iMyanmarHouse.com - Best Property Website for Myanmar
×

ဆီး အိမ္ ေက်ာက္တည္ျခင္းဟာ ဆီး အိမ္ အတြင္းမွာ သတၱဳအပိုင္းအစေလးေတြ ရွိေနျခင္း ျဖစ္ပါတယ္။ ဆီး အိမ္ ေက်ာက္တည္ျခင္းဟာ ဆီး အိမ္ က ဆီးေတြကို ကုန္စင္ေအာင္မထုတ္တာေၾကာင့္ ဆီးေတြက ဆီး အိမ္ အတြင္း စုၿပီး ေက်ာက္ျဖစ္လာျခင္းျဖစ္ပါတယ္။

Bladder stones ဟာ ဘယ္ေလာက္ထိ အျဖစ္မ်ားသလဲ။

ဒီအေျခအေနဟာ ဆီးပံုမွန္မသြားတဲ့သူေတြမွာအျဖစ္မ်ားပါတယ္။ ဒါေပမယ့္ အသက္ ၅၀ေက်ာ္ အမ်ိဳးသားေတြမွာအျဖစ္အမ်ားဆံုး ျဖစ္ၿပီး အမ်ိဳးသမီးေတြမွာ အျဖစ္နည္းပါတယ္။

ေရာဂါလကၡဏာမ်ား။

Bladder stones ရဲ႕ ေရာဂါလကၡဏာေတြက ဘာေတြလဲ။

Bladder stones ရဲ႕ အျဖစ္အမ်ားဆံုးေရာဂါလကၡဏာေတြကေတာ့

        ဗိုက္ေအာက္ပိုင္းနာျခင္း၊ အလြန္နာက်င္ျခင္း၊ အမ်ိဳးသားေတြမွာ လိင္တံနာက်င္ျခင္း ျဖစ္ႏိုင္ပါတယ္။
        ဆီးသြားစဥ္ ခက္ခဲျခင္း၊ နာက်င္ျခင္း
        ဆီး မၾကာခဏသြားျခင္း ( အထူးသျဖင့္ ညအခ်ိန္)
        အေရာင္ရင့္ေသာ ဆီးသြားျခင္း
        ဆီးအတြင္း ေသြးပါျခင္း

အထက္မွာေဖာ္ျပထားတဲ့အထဲမွာမပါ၀င္တဲ့ အျခားေသာလကၡဏာေတြလည္းရွိႏုိင္ပါေသးတယ္။ တကယ္လို႔ကိုယ့္ဆီမွာ ေရာဂါလကၡဏာတစ္ခုခုမ်ားရွိေနမလားဆိုျပီး စိုးရိမ္ေနမယ္ဆိုရင္ ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။

ဘယ္အခ်ိန္မွာ ဆရာ၀န္နဲ႔ သြားေရာက္ျပသသင့္ပါသလဲ။

သင့္ဆီမွာ အထက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြထဲက တစ္ခုခုမ်ားရွိေနမယ္ဆိုရင္ အထူးသျဖင့္ ေရရွည္ ဗိုက္ေအာင့္ျခင္း၊ ဆီးမၾကာခဏသြားျခင္းနဲ႔ ဆီးအတြင္း ေသြးပါျခင္း ရွိခဲ့မယ္ဆိုရင္ ဆရာ၀န္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ သင့္အေျခအေနရဲ႕ ေရာဂါရွာေဖြဖုိ႔အတြက္ မေသခ်ာရင္ ဆရာဝန္ကို ျပသတာအေကာင္းဆံုးျဖစ္ပါတယ္။

ျဖစ္ပြားမႈအေၾကာင္းရင္းမ်ား။

ဘာေတြက Bladder stones ျဖစ္ပြားေစသလဲ။

ဆီးအိမ္ေက်ာက္တည္ျခင္းဟာ ဆီးအိမ္မွ ဆီးအကုန္မထုတ္တဲ့အခါ ျဖစ္ပြားႏိုင္ပါတယ္။ ဆီးအတြင္းမွာ ရွိတဲ့ သတၱဳဓါတ္ေတြဟာ ေက်ာက္ျဖစ္လာပါတယ္။ ဆီးအိမ္ေက်ာက္တည္ျခင္းကိုျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။

