iMyanmarHouse.com - Best Property Website for Myanmar
×

လူေနလို႔ရတဲ့ အေဆာက္အဦးတိုင္းကို House  အိမ္ လို႔ေခၚလို႔ရေပမယ့္ Home ဆိုတဲ့ သီရေိေဂဟာေလး ျဖစ္ဖို႔အတြက္ေတာ့ ေႏြးေထြးတဲ့ ေမတၱာတရားေတြ လိုပါတယ္

မိသားစု ဘဝေလး တစ္ခုအတြက္ ပထမဆံုး ေျခလွမ္း

လက္ထပ္တယ္ဆိုတာ မိသားစု ဘဝေလး တစ္ခုအတြက္ ပထမဆံုး ေျခလွမ္းပါပဲ။ ကိုယ္ကိုယ္တိုင္ တည္ေဆာက္ထားတဲ့ မိသားစုေလးရဲ႕ မိသားစုဝင္ေတြ အတူတကြ ေနထိုင္ၾကတဲ့ အိမ္ ေလးကိုလည္း လံုၿခံဳေႏြးေထြးတဲ့ သီရိေဂဟာေလး ျဖစ္ဖို႔အတြက္ ဘာေတြ ျဖည့္ဆည္းဖို႔ လိုအပ္တယ္ဆိုတာ ကို ေျပာျပေပးခ်င္ပါတယ္။

ဆာေလာင္မႈေတြ မရွိတဲ့ေနရာ

အိမ္ဆိုတာက ေဆာင္ေလာင္မႈေတြ မရွိတဲ့ ေနရာ ျဖစ္ရမွာပါ။ ပင္ပန္းမႈ ဆာေလာင္မႈေတြနဲ႔ အိမ္ျပန္ေရာက္လာတဲ့အခါ ပူပူေႏြးေႏြး စားေသာက္စရာတစ္ခု အဆင္သင့္ရွိေနမယ္ ဆိုရင္ အိမ္ရဲ႕ လံုၿခံဳေႏြးေထြးမႈကို ခံစားရမွာပါ။ ဒါေၾကာင့္ ေရခဲေသတၱာထဲမွာ၊ မီးဖိုေခ်ာင္ထဲမွာ စားစရာေတြကို အၿမဲ ျဖည့္တင္းထားဖို႔ လိုအပ္ပါတယ္။ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြမွာ ဘယ္ေလာက္ေကာင္းတဲ့ အစားအစာေတြပဲ စားရစားရ ကိုယ္ခ်စ္တဲ့ မိသားစုဝင္ေတြနဲ႔ စုဖြဲ႔ၿပီး လက္ဆံုစားရတာေလာက္ေတာ့ အရာသာမရွိမွာ ေသခ်ာပါတယ္။

ပင္ပန္းလာရင္ လွဲအိပ္လိုက္လို႔ရတဲ့ေနရာ

အိမ္ဆိုတာက ပင္ပန္းမႈေတြ ခံစားလာရတယ္ ဆိုရင္ ဘယ္လို အေၾကာင္းျပခ်က္မွ ေပးစရာမလို၊ ဘယ္အေျခအေနေတြကိုမွ ၾကည့္ေနစရာမလိုဘဲ လွဲအိပ္လိုက္လို႔ ရတဲ့ ေနရာျဖစ္ရပါမယ္။ စိတ္ေအးလက္ေအး အိပ္စက္လို႔ရေအာင္ ေႏြးေထြးမႈ၊ ေအးခ်မ္းမႈ၊ လံုၿခံဳမႈေတြရွိေနဖို႔ လိုၿပီး ပင္ပန္းလို႔ အိပ္ေနတဲ့သူကို အေႏွာင့္အယွက္ မေပးတဲ့ မိသားစုဝင္ေတြ ရွိဖို႔လည္း လိုအပ္ပါတယ္ေနာ္။

သဘာဝအတိုင္း ေမွာင္လာတဲ့ ေနရာ

႐ံုးေတြမွာဆို မနက္ကတည္းက မီးေခ်ာင္းေတြ အျပည့္နဲ႔မို႔ မနက္လား၊ ေန႔လည္လား၊ ညလား မသည္းကြဲဘူးေလ။ အားလပ္ရက္ အိမ္မွာေနတဲ့အခါေတာ့ ျပတင္းေပါက္ေတြ ဖြင့္ထားၿပီး သဘာဝ အလင္းေတြကို အိမ္ထဲ ဝင္ခြင့္ေပးလိုက္ပါ။ သဘာဝအတိုင္း အလင္းေတြကို ဝင္ခြင့္ေပးသလို သ၀ေဘာဝအတိုင္း ေမွာင္လာတာကိုလည္း ခံစားေပးပါေနာ္။ လိုအပ္လာမွ လွ်ပ္စစ္မီးေတြ ဖြင့္ပါေနာ္။

Home ဆိုတဲ့ သီရိေဂဟာေလး ျဖစ္ဖို႔အတြက္ေတာ့ ေႏြးေထြးတဲ့ ေမတၱာတရားေတြ လိုပါတယ္

ေနာက္ဆံုးအေနနဲ႔ ေျပာျပေပးခ်င္တာကေတာ့ အမိုး၊ အခင္းရယ္ ေဘးေလးဖက္ ကာရံထားၿပီး လူေနလို႔ရတဲ့ အေဆာက္အဦးတိုင္းကို House  အိမ္ လို႔ေခၚလို႔ရေပမယ့္ Home ဆိုတဲ့ သီရိေဂဟာေလး ျဖစ္ဖို႔အတြက္ေတာ့ ေႏြးေထြးတဲ့ ေမတၱာတရားေတြ လိုပါတယ္။

