iMyanmarHouse.com - Best Property Website for Myanmar
×






ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းနေသူတွေအတွက် အ ကုန်အကျလည်း သက်သာပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ဝိတ်လျှော့ချင်တယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းချိုက ကူညီနိုင်ပါ လိမ့်မယ်။

အဲဒီနည်းနဲ့ဝိတ်ချမယ်ဆိုရင် ဂေါ်ဖီထုပ်ဟင်းချိုတစ်မျိုးတည်းကို အဓိကစားရမှာဖြစ်ပြီး စား သောက်နည်းကတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်ပန်းကန်နဲ့အတူ ငှက် ပျောသီးက လွဲလို့ တခြားသီးနှံတွေ အကုန်ဖြည့်စွက်စားနိုင်ပါတယ်။ နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချို မပါတော့ဘဲ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ ဖြည့်စွက်စားနိုင်ပြီး ပဲအမျိုးမျိုး၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ ရှောင် ရမှာပါ။

နောက်ရက်မှာတော့ ဂေါ်ဖီ ထုပ် ဟင်းချိုတစ်မျိုးတည်းကိုပဲ တစ်နေ့စာအဖြစ် ပြန်စားရမှာပါ။ ပြီးရင်တော့ ငှက်ပျော်သီးစားဖို့အ လှည့်ရောက်ပြီဖြစ်ပြီး ဂေါ်ဖီထုပ် ဟင်းချိုနဲ့အတူ ဖြည့်စွက်စားပေး နိုင်ပါတယ်။ ဂေါ်ဖီဟင်းချိုနဲ့ ဝိတ် ချတဲ့ ငါးရက်မြောက်နေ့မှာတော့အရေခွံမပါတဲ့ကြက်သားတို့၊ အ ဆီမပါတဲ့ အမဲသား ၂၀ အောင်စ လောက်ကို ကြွက်သားတွေ သန် မာဖို့ စားပေးရမှာပါ။

နောက်တစ်ရက်မှာတော့ ဂေါ်ဖီဟင်းချိုနဲ့အတူ ဟင်းသီး ဟင်းရွက်၊ အသားအနည်းငယ် တို့ကို စားပေးရမှာပါ။ နောက်ဆုံး ရက်မှာတော့ ဂေါ်ဖီဟင်းချိုနဲ့အတူ ဆန်လုံးညိုနဲ့ ဟင်းသီးဟင်းရွက် တို့ကို စားပေးရမှာဖြစ်ပြီး တစ် ပတ်အတွင်း သိသာလာတာ တွေ့ရမှာပါ။

Credit : 7DayNewsJournal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top