iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနရင္ အဲ့ဒီေကာင္မေလးကို လက္မလႊတ္္ပါနဲ႔။ တကယ့္ကို ရင့္က်က္ၿပီး စိတ္ထား ျပည့္ဝသူေတြမွာ ဒီလိုအခ်က္ေလးေတြ ေတြ႔ရတတ္ပါတယ္။

မိန္းကေလးေတြအတြက္ပဲ အခ်စ္က အေရးႀကီးတာ မဟုတ္ပါဘူး။ ေယာက္်ားေလးေတြအတြက္လည္း အခ်စ္က အေရးႀကီးပါတယ္။ မ်ားေသာအားျဖင့္ ခ်စ္ဖုိ႔ေကာင္းတဲ့ ငယ္႐ြယ္သူေတြကို ပိုသေဘာက်ေလ့ ႐ွိၾကေပမယ့္ ရင့္က်က္တဲဲ့ စိတ္ထား႐ွိၿပီး နားလည္မႈ႐ွိတဲ့ မိန္းကေလးမ်ိဳးကိုေတာ့ ပိုၿပီး ႏွစ္သက္ၾကတာ အမွန္ပါပဲ။ စိတ္ထားရင့္က်က္တဲ့ မိန္းကေလးေတြဆီမွာ ဒီလိုအခ်က္ေတြ ျမင္ရေလ့႐ွိပါတယ္။

၁။ သူေျပာတဲ့စကားေတြကို အတည္လို႔မွတ္ႏိုင္ပါတယ္။ စိတ္ဆုိးရင္ စိတ္ဆိုးတယ္လို႔ ထုတ္ေျပာပါလိမ့္မယ္။

၂။ ႏွစ္ေယာက္သား အျပင္သြားတဲ့အခါ သင္ကခ်ည္း ဒိုင္ခံ ေငြေၾကး အကုန္အက်ခံေနတာကို သူက လက္ခံမွာ မဟုတ္ပါဘူး။ တစ္ေယာက္တစ္ဝက္ ဒါမွမဟုတ္ တစ္ေယာက္တစ္လွည့္စီ ႐ွင္းဖို႔ ေျပာပါလိမ့္မယ္။

၃။ ႐ုပ္ဝတၳဳ ပစၥည္းေတြထက္ အျခားအရာေတြ ေတာင္းဆုိပါလိမ့္မယ္။ ဥပမာ သင့္ကို အလုပ္ႀကိဳးစားဖု႔ိနဲ႔ သူ႔ကို မေလးမစား ေျပာဆိုတာ ဆင္ျခင္ေပးဖုိ႔ စတဲ့အရာေတြ ေတာင္းဆုိၾကပါတယ္။

၄။ သူတုိ႔က အခ်ိန္လည္း တိက်တတ္ပါတယ္။ ခပ္ငယ္ငယ္ ေကာင္မေလးေတြလိုမ်ိဳး ခ်ိန္းထားရင္ တမင္ေနာက္က်ၿပီးမွ ေရာက္လာတဲ့ ႏြဲ႔ဆိုး ဆိုးတာမ်ိဳးေတြ မလုပ္ပါဘူး။

၅။ သင္ ေခါင္းစားေနတဲ့ အရာေတြကို ကူညီ ေျဖ႐ွင္းမေပးႏိုင္တဲ့အခါ ၿငိမ္ၿငိမ္ေလး နားေထာင္ေပးတတ္ၾကတယ္။

၆။ သင့္အျပစ္ေတြကို ေနာက္ေၾကာင္းျပန္ၿပီး ခဏခဏ ေျပာေလ့မ႐ွိပါဘူး။ သင္ မွားေနတာ႐ွိရင္ ခ်က္ျခင္း ေထာက္ျပေျပာဆုိေပမယ့္ အဲ့ဒီအမွားကိုပဲ ဖိနင္းၿပီး ေျပာတာမ်ိဳး လုပ္မွာမဟုတ္ပါဘူး။

၇။ ႏွစ္ေယာက္သား ဆံုျဖစ္တဲ့အခါ ေရာက္တတ္ရာရာ ေျပာတတ္ေပမယ့္ သူတစ္ပါးေတြရဲ႕ အတင္းအဖ်င္းေတြနဲ႔ မဟုတ္မမွန္ သတင္းစကားေတြ သင့္ထံ ယူေဆာင္လာမွာ မဟုတ္ပါဘူး။

၈။ သင့္ကို အျခားေယာက္်ားသားေတြနဲ႔ ႏႈိင္းယွဥ္မွာ မဟုတ္ပါဘူး။ ဘယ္သူက ဘယ္လိုေတာ္တယ္ဆုိၿပီး ေျပာေနမယ့္အစား သူတုိ႔ ေအာင္ျမင္သြားတဲ့ နည္းလမ္းေတြကိုပဲ သင့္အတြက္ အၾကံဉာဏ္ေတြ ေပးပါလိမ့္မယ္။

၉။ သင္နဲ႔ သူရဲ႕ၾကားက ျပႆနာေတြကို လူမႈကြန္ရက္ အပါအဝင္ အျခားသူေတြကို အသိေပးမွာမဟုတ္ဘဲ သင့္ကိုပဲ တုိက္႐ိုက္ ေျပာေလ့႐ွိပါတယ္။