ဆီးက်ိတ္ႀကီးျခင္း – အမ်ိဳးသားေတြမွာ ဆီးက်ိတ္ႀကီးျခင္းဟာ ဆီးသြားျခင္းကို ပိတ္ဆို႔ၿပီး ဆီးအိမ္အတြင္း ဆီးက်န္ေစပါတယ္။

Neurogenic bladder – အာရံုေၾကာေတြဟာ ဦးေႏွာက္မွ ေစခိုင္းခ်က္ေတြကုိ ဆီးအိမ္ႂကြက္သားေတြဆီကို ပို႔ေဆာင္ေပးပါတယ္။ တကယ္လုိ႔ ဒဏ္ရာရခဲ့ရင္ (သို႔) ပ်က္စီးေနရင္ ဆီးအိမ္ေကာင္းေကာင္းအလုပ္လုပ္မွာ မဟုတ္ပါဘူး။

ေရာင္ရမ္းျခင္း – ဆီးအိမ္ေရာင္ရမ္းျခင္းေၾကာင့္လည္း ေက်ာက္တည္ႏုိင္ပါတယ္။

ေက်ာက္ကပ္ေက်ာက္တည္ျခင္း – ေသးငယ္တဲ့ ေက်ာက္ကပ္ေက်ာက္ေတြဟာ ဆီးအိမ္အတြင္းကုိ ဆီးျပြန္ေတြမွတစ္ဆင့္ ဆင္းလာၿပီး ဆီးေက်ာက္တည္ေစႏိုင္ပါတယ္။

Cyscotele –  အမ်ိဳးသမီးေတြမွာ ဆီးအိမ္နံရံဟာ အားနည္းၿပီး မိန္းမကုိယ္အတြင္းဆင္းလာတာေၾကာင့္ ဆီးသြားျခင္းကို ပိတ္ဆို႔ကာ ဆီးေက်ာက္တည္ေစႏိုင္ပါတယ္။

ျဖစ္ပြားေစႏုိင္ေခ်ကို ျမင့္ေစသည့္ အေၾကာင္းရင္းမ်ား။

ဘယ္အရာေတြက Bladder stones ျဖစ္ပြားႏုိင္ေခ်ကိုျမင့္ေစပါသလဲ။

Bladder stones ျဖစ္ပြားႏုိင္ေခ်ကိုျမင့္ေစတဲ့အေၾကာင္းရင္းေတြ အမ်ားၾကီးရွိပါတယ္။ ဥပမာအားျဖင့္

အသက္နဲ႔ လိင္ – ဆီးေက်ာက္ေတြဟာ အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။

အေၾကာေသျခင္း – ေက်ာရိုးမ ထိခိုက္မိသူ၊ တင္ပါးဆံုႂကြက္သား ထိန္းသိမ္းတဲ့ ႂကြက္သား ေပ်ာက္ဆံုးမႈေတြဟာ ဆီးအိမ္ကို ဆီးအကုန္မထုတ္ေစႏိုင္ပါဘူး။

ဆီးအိမ္ထြက္ေပါက္ ပိတ္ဆို႔ျခင္း – ဆီးသြားျခင္းကို ပိတ္တဲ့ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ အျဖစ္အမ်ားဆံုးကေတာ့ ဆီးက်ိတ္ႀကီးျခင္းပဲျဖစ္ပါတယ္။

Bladder expansion surgery – ဆီးမထိန္းႏိုင္ျခင္းကို ကုသတဲ့ ခြဲစိတ္မႈအၿပီး အမ်ိဳးသမီးေတြမွာ ဆီးေက်ာက္တည္ႏိုင္ပါတယ္။

ေရာဂါအေျဖရွာျခင္းႏွင့္ ကုသျခင္း

ေယဘူယ်အသိေပးခ်က္ – ယခုေဖာ္ျပထားသည့္ အခ်က္အလက္မ်ားမွာ ေဆးပညာဆုိင္ရာကၽြမ္းက်င္သူ၏ အၾကံေပးခ်က္မ်ားေနရာတြင္ အစားထိုးရန္ မသင့္ေတာ္ပါ။

