iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးလို႔ ေျပာလိုက္တာနဲ႔ မုန္လာဥနီကို ေျပးျမင္မိၾကပါလိမ့္မယ္။ မွန္ပါတယ္။ မုန္လာဥနီနဲ႔ အျခားလိေမၼာ္ေရာင္သန္းတဲ့ အသီးအႏွံေတြမွာ အျမင္အာ႐ုံေကာင္းေစတဲ့ Beta-Carotene ေခၚ ဗီတာမင္ A ဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ Beta-Carotene ပါတဲ့အသီးအႏွံမွမဟုတ္ပါဘူး။ အျခားေသာ ဗီတာမင္ႏွင့္သတၱဳဓာတ္ေတြကလည္း မ်က္လံုးအတြက္အက်ိဳးျပဳတာကိုေတြ႕ရပါတယ္။ဒါဆိုမ်က္လံုးအတြက္ ဘယ္လို အစားအစာေတြစားေပးသင့္သလဲ ဆိုတာၾကည့္ၾကရေအာင္။

၁။ ၾကက္ဥ။

ၾကက္ဥအႏွစ္မွာ lutein နဲ႔ Zeaxanthin တို႔အျပင္ သြပ္ဓာတ္ပါ ပါဝင္တဲ့အတြက္ အျမင္အာ႐ုံကို ၾကည္လင္ေစပါတယ္။

၂။ ဘယ္ရီႏွင့္ အျခားအခ်ဥ္သီးမ်ား

စေတာ္ဘယ္ရီ၊ ဘလူးဘယ္ရီစတဲ့ ဘယ္ရီသီးေတြအျပင္ လိေမၼာသီး၊ သံပုရာသီး၊ ေ႐ွာက္သီး စတဲ့ အခ်ဥ္သီးေတြမွာ ဗီတာမင္စီ ပါဝင္လို႔ အျမင္အာ႐ုံခ်ိဳ႕တဲ့ျခင္း၊ တိမ္စြဲျခင္းကို ေလ်ာ့နည္းေစပါတယ္။
၃။ ဗာဒံေစ့။

ဗာဒံသီးမွာပါဝင္တဲ့ ဗီတာမင္အီး ကလည္း အျမင္အာ႐ုံကို ၾကည္လင္ေစၿပီး ဗာဒံေစ့လက္တစ္ဆုပ္စားေပးျခင္းျဖင့္ တစ္ေန႔တာအတြက္ လိုအပ္တဲ့ ဗီတာမင္အီး ရဲ႕ထက္ဝက္ခန္႔ပါ႐ွိပါတယ္။
၄။ အဆီပါေသာငါး။

တူနာ၊ ဆာလမြန္၊ ငါးေသတၱာ၊ မက္ကရယ္ငါး၊ ငါးပါးနီနဲဲ့ ထေရာက္ငါး ေတြမွာပါဝင္တဲ့ အဆီအက္စစ္ဟာ မ်က္လံုးေျခာက္ျခင္း၊ တိမ္စြဲျခင္း ကို ကင္းစင္ေစပါတယ္။

၅။ အစိမ္းရင့္ေရာင္အရြက္မ်ား။

ဟင္းႏုႏြယ္၊ ကိုက္လန္ စတဲ့အရြက္ေတြမွာ Lutein နဲ႔ Zeaxanthin စတဲ့အပင္ ေရာင္ျခယ္ပစၥည္းေတြပါဝင္တာေၾကာင့္ အျမင္အာ႐ုံ ၾကည္လင္ေစပါတယ္။ ဘ႐ုိကိုလီ၊ ပဲမ်ားႏွင့္ ေထာပတ္သီးေတြလည္း စားသံုးႏိုင္ပါတယ္။

၆။ အေရာင္ႂကြယ္ဝတဲ့အစားအစာမ်ား။

မုန္လာဥနီ၊ ခရမ္းခ်ဥ္သီး၊ င႐ုတ္ပြ၊ စေတာ္ဘယ္ရီ၊ ဖ႐ုံသီး၊ ေျပာင္းဖူးနဲ႔ သခြားေမႊးသီးေတြမွာ ဗီတာမင္ေအ၊ ဗီတာမင္စီနဲ႔ ကယ္႐ုိတီႏြိဳက္စတဲ့ ဓာတ္ေတြပါဝင္တာေၾကာင့္ မ်က္လံုးနဲ႔ဆက္ႏြယ္တဲ့ေရာဂါေတြ ျဖစ္ျခင္းမွကာကြယ္ေပးပါတယ္။

၇။ ငါးႀကီးဆီ။

Omega-3 အဆီအက္စစ္ပါဝင္တဲ့ ငါႀကီးဆီစားေပးျခင္းျဖင့္ မ်က္လံုးေျခာက္ျခင္း၊ အျမင္မၾကည္ျခင္းတို႔ကို ကာကြယ္ႏုိုင္ပါတယ္။

၈။ေနၾကာေစ့။

ဗီတာမင္အီးနဲ႔ သြပ္ဓာတ္ပါဝင္တဲ့ ေနၾကာေစ့ကို စားေပးျခင္းျဖင့္လည္း မ်က္လံုးနဲ႔ဆက္ႏြယ္တဲ့ ေရာဂါေတြကာကြယ္ေပးႏိုင္ပါတယ္။

