iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရဲ႕ဂ်ိဳင္းမွာ ဝက္ျခံ လိုမ်ိဳး အဖုေလးေတြရွိေနပါတယ္။ မဲမဲေလးေတြပါ။ ညွစ္လို႔လည္းမရဘူးရွင့္။ ၿမံဳေနသလိုပဲ။ အဲဒီအဖုေလးထဲမွာ အေမႊးငုတ္တိုေလးေတြလည္း ျမင္ေနရတယ္။ ေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲရွင့္။ တစ္ခါတစ္ရံ ေပါင္မွာလဲ အဲလိုအဖုေလးေတြ ေပၚလာတတ္ပါတယ္။ ေပါင္ကဟာေတာ့ ညွစ္လို႔ရပါတယ္။ အေမႊးေကာ ဝက္ျခံလို အဆံေလးေတြပါ ထြက္လာပါတယ္။

ဝက္ျခံဆိုတာ မ်က္ႏွာမွာေပါက္တယ္။ ဝက္ျခံနဲ႔ ဆင္တူတာမ်ိဳးက ခ်ိဳင္းနဲ႔ ေပါင္ေတြမွာလဲ ေပါက္ေသးတယ္။ မ်က္ႏွာမွာ ေပါက္တာကို Acne လို႔ေခၚတယ္။ တျခားေနရာမွာေပါက္တာကို Pimples လို႔ေခၚတယ္။ အျဖစ္မနည္းလွပါ။ ဒါေပမဲ့ အေရးမၾကီးပါ။ မကုဘဲထားလို႔ရတယ္။

ျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့ –
• Sweating ေခြ်းထြက္မ်ားျခင္း။ ေပါင္းအတြင္းပိုင္းဆိုတာ သိတဲ့အတိုင္းအျမဲလိုလိုဖံုးထားရလို႔ ေခြါးမ်ားတယ္။ အေပၚကထြက္တဲ့ေခြါးစီးက်တာလဲ ခံရေသးတယ္။
• Folliculitis ကိုယ္ေမႊးထြက္အိတ္ကေလးေတြေရာင္ျခင္း။ တင္ပါးမွာလဲျဖစ္တယ္။ ဗက္တီးရီးယားဝင္လို႔ျဖစ္တယ္။ နာမယ္၊ ယားမယ္၊ ေရာင္မယ္၊ ျပည္တည္မယ္။
• Thigh Acne ေပါင္ဝက္ျခံ။ skin infection အေရျပားပိုးဝင္တာပါဘဲ။ ေယာက္်ားေတြမွာ ကပ္ပဲ့အိတ္မွာျဖစ္တယ္။ ေခြ်းထြက္အိတ္ေတြမွာ မဆင္မသင့္တာျဖစ္လာလို႔ပါ။ အဆီပိုထြက္မယ္၊ ပိုးဝင္မယ္။ Blackheads ေခါင္းျဖဴဝက္ျခံလို႔လဲ ေခၚတယ္။
• Skin Creams အေရျပားလိမ္း ခရင္မ္ေတြကေနလဲ ျဖစ္ႏိုင္တယ္။ Moisturizer ကိုေန႔တိုင္းသံုးရင္ျဖစ္ႏိုင္တယ္။ Water based moisturizers သံုးတာက ပိုသင့္တယ္။
• Hormonal Changes ေဟာ္မုန္းအေျပာင္းအလဲ။ ေရွာင္လဲမတာမ်ိဳး မိန္းကေလးေတြမွာ မ်ားတယ္။ အရြယ္ေရာက္ခ်ိန္၊ ရာသီစက္ဝန္း၊ ကိုယ္ဝန္ေဆာင္၊ ေသြးဆံုး။
• အားကစားသမားေတြ၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္သူေတြမွာ ပိုျဖစ္တတ္တယ္။ မ်ိဳးရိုးလိုက္တာမ်ိဳးလဲရွိတယ္။ ေခြ်းအျပင္ ထိအားမ်ားတာခံရလို႔လဲ ျဖစ္ႏိုင္ေသးတယ္။

