iMyanmarHouse.com - Best Property Website for Myanmar
×


လူတိုင္း အသည္းေလးေတြ ကြဲဖူးၾကမွာပါ။ ေသးေသးေလးကြဲတာနဲ႔ အႀကီးႀကီးကြဲတာပဲကြာမယ္ထင္ပါတယ္။

အသည္းကြဲေနလို႔ ဘာမွလုပ္လို႔မရတာမ်ိဳးမျဖစ္ရင္ေတာင္ ငါ့ကိုထားသြားရပါ့မလားဆိုၿပီး တႏံု႔ႏံု႔နဲ႔မခံမရပ္ႏိုင္ျဖစ္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ ဒါမွမဟုတ္ သူအရင္ထားသြားမွာစိုးလို႔ ကိုယ္အရင္ထားခဲ့ေပမဲ့ အသည္းကြဲတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

ဘယ္လိုပဲကြဲကြဲပါ။ အသည္းကြဲတာကို လက္ခံလိုက္ၿပီး ဒီစာေလးကို ဖတ္ၾကည္ပါေနာ္။

ခံစားခ်က္ကိုမွ်ေ၀ပါ။

သင့္ရဲ့ခံစားခ်က္ေတြကို သင္ယံုၾကည္ရတဲ့သူတစ္ေယာက္ေယာက္ကို ေျပာျပပါ။ သင့္ရဲ့ဆံုးရံႈးမႈ နစ္နာခဲ့မႈေတြကို ရင္ဖြင့္ပါ။ ေနာက္တစ္ႀကိမ္ ခ်စ္သူရလာတဲ့အခါ ဒါမွမဟုတ္ တပါးသူရဲ့ဆက္ဆံေရးေတြကိုလည္း ပိုၿပီးေကာင္းမြန္ေစဖို႔ တည္ေဆာက္ပါ။

လမ္းခြဲလိုက္ၿပီဆိုတာကို လက္ခံပါ။

သူ႔ဖက္က လမ္းခြဲလိုက္တာကို လက္မခံဘဲ ျငင္းဆန္ေနေသးရင္ေတာ့ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။ လမ္းခြဲလိုက္တဲ့ေနာက္ ဆံုးရံႈးခဲ့တာ စိတ္မေက်မနပ္ျဖစ္ခဲ့တာေတြ အားလံုးကို လက္ခံလိုက္ပါ။

အသစ္အဆန္းတစ္ခုခုလုပ္ပါ။

လူမႈေရးအသင္းအဖြဲ႔တစ္ခုခုမွာ လုပ္အားေပး၀င္လုပ္တာမ်ိဳး ၊ တကိုယ္တည္းခရီးသြားတာမ်ိဳး ၊Gymေဆာ့တာမ်ိဳး၊ ကလပ္တက္တာမ်ိဳး ဒါမွမဟုတ္ ဆံပင္ပံုအသစ္သြင္းတာမ်ိဳး လုပ္ၾကည္ပါ။ ကိုယ့္စိတ္ကိုအေျပာင္းအလဲျဖစ္ေစမွာျဖစ္ပါတယ္။

အတိတ္က ဆက္ဆံေရးမွာရွိခဲ့တဲ့ ေကာင္းျခင္းဆိုးျခင္းႏွစ္ခုလံုးကို သတိရပါ။

သင္ခ်စ္တဲ့သူတစ္ေယာက္ေယာက္ကို ဆံုးရံႈးလိုက္ရတဲ့အခါမွာ သူ႔ရဲ့ ပုဂၢိဳလ္ေရးအရ ကိုယ့္အေပၚ ေကာင္းခဲ့မႈေတြ ဆိုးခဲ့မႈေတြအားလံုးကို သတိရေနတတ္ပါတယ္။ ဒါကို ေမ့ပစ္ဖို႔ လံုး၀မႀကိဳးစားပါနဲပ။ ေတြးမိလာတဲ့အခါမွာ ေတြးႏိုင္သေလာက္ ပက္ပက္စက္စက္ေတြးပစ္လိုက္ပါ။

သင္တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ သိထားပါ။

ကမၻာေပၚက သန္မာပါတယ္ ေပ်ာ္ရႊင္ပါတယ္ဆိုတဲ့သူေတြေတာင္ အသည္းကြဲဖူးၾကတယ္ ဆံုးရံႈးမႈကို ရင္ဆိုင္ခဲ့ၾကရပါတယ္။ အသည္းကြဲတဲ့ေ၀ဒနာက အသက္ရႈရၾကပ္ၿပီး ေနာက္တစ္ခါမခ်စ္ႏိုင္သလို ခံစားရတတ္တယ္။ ငါ့ဘ၀က ဘာမွမဟုတ္ေတာ့ဘူးကြာလို႔ေတြးေနတတ္ပါတယ္။ ဒါေပမဲ့ တေန႔ေန႔က်ရင္ ျပန္ၿပီးရယ္ေမာႏိုင္မွာပါ။ သူငယ္ခ်င္းေတြနဲ႔ ထိေတြ႔ဆက္ဆံပါ အႀကံဉာဏ္ေတြယူပါ။ စာအုပ္ေတြဖတ္ပါ။ သင္ဟာဘယ္ေတာ့မွ တစ္ေယာက္တည္းမဟုတ္ပါဘူး။

