iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Lwinpyin

ဆယ်လီနာဂိုးမက်ဇ် က ဂျက်စတင်ဘီဘာ နဲ့ ရည်းစားဟောင်း Kourtney Kardashian အဆက်အသွယ် ရှိနေတယ် ဆိုတဲ့ ကောလဟလ တဲ့ ပတ်သက်ပြီး မကျေမလည် ဖြစ်နေပါတယ်။ ဆယ်လီနာက ဂျက်စတင် နဲ့ Kourtney Kardashian တို့ နှစ်ယောက် Utah မှာ ရှိနေတည်းက မျက်စိပျက်၊မျက်နှာပျက် ဖြစ်နေတာပါ။ ဂျက်စတင် နဲ့ Kourtney က သီးခြားစီ ရောက်နေတာဖြစ်ပြီး Utah ရောက်ခိုက် မက်ဆေ့တွေ ပို့ခဲ့ကြတယ် လို့ သိရပါတယ်။

“ဆယ်လီနာ နဲ့ ဂျက်စတင် ပြန်တွဲတော့ ဆယ်လီနာက ဂျက်စတင် ဖုန်းထဲက ကောင်မလေးတွေ ဖုန်းနံပါတ်ကို အကုန် ဖျက်ခိုင်းခဲ့တာ။ သူ ပထမဆုံး ဖျက်ခိုင်းတာက Kourtney Kardashian ပဲ။” လို့ အတွင်းသိ တစ်ယောက်က ပြောပါတယ်။

ဂျက်စတင် နဲ့ Kourtney Kardashian တို့ နှစ်ယောက် Utah မှာ ပုံတွေတင်တာ မြင်တော့ ဆယ်လီနာက ဂျက်စတင် ထံ Kourtney ဖုန်းနံပါတ်ကို block ဖို့ ပြောခဲ့တယ် လို့ ပြောပါတယ်။ ဆယ်လီနာ့ အိမ်ကလည်း သူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပူပန်နေကြပါတယ်။ ဆယ်လီနာ စိတ်က ဂျက်စတင်နဲ့ ပြန်တွဲတည်းက ဆတ်ဆတ်ထိ မခံ ဖြစ်နေတာပါ။

Kourtney Kardashian က လက်ရှိမှာ မော်ဒယ်လ် Younes Bendjima နဲ့ တွဲနေတာပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top