ဘယ္လိုကုသမလဲ –
ျဖစ္တဲ့ေနရာကို ေျခာက္ေသြ႔ေအာင္ထားပါ။ အပူခ်ိန္ မမ်ားေစနဲ႔။ ေရ + ဆပ္ျပာနဲ႔ သန္႔ရွင္းေရး ပိုလုပ္ပါ။ ဆပ္ျပာမွာ Benzoyl peroxide ပါတာမ်ိဳးကပိုေကာင္းတယ္။ Benozoyl peroxide လိမ္းေဆးလဲရွိတယ္။ အဝတ္အစား ေခ်ာင္တာနဲ႔ (ေကာ္တြန္) ဝတ္ဆင္ပါ။ အတြင္းခံေျပာင္းပါ။

ပိုး (ဗက္တီးရီးယား) ဝင္ရင္ ဒီေဆးေတြသံုးႏိုင္ပါတယ္။
1. Tetracycline (တက္ထြာဆိုက္ကလင္း) ကို အမ်ားဆံုး သံုးတယ္။ တခါေသာက္ 500 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ဘယ္ေလာက္ ၾကာၾကာလဲဆိုတာ အတိအက် ေျပာမရဘူး။ သက္သာတဲ့အထိလို႔ အၾကမ္းေျပာလို႔ ရတယ္။ ေနာက္ပိုင္းမွာ တခါေသာက္ 250 mg တေန႔ ၂ ၾကိမ္ ေလ်ာ့ႏိုင္တယ္။ ေဆးကို အစာမရွိခ်ိန္ ေသာက္တာ ေကာင္းတယ္။ သတိထားဘို႔က အသက္ ၉ ႏွစ္ေအာက္ နဲ႔ ကိုယ္ဝန္ေဆာင္ေတြကို ဒီေဆးမေပးရဘူး။ အဆင္ေျပတာက ဒီလူမ်ိဳးေတြက ဝက္ျခံျဖစ္တတ္သူေတြ မဟုတ္ၾကပါ။

2. Erythromycin (အရစ္သရိုမိုင္စင္) ကိုလဲ သံုးႏိုင္တယ္။ သူက (တက္ထြာဆိုက္ကလင္း) ထက္သာတာက ေရာင္ရမ္းျခင္း ျဖစ္စဥ္အတြက္ ပိုေကာင္းတယ္။ အစားနဲ႔လဲ ေသာက္လို႔ရေတာ့ အစားၾကီးတဲ့ ငယ္ရြယ္သူေတြနဲ႔ ကိုက္တယ္။ တခါေသာက္ 250 – 500 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ပ်ိဳ႕အန္ခ်င္တာ ျဖစ္တတ္တယ္။ ကိုယ္ဝန္ေဆာင္ေတြလဲ ေပးႏိုင္တယ္။

3. Minocycline ေဆးကို ျပီတည္ေနခ်ိန္မွာ သံုးရင္ေကာင္းတယ္။ အစာနဲ႔ေဝးရင္ ပိုေကာင္းတယ္။ တခါေသာက္ 50 to 100 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ေခါင္းမူး၊ ပ်ိဳ႕-အန္၊ အေရျပားနဲ႔ သြားညိဳတာေတြ ျဖစ္ႏိုင္တယ္။

4. Doxycycline (တက္ထြာဆိုက္ကလင္း) နဲ႔ (အရစ္သရိုမိုင္စင္) သံုးလို႔ မထူးျခားသူေတြကို ဒီေဆး ေပးတယ္။ တခါေသာက္ 50 to 100 mg တေန႔ ၂ ၾကိမ္ေပးတယ္။ အစာနဲ႔လဲနီးလို႔ ရတယ္။ ပ်ိဳ႕ခ်င္တယ္။ ေနရာင္နဲ႔ မတည့္ဘူး။

5. Clindamycin ေဆးကို တခါေသာက္ 75 to 150 mg တေန႔ ၂ ၾကိမ္ေပးတယ္။ ေသာက္ေဆးထက္ လိမ္းေဆး အျဖစ္သံုးတာ မ်ားတယ္။ ေဘးထြက္-ဆိုးက်ိဳးကေတာ့ Pseudomembranous colitis, Clostridium difficile အူမၾကီးေရာင္တတ္တယ္။

