iMyanmarHouse.com - Best Property Website for Myanmar
×

ႏွင္းဆီ ပန္းက က်န္းမာေရးကုိအေထာက္အကူျဖစ္ေစလိမ့္မယ္၊လို႔ တစ္ခါေလးေတာင္မစဥ္းမိခဲ့ပါဘူး။ ဒါေပမယ့္ႏွင္းဆီပန္းရဲ႕ အဆီအႏွစ္ ေတြက ေရွးယခင္ေခတ္ကာလေတြကတည္းက ကိုယ္ခႏၶာ၊ စိတ္နဲ႔အေရျပားတို႔အတြက္ ေကာင္းက်ိဳးျပဳတာေတြအမ်ားအျပားရွိခဲ့တာ ျဖစ္ပါတယ္။ ႏွင္းဆီပန္းကို အလွအပအတြက္အသံုးျပဳနိုင္တယ္လို႔ေတာ္ေတာ္မ်ားမ်ားသိျပီးျဖစ္ေပမယ့္ ႏွင္းဆီပန္းရဲ႕ပြင့္ခ်ပ္ေလးေတြက လိင္မႈဘဝကို အားျဖည့္ေပးသလို စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္းက်ဆင္းေစႏိုင္တယ္ဆိုတာကို ေတာ့သိပ္မသိၾကေသးပါဘူး။
ႏွင္းဆီကမ်ိုးစိတ္ေပါင္း ၁၀၀ ေက်ာ္ရွိျပီး အေရာင္အေသြးအမ်ိဳးမ်ိဳးရွိပါတယ္။ ႏွင္းဆီပင္ဟာ အာရွမ်ိဳးရင္းပင္ျဖစ္ျပီး ေနာက္ပိုင္းမွာမွ ေျမာက္အေမရိက၊ ဥေရာပ နဲ႔ေျမာက္အာဖရိကတို႔လိုမ်ိဳး ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာရွင္သန္ေပါက္ရာက္လာတာျဖစ္ပါတယ္။
ႏွင္းဆီပန္းကေန ဘယ္လိုက်န္းမာေရး အက်ိုးေက်းဇူးေတြရရွိႏိုင္မလဲ

ကိုယ္အေလးခ်ိန္က်ေစႏိုင္ျခင္း – ႏွင္းဆီပန္းရဲ႕ ပြင့္ခ်ပ္ထဲမွာပါတဲ့ ျဒပ္ေပါင္းေတြက ကိုယ္တြင္းကအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အျပင္ ဇီဝတြင္းျဖစ္ပ်က္ေျပာင္းလဲမႈကိုလည္း တိုးတက္ေစႏိုင္စြမ္းရွိပါတယ္။ ႏွင္းဆီပြင့္ခ်ပ္လက္တစ္ဆုပ္စာေလာက္ကိုစားသံုးေပးမယ္ ဆိုရင္ စိတ္ေက်နပ္မႈရရွိေစျပီး အဆာခံႏိုင္ေစမွာျဖစ္တာေၾကာင့္ သဘာဝအတိုင္းကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေစႏိုင္မယ့္ နည္းတစ္ရပ္ပါ။

သဘာဝ ကာမအားတိုးေဆးတစ္ရပ္ – ႏွင္းဆီပန္းဟာ အခ်စ္သေကၤတတစ္ရပ္ျဖစ္ရံုသာမက သဘာဝကာမအားတိုးေဆးတစ္ရပ္လည္း ျဖစ္ပါတယ္။ ႏွင္းဆီရဲ႕ပြင့္ခ်ပ္ေတြက လိင္စိတ္တက္ၾကြလာေအာင္လႈံ႔ေဆာ္ရာမွာ ေတာ္ေတာ္ေလးထိေရာက္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြက ႏွလံုးခုန္သံကို စည္းခ်က္မ်န္ေအာင္ထိန္းညွိေပးႏိုင္သလို စိတ္ခံစားမႈနဲ႔အာရံုေၾကာစနစ္ေတြကိုေကာင္းမြန္ေစပါတယ္။

