iMyanmarHouse.com - Best Property Website for Myanmar
×

သရက္သီး စားတဲ့အခါ အခြံကို လႊင့္ပစ္တတ္ၾကပါတယ္။ သရက္သီးအခြံမွာ က်န္းမာေရး ေကာင္းက်ဳိးေတြမ်ားစြာ ရွိတယ္ဆုိတာ သိရွိၿပီ ဆုိရင္ေတာ့ လႊင့္ပစ္မိတာကို သင္ေနာင္တရေကာင္း ရႏုိင္ပါတယ္။

ခုခံစြမ္းအား ေကာင္းမြန္ေစတယ္

သရက္သီး အခြံထဲမွာ အန္သိုဆိုင္ရာနင္နဲ႔ ကယ္႐ိုတီးႏြိဳက္ေတြ အျပင္ ဖိေနာျဒပ္ေပါင္းလည္း မ်ားစြာ ပါဝင္ပါတယ္။ အန္သိုဆုိင္ရာနင္နဲ႔ ကယ္႐ိုတီးႏြိဳက္ေတြက အင္တီေအာက္ဆီးဒင့္ေတြ ျဖစ္ၿပီး သက္ရြယ္ႀကီးရင့္မႈကို ေႏွးေကြးေစပါတယ္။ ကယ္႐ိုတီးႏြိဳက္က ခုခံစြမ္းအားကို ေကာင္းမြန္ေစၿပီး ခႏၶာကုိယ္တြင္းသို႔ ေရာဂါပိုးေတြ ဝင္ေရာက္မႈ မရွိေအာင္ ကာကြယ္ေပးပါတယ္။ ဒီျဒပ္ေပါင္းေတြက အ႐ိုးအဆစ္ ေရာင္ရမ္းနာ၊ ကင္ဆာ၊ ဆီးခ်ဳိေသြးခ်ဳိနဲ႔ အယ္လ္ဇိုင္းမား ေရာဂါေတြ မျဖစ္ပြားေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။

ဓာတ္တုိးပစၥည္းေတြကို ဆန္႔က်င္ေပးတယ္

သရက္သီးအခြံမွာ အင္တီေအာက္ဆီးဒင့္ေတြ မ်ားစြာပါဝင္ၿပီး ခႏၶာကိုယ္တြင္းမွ ဓာတ္တိုးပစၥည္းေတြကို ဆန္႔က်င္ တိုက္ထုတ္ ေပးပါတယ္။ သရက္သီးအခြံမွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က ေရာဂါျဖစ္ေစတဲ့ ဆဲလ္ေတြ သူ႔အလိုလို ေသေစၿပီး ဆဲလ္ေတြမွာ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ေပးပါတယ္။ အိႏၵိယမွာ ျပဳလုပ္တဲ့ ေလ့လာမႈအရ သရက္သီးစားတဲ့အခါ အခြံကို ထည့္စားသူေတြက သက္ရွည္ က်န္းမာၾကတာကို ေတြ႕ရပါတယ္။

ကင္ဆာေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးတယ္

သရက္သီးအခြံက ကင္ဆာေရာဂါကို ကာကြယ္ႏုိင္တဲ့ အာနိသင္ ရွိပါတယ္။ သရက္ခြံမွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က ကင္ဆာဆဲလ္ေတြကို သူ႔အလိုလို ေသေစၿပီး တျခားဆဲလ္ေတြ အေပၚလည္း လႊမ္းမိုးမႈ ရွိပါတယ္။

ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းေစတယ္

မၾကာေသးခင္က ၾသစေၾတးလ်မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ သရက္ခြံထဲမွာ ပါဝင္တဲ့ ျဒပ္ေပါင္းေတြက အဆီဆဲလ္ေတြ ႀကီးထြားမႈ မရွိေအာင္ ထိန္းခ်ဳပ္ေပးတာကို ေတြ႕ရွိခဲ့ပါတယ္။ ဒီအာနိသင္က ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ အလြန္ အသံုးဝင္ပါတယ္။ သရက္သီး အမ်ဳိးအစား အေတာ္မ်ားမ်ားမွာ ဒီျဒပ္ေပါင္း ပါဝင္ၿပီး အဆီဆဲလ္ေတြကို ဖယ္ရွားေပး ႏိုင္ပါတယ္။