Credit : Marry
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူနေလို့ရတဲ့ အဆောက်အဦးတိုင်းကို House  အိမ် လို့ခေါ်လို့ရပေမယ့် Home ဆိုတဲ့ သီရေိဂေဟာလေး ဖြစ်ဖို့အတွက်တော့ နွေးထွေးတဲ့ မေတ္တာတရားတွေ လိုပါတယ်

မိသားစု ဘဝလေး တစ်ခုအတွက် ပထမဆုံး ခြေလှမ်း

လက်ထပ်တယ်ဆိုတာ မိသားစု ဘဝလေး တစ်ခုအတွက် ပထမဆုံး ခြေလှမ်းပါပဲ။ ကိုယ်ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုလေးရဲ့ မိသားစုဝင်တွေ အတူတကွ နေထိုင်ကြတဲ့ အိမ် လေးကိုလည်း လုံခြုံနွေးထွေးတဲ့ သီရိဂေဟာလေး ဖြစ်ဖို့အတွက် ဘာတွေ ဖြည့်ဆည်းဖို့ လိုအပ်တယ်ဆိုတာ ကို ပြောပြပေးချင်ပါတယ်။

ဆာလောင်မှုတွေ မရှိတဲ့နေရာ

အိမ်ဆိုတာက ဆောင်လောင်မှုတွေ မရှိတဲ့ နေရာ ဖြစ်ရမှာပါ။ ပင်ပန်းမှု ဆာလောင်မှုတွေနဲ့ အိမ်ပြန်ရောက်လာတဲ့အခါ ပူပူနွေးနွေး စားသောက်စရာတစ်ခု အဆင်သင့်ရှိနေမယ် ဆိုရင် အိမ်ရဲ့ လုံခြုံနွေးထွေးမှုကို ခံစားရမှာပါ။ ဒါကြောင့် ရေခဲသေတ္တာထဲမှာ၊ မီးဖိုချောင်ထဲမှာ စားစရာတွေကို အမြဲ ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ ဘယ်လောက်ကောင်းတဲ့ အစားအစာတွေပဲ စားရစားရ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ စုဖွဲ့ပြီး လက်ဆုံစားရတာလောက်တော့ အရာသာမရှိမှာ သေချာပါတယ်။

ပင်ပန်းလာရင် လှဲအိပ်လိုက်လို့ရတဲ့နေရာ

အိမ်ဆိုတာက ပင်ပန်းမှုတွေ ခံစားလာရတယ် ဆိုရင် ဘယ်လို အကြောင်းပြချက်မှ ပေးစရာမလို၊ ဘယ်အခြေအနေတွေကိုမှ ကြည့်နေစရာမလိုဘဲ လှဲအိပ်လိုက်လို့ ရတဲ့ နေရာဖြစ်ရပါမယ်။ စိတ်အေးလက်အေး အိပ်စက်လို့ရအောင် နွေးထွေးမှု၊ အေးချမ်းမှု၊ လုံခြုံမှုတွေရှိနေဖို့ လိုပြီး ပင်ပန်းလို့ အိပ်နေတဲ့သူကို အနှောင့်အယှက် မပေးတဲ့ မိသားစုဝင်တွေ ရှိဖို့လည်း လိုအပ်ပါတယ်နော်။

သဘာဝအတိုင်း မှောင်လာတဲ့ နေရာ

ရုံးတွေမှာဆို မနက်ကတည်းက မီးချောင်းတွေ အပြည့်နဲ့မို့ မနက်လား၊ နေ့လည်လား၊ ညလား မသည်းကွဲဘူးလေ။ အားလပ်ရက် အိမ်မှာနေတဲ့အခါတော့ ပြတင်းပေါက်တွေ ဖွင့်ထားပြီး သဘာဝ အလင်းတွေကို အိမ်ထဲ ဝင်ခွင့်ပေးလိုက်ပါ။ သဘာဝအတိုင်း အလင်းတွေကို ဝင်ခွင့်ပေးသလို သဝဘောဝအတိုင်း မှောင်လာတာကိုလည်း ခံစားပေးပါနော်။ လိုအပ်လာမှ လျှပ်စစ်မီးတွေ ဖွင့်ပါနော်။

Home ဆိုတဲ့ သီရိဂေဟာလေး ဖြစ်ဖို့အတွက်တော့ နွေးထွေးတဲ့ မေတ္တာတရားတွေ လိုပါတယ်

နောက်ဆုံးအနေနဲ့ ပြောပြပေးချင်တာကတော့ အမိုး၊ အခင်းရယ် ဘေးလေးဖက် ကာရံထားပြီး လူနေလို့ရတဲ့ အဆောက်အဦးတိုင်းကို House  အိမ် လို့ခေါ်လို့ရပေမယ့် Home ဆိုတဲ့ သီရိဂေဟာလေး ဖြစ်ဖို့အတွက်တော့ နွေးထွေးတဲ့ မေတ္တာတရားတွေ လိုပါတယ်။

Credit : Marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top