iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးအားနည္းေရာဂါဆိုတာ  ေသြးထဲမွာ သံဓာတ္ေလွ်ာ့နည္းျခင္းျဖစ္ပါတယ္။ ေသြးနီဥဆဲလ္ေတြမွာအေရးပါတဲ့ ဟီမိုဂလိုဘင္ပရိုတင္းရဲ႕လုပ္ေဆာင္ခ်က္အတြက္ သံဓာတ္ကအေရးပါပါတယ္။ ေသြးအားနည္းျခင္းျဖစ္ေစတဲ့အေၾကာင္းရင္းေတြက ေသြးဆံုးရံႈးမႈမ်ားျခင္း၊ကပ္ပါးပိုးဝင္ျခင္း၊အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္း၊အာဟာရစုပ္ယူနိုင္စြမ္းျပႆနာနဲ႔ နာတာရွည္ေရာဂါတို႔ပါဝင္ပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့တဲ့အခါ ခႏၶာကိုယ္အႏွံ႔ကဆဲလ္ေတြက ေအာက္ဆီဂ်င္ခ်ိဳ႕တဲ့လာပါတယ္။ ေသြးအားနည္းျခင္းက ဓမၼတာလာေနစဥ္အတြင္း ေသြးဆင္းမ်ားျခင္းအပါအဝင္ တျခားအေၾကာင္းရင္းေတြလည္းရွိနိုင္ပါတယ္။

အမ်ိဳးသမီးေတြက လတိုင္းဓမၼတာေသြးဆင္းတဲ့အခါ ေသြးနီဥဆဲလ္မွာပါသြားတဲ့ သံဓာတ္လည္းဆံုးရံႈးရပါတယ္။ စားေသာက္လိုက္တဲ့သံဓာတ္ပမာဏက ဆံုးရံႈးသြားတဲ့ပမာဏကို လစဥ္ျပန္မျဖည့္တင္းေပးနိုင္တဲ့အခါ သံဓာတ္ခ်ိဳ႕တဲ့ေသြးအားနည္းေရာဂါျဖစ္လာနိုင္ပါတယ္။ ေသြးဆင္းမ်ားတဲ့အမ်ိဳးသမီးေတြမွာ ေသြးအားနည္းေရာဂါျဖစ္နိုင္ေျခပိုမ်ားပါတယ္။

ေသြးအားနည္းေစတာက ရာသီေသြးဆင္းျခင္းတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။ကိုယ္ဝန္ရွိခ်ိန္နဲ႔နို႔တိုက္ေကြ်းခ်ိန္အတြင္း ကေလးၾကီးထြားဖြံ႔ျဖိဳးေစဖို႔ သံဓာတ္လိုအပ္မႈကပိုမ်ားလာပါတယ္။ သံဓာတ္အားနည္းရင္ အေမေရာကေလးအတြက္ပါ ထိခိုက္ေစနိုင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြအတြက္ သံဓာတ္အလံုအေလာက္ရရွိဖို႔အေရးၾကီးပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔နို႔ိတိုက္ေကြ်းခ်ိန္ေတြမွာ သံဓာတ္အားနည္းတတ္ၾကပါတယ္။

ေသြးဆင္းမ်ားျခင္းလကၡဏာေတြက

    ၇ ရက္ထက္ပိုၾကာျပီး ရာသီလာျခင္း
    ေသြးခဲေလးေတြဆင္းျခင္း
    ပင္ပန္းႏံုးခ်ိေနျခင္း သို႔မဟုတ္ အသက္ရွဴမဝျခင္း
    ပံုမွန္ရာသီလာခ်ိန္မဟုတ္ဘဲ တစ္လအတြင္း ေသြးထပ္ဆင္းျခင္း
    ေသြးဆံုးျပီးမွ ေသြးဆင္းျခင္း

အေၾကာင္းရင္းမ်ား

ရာသီေသြးဆင္းမ်ားေစတဲ့ အေၾကာင္းရင္းကအမ်ားၾကီးရွိပါတယ္။ အျဖစ္မ်ားတာေတြက –

ေဟာ္မုန္းျပႆနာ –  လစဥ္လတိုင္း သားအိမ္အတြင္းမွာ ျဖစ္တည္လာတဲ့ အေျမွးပါးက ရာသီေသြးအျဖစ္နဲ႔ဆင္းလာတာျဖစ္ပါတယ္။ ေဟာ္မုန္းပမာဏမညီမွ်ရင္ေတာ့ ခႏၶာကိုယ္ကအေျမွးပါးအရမ္းထူလာျပီး ကြာက်တဲ့အခါရာသီေသြးဆင္းတာမ်ားလာနုိင္ပါတယ္။