ဝမ္းဗိုက္ မအီမသာ ျဖစ္ျခင္းမွ သက္သာေစတယ္

သရက္သီးအခြံက အစာမေၾကတာ၊ လိပ္ေခါင္းေရာဂါ၊ ဝမ္းကိုက္တာနဲ႔ ဝမ္းခ်ဳပ္တာေတြကို သက္သာေစပါတယ္။ သရက္သီးအခြံကို ဆူပြက္ေနတဲ့ ေရထဲ ထည့္ၿပီးေနာက္ အေအးခံကာ ေသာက္ေပးပါ။

ေသြးတြင္း ကိုလက္စထေရာကို ေလ်ာ့နည္းေစတယ္

သရက္သီး အခြံထဲမွာ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ျဖစ္တဲ့ ရက္စဗာရက္ထေရာ ပါဝင္ၿပီး ဆဲလ္ေတြ ပ်က္စီးမႈမွ တားဆီး ေပးပါတယ္။ ကင္ဆာျဖစ္ပြားမႈကို ဟန္႔တားေပးၿပီး ေသြးတြင္း ကိုလက္စထေရာကိုလည္း ေလ်ာ့နည္းေစပါတယ္။

ေသြးတြင္း သၾကားဓာတ္ကို ထိန္းထားႏုိင္တယ္

သရက္သီးမွာ သၾကားဓာတ္ ပါဝင္မႈ မ်ားပါတယ္။ သရက္သီး အခြံထဲက ရက္စဗာရက္ထေရာက အင္ဆူလင္ေဟာ္မုန္း တုန္႔ျပန္မႈကို ေကာင္းေစလုိ႔ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့နည္းေစပါတယ္။ သရက္သီးရဲ႕ အင္ဆူလင္ တုန္႔ျပန္မႈက အမ်ဳိးအစား ၂ ဆီးခ်ဳိေသြးခ်ဳိေ ရာဂါရွင္ေတြမွာ ပိုမို သိသာပါတယ္။ ဒါေၾကာင့္ သရက္သီးအခြံ စားသံုးတာက ဆီးခ်ဳိေသြးခ်ဳိေရာဂါ ျဖစ္ပြားမႈမွ ကာကြယ္ ေပးႏုိင္ပါတယ္။

အ႐ိုးကုိ က်န္းမာေစတယ္

သရက္သီးအခြံထဲကေန ဗီတာမင္ K ကို ရရွိႏုိင္ၿပီး ဗီတာမင္ K က ကယ္လ္စီယမ္ စုပ္ယူမႈအတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။ ကယ္လ္စီယမ္က အ႐ိုးသန္မာေစဖုိ႔ မ်ားစြာ အေထာက္အကူ ျပဳပါတယ္။

Tip

အိႏၵိယႏုိင္ငံမွာ သရက္သီးစိမ္းကို အေျခာက္လွမ္းၿပီး အမႈန္႔ႀကိတ္ကာ ပုလင္းထဲထည့္၊ ေလလံုေအာင္ ပိတ္ သိမ္းထားတတ္ၾကပါတယ္။ ဟင္းခ်က္တဲ့အခါ အခ်ဥ္အရသာ ရရွိဖုိ႔ ထည့္ခ်က္ေလ့ ရွိပါတယ္။

Credit : ဇာျခည္ဝင္း (ေဆးဝါးတကၠသိုလ္)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရက်သီး စားတဲ့အခါ အခွံကို လွှင့်ပစ်တတ်ကြပါတယ်။ သရက်သီးအခွံမှာ ကျန်းမာရေး ကောင်းကျိုးတွေများစွာ ရှိတယ်ဆိုတာ သိရှိပြီ ဆိုရင်တော့ လွှင့်ပစ်မိတာကို သင်နောင်တရကောင်း ရနိုင်ပါတယ်။

ခုခံစွမ်းအား ကောင်းမွန်စေတယ်

သရက်သီး အခွံထဲမှာ အန်သိုဆိုင်ရာနင်နဲ့ ကယ်ရိုတီးနွိုက်တွေ အပြင် ဖိနောဒြပ်ပေါင်းလည်း များစွာ ပါဝင်ပါတယ်။ အန်သိုဆိုင်ရာနင်နဲ့ ကယ်ရိုတီးနွိုက်တွေက အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး သက်ရွယ်ကြီးရင့်မှုကို နှေးကွေးစေပါတယ်။ ကယ်ရိုတီးနွိုက်က ခုခံစွမ်းအားကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးတွေ ဝင်ရောက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက အရိုးအဆစ် ရောင်ရမ်းနာ၊ ကင်ဆာ၊ ဆီးချိုသွေးချိုနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေ မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးတယ်

