iMyanmarHouse.com - Best Property Website for Myanmar
×

ပူလြန္းတဲ့ေႏြရာသီမွာအသားအေရမပ်က္စီးေအာင္ ဘယ္လိုထိန္းသိမ္းမလဲ

ရာသီဥတုေတြေၾကာင့္ အသားအေရ ပ်က္စီးမႈက အနည္းနဲ႔အမ်ားေတာ့ ရွိၾကပါတယ္။ ေအးလြန္းတဲ့ ေဆာင္းရာသီမွာဆိုရင္ေတာ့ အသားေျခာက္တာ၊ အသားပတ္တာနဲ႔ အသားအေရ အက္ကြဲတာေတြ ျဖစ္ႏိုင္ပါတယ္။ ေႏြရာသီမွာဆိုရင္ အေရျပားမွာ အနီဖုေတြ ထြက္တာ၊ အသားအေရေျခာက္ေသြ႔တာ၊ အေရးအေၾကာင္းျဖစ္လြယ္တာနဲ႔ တင္းတိပ္ထြက္တာေတြ ျဖစ္ႏုိင္ပါတယ္။ ဒီလိုျဖစ္ရတာက အေရျပားအေပၚကို ေနေရာင္ျခည္ထိေတြ႔တာေၾကာင့္ပါ။ ခုဆိုရင္ေႏြရာသီက ေတာ္ေတာ္ေလး ပူလာၿပီဆိုေတာ့ အသားအေရ မပ်က္စီးဖို႔အတြက္ ထိန္းသိမ္းဖို႔ လိုအပ္လာပါၿပီ။  ဘယ္လိုေတြ ထိန္းသိမ္းရမယ္ဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

(၁) ေရအဝေသာက္ပါ

ေႏြရာသီမွာ အသားအေရေျခာက္ေသြ႔တာေတြကို ကာကြယ္ႏုိင္ဖို႔အတြက္ သန္႔ရွင္းတဲ့ေရ မ်ားမ်ား ေသာက္ေပးဖို႔ ပိုၿပီးလိုအပ္ပါတယ္။ ေရက အစိုဓါတ္ေပးစြမ္းႏုိင္တာမို႔ အသားအေရ ၾကည္လင္ေနေစမွာပါ။ ေရဓါတ္မ်ားမ်ား ပါဝင္တဲ့ အသီးအႏွံစားတာမ်ိဳးလည္း ျပဳလုပ္ႏုိင္ပါတယ္။ ဥပမာ- ဖရဲသီး။

(၂) သန္႔စင္ပါ

ေႏြရာသီဟာ တျခားရာသီေတြထက္ ဖုန္၊ သဲ ပိုၿပီး ထူပါတယ္။ ၿပီးေတာ့ ေခၽြးထြက္လည္း မ်ားေစပါတယ္။ ကိုယ့္ရဲ႕ မ်က္ႏွာမွာ ဖုန္၊ သဲေတြ ကပ္ၿပီး ေခၽြးေပါက္ေတြက်ယ္ကာ အဆီေတြ ျပန္ေနတယ္ဆိုရင္ေတာ့ ေသေသခ်ာခ်ာေလး သန္႔ရွင္းေရး လုပ္ဖို႔ လိုအပ္ပါတယ္။ တစ္ေန႔လံုး ေနေရာင္ျခည္နဲ႔ ထိေတြ႔ ပင္ပန္းထားတဲ့ မ်က္ႏွာေလးကို သခြားသီးကပ္တာ၊ ရွားေစာင္းလက္ပပ္ဂ်ယ္လ္ေလး လိမ္းတာမ်ိဳး လုပ္ပါ။ ေနာက္ေတာ့မွ သံုးေနက် မ်က္ႏွာသစ္ေဆးသံုးၿပီး မ်က္ႏွာသစ္လိုက္ပါ။

