iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕အခ်စ္ေရးက သာယာေနရဲ႕လားဆုိတာ ဒါေလးေတြဖတ္ၿပီး တုိက္ၾကည့္ပါဦး။

တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ခ်စ္မိဖို႔ဆိုတာ ေ႐ွးေရစက္ပါမွ ခ်စ္ႏိုင္ၾကတာပါ။ ကိုယ့္ခ်စ္သူက ကိုယ္နဲ႔ စိတ္သေဘာထားခ်င္း မတုိက္ဆိုင္လို႔၊ မၾကာခဏ ရန္ျဖစ္ေနရလို႔ ဆုိတိုင္းလည္း အခ်စ္ေရးက မေျပလည္တာ မဟုတ္ပါဘူး။ သာယာတဲ့ အခ်စ္ေရးမွာေတာင္ ကေတာက္ကဆ ျဖစ္မႈေတြနဲ႔ ယာယီ အဆက္သြယ္ ျပတ္ေတာက္တာေတြ ႐ွိေနတတ္ပါတယ္။ ဒီအခ်က္ေတြအကုန္လံုး ျဖစ္ေနရင္ သင္တုိ႔ရဲ႕ အခ်စ္ေရးက အိုေကမွာ စိုေျပေနတယ္လို႔ ေျပာလို႔ရႏိုင္မွာပါ။

၁- ကိုယ့္စိတ္ထဲက ႐ွိတာကို မ်ိဳသိပ္မထားဘဲ ပြင့္ပြင့္လင္းလင္း ေျပာႏိုင္တယ္။

၂- တစ္ခါတစ္ေလ စိတ္႐ႈပ္လာရင္ ႏွစ္ေယာက္သား ယာယီ အဆက္သြယ္ျဖတ္ထားတဲ့အေပၚ နားလည္ေပးႏိုင္တယ္။

၃- သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အလည္အပတ္သြားတာမ်ိဳး ေလွ်ာက္လည္တာမ်ိဳး လုပ္လို႔ရတယ္။

၄- ရန္ျဖစ္တယ္။ ၿပီးရင္ေတာ့ ျပန္ခ်စ္သြားတာပဲ။ မွားတဲ့လူကလည္း ကိုယ့္အျပစ္ကိုယ္ ဝန္ခံတယ္ဆုိရင္ ပိုလို႔ေတာင္ အခ်စ္ေတြ တုိးလာမွာပါ။

၅- ဘယ္သူမွ ေျခာက္ျပစ္ကင္း သဲလဲစင္ မဟုတ္ဘူးဆုိတာ နားလည္ထားသလို ခ်ိဳ႕ယြင္းခ်က္ေတြကို လက္ခံေပးႏိုင္တယ္။

၆- ေပ်ာ္စရာအခ်ိန္ေတြ ဖန္တီးႏိုင္ၾကတယ္။ ႐ုပ္႐ွင္အတူၾကည့္တာ၊ ညစာအတူစားရင္း ရယ္စရာေလးေတြ ေျပာျဖစ္ၾကရင္ အေတာ္ကို အိုေကတဲ့ အေနအထားပါ။

၇- တစ္ေယာက္နဲ႔တစ္ေယာက္ ဂ႐ုတစိုက္ ႐ွိၾကတယ္။

၈- သူနဲ႔အတူ ႐ွိေနရင္ လံုျခံဳစိတ္ခ်ရတယ္လို႔ ခံစားမိတယ္။

၉- ႏွစ္ေယာက္ၾကားထဲက ျပႆနာေတြကို အခ်င္းခ်င္းပဲဲေျပာတယ္။ တျခားလူကို မေျပာဘူး။ သူ႔အေပၚ မေက်နပ္တာေတြနဲ႔ သူ႔ရဲ႕လုပ္ရပ္ေတြကို မႏွစ္သက္တဲ့အခါ တျခားလူကိုေျပာမယ့္အစား သူ႔ကိုထုတ္ေျပာလိုက္တာက အလုပ္ျဖစ္ပါတယ္။