ဆက္လက္သိရွိလိုေသာအခ်က္အလက္မ်ားအတြက္ သင့္ရဲ႕ဆရာ၀န္နဲံ အျမဲတိုင္ပင္ေဆြးေႏြးပါ။

Bladder stones ဟုတ္မဟုတ္ကို ဘယ္လိုအေျဖရွာအတည္ျပဳသလဲ။

ဆီးေက်ာက္တည္ျခင္းကို စစ္ေဆးမႈမ်ိဳးစံုနဲ႔ ေတြ႔ရွိႏိုင္ပါတယ္။

စမ္းသပ္စစ္ေဆးျခင္း – သင့္ဆရာဝန္က ဆီးအိမ္ႀကီးေနလားဆိုတာကို ဝမ္းဗိုက္ေအာက္ပိုင္းကို လက္တင္ၿပီး စမ္းႏိုင္ပါတယ္။ စအိုကို စမ္းသပ္ၿပီး ဆီးက်ိတ္ကို စစ္ေဆးႏိုင္ပါတယ္။

Urinalysis – ဆရာဝန္က ဆီးအတြင္းမွာ ေသြး၊ ဘက္တီးရီးယားေတြပါမပါ ဆီးယူၿပီး စစ္ေဆးႏိုင္ပါတယ္။

CT scan နဲ႔ X-rays – X-rays ပံုေတြနဲ႔ CT scan လုပ္ျခင္းဟာ အဂၤါေတြကို စစ္ေဆးႏိုင္ပါတယ္။

Ultrasound – အသံလိႈင္းမွတစ္ဆင့္ ကိုယ္အဂၤါေတြကို စစ္ေဆးျခင္းျဖစ္ပါတယ္။

Intravenous pyelogram – သင့္ဆရာဝန္က ေသြးျပန္ေၾကာအတြင္းကို အရည္ထိုးထည့္ေပးၿပီး ေက်ာက္ကပ္နဲ႔ ဆီးအိမ္ကို ျဖတ္သန္းေစမွာ ျဖစ္ပါတယ္။

Bladder stones ကို ဘယ္လိုကုသလဲ။

တကယ္လို႔ ဆီးအိမ္ေက်ာက္ေတြဟာ ေသးငယ္ေနရင္ ဒီေက်ာက္ေတြကို ကိုယ္ခႏၶာမွ သဘာဝအတိုင္းထုတ္ႏိုင္ေအာင္ ေရမ်ားစြာ ေသာက္သင့္ပါတယ္။

တကယ္လို႔ သူတို႔ဟာ ႀကီးလြန္းၿပီး ဆီးအိမ္အတြင္းပိတ္မိေနတယ္ဆိုရင္ ခြဲစိတ္ျခင္းနဲ႔ ေက်ာက္ေတြကို ခြဲကာ ဖယ္ရွားျခင္း ျပဳလုပ္ႏိုင္ပါတယ္။

ဆီးေက်ာက္ေတြကို ခြဲျခင္း

Cystolitholapaxy လို႔ ေခၚတဲ့ ကုသမႈမွာေတာ့ ဆရာဝန္က ဆီးျပြန္ထဲကို ေသးငယ္တဲ့ ျပြန္တစ္ခုထည့္မွာျဖစ္ပါတယ္။ အေပါက္ဝက လိင္တံအဆံုး (သို႔) မိန္းမကိုယ္ေပၚမွာ ရွိမွာျဖစ္ပါတယ္။ ဆရာဝန္က ကင္မရာမွတစ္ဆင့္ ေက်ာက္ေတြကို ျမင္ႏိုင္မွာျဖစ္ၿပီး ေလဆာ၊ Ultrasound၊ ကိရိယာတစ္ခုခုအသံုးျပဳကာ ဖယ္ရွားမွာျဖစ္ပါတယ္။ ဒီလိုျပဳလုပ္မႈမွာ ထံုေဆးလိုအပ္ပါတယ္။