(၃) ညလိမ္းခရင္မ္

ေႏြရာသီမွာ ညလိမ္းခရင္မ္ေတြ ပိုလိမ္းဖို႔လိုပါတယ္။ ေနေရာင္ျခည္နဲ႔ ထိေတြ႔တာေၾကာင့္ အသားအေရေျခာက္ေသြ႔ၿပီး အေရာင္လည္းေဖ်ာ့ေနမွာပါ။ ဒီလိုေတြ သက္သာဖို႔ ညဘက္မွာ အစိုဓါတ္မ်ားမ်ား ပါဝင္ၿပီး အသားအေရၾကည္လင္ေတာက္ပေစမယ့္ အစိုဓါတ္ထိန္းခရင္မ္ လိမ္းေပးပါ။

(၄) ေနေရာင္ကာခရင္မ္

UV ေၾကာင့္ အသားအေရ ထိခိုက္ပ်က္စီးတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အျပင္ထြက္တဲ့အခါမွာ ေနေရာင္ကာခရင္မ္ေလးေတြ လိမ္းေပးဖို႔ လိုတယ္ေနာ္။ ေနေရာင္ျခည္ မ်ားမ်ားထိမယ္ဆိုရင္ အေရးအေၾကာင္းနဲ႔ တင္းတိပ္ေတြ ထြက္လာႏိုင္ေစတာေၾကာင့္ပါ။

(၅) အကာအကြယ္ယူပါ

အျပင္ထြက္တဲ့အခါတိုင္းမွာ ကိုယ့္အသားအေရကို ဂရုစိုက္တဲ့အေနနဲ႔ ထီး၊ ဦးထုပ္၊ အက်ႌလက္ရွည္ေလးေတြ ဝတ္ၿပီးမွ သြားပါ။ ေနပူဒဏ္ကို တတ္ႏုိင္သေလာက္ ေရွာင္ပါ။

(၆) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္က ေရဓါတ္ျဖည့္ေပးႏုိင္တဲ့အျပင္ အသားအေရေျခာက္ေသြ႔ျခင္းေတြကိုပါ သက္သာေစႏိုင္ပါတယ္။ ရွားေစာင္းလက္ပပ္ကို ေရစင္ေအာင္ေဆးၿပီး အတြင္းသားဂ်ယ္လ္ေလးေတြကို ပါးပါးလွီးၿပီး မ်က္ႏွာမွာ ကပ္ထားေပးပါ။ အဖတ္ေလးေတြ ပူၿပီးေပ်ာ့လာတယ္ဆိုရင္ ခြာလိုက္လို႔ ရပါၿပီ။

(၇) အုန္းဆီ

ေနေရာင္ျခည္ျပင္းျပင္းထန္ထန္ ထိခိုက္တာေၾကာင့္ အသားအေရ နီရဲျခင္း၊ေျခာက္ေသြ႔ျခင္းေတြကို သက္သာေစႏိုင္ဖုိိ႔အတြက္ အုန္းဆီေလး လိမ္းပါ။ အုန္းဆီက လြယ္လင့္တကူ ဝယ္ယူလို႔ ရႏိုင္တာမို႔ အဆင္ေျပ လြယ္ကူေစမွာေနာ္

ေႏြရာသီ အပူဒဏ္ေၾကာင့္ အသားအေရ မထိခိုက္ရေအာင္ ထိန္းသိမ္းနည္းေလးေတြ ေျပာျပၿပီးၿပီဆုိေတာ့ မေမ့မေလ်ာ့ေလး လိုက္လုပ္မယ္ဆုိရင္ ေႏြရာသီမွာေတာင္ လွေနႏုိင္မွာပါေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ရာသီဥတုတွေကြောင့် အသားအရေ ပျက်စီးမှုက အနည်းနဲ့အများတော့ ရှိကြပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီမှာဆိုရင်တော့ အသားခြောက်တာ၊ အသားပတ်တာနဲ့ အသားအရေ အက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်ထိတွေ့တာကြောင့်ပါ။ ခုဆိုရင်နွေရာသီက တော်တော်လေး ပူလာပြီဆိုတော့ အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။  ဘယ်လိုတွေ ထိန်းသိမ်းရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ရေအဝသောက်ပါ