အခ်ိန္ကို ယံုပါ။

အခ်ိန္ဆိုတာ ေ၀ဒနာေတြကို ကုစားဖို႔ အေကာင္းဆံုးအေဖာ္မြန္ပါပဲ။ ဒီကေန႔ေခတ္မွာ အသည္းကြဲတာ ဘာမွမထူးဆန္းေတာ့ပါဘူး။ အခုခ်ိန္မွာ ကိုယ့္အသည္းက သန္းနဲ႔ခ်ီၿပီး အက္ကြဲေနသလိုခံစားေနရေပမဲ့ တခ်ိန္ခ်ိန္မွာ ရယ္ႏိုင္လာမွာပါလို႔ ေတြးၾကည္ပါ။ စိတ္ထဲမွာေပါ့ပါးသြားၿပီး အသက္ရႈရတာ ေပါ့ပါးလာမွျဖစ္သလို တစ္ခါ ျပန္ၿပီးရယ္ႏိုင္ပါလိမ့္မယ္။

ခြင့္လြတ္ပါ။

သူကိုယ့္အေပၚမွာလုပ္ခဲ့တဲ့အမွားေတြကို ခြင့္လြတ္ေပးလိုက္ပါ။ ဒါမွလည္း သူ႔ရဲ့ ေႏွာင္ႀကိဳးကေန လြတ္ေျမာက္ႏိုင္မွာပါ။ ခြင့္လြတ္တတ္ေအာင္ႀကိဳးစားပါ။

ေနာက္တစ္ခါ ခ်စ္ပါ။

လူတစ္ေယာက္တည္းကိုပဲခ်စ္ၿပီး ျပန္မလာႏိုင္သူ ကိုယ့္အတြက္ မစဥ္းစားေပးတဲ့သူ အခ်စ္သစ္ရွာသြားတဲ့သူကို သတိတရနဲ႔ ဘာလို႔ တမ္းတေနမွာလဲ။

သူ႔အတြက္ပဲ သင့္ရဲ့အခ်ိန္ေတြကို မကုန္ဆံုးပစ္ပါနဲ႔။ သင္ဟာ ေနာက္ထပ္အခ်စ္စစ္ကိုရွာေဖြႏုိင္သူျဖစ္သလို အခ်စ္ခံထိုက္သူလည္းျဖစ္ပါတယ္။

သင့္ကို ျမတ္ႏိုးတန္ဖိုးထားတဲ့သူေတြကို ခ်စ္ပါ။ ရည္းစားေတြအမ်ားႀကီးထပ္ထားခိုင္းတာမဟုတ္ပါဘူး။ အခ်စ္ကိုေနာက္တစ္ခါေတြ႔တဲ့အခါ ခ်စ္ဖို႔အသင့္ျဖစ္ေနပါေစ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်း အသည်းလေးတွေ ကွဲဖူးကြမှာပါ။ သေးသေးလေးကွဲတာနဲ့ အကြီးကြီးကွဲတာပဲကွာမယ်ထင်ပါတယ်။

အသည်းကွဲနေလို့ ဘာမှလုပ်လို့မရတာမျိုးမဖြစ်ရင်တောင် ငါ့ကိုထားသွားရပါ့မလားဆိုပြီး တနုံ့နုံ့နဲ့မခံမရပ်နိုင်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူအရင်ထားသွားမှာစိုးလို့ ကိုယ်အရင်ထားခဲ့ပေမဲ့ အသည်းကွဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုပဲကွဲကွဲပါ။ အသည်းကွဲတာကို လက်ခံလိုက်ပြီး ဒီစာလေးကို ဖတ်ကြည်ပါနော်။

ခံစားချက်ကိုမျှဝေပါ။

သင့်ရဲ့ခံစားချက်တွေကို သင်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ပြောပြပါ။ သင့်ရဲ့ဆုံးရှုံးမှု နစ်နာခဲ့မှုတွေကို ရင်ဖွင့်ပါ။ နောက်တစ်ကြိမ် ချစ်သူရလာတဲ့အခါ ဒါမှမဟုတ် တပါးသူရဲ့ဆက်ဆံရေးတွေကိုလည်း ပိုပြီးကောင်းမွန်စေဖို့ တည်ဆောက်ပါ။

လမ်းခွဲလိုက်ပြီဆိုတာကို လက်ခံပါ။

သူ့ဖက်က လမ်းခွဲလိုက်တာကို လက်မခံဘဲ ငြင်းဆန်နေသေးရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ လမ်းခွဲလိုက်တဲ့နောက် ဆုံးရှုံးခဲ့တာ စိတ်မကျေမနပ်ဖြစ်ခဲ့တာတွေ အားလုံးကို လက်ခံလိုက်ပါ။