ဒီကုသမႈရဲ႕ ဆုိးက်ိဳးေတြကေတာ့ ရွားပါးပါတယ္။ ဒါေပမယ့္ တခါတရံမွာ ဆီးအိမ္နံရံျပဲျခင္းနဲ႔ ေရာဂါပိုးဝင္ျခင္းေတြျဖစ္ႏိုင္ပါတယ္။ ေရာဂါပိုးဝင္ျခင္းကို ေလွ်ာ့ခ်ဖို႔ ပိုးသတ္ေဆးကို ႀကိဳေသာက္သင့္ပါယတ္။

ခြဲစိပ္ၿပီး ေက်ာက္ဖယ္ျခင္း

တကယ္လို႔ ေက်ာက္ေတြဟာ ခြဲဖို႔အတြက္ ႀကီးလြန္းေနရင္ ခြဲစိတ္ၿပီး ထုတ္ႏိုင္ပါတယ္။ ဆရာဝန္က ဗိုက္ကိုခြဲၿပီး ေက်ာက္ေတြကို ထုတ္မွာျဖစ္ပါတယ္။

လူေနမႈပံုစံေျပာင္းလဲျခင္းႏွင့္ အိမ္သံုးကုထံုးမ်ား။

လူေနမႈပံုစံေျပာင္းလဲျခင္းနဲ႔ အိမ္သံုးကုထံုးေတြအသံုးျပဳျခင္းက Bladder stones ကို ကုသရာမွာ ဘယ္လိုအေထာက္အကူျပဳႏုိင္မလဲ။

ေအာက္ေဖာ္ျပပါ လူေနမႈပံုစံမ်ားနဲ႔ အိမ္သံုးကုထံုးမ်ားက သင့္အေနျဖင့္ Bladder stones ကိုကုသတဲ့ေနရာမွာနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနတဲ့ေနရာေတြမွာ အကူအညီေပးႏုိင္ပါတယ္။

        ဆီးပ်စ္ျခင္းကို ကာကြယ္ဖို႔အတြက္ တစ္ေန႔မွာ အနည္းဆံုး ေရ ၂ လီတာကေန ၃ လီတာအထိ ေသာက္ႏိုင္ပါတယ္။
        ေႏွာင့္ေႏွးျခင္း မရွိပဲ ဆီးအိမ္ထဲမွ ဆီးကို ပံုမွန္ထုတ္သင့္ပါတယ္။
        တကယ္လို႔ ဆီးအိ္မ္အတြင္းမွာ ဆီးမကုန္ေသးဘူးထင္ရင္ ပထမတစ္ခါအၿပီး ၁၀-၂၀ စကၠန္႔အတြင္းမွာ ဒုတိယအႀကိမ္ ထပ္မံႀကိဳးစားသင့္ပါတယ္။
        ဝမ္းခ်ဳပ္ေနရင္ ဝမ္းေပ်ာ့ေဆးေတြကို အသံုးျပဳႏိုင္ပါတယ္။

အကယ္၍သင့္မွာ ေမးခြန္းေတြရွိမယ္ဆိုရင္ သင့္အတြက္သင့္ေတာ္တဲ့ အေျဖရွာေဖြႏုိင္ဖို႔ ဆရာ၀န္နဲ႔ ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်အတွင်းမှာ သတ္တုအပိုင်းအစလေးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်က ဆီးတွေကို ကုန်စင်အောင်မထုတ်တာကြောင့် ဆီးတွေက ဆီးအိမ်အတွင်း စုပြီး ကျောက်ဖြစ်လာခြင်းဖြစ်ပါတယ်။

Bladder stones ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီအခြေအနေဟာ ဆီးပုံမှန်မသွားတဲ့သူတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက် ၅၀ကျော် အမျိုးသားတွေမှာအဖြစ်အများဆုံး ဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်နည်းပါတယ်။

ရောဂါလက္ခဏာများ။

Bladder stones ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Bladder stones ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