သားအိမ္အတြင္းအလံုးတည္ျခင္း – သားအိမ္အေျမွးပါးအတြင္းမွာ အလံုးေတြျဖစ္တည္လာတတ္ပါတယ္။  ကင္ဆာျဖစ္ေစတဲ့ အက်ိတ္လံုး နဲ႔ ကင္ဆာမျဖစ္ေစေသာ အက်ိတ္လံုးတို႔ႏွစ္မ်ိဳးလံုးက ေသြးဆင္းတာပိုမ်ားေစ၊ ရက္ပိုၾကာေစနိုင္ပါတယ္။

IUD ထည့္သြင္းထားျခင္း – သားဆက္ျခားနည္းလမ္းအျဖစ္နဲ႔ သားအိမ္တြင္းထည့္ပစၥည္း (IUD) ကိုအသံုးျပဳထားတဲ့အမ်ိဳးသမီးေတြရွိပါတယ္။ IUD က ေဟာ္မုန္းမပါတဲ့အမ်ိဳးအစားျဖစ္ခဲ့ရင္ ရာသီေသြးဆင္းတာပိုမ်ားနိုင္ပါတယ္။

အမ်ိဳးသမီးကင္ဆာေရာဂါတခ်ိဳ႕ – ျဖစ္ခဲတယ္ဆိုေပမယ့္ သားအိမ္ကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာနဲ႔ သားဥအိမ္ကင္ဆာတို႔ရွိေနတဲ့အမ်ိဳးသမီးတခ်ိဳ႕မွာ ရာသီေသြးဆင္းမ်ားသလို အသြင္နဲ႔ ေသြးအလြန္အကြ်ံဆင္းတတ္ပါတယ္။

ေဆးဝါးတခ်ိဳ႕ – ေသြးက်ဲေဆး သို႔မဟုတ္ ေရာင္ရမ္းမႈေလ်ာ့က်ေစတဲ့ေဆးဝါးေတြက ရာသီေသြးဆင္းမ်ားေစပါတယ္။

တျခားေရာဂါမ်ား – အမ်ိဳးသမီးေတြမွာ ေသြးဆင္းမ်ားေစတဲ့အေၾကာင္းရင္းက သိုင္းရိြဳက္ျပႆနာ၊ တင္ပါးဆံုခြက္ေရာင္ရမ္းမႈေရာဂါ((PID)၊ ေက်ာက္ကပ္ေရာဂါ၊ အသည္းေရာဂါ စတဲ့ေရာဂါတခ်ိဳ႕ေၾကာင့္လည္းျဖစ္နိုင္ပါတယ္။

အထက္ပါလကၡဏာေတြမဟုတ္ဘဲ ရာသီေသြးဆင္းတာပံုမွန္ရွိသူေတြနဲ႔ အနည္းငယ္မ်ားသူေတြကေတာ့ ဆံုးရံႈးသြားတဲ့သံဓာတ္ကို ျပန္ျဖည့္တင္းနုိင္ဖို႔ ဂရုစိုက္ေပးရင္လံုေလာက္ပါတယ္။ ဗီတာမင္စီနဲ႔သံဓာတ္မ်ားတဲ့အသီးေတြ၊ငါး၊ ပင္လယ္စာနဲ႔အခြံမာငါးေတြအျပင္ ပဲပိစပ္၊ပဲနီေလး၊အုတ္ဂ်ံဳ၊ကိုက္လန္၊အေစ့အဆံေတြစတဲ့ အစားအစာေတြကေန သံဓာတ္ျဖည့္တင္းနိုင္လို႔ မွ်တစြာစားသံုုးေပးပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သွေးအားနည်းရောဂါဆိုတာ  သွေးထဲမှာ သံဓာတ်လျှော့နည်းခြင်းဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သွေးအားနည်းခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ကပ်ပါးပိုးဝင်ခြင်း၊အာဟာရဓာတ်ချို့တဲ့ခြင်း၊အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေက အောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။

အမျိုးသမီးတွေက လတိုင်းဓမ္မတာသွေးဆင်းတဲ့အခါ သွေးနီဥဆဲလ်မှာပါသွားတဲ့ သံဓာတ်လည်းဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့သံဓာတ်ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ်ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့အမျိုးသမီးတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ကိုယ်ဝန်ရှိချိန်နဲ့နို့တိုက်ကျွေးချိန်အတွင်း ကလေးကြီးထွားဖွံ့ဖြိုးစေဖို့ သံဓာတ်လိုအပ်မှုကပိုများလာပါတယ်။ သံဓာတ်အားနည်းရင် အမေရောကလေးအတွက်ပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် သံဓာတ်အလုံအလောက်ရရှိဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ိတိုက်ကျွေးချိန်တွေမှာ သံဓာတ်အားနည်းတတ်ကြပါတယ်။