ဘယ္ Antibiotics ပဋိဇီဝေဆးမဆို အမ်ိဳးသမီးေတြမွာ Candida vaginal yeast infections ေမြးလမ္းေၾကာင္း မိႈဝင္တာ ျဖစ္ေစႏိုင္တယ္။ ကိုယ္ဝန္တားေဆးရဲ႕ အာနိသင္ကိုလဲ ထိခိုက္တတ္တယ္။ စိုးရိမ္စရာေတာ့ မဟုတ္ပါ။ ျဖစ္လာရင္လဲ ေပ်ာက္ဘို႔ေဆးက မခက္ပါ။

Credit : ေဒါက္တာတင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သမီးရဲ့ဂျိုင်းမှာ ဝက်ခြံ လိုမျိုး အဖုလေးတွေရှိနေပါတယ်။ မဲမဲလေးတွေပါ။ ညှစ်လို့လည်းမရဘူးရှင့်။ မြုံနေသလိုပဲ။ အဲဒီအဖုလေးထဲမှာ အမွှေးငုတ်တိုလေးတွေလည်း မြင်နေရတယ်။ ပျောက်အောင် ဘယ်လိုလုပ်ရမလဲရှင့်။ တစ်ခါတစ်ရံ ပေါင်မှာလဲ အဲလိုအဖုလေးတွေ ပေါ်လာတတ်ပါတယ်။ ပေါင်ကဟာတော့ ညှစ်လို့ရပါတယ်။ အမွှေးကော ဝက်ခြံလို အဆံလေးတွေပါ ထွက်လာပါတယ်။

ဝက်ခြံဆိုတာ မျက်နှာမှာပေါက်တယ်။ ဝက်ခြံနဲ့ ဆင်တူတာမျိုးက ချိုင်းနဲ့ ပေါင်တွေမှာလဲ ပေါက်သေးတယ်။ မျက်နှာမှာ ပေါက်တာကို Acne လို့ခေါ်တယ်။ တခြားနေရာမှာပေါက်တာကို Pimples လို့ခေါ်တယ်။ အဖြစ်မနည်းလှပါ။ ဒါပေမဲ့ အရေးမကြီးပါ။ မကုဘဲထားလို့ရတယ်။

ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ –
• Sweating ချွေးထွက်များခြင်း။ ပေါင်းအတွင်းပိုင်းဆိုတာ သိတဲ့အတိုင်းအမြဲလိုလိုဖုံးထားရလို့ ခွေါးများတယ်။ အပေါ်ကထွက်တဲ့ခွေါးစီးကျတာလဲ ခံရသေးတယ်။
• Folliculitis ကိုယ်မွှေးထွက်အိတ်ကလေးတွေရောင်ခြင်း။ တင်ပါးမှာလဲဖြစ်တယ်။ ဗက်တီးရီးယားဝင်လို့ဖြစ်တယ်။ နာမယ်၊ ယားမယ်၊ ရောင်မယ်၊ ပြည်တည်မယ်။
• Thigh Acne ပေါင်ဝက်ခြံ။ skin infection အရေပြားပိုးဝင်တာပါဘဲ။ ယောက်ျားတွေမှာ ကပ်ပဲ့အိတ်မှာဖြစ်တယ်။ ချွေးထွက်အိတ်တွေမှာ မဆင်မသင့်တာဖြစ်လာလို့ပါ။ အဆီပိုထွက်မယ်၊ ပိုးဝင်မယ်။ Blackheads ခေါင်းဖြူဝက်ခြံလို့လဲ ခေါ်တယ်။
• Skin Creams အရေပြားလိမ်း ခရင်မ်တွေကနေလဲ ဖြစ်နိုင်တယ်။ Moisturizer ကိုနေ့တိုင်းသုံးရင်ဖြစ်နိုင်တယ်။ Water based moisturizers သုံးတာက ပိုသင့်တယ်။
• Hormonal Changes ဟော်မုန်းအပြောင်းအလဲ။ ရှောင်လဲမတာမျိုး မိန်းကလေးတွေမှာ များတယ်။ အရွယ်ရောက်ချိန်၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်၊ သွေးဆုံး။
• အားကစားသမားတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေမှာ ပိုဖြစ်တတ်တယ်။ မျိုးရိုးလိုက်တာမျိုးလဲရှိတယ်။ ချွေးအပြင် ထိအားများတာခံရလို့လဲ ဖြစ်နိုင်သေးတယ်။