        ဗိုက်အောက်ပိုင်းနာခြင်း၊ အလွန်နာကျင်ခြင်း၊ အမျိုးသားတွေမှာ လိင်တံနာကျင်ခြင်း ဖြစ်နိုင်ပါတယ်။
        ဆီးသွားစဉ် ခက်ခဲခြင်း၊ နာကျင်ခြင်း
        ဆီး မကြာခဏသွားခြင်း ( အထူးသဖြင့် ညအချိန်)
        အရောင်ရင့်သော ဆီးသွားခြင်း
        ဆီးအတွင်း သွေးပါခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် အထူးသဖြင့် ရေရှည် ဗိုက်အောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်းနဲ့ ဆီးအတွင်း သွေးပါခြင်း ရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်အခြေအနေရဲ့ ရောဂါရှာဖွေဖို့အတွက် မသေချာရင် ဆရာဝန်ကို ပြသတာအကောင်းဆုံးဖြစ်ပါတယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Bladder stones ဖြစ်ပွားစေသလဲ။

ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်မှ ဆီးအကုန်မထုတ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ဆီးအတွင်းမှာ ရှိတဲ့ သတ္တုဓါတ်တွေဟာ ကျောက်ဖြစ်လာပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

ဆီးကျိတ်ကြီးခြင်း – အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းဟာ ဆီးသွားခြင်းကို ပိတ်ဆို့ပြီး ဆီးအိမ်အတွင်း ဆီးကျန်စေပါတယ်။

Neurogenic bladder – အာရုံကြောတွေဟာ ဦးနှောက်မှ စေခိုင်းချက်တွေကို ဆီးအိမ်ကြွက်သားတွေဆီကို ပို့ဆောင်ပေးပါတယ်။ တကယ်လို့ ဒဏ်ရာရခဲ့ရင် (သို့) ပျက်စီးနေရင် ဆီးအိမ်ကောင်းကောင်းအလုပ်လုပ်မှာ မဟုတ်ပါဘူး။

ရောင်ရမ်းခြင်း – ဆီးအိမ်ရောင်ရမ်းခြင်းကြောင့်လည်း ကျောက်တည်နိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်း – သေးငယ်တဲ့ ကျောက်ကပ်ကျောက်တွေဟာ ဆီးအိမ်အတွင်းကို ဆီးပြွန်တွေမှတစ်ဆင့် ဆင်းလာပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။

Cyscotele –  အမျိုးသမီးတွေမှာ ဆီးအိမ်နံရံဟာ အားနည်းပြီး မိန်းမကိုယ်အတွင်းဆင်းလာတာကြောင့် ဆီးသွားခြင်းကို ပိတ်ဆို့ကာ ဆီးကျောက်တည်စေနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Bladder stones ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Bladder stones ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်နဲ့ လိင် – ဆီးကျောက်တွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

အကြောသေခြင်း – ကျောရိုးမ ထိခိုက်မိသူ၊ တင်ပါးဆုံကြွက်သား ထိန်းသိမ်းတဲ့ ကြွက်သား ပျောက်ဆုံးမှုတွေဟာ ဆီးအိမ်ကို ဆီးအကုန်မထုတ်စေနိုင်ပါဘူး။

ဆီးအိမ်ထွက်ပေါက် ပိတ်ဆို့ခြင်း – ဆီးသွားခြင်းကို ပိတ်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံးကတော့ ဆီးကျိတ်ကြီးခြင်းပဲဖြစ်ပါတယ်။

Bladder expansion surgery – ဆီးမထိန်းနိုင်ခြင်းကို ကုသတဲ့ ခွဲစိတ်မှုအပြီး အမျိုးသမီးတွေမှာ ဆီးကျောက်တည်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။

ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Bladder stones ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဆီးကျောက်တည်ခြင်းကို စစ်ဆေးမှုမျိုးစုံနဲ့ တွေ့ရှိနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း – သင့်ဆရာဝန်က ဆီးအိမ်ကြီးနေလားဆိုတာကို ဝမ်းဗိုက်အောက်ပိုင်းကို လက်တင်ပြီး စမ်းနိုင်ပါတယ်။ စအိုကို စမ်းသပ်ပြီး ဆီးကျိတ်ကို စစ်ဆေးနိုင်ပါတယ်။