၁၀။ သူမရဲ႕ အမွားေတြအတြက္ သင့္ကို ေတာင္းပန္ဖုိ႔လည္း ဝန္မေလးဘူး။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီအချက်တွေနဲ့ ကိုက်ညီနေရင် အဲ့ဒီကောင်မလေးကို လက်မလွှတ်ပါနဲ့။ တကယ့်ကို ရင့်ကျက်ပြီး စိတ်ထား ပြည့်ဝသူတွေမှာ ဒီလိုအချက်လေးတွေ တွေ့ရတတ်ပါတယ်။

မိန်းကလေးတွေအတွက်ပဲ အချစ်က အရေးကြီးတာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေအတွက်လည်း အချစ်က အရေးကြီးပါတယ်။ များသောအားဖြင့် ချစ်ဖို့ကောင်းတဲ့ ငယ်ရွယ်သူတွေကို ပိုသဘောကျလေ့ ရှိကြပေမယ့် ရင့်ကျက်တဲ့ စိတ်ထားရှိပြီး နားလည်မှုရှိတဲ့ မိန်းကလေးမျိုးကိုတော့ ပိုပြီး နှစ်သက်ကြတာ အမှန်ပါပဲ။ စိတ်ထားရင့်ကျက်တဲ့ မိန်းကလေးတွေဆီမှာ ဒီလိုအချက်တွေ မြင်ရလေ့ရှိပါတယ်။

၁။ သူပြောတဲ့စကားတွေကို အတည်လို့မှတ်နိုင်ပါတယ်။ စိတ်ဆိုးရင် စိတ်ဆိုးတယ်လို့ ထုတ်ပြောပါလိမ့်မယ်။

၂။ နှစ်ယောက်သား အပြင်သွားတဲ့အခါ သင်ကချည်း ဒိုင်ခံ ငွေကြေး အကုန်အကျခံနေတာကို သူက လက်ခံမှာ မဟုတ်ပါဘူး။ တစ်ယောက်တစ်ဝက် ဒါမှမဟုတ် တစ်ယောက်တစ်လှည့်စီ ရှင်းဖို့ ပြောပါလိမ့်မယ်။

၃။ ရုပ်ဝတ္ထု ပစ္စည်းတွေထက် အခြားအရာတွေ တောင်းဆိုပါလိမ့်မယ်။ ဥပမာ သင့်ကို အလုပ်ကြိုးစားဖု့ိနဲ့ သူ့ကို မလေးမစား ပြောဆိုတာ ဆင်ခြင်ပေးဖို့ စတဲ့အရာတွေ တောင်းဆိုကြပါတယ်။

၄။ သူတို့က အချိန်လည်း တိကျတတ်ပါတယ်။ ခပ်ငယ်ငယ် ကောင်မလေးတွေလိုမျိုး ချိန်းထားရင် တမင်နောက်ကျပြီးမှ ရောက်လာတဲ့ နွဲ့ဆိုး ဆိုးတာမျိုးတွေ မလုပ်ပါဘူး။

၅။ သင် ခေါင်းစားနေတဲ့ အရာတွေကို ကူညီ ဖြေရှင်းမပေးနိုင်တဲ့အခါ ငြိမ်ငြိမ်လေး နားထောင်ပေးတတ်ကြတယ်။

၆။ သင့်အပြစ်တွေကို နောက်ကြောင်းပြန်ပြီး ခဏခဏ ပြောလေ့မရှိပါဘူး။ သင် မှားနေတာရှိရင် ချက်ခြင်း ထောက်ပြပြောဆိုပေမယ့် အဲ့ဒီအမှားကိုပဲ ဖိနင်းပြီး ပြောတာမျိုး လုပ်မှာမဟုတ်ပါဘူး။

၇။ နှစ်ယောက်သား ဆုံဖြစ်တဲ့အခါ ရောက်တတ်ရာရာ ပြောတတ်ပေမယ့် သူတစ်ပါးတွေရဲ့ အတင်းအဖျင်းတွေနဲ့ မဟုတ်မမှန် သတင်းစကားတွေ သင့်ထံ ယူဆောင်လာမှာ မဟုတ်ပါဘူး။

၈။ သင့်ကို အခြားယောက်ျားသားတွေနဲ့ နှိုင်းယှဉ်မှာ မဟုတ်ပါဘူး။ ဘယ်သူက ဘယ်လိုတော်တယ်ဆိုပြီး ပြောနေမယ့်အစား သူတို့ အောင်မြင်သွားတဲ့ နည်းလမ်းတွေကိုပဲ သင့်အတွက် အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။

၉။ သင်နဲ့ သူရဲ့ကြားက ပြဿနာတွေကို လူမှုကွန်ရက် အပါအဝင် အခြားသူတွေကို အသိပေးမှာမဟုတ်ဘဲ သင့်ကိုပဲ တိုက်ရိုက် ပြောလေ့ရှိပါတယ်။

၁၀။ သူမရဲ့ အမှားတွေအတွက် သင့်ကို တောင်းပန်ဖို့လည်း ဝန်မလေးဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top