စိတ္ဖိစီးမႈနဲ႔စိတ္ဓာတ္က်မႈေတြကိုေျပေလ်ာ့ေစျခင္း – ပင္ပန္းႏြမ္းလ်တာနဲ႔စိတ္ဖိစီးမႈမ်ားတာေၾကာင့္ အိပ္မေပ်ာ္တာနဲ႕စိတ္ဂနာမျငိမ္တာေတြျဖစ္ေစျပီး အဆိုပါအက်ိဳးဆက္ေတြေၾကာင့္ စိတ္ဆိုးလြယ္တာနဲ႔ အမ်ိဳးသမိးေတြမ်ာ လိင္စိတ္ကုန္ခမ္းတာမ်ိဳးေတြကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႔ ပြင့္ခ်ပ္ေတြရဲ႕ အဆီက အဆိုပါ လကၡဏာေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္။ Paraíba-Caixa တကၠသိုလ္ Physiology and Pathology/LTF ဌာနက လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈတစ္ရပ္မွာ ႏွင္းဆီပန္းရဲ႕အဆီက စိတ္ျငိမ္ေစနိုင္စြမ္းရွိတယ္။လို႔ေတြ႔ရွိခဲ့ပါတယ္။

လိပ္ေခါင္း လကၡဏာေတြကို သက္သာေအာင္အေထာက္အပံ့ေပးႏိုင္ျခင္း – ႏွင္းဆီပြင့္ခ်ပ္ေတြက လိပ္ေခါင္းကိုကုသႏိုင္တဲ့ သဘာဝ ေဆးတစ္မ်ိုးပါ။ ႏွင္းဆီပန္းမွာ အမွ်င္ဓာတ္နဲ႔ေရဓာတ္ၾကြယ္ဝစြာပါဝင္သလို ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးျခင္းအားျဖင့္ အစာေၾကညက္ေအာင္ေထာက္ပံ့ေပးပါတယ္။ ႏွင္းဆီရဲ႕ အဆိုပါအစြမ္းေတြက လိပ္ေခါင္းေၾကာင့္ေသြးက်တာကို သက္သာေစသလို နာက်င္မႈကိုလည္း ေလ်ာ့ပါးေစပါတယ္။

ဝက္ျခံေပ်ာက္ေစႏိုင္ျခင္း – ဝက္ျခံေတြအမ်ားၾကီးထြက္ေနရင္ ႏွင္းဆီပန္းကို သဘာဝဝက္ျခံေပ်ာက္ေဆးတစ္ရပ္အေနနဲ႔အသံုးျပဳႏိုင္ပါတယ္။ rosewater ကိုလည္း ဝက္ျခံေပ်ာက္ေအာင္အသံုးျပဳနိုင္ပါတယ္။ အစိုဓာတ္ကိုထိန္းေပးျပီး ႏွင္းဆီပြင့္ခ်ပ္မွာပါတဲ့ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့အစြမ္းက ဝက္ျခံေတြကို ညိႈးေျခာက္သြားေအာင္လုပ္ေဆာင္္ေပးပါတယ္။ ပိုးမႊားေတြကိုေသေစႏိုင္တဲ့ phenyl ethanol ပါရွိမႈေၾကာင့္ rosewater ကဝက္ျခံေတြကိုထိထိေရာက္ေရာက္ႏွိမ္ႏွင္းေပးနိုင္ပါတယ္။

ႏႈတ္ခမ္းကိုအေရာင္တက္ေစႏိုင္ျခင္း – ႏႈတ္ခမ္းကိုအေရာင္တက္ေစဖို႔အတြက္ ႏွင္းဆီပန္းကိုအသံုးျပဳေပးႏိုင္ပါတယ္။ ႏွင္းဆီပန္းက ႏႈတ္ခမ္းကိုပန္းေရာင္ေသြးသန္းေစရံုသာမက ႏူးညံ႔ေစပါတယ္။ အေရျပားကိုလည္း အစိုဓာတ္ထိန္းေပးျပီး ဝင္းလက္ေတာက္ပေစပါတယ္။ ႏွင္းဆီပန္းက ႏႈတ္းခမ္းေပၚကဆဲလ္ေသေတြကိုဖယ္ရွားေပးျပီး ႏႈတ္ခမ္းသားကိုျပည့္ေစနိုင္ပါတယ္။