Urinalysis – ဆရာဝန်က ဆီးအတွင်းမှာ သွေး၊ ဘက်တီးရီးယားတွေပါမပါ ဆီးယူပြီး စစ်ဆေးနိုင်ပါတယ်။

CT scan နဲ့ X-rays – X-rays ပုံတွေနဲ့ CT scan လုပ်ခြင်းဟာ အင်္ဂါတွေကို စစ်ဆေးနိုင်ပါတယ်။

Ultrasound – အသံလှိုင်းမှတစ်ဆင့် ကိုယ်အင်္ဂါတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။

Intravenous pyelogram – သင့်ဆရာဝန်က သွေးပြန်ကြောအတွင်းကို အရည်ထိုးထည့်ပေးပြီး ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။

Bladder stones ကို ဘယ်လိုကုသလဲ။

တကယ်လို့ ဆီးအိမ်ကျောက်တွေဟာ သေးငယ်နေရင် ဒီကျောက်တွေကို ကိုယ်ခန္ဓာမှ သဘာဝအတိုင်းထုတ်နိုင်အောင် ရေများစွာ သောက်သင့်ပါတယ်။

တကယ်လို့ သူတို့ဟာ ကြီးလွန်းပြီး ဆီးအိမ်အတွင်းပိတ်မိနေတယ်ဆိုရင် ခွဲစိတ်ခြင်းနဲ့ ကျောက်တွေကို ခွဲကာ ဖယ်ရှားခြင်း ပြုလုပ်နိုင်ပါတယ်။

ဆီးကျောက်တွေကို ခွဲခြင်း

Cystolitholapaxy လို့ ခေါ်တဲ့ ကုသမှုမှာတော့ ဆရာဝန်က ဆီးပြွန်ထဲကို သေးငယ်တဲ့ ပြွန်တစ်ခုထည့်မှာဖြစ်ပါတယ်။ အပေါက်ဝက လိင်တံအဆုံး (သို့) မိန်းမကိုယ်ပေါ်မှာ ရှိမှာဖြစ်ပါတယ်။ ဆရာဝန်က ကင်မရာမှတစ်ဆင့် ကျောက်တွေကို မြင်နိုင်မှာဖြစ်ပြီး လေဆာ၊ Ultrasound၊ ကိရိယာတစ်ခုခုအသုံးပြုကာ ဖယ်ရှားမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်မှုမှာ ထုံဆေးလိုအပ်ပါတယ်။

ဒီကုသမှုရဲ့ ဆိုးကျိုးတွေကတော့ ရှားပါးပါတယ်။ ဒါပေမယ့် တခါတရံမှာ ဆီးအိမ်နံရံပြဲခြင်းနဲ့ ရောဂါပိုးဝင်ခြင်းတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို လျှော့ချဖို့ ပိုးသတ်ဆေးကို ကြိုသောက်သင့်ပါယတ်။

ခွဲစိပ်ပြီး ကျောက်ဖယ်ခြင်း

တကယ်လို့ ကျောက်တွေဟာ ခွဲဖို့အတွက် ကြီးလွန်းနေရင် ခွဲစိတ်ပြီး ထုတ်နိုင်ပါတယ်။ ဆရာဝန်က ဗိုက်ကိုခွဲပြီး ကျောက်တွေကို ထုတ်မှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Bladder stones ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bladder stones ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

        ဆီးပျစ်ခြင်းကို ကာကွယ်ဖို့အတွက် တစ်နေ့မှာ အနည်းဆုံး ရေ ၂ လီတာကနေ ၃ လီတာအထိ သောက်နိုင်ပါတယ်။
        နှောင့်နှေးခြင်း မရှိပဲ ဆီးအိမ်ထဲမှ ဆီးကို ပုံမှန်ထုတ်သင့်ပါတယ်။
        တကယ်လို့ ဆီးအိမ်အတွင်းမှာ ဆီးမကုန်သေးဘူးထင်ရင် ပထမတစ်ခါအပြီး ၁၀-၂၀ စက္ကန့်အတွင်းမှာ ဒုတိယအကြိမ် ထပ်မံကြိုးစားသင့်ပါတယ်။
        ဝမ်းချုပ်နေရင် ဝမ်းပျော့ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top