သရက်သီးအခွံမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင် တိုက်ထုတ် ပေးပါတယ်။ သရက်သီးအခွံမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ရောဂါဖြစ်စေတဲ့ ဆဲလ်တွေ သူ့အလိုလို သေစေပြီး ဆဲလ်တွေမှာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ အိန္ဒိယမှာ ပြုလုပ်တဲ့ လေ့လာမှုအရ သရက်သီးစားတဲ့အခါ အခွံကို ထည့်စားသူတွေက သက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။

ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

သရက်သီးအခွံက ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ သရက်ခွံမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ကင်ဆာဆဲလ်တွေကို သူ့အလိုလို သေစေပြီး တခြားဆဲလ်တွေ အပေါ်လည်း လွှမ်းမိုးမှု ရှိပါတယ်။

ကိုယ်အလေးချိန် လျော့နည်းစေတယ်

မကြာသေးခင်က သြစတြေးလျမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သရက်ခွံထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆီဆဲလ်တွေ ကြီးထွားမှု မရှိအောင် ထိန်းချုပ်ပေးတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအာနိသင်က ကိုယ်အလေးချိန် လျှော့ချရာမှာ အလွန် အသုံးဝင်ပါတယ်။ သရက်သီး အမျိုးအစား အတော်များများမှာ ဒီဒြပ်ပေါင်း ပါဝင်ပြီး အဆီဆဲလ်တွေကို ဖယ်ရှားပေး နိုင်ပါတယ်။

ဝမ်းဗိုက် မအီမသာ ဖြစ်ခြင်းမှ သက်သာစေတယ်

သရက်သီးအခွံက အစာမကြေတာ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းကိုက်တာနဲ့ ဝမ်းချုပ်တာတွေကို သက်သာစေပါတယ်။ သရက်သီးအခွံကို ဆူပွက်နေတဲ့ ရေထဲ ထည့်ပြီးနောက် အအေးခံကာ သောက်ပေးပါ။

သွေးတွင်း ကိုလက်စထရောကို လျော့နည်းစေတယ်

သရက်သီး အခွံထဲမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ရက်စဗာရက်ထရော ပါဝင်ပြီး ဆဲလ်တွေ ပျက်စီးမှုမှ တားဆီး ပေးပါတယ်။ ကင်ဆာဖြစ်ပွားမှုကို ဟန့်တားပေးပြီး သွေးတွင်း ကိုလက်စထရောကိုလည်း လျော့နည်းစေပါတယ်။

သွေးတွင်း သကြားဓာတ်ကို ထိန်းထားနိုင်တယ်

သရက်သီးမှာ သကြားဓာတ် ပါဝင်မှု များပါတယ်။ သရက်သီး အခွံထဲက ရက်စဗာရက်ထရောက အင်ဆူလင်ဟော်မုန်း တုန့်ပြန်မှုကို ကောင်းစေလို့ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပါတယ်။ သရက်သီးရဲ့ အင်ဆူလင် တုန့်ပြန်မှုက အမျိုးအစား ၂ ဆီးချိုသွေးချိုေ ရာဂါရှင်တွေမှာ ပိုမို သိသာပါတယ်။ ဒါကြောင့် သရက်သီးအခွံ စားသုံးတာက ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင်ပါတယ်။

အရိုးကို ကျန်းမာစေတယ်

သရက်သီးအခွံထဲကနေ ဗီတာမင် K ကို ရရှိနိုင်ပြီး ဗီတာမင် K က ကယ်လ်စီယမ် စုပ်ယူမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကယ်လ်စီယမ်က အရိုးသန်မာစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။

Tip

အိန္ဒိယနိုင်ငံမှာ သရက်သီးစိမ်းကို အခြောက်လှမ်းပြီး အမှုန့်ကြိတ်ကာ ပုလင်းထဲထည့်၊ လေလုံအောင် ပိတ် သိမ်းထားတတ်ကြပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာ ရရှိဖို့ ထည့်ချက်လေ့ ရှိပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top