အထက္ပါ အစားအစာေတြကို ေန႔စဥ္မွီဝဲစားသံုးျခင္းျဖင့္ အျမင္အာ႐ုံၾကည္လင္ေစၿပီး က်န္းမာတဲ့မ်က္လံုးတစ္စံုကို ပိုင္ဆိုင္ၾကပါေစ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်လုံးလို့ ပြောလိုက်တာနဲ့ မုန်လာဥနီကို ပြေးမြင်မိကြပါလိမ့်မယ်။ မှန်ပါတယ်။ မုန်လာဥနီနဲ့ အခြားလိမ္မော်ရောင်သန်းတဲ့ အသီးအနှံတွေမှာ အမြင်အာရုံကောင်းစေတဲ့ Beta-Carotene ခေါ် ဗီတာမင် A ဓာတ်တစ်မျိုးပါဝင်ပါတယ်။ Beta-Carotene ပါတဲ့အသီးအနှံမှမဟုတ်ပါဘူး။ အခြားသော ဗီတာမင်နှင့်သတ္တုဓာတ်တွေကလည်း မျက်လုံးအတွက်အကျိုးပြုတာကိုတွေ့ရပါတယ်။ဒါဆိုမျက်လုံးအတွက် ဘယ်လို အစားအစာတွေစားပေးသင့်သလဲ ဆိုတာကြည့်ကြရအောင်။

၁။ ကြက်ဥ။

ကြက်ဥအနှစ်မှာ lutein နဲ့ Zeaxanthin တို့အပြင် သွပ်ဓာတ်ပါ ပါဝင်တဲ့အတွက် အမြင်အာရုံကို ကြည်လင်စေပါတယ်။

၂။ ဘယ်ရီနှင့် အခြားအချဉ်သီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေအပြင် လိမ္မောသီး၊ သံပုရာသီး၊ ရှောက်သီး စတဲ့ အချဉ်သီးတွေမှာ ဗီတာမင်စီ ပါဝင်လို့ အမြင်အာရုံချို့တဲ့ခြင်း၊ တိမ်စွဲခြင်းကို လျော့နည်းစေပါတယ်။
၃။ ဗာဒံစေ့။

ဗာဒံသီးမှာပါဝင်တဲ့ ဗီတာမင်အီး ကလည်း အမြင်အာရုံကို ကြည်လင်စေပြီး ဗာဒံစေ့လက်တစ်ဆုပ်စားပေးခြင်းဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်အီး ရဲ့ထက်ဝက်ခန့်ပါရှိပါတယ်။
၄။ အဆီပါသောငါး။

တူနာ၊ ဆာလမွန်၊ ငါးသေတ္တာ၊ မက်ကရယ်ငါး၊ ငါးပါးနီနဲ့ ထရောက်ငါး တွေမှာပါဝင်တဲ့ အဆီအက်စစ်ဟာ မျက်လုံးခြောက်ခြင်း၊ တိမ်စွဲခြင်း ကို ကင်းစင်စေပါတယ်။

၅။ အစိမ်းရင့်ရောင်အရွက်များ။

ဟင်းနုနွယ်၊ ကိုက်လန် စတဲ့အရွက်တွေမှာ Lutein နဲ့ Zeaxanthin စတဲ့အပင် ရောင်ခြယ်ပစ္စည်းတွေပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်စေပါတယ်။ ဘရိုကိုလီ၊ ပဲများနှင့် ထောပတ်သီးတွေလည်း စားသုံးနိုင်ပါတယ်။

၆။ အရောင်ကြွယ်ဝတဲ့အစားအစာများ။

မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ စတော်ဘယ်ရီ၊ ဖရုံသီး၊ ပြောင်းဖူးနဲ့ သခွားမွှေးသီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ကယ်ရိုတီနွိုက်စတဲ့ ဓာတ်တွေပါဝင်တာကြောင့် မျက်လုံးနဲ့ဆက်နွယ်တဲ့ရောဂါတွေ ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။

၇။ ငါးကြီးဆီ။

Omega-3 အဆီအက်စစ်ပါဝင်တဲ့ ငါကြီးဆီစားပေးခြင်းဖြင့် မျက်လုံးခြောက်ခြင်း၊ အမြင်မကြည်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။

၈။နေကြာစေ့။

ဗီတာမင်အီးနဲ့ သွပ်ဓာတ်ပါဝင်တဲ့ နေကြာစေ့ကို စားပေးခြင်းဖြင့်လည်း မျက်လုံးနဲ့ဆက်နွယ်တဲ့ ရောဂါတွေကာကွယ်ပေးနိုင်ပါတယ်။

အထက်ပါ အစားအစာတွေကို နေ့စဉ်မှီဝဲစားသုံးခြင်းဖြင့် အမြင်အာရုံကြည်လင်စေပြီး ကျန်းမာတဲ့မျက်လုံးတစ်စုံကို ပိုင်ဆိုင်ကြပါစေ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top