သွေးဆင်းများခြင်းလက္ခဏာတွေက

    ၇ ရက်ထက်ပိုကြာပြီး ရာသီလာခြင်း
    သွေးခဲလေးတွေဆင်းခြင်း
    ပင်ပန်းနုံးချိနေခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
    ပုံမှန်ရာသီလာချိန်မဟုတ်ဘဲ တစ်လအတွင်း သွေးထပ်ဆင်းခြင်း
    သွေးဆုံးပြီးမှ သွေးဆင်းခြင်း

အကြောင်းရင်းများ

ရာသီသွေးဆင်းများစေတဲ့ အကြောင်းရင်းကအများကြီးရှိပါတယ်။ အဖြစ်များတာတွေက –

ဟော်မုန်းပြဿနာ –  လစဉ်လတိုင်း သားအိမ်အတွင်းမှာ ဖြစ်တည်လာတဲ့ အမြှေးပါးက ရာသီသွေးအဖြစ်နဲ့ဆင်းလာတာဖြစ်ပါတယ်။ ဟော်မုန်းပမာဏမညီမျှရင်တော့ ခန္ဓာကိုယ်ကအမြှေးပါးအရမ်းထူလာပြီး ကွာကျတဲ့အခါရာသီသွေးဆင်းတာများလာနိုင်ပါတယ်။

သားအိမ်အတွင်းအလုံးတည်ခြင်း – သားအိမ်အမြှေးပါးအတွင်းမှာ အလုံးတွေဖြစ်တည်လာတတ်ပါတယ်။  ကင်ဆာဖြစ်စေတဲ့ အကျိတ်လုံး နဲ့ ကင်ဆာမဖြစ်စေသော အကျိတ်လုံးတို့နှစ်မျိုးလုံးက သွေးဆင်းတာပိုများစေ၊ ရက်ပိုကြာစေနိုင်ပါတယ်။

IUD ထည့်သွင်းထားခြင်း – သားဆက်ခြားနည်းလမ်းအဖြစ်နဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကိုအသုံးပြုထားတဲ့အမျိုးသမီးတွေရှိပါတယ်။ IUD က ဟော်မုန်းမပါတဲ့အမျိုးအစားဖြစ်ခဲ့ရင် ရာသီသွေးဆင်းတာပိုများနိုင်ပါတယ်။

အမျိုးသမီးကင်ဆာရောဂါတချို့ – ဖြစ်ခဲတယ်ဆိုပေမယ့် သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ရှိနေတဲ့အမျိုးသမီးတချို့မှာ ရာသီသွေးဆင်းများသလို အသွင်နဲ့ သွေးအလွန်အကျွံဆင်းတတ်ပါတယ်။

ဆေးဝါးတချို့ – သွေးကျဲဆေး သို့မဟုတ် ရောင်ရမ်းမှုလျော့ကျစေတဲ့ဆေးဝါးတွေက ရာသီသွေးဆင်းများစေပါတယ်။

တခြားရောဂါများ – အမျိုးသမီးတွေမှာ သွေးဆင်းများစေတဲ့အကြောင်းရင်းက သိုင်းရွိုက်ပြဿနာ၊ တင်ပါးဆုံခွက်ရောင်ရမ်းမှုရောဂါ((PID)၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စတဲ့ရောဂါတချို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

အထက်ပါလက္ခဏာတွေမဟုတ်ဘဲ ရာသီသွေးဆင်းတာပုံမှန်ရှိသူတွေနဲ့ အနည်းငယ်များသူတွေကတော့ ဆုံးရှုံးသွားတဲ့သံဓာတ်ကို ပြန်ဖြည့်တင်းနိုင်ဖို့ ဂရုစိုက်ပေးရင်လုံလောက်ပါတယ်။ ဗီတာမင်စီနဲ့သံဓာတ်များတဲ့အသီးတွေ၊ငါး၊ ပင်လယ်စာနဲ့အခွံမာငါးတွေအပြင် ပဲပိစပ်၊ပဲနီလေး၊အုတ်ဂျုံ၊ကိုက်လန်၊အစေ့အဆံတွေစတဲ့ အစားအစာတွေကနေ သံဓာတ်ဖြည့်တင်းနိုင်လို့ မျှတစွာစားသုံုးပေးပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top