နွေရာသီမှာ အသားအရေခြောက်သွေ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေ များများ သောက်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ ရေက အစိုဓါတ်ပေးစွမ်းနိုင်တာမို့ အသားအရေ ကြည်လင်နေစေမှာပါ။ ရေဓါတ်များများ ပါဝင်တဲ့ အသီးအနှံစားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာ- ဖရဲသီး။

(၂) သန့်စင်ပါ

နွေရာသီဟာ တခြားရာသီတွေထက် ဖုန်၊ သဲ ပိုပြီး ထူပါတယ်။ ပြီးတော့ ချွေးထွက်လည်း များစေပါတယ်။ ကိုယ့်ရဲ့ မျက်နှာမှာ ဖုန်၊ သဲတွေ ကပ်ပြီး ချွေးပေါက်တွေကျယ်ကာ အဆီတွေ ပြန်နေတယ်ဆိုရင်တော့ သေသေချာချာလေး သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့လုံး နေရောင်ခြည်နဲ့ ထိတွေ့ ပင်ပန်းထားတဲ့ မျက်နှာလေးကို သခွားသီးကပ်တာ၊ ရှားစောင်းလက်ပပ်ဂျယ်လ်လေး လိမ်းတာမျိုး လုပ်ပါ။ နောက်တော့မှ သုံးနေကျ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသစ်လိုက်ပါ။

(၃) ညလိမ်းခရင်မ်

နွေရာသီမှာ ညလိမ်းခရင်မ်တွေ ပိုလိမ်းဖို့လိုပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာကြောင့် အသားအရေခြောက်သွေ့ပြီး အရောင်လည်းဖျော့နေမှာပါ။ ဒီလိုတွေ သက်သာဖို့ ညဘက်မှာ အစိုဓါတ်များများ ပါဝင်ပြီး အသားအရေကြည်လင်တောက်ပစေမယ့် အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးပါ။

(၄) နေရောင်ကာခရင်မ်

UV ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်လေးတွေ လိမ်းပေးဖို့ လိုတယ်နော်။ နေရောင်ခြည် များများထိမယ်ဆိုရင် အရေးအကြောင်းနဲ့ တင်းတိပ်တွေ ထွက်လာနိုင်စေတာကြောင့်ပါ။

(၅) အကာအကွယ်ယူပါ

အပြင်ထွက်တဲ့အခါတိုင်းမှာ ကိုယ့်အသားအရေကို ဂရုစိုက်တဲ့အနေနဲ့ ထီး၊ ဦးထုပ်၊ အကျႌလက်ရှည်လေးတွေ ဝတ်ပြီးမှ သွားပါ။ နေပူဒဏ်ကို တတ်နိုင်သလောက် ရှောင်ပါ။

(၆) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က ရေဓါတ်ဖြည့်ပေးနိုင်တဲ့အပြင် အသားအရေခြောက်သွေ့ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးပြီး အတွင်းသားဂျယ်လ်လေးတွေကို ပါးပါးလှီးပြီး မျက်နှာမှာ ကပ်ထားပေးပါ။ အဖတ်လေးတွေ ပူပြီးပျော့လာတယ်ဆိုရင် ခွာလိုက်လို့ ရပါပြီ။

(၇) အုန်းဆီ

နေရောင်ခြည်ပြင်းပြင်းထန်ထန် ထိခိုက်တာကြောင့် အသားအရေ နီရဲခြင်း၊ခြောက်သွေ့ခြင်းတွေကို သက်သာစေနိုင်ဖိို့အတွက် အုန်းဆီလေး လိမ်းပါ။ အုန်းဆီက လွယ်လင့်တကူ ဝယ်ယူလို့ ရနိုင်တာမို့ အဆင်ပြေ လွယ်ကူစေမှာနော်

နွေရာသီ အပူဒဏ်ကြောင့် အသားအရေ မထိခိုက်ရအောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြပြီးပြီဆိုတော့ မမေ့မလျော့လေး လိုက်လုပ်မယ်ဆိုရင် နွေရာသီမှာတောင် လှနေနိုင်မှာပါနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top