၁၀- ခ်စ္တယ္၊ ေက်းဇူးပါ၊ ေတာင္းပန္ပါတယ္ စတဲ့ အေျခခံက်ေပမယ့္ ေလးနက္တဲ့ စကားလံုးေလးေတြ အျပန္အလွန္ ေျပာျဖစ္ေနသမွ်ကာလပတ္လံုး အခ်စ္ေရးက သာယာေနပါလိမ့္မယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ရဲ့အချစ်ရေးက သာယာနေရဲ့လားဆိုတာ ဒါလေးတွေဖတ်ပြီး တိုက်ကြည့်ပါဦး။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်မိဖို့ဆိုတာ ရှေးရေစက်ပါမှ ချစ်နိုင်ကြတာပါ။ ကိုယ့်ချစ်သူက ကိုယ်နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့၊ မကြာခဏ ရန်ဖြစ်နေရလို့ ဆိုတိုင်းလည်း အချစ်ရေးက မပြေလည်တာ မဟုတ်ပါဘူး။ သာယာတဲ့ အချစ်ရေးမှာတောင် ကတောက်ကဆ ဖြစ်မှုတွေနဲ့ ယာယီ အဆက်သွယ် ပြတ်တောက်တာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေအကုန်လုံး ဖြစ်နေရင် သင်တို့ရဲ့ အချစ်ရေးက အိုကေမှာ စိုပြေနေတယ်လို့ ပြောလို့ရနိုင်မှာပါ။

၁- ကိုယ့်စိတ်ထဲက ရှိတာကို မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။

၂- တစ်ခါတစ်လေ စိတ်ရှုပ်လာရင် နှစ်ယောက်သား ယာယီ အဆက်သွယ်ဖြတ်ထားတဲ့အပေါ် နားလည်ပေးနိုင်တယ်။

၃- သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလည်အပတ်သွားတာမျိုး လျှောက်လည်တာမျိုး လုပ်လို့ရတယ်။

၄- ရန်ဖြစ်တယ်။ ပြီးရင်တော့ ပြန်ချစ်သွားတာပဲ။ မှားတဲ့လူကလည်း ကိုယ့်အပြစ်ကိုယ် ဝန်ခံတယ်ဆိုရင် ပိုလို့တောင် အချစ်တွေ တိုးလာမှာပါ။

၅- ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်ထားသလို ချို့ယွင်းချက်တွေကို လက်ခံပေးနိုင်တယ်။

၆- ပျော်စရာအချိန်တွေ ဖန်တီးနိုင်ကြတယ်။ ရုပ်ရှင်အတူကြည့်တာ၊ ညစာအတူစားရင်း ရယ်စရာလေးတွေ ပြောဖြစ်ကြရင် အတော်ကို အိုကေတဲ့ အနေအထားပါ။

၇- တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက် ရှိကြတယ်။

၈- သူနဲ့အတူ ရှိနေရင် လုံခြုံစိတ်ချရတယ်လို့ ခံစားမိတယ်။

၉- နှစ်ယောက်ကြားထဲက ပြဿနာတွေကို အချင်းချင်းပဲပြောတယ်။ တခြားလူကို မပြောဘူး။ သူ့အပေါ် မကျေနပ်တာတွေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို မနှစ်သက်တဲ့အခါ တခြားလူကိုပြောမယ့်အစား သူ့ကိုထုတ်ပြောလိုက်တာက အလုပ်ဖြစ်ပါတယ်။

၁၀- ချစ်တယ်၊ ကျေးဇူးပါ၊ တောင်းပန်ပါတယ် စတဲ့ အခြေခံကျပေမယ့် လေးနက်တဲ့ စကားလုံးလေးတွေ အပြန်အလှန် ပြောဖြစ်နေသမျှကာလပတ်လုံး အချစ်ရေးက သာယာနေပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top