iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Mg Mandalay

 နေ့ခင်းပိုင်းအချိန်များတွင် ချောင်းဆိုးခြင်းသည် မသိလိုက် မသိသာ ဖြစ်ပေမဲ့ ညည ချောင်းဆိုးရင် အလွန်ပင် ဒေါသဖြစ်စရာတစ်ခုလို့ဖြစ်ကြပါတယ် ။ နေ့ခင်းပိုင်းချောင်းဆိုးခြင်းကြတော့ ဟိုသွားလိုက် ဒီသွားလိုက်ဖြစ်ပြီး နေ့ခင်းအပူလည်းရှိ နေ့ခင်းခန္ဓာကိုယ်လုပ်ရှားသည့်အတွက် ကိုယ်အပူငွေ့လည်းရှိ စိတ်အသိစိတ်တွေကလည်း မသိမှု့အတွက် ကြောင့် သတိမထားမိကြဘူးပေါ့ ။
ညရောက်ပြီဆိုရင် လူခန္ဓာကိုယ်ကြီးက နေ့ခင်းတစ်နေ့လုံး သွားလာလှုပ်ရှားထားလေတော့ ပင်ပန်းလာပြီး အိပ်ယာပေါ်လဲပြီး အိပ်တော့မယ်လုပ်တော့မှ တစ်ဟွတ်ဟွတ်နဲ့ ချောင်းကဆိုးလာတော့သည် တစ်ခါတစ်ရံ ချောင်းကဆိုးလိုက် လည်ပင်မှာ ယားယံပြီး ဆိုးလိုက် အိပ်ဖို့ရာတောင် အိပ်ရေးပျက်ရရသည်အတွက် သည်လို ညမျိုး ချောင်းတွေဆိုး လာပြီဆိုရင် အလွန်ပင် စိတ်ဒေါသဖြစ်ရပါတော့သည် ။

နေ့ခင်းဖက်တွေလည်ပင်းယားယံဆိုးနေခဲ့ရင် သက်သာစေသည့် အကြောင်းတင်ပြခဲ့ဘူးပါသည်ယခုလည်း ထပ်ရေးလိုက်ပါမည် သောက်ရေ (ရေခဲရေမဟုတ် ) ကို ဝဝ သောက်သုံးပေးလိုက်ပါ ။

ညဖက်ဖြစ်ခဲ့ရင်တာ့ ရေနွေးကြမ်းပူပူလေးထဲကို ပျားရည်ထည့်သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သလို့ရေနွေးပူပူလေးထဲကို အိပ်သုံးဆားခတ်ပြီး ပလုပ် ကျင်းပေးပါက သက်သာစေပါတယ် ။ နောက်နေ့အတွက် ဆေးခန်းမသွားမှီ ဆေးမသောက်ခင် လုပ်ဆောင်သင့်သည့် နည်းလေးပါ ။ ညမှာဖြစ်တော့ ဆေးဆိုတာအရန်သင့်မရှိသည်အခါတွင် လုပ်ဆောင်ပေးခြင်းဖြင့် ညညဆိုးသည့်ချောင်းအတွက်တော့ သက်သာပြီး အနားယူအိပ်စက်သွားပါလိမ့်မည် ခင်ဗျာ ။

သည်လိုချောင်းမျိုးတွေ ၁၀ ရက်ကျော်ပြီး မသက်သာဘူး ဆက်လက်ပြီးဆိုးနေအုံးမယ်ဆိုပါက ဆေးခန်းကိုပြသရပါလိမ့်မည် ။

အရင်တင်ပြထားသည့် သလိပ်အရောင်အကြောင်း ၊ ချောင်းနှင့်ပတ်သက်သည့်ရေးသားချက် နှင့် အဆုတ်အကြောင်း ကိုဆက်လက်ဖတ်ရှု့စေချင်ပါသည် ။ကျန်မားရေးအသိစာစုများဖတ်ရှု့သိရှိပြီး နေထိုင်စားသောက်ခြင်းဖြင့် အသက်ရာကျော် ရှည်ကြပါစေ ။

Credit : Mg Mandalay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top