆိုရင် ဝတယ်ဆိုတဲ့ အနေအထားကို ရောက်နေပြီလို့ သိလိုက်ရပါတယ်။ အထိုင်အထ လေးပြီး ခြေထောက်တွေ နာလာတဲ့ အတွက် ဝိတ်ချဖို့ စဉ်းစားခဲ့ပါတယ်။ ဆေးတွေလည်း မသောက်ချင်တဲ့ အတွက် အစားအစာနဲ့ ဝိတ်လျှော့မယ်ဆိုပြီး ပထမဦးဆုံး Weight Loss Diet Plan ကို လုပ်ခဲ့ပါတယ်။
လုပ်ခဲ့တဲ့ Plan ကတော့ တစ်ပတ်အတွင်း ၁၀ပေါင် ကျစေမယ့် နေ့အလိုက် အသီးအနှံနဲ့ အရည်တွေ စားရတဲ့ Plan ပါ။ အစာကို ရုတ်တရက် ဖြတ်လိုက်တာ မဟုတ်တဲ့ အတွက် အတော်လေးကို အဆင်ပြေပါတယ်။ ကြုံရတဲ့ ဒုက္ခကတော့ နောက်နေ့ စားဖို့ အတွက် ကြိုပြီး ဈေးဝယ်ရတာပါပဲ။ သူက အစုံစားရတဲ့ အတွက် နည်းနည်းစီ ဝယ်နေရပါတယ်။
နောက်ကြုံရတဲ့ ဒုက္ခတစ်မျိုးကတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ လှောင်ပြောင်မှုပါ။ “အရမ်း လှချင်နေတာလား၊ အငတ်ခံ မနေပါနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ စားလိုက်ပါ ဒါလေးတော့ “ဆိုပြီး မျိုးစုံ စနောက် အတင်းကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ကိုယ်က အငတ်ခံတာ မဟုတ်ပေမယ့် ကိုယ်စားတဲ့ အစားအစာတွေထဲမှာ ဆီတွေ အငံတွေ ရှောင်ပြီး စားတာဖြစ်လို့ တစ်ခုခု လိုအပ်နေတယ်လို့တော့ စိတ်ထဲ ထင်မိပါတယ်။
၃ရက်မြောက်နေ့မှာတော့ အားလုံး ဒုက္ခတွေကို ခံနိုင်သွားပါပြီ။ စ စားတဲ့ရက်တွေမှာ အခြား စားနေကြ အစားအစာတွေကို စားချင်စိတ် ချိုးနှိမ်ရတာလွဲရင် ကျန်တဲ့ ကျန်းမာရေး ပြဿနာတွေတော့ မဖြစ်ခဲ့ပါဘူး။ တစ်ခု ရှိတာကတော့ သူ့အတိုင်း ပြောတဲ့ လေ့ကျင့်ခန်းတွေကတော့ သိပ်မလုပ်ဖြစ်ပါဘူး။ ရုံးအပြန် အိမ်လှေကားတက်တာလောက်ပဲ လုပ်ဖြစ်ခဲ့ပါတယ်။
၇ရက်မြောက်တဲ့ နေ့မှာ ပေါင်ချိန်လိုက်တော့ ၅ပေါင် ကျနေပါတယ်။ အစာ စားချင်စိတ်လည်း အရမ်း မဖြစ်တော့ဘဲ အခုဆိုရင် ဖြည်းဖြည်းချင်းစီ ဝိတ်ကို ပြန်ထိန်းပြီး လျှော့နေနိုင်ပါပြီ။ အခု ပေါင် ၁၂၉ပေါင်ပဲ ကျန်ပါတော့တယ်။

Credit: MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top