အသစ်အဆန်းတစ်ခုခုလုပ်ပါ။

လူမှုရေးအသင်းအဖွဲ့တစ်ခုခုမှာ လုပ်အားပေးဝင်လုပ်တာမျိုး ၊ တကိုယ်တည်းခရီးသွားတာမျိုး ၊Gymဆော့တာမျိုး၊ ကလပ်တက်တာမျိုး ဒါမှမဟုတ် ဆံပင်ပုံအသစ်သွင်းတာမျိုး လုပ်ကြည်ပါ။ ကိုယ့်စိတ်ကိုအပြောင်းအလဲဖြစ်စေမှာဖြစ်ပါတယ်။

အတိတ်က ဆက်ဆံရေးမှာရှိခဲ့တဲ့ ကောင်းခြင်းဆိုးခြင်းနှစ်ခုလုံးကို သတိရပါ။

သင်ချစ်တဲ့သူတစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ကိုယ့်အပေါ် ကောင်းခဲ့မှုတွေ ဆိုးခဲ့မှုတွေအားလုံးကို သတိရနေတတ်ပါတယ်။ ဒါကို မေ့ပစ်ဖို့ လုံးဝမကြိုးစားပါနဲပ။ တွေးမိလာတဲ့အခါမှာ တွေးနိုင်သလောက် ပက်ပက်စက်စက်တွေးပစ်လိုက်ပါ။

သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိထားပါ။

ကမ္ဘာပေါ်က သန်မာပါတယ် ပျော်ရွှင်ပါတယ်ဆိုတဲ့သူတွေတောင် အသည်းကွဲဖူးကြတယ် ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အသည်းကွဲတဲ့ဝေဒနာက အသက်ရှုရကြပ်ပြီး နောက်တစ်ခါမချစ်နိုင်သလို ခံစားရတတ်တယ်။ ငါ့ဘဝက ဘာမှမဟုတ်တော့ဘူးကွာလို့တွေးနေတတ်ပါတယ်။ ဒါပေမဲ့ တနေ့နေ့ကျရင် ပြန်ပြီးရယ်မောနိုင်မှာပါ။ သူငယ်ချင်းတွေနဲ့ ထိတွေ့ဆက်ဆံပါ အကြံဉာဏ်တွေယူပါ။ စာအုပ်တွေဖတ်ပါ။ သင်ဟာဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။

အချိန်ကို ယုံပါ။

အချိန်ဆိုတာ ဝေဒနာတွေကို ကုစားဖို့ အကောင်းဆုံးအဖော်မွန်ပါပဲ။ ဒီကနေ့ခေတ်မှာ အသည်းကွဲတာ ဘာမှမထူးဆန်းတော့ပါဘူး။ အခုချိန်မှာ ကိုယ့်အသည်းက သန်းနဲ့ချီပြီး အက်ကွဲနေသလိုခံစားနေရပေမဲ့ တချိန်ချိန်မှာ ရယ်နိုင်လာမှာပါလို့ တွေးကြည်ပါ။ စိတ်ထဲမှာပေါ့ပါးသွားပြီး အသက်ရှုရတာ ပေါ့ပါးလာမှဖြစ်သလို တစ်ခါ ပြန်ပြီးရယ်နိုင်ပါလိမ့်မယ်။

ခွင့်လွတ်ပါ။

သူကိုယ့်အပေါ်မှာလုပ်ခဲ့တဲ့အမှားတွေကို ခွင့်လွတ်ပေးလိုက်ပါ။ ဒါမှလည်း သူ့ရဲ့ နှောင်ကြိုးကနေ လွတ်မြောက်နိုင်မှာပါ။ ခွင့်လွတ်တတ်အောင်ကြိုးစားပါ။

နောက်တစ်ခါ ချစ်ပါ။

လူတစ်ယောက်တည်းကိုပဲချစ်ပြီး ပြန်မလာနိုင်သူ ကိုယ့်အတွက် မစဉ်းစားပေးတဲ့သူ အချစ်သစ်ရှာသွားတဲ့သူကို သတိတရနဲ့ ဘာလို့ တမ်းတနေမှာလဲ။

သူ့အတွက်ပဲ သင့်ရဲ့အချိန်တွေကို မကုန်ဆုံးပစ်ပါနဲ့။ သင်ဟာ နောက်ထပ်အချစ်စစ်ကိုရှာဖွေနိုင်သူဖြစ်သလို အချစ်ခံထိုက်သူလည်းဖြစ်ပါတယ်။

သင့်ကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေကို ချစ်ပါ။ ရည်းစားတွေအများကြီးထပ်ထားခိုင်းတာမဟုတ်ပါဘူး။ အချစ်ကိုနောက်တစ်ခါတွေ့တဲ့အခါ ချစ်ဖို့အသင့်ဖြစ်နေပါစေ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top