ႏွလံုးေရာဂါနဲ႔ အိတ္ခ်္အိုင္ဗီြေရာဂါေတြအေပၚမွာ ထိေရာက္တဲ့အက်ိဳးသက္ေရာက္မႈရွိျခင္း – ႏွင္းဆီပန္းမွာပါတဲ့ cyanidin-3-O-β-glucoside လို႔ေခၚတဲ့ ျဒပ္ေပါင္းအသစ္တစ္မ်ိဳးက ႏွလံုးစြမ္းေဆာင္ရည္ေတြတိုးတက္ေအာင္ထိထိေရာက္ေရာက္လုပ္ေဆာင္ေပးႏိုင္စြမ္း ရွိပါတယ္။ ႏွင္းဆီပန္းမွာပါဝင္တဲ့ အျခားျဒပ္ေပါင္းျဖစ္တဲ့ Kaempferol ျဒပ္ေပါင္းက အိတ္အိုင္ဗီြေရာဂါကူးစက္ခံထားရတဲ့ ဆဲလ္ေတြကို တိုက္ဖ်က္နိုင္စြမ္းရွိတယ္၊လို႔ဆိုပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ကူးစက္ေရာဂါေတြကို ကုသႏိုင္ျခင္း – ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႔လုပ္ထားေရေႏြးၾကမ္းက အသည္းကေန သည္းေျခရည္ ထြက္ေအာင္လႈ႔ံေဆာ္ေပးႏိုင္ျပီး သည္းေျခအိတ္ကိုလည္း သန္႔စင္ေအာင္အေထာက္အကူျပဳေပးပါတယ္။ ေလျပြန္နဲ႔ပတ္သက္တဲ့ ကူးစက္ေရာဂါလကၡဏာေတြကိုေလ်ာ့က်ေစႏိုင္သလို လည္ေခ်ာင္းနာတာကိုလည္းသက္သာေစပါတယ္။

ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း – ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကို သက္သာေစသလို ေသြးကိုလည္းသန္႔ေစပါတယ္။ စိတ္ခံစားမႈကိုလည္းေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးပါတယ္။ ေရေက်ာက္နဲ႔ဝက္သက္ေရာဂါေတြကုသရာမွာလည္း ႏွင္းဆီေပါင္းခံရည္ကို အသံုးျပဳႏိုင္ပါတယ္။ အေသးစားဖ်ားနာမႈေတြအတြက္ ႏွင္းဆီေပါင္းခံရည္ကိုအသံုးျပဳနိုင္ပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း – ႏွင္းဆီပြင့္ခ်ပ္၊ အရြက္၊ ႏွင္းဆီပြင့္ခံရြက္ေတြနဲ႔လုပ္ထားတဲ့ေရေႏြးၾကမ္းက အဖ်ားကိုက်ေစႏိုင္ပါတယ္။ အဆိုပါေရေႏြးၾကမ္းက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္သလိုအေရျပားေပၚက နီျမန္းမႈေတြကိုလည္းေလ်ာ့က်ေစႏိုင္ပါတယ္။ ႏွင္းဆီပန္းေရေႏြးၾကမ္းမွာပါတဲ့ ဖေလဗာႏိြဳက္က ကိုယ္ခံအားစနစ္တိုးတက္ေကာင္းမြန္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ႏွာေစးတာနဲ႔ခၽြဲၾကပ္တာေတြကိုလည္း သက္သာေစနိုင္ပါတယ္။

သတိျပဳဖြယ္ရာမ်ား

-ႏွင္းဆီပန္းေရေႏြးၾကမ္းကို ကိုယ္ဝန္ေဆာင္နဲ႔ႏို႔တိုက္မိခင္ေတြမေသာက္သင့္ပါဘူး။
-ဆီးခ်ိဳ (သို႔) ေသြးအားနည္းေရာဂါရွိသူေတြအေနနဲ႔ ႏွင္းဆီေရေႏြးၾကမ္းမေသာက္သင့္ပါဘူး။
-ေဆးဝါးေတြမွီဝဲေနရတယ္ဆိုရင္လည္း ေဆးဝါးေတြနဲ႔ ဓာတ္ျပဳတာမ်ိဳးျဖစ္နိုင္တာေၾကာင့္ ဆရာဝန္နဲ႔ေဆြးေႏြးျပီးမွသာ ေသာက္သံုးသင့္ပါတယ္။

Credit : Aye Tin Mon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှင်းဆီ ပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ် တွေက ရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓာ၊ စိတ်နဲ့အရေပြားတို့အတွက် ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကို တော့သိပ်မသိကြသေးပါဘူး။
နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီး နောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။
နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း – နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့် နည်းတစ်ရပ်ပါ။

သဘာဝ ကာမအားတိုးဆေးတစ်ရပ် – နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာ တော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျမှုတွေကိုပြေလျော့စေခြင်း – ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမိးတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ Paraíba-Caixa တက္ကသိုလ် Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။လို့တွေ့ရှိခဲ့ပါတယ်။

လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်း လျော့ပါးစေပါတယ်။

ဝက်ခြံပျောက်စေနိုင်ခြင်း – ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့ phenyl ethanol ပါရှိမှုကြောင့် rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း – နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

နှလုံးရောဂါနဲ့ အိတ်ချ်အိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း – နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့ Kaempferol ဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။

နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။ လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလို သွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာများ

-နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။
-ဆီးချို (သို့) သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။
-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

Credit : Aye Tin Mon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top