ဘယ်လိုကုသမလဲ –
ဖြစ်တဲ့နေရာကို ခြောက်သွေ့အောင်ထားပါ။ အပူချိန် မများစေနဲ့။ ရေ + ဆပ်ပြာနဲ့ သန့်ရှင်းရေး ပိုလုပ်ပါ။ ဆပ်ပြာမှာ Benzoyl peroxide ပါတာမျိုးကပိုကောင်းတယ်။ Benozoyl peroxide လိမ်းဆေးလဲရှိတယ်။ အဝတ်အစား ချောင်တာနဲ့ (ကော်တွန်) ဝတ်ဆင်ပါ။ အတွင်းခံပြောင်းပါ။

ပိုး (ဗက်တီးရီးယား) ဝင်ရင် ဒီဆေးတွေသုံးနိုင်ပါတယ်။
1. Tetracycline (တက်ထွာဆိုက်ကလင်း) ကို အများဆုံး သုံးတယ်။ တခါသောက် 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ဘယ်လောက် ကြာကြာလဲဆိုတာ အတိအကျ ပြောမရဘူး။ သက်သာတဲ့အထိလို့ အကြမ်းပြောလို့ ရတယ်။ နောက်ပိုင်းမှာ တခါသောက် 250 mg တနေ့ ၂ ကြိမ် လျော့နိုင်တယ်။ ဆေးကို အစာမရှိချိန် သောက်တာ ကောင်းတယ်။ သတိထားဘို့က အသက် ၉ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင်တွေကို ဒီဆေးမပေးရဘူး။ အဆင်ပြေတာက ဒီလူမျိုးတွေက ဝက်ခြံဖြစ်တတ်သူတွေ မဟုတ်ကြပါ။

2. Erythromycin (အရစ်သရိုမိုင်စင်) ကိုလဲ သုံးနိုင်တယ်။ သူက (တက်ထွာဆိုက်ကလင်း) ထက်သာတာက ရောင်ရမ်းခြင်း ဖြစ်စဉ်အတွက် ပိုကောင်းတယ်။ အစားနဲ့လဲ သောက်လို့ရတော့ အစားကြီးတဲ့ ငယ်ရွယ်သူတွေနဲ့ ကိုက်တယ်။ တခါသောက် 250 – 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ပျို့အန်ချင်တာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေလဲ ပေးနိုင်တယ်။

3. Minocycline ဆေးကို ပြီတည်နေချိန်မှာ သုံးရင်ကောင်းတယ်။ အစာနဲ့ဝေးရင် ပိုကောင်းတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ ခေါင်းမူး၊ ပျို့-အန်၊ အရေပြားနဲ့ သွားညိုတာတွေ ဖြစ်နိုင်တယ်။

4. Doxycycline (တက်ထွာဆိုက်ကလင်း) နဲ့ (အရစ်သရိုမိုင်စင်) သုံးလို့ မထူးခြားသူတွေကို ဒီဆေး ပေးတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ အစာနဲ့လဲနီးလို့ ရတယ်။ ပျို့ချင်တယ်။ နေရာင်နဲ့ မတည့်ဘူး။

5. Clindamycin ဆေးကို တခါသောက် 75 to 150 mg တနေ့ ၂ ကြိမ်ပေးတယ်။ သောက်ဆေးထက် လိမ်းဆေး အဖြစ်သုံးတာ များတယ်။ ဘေးထွက်-ဆိုးကျိုးကတော့ Pseudomembranous colitis, Clostridium difficile အူမကြီးရောင်တတ်တယ်။

ဘယ် Antibiotics ပဋိဇီဝဆေးမဆို အမျိုးသမီးတွေမှာ Candida vaginal yeast infections မွေးလမ်းကြောင်း မှိုဝင်တာ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်တတ်တယ်။ စိုးရိမ်စရာတော့ မဟုတ်ပါ။ ဖြစ်လာရင်လဲ ပျောက်ဘို့ဆေးက မခက်ပါ။

Credit : ဒေါက်တာတင့်ဆွေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top