iMyanmarHouse.com - Best Property Website for Myanmar
×

ျဖဴစင္သန့္ွရွင္းတဲ့သြားေတြဟာ လူတစ္ဦးတစ္ေယာက္ကို ဆဲြေဆာင္မႈ၊ က်န္းမာမႈ၊ ႏုပ်ိဳလန္းဆန္းမႈေတြ ေပးစြမ္းႏိုင္ျပီး တခ်ိဳ႔လူေတြဟာဆိုရင္ သြားအေရာင္မေကာင္း၊ ညစ္ေထးေထးျဖစ္ေနတဲ့အတြက္ လူၾကားထဲျပံဳးဖို့အတြက္ေတာင္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေလ်ာ့တဲ့အထိျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို့ သြားေလးေတြျဖဴစင္သန္႔ရွင္းေအာင္ အိမ္မွာပဲလုပ္နိုင္တဲ့နည္းလမ္းေတြကို လက္တို့ခ်င္ပါတယ္။

၁။ မုန့္ဖုတ္ေဆာ္ဒါ

ဝါေနတဲ့သြားေတြကို ျဖဴေအာင္လုပ္ဖို့အတြက္ မုန့္ဖုတ္ေဆာ္ဒါက အသံုးဝင္လွပါတယ္။ ေဆာ္ဒါမႈန့္လက္ဖက္ရည္ဇြန္းနဲ့ ေလးပံုတစ္ပံုပမာဏကို ခပ္ပ်စ္ပ်စ္ေလးလုပ္ျပီး သြားတိုက္ေပးႏိုင္သလို၊ ေဆာ္ဒါမႈန့္ရယ္၊ သံပုရာရည္၊ ရွာလကာရည္ (သို့) ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္ကို ေရာျပီးေတာ့လည္း သြားတိုက္ေပးႏိုင္ပါတယ္။

၂။ လိေမၼာ္ခြံ

လတ္လတ္ဆတ္ဆတ္ လိေမၼာ္ခြံနဲ့ ညအိပ္ခါနီးသြားတိုက္ေပးႏိုင္ပါတယ္။ လိေမၼာ္ခြံမွာ ဗီတာမင္စီနဲ့ ထံုးဓာတ္ပါတာေၾကာင့္သြားေတြကို သန့္ရွင္းေနေစပါတယ္။

၃။ စေတာ္ဘယ္ရီ

စေတာ္ဘယ္ရီသီးအနည္းငယ္ကို အႏွစ္ရေအာင္လုပ္ျပီး လက္နဲ့ညင္သာစြာပြတ္ျပီးသြားတိုက္ေပးႏိုင္သလုိ မုန့္ဖုတ္ေဆာ္ဒါမႈန့္နဲ့ အႏွစ္လုပ္ျပီးေတာ့လည္း သြားတိုက္ႏိုင္ပါတယ္။

၄။ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္အရည္

ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္အရည္နဲ့ သြားတိုက္ျပီး ပလုတ္က်င္းေပးတာေတြလုပ္ႏိုင္ပါတယ္။

၅။ ေရွာက္သီး (သို့) သံပရိုသီး

ေရွာက္ရည္ (သို့) သံပရိုရည္ထဲကို ဆားအနည္းငယ္ထည့္ျပီးသြားတိုက္ေပးႏုိင္သလို အသီးခြံေတြနဲ့လည္း သြားတိုက္ေပးႏိုင္ပါတယ္။

၆။ ဆား

ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက သံုးစြဲလာခဲ့ၾကတဲ့ ဆားကေတာ့ အေျခခံသြားတိုက္ေဆးပဲျဖစ္ပါတယ္။ သြားတိုက္ေဆးထဲကို ဆားနည္းနည္းေရာျပီး တိုက္ႏိုင္ပါတယ္။

၇။ ပင္စိမ္းရြက္

သြားနဲ့ခံတြင္းေရာဂါေတြအတြက္ အေကာင္းဆံုးျဖစ္ပါတယ္။ ပင္စိမ္းရြက္ေတြကိုေနလွန္း၊ အရြက္ေျခာက္ကုိအမႈန္႔ျဖစ္ေအာင္ေထာင္းျပီး သြားတိုက္ေဆးနဲ့ေရာျပီး သြားတိုက္ႏိုင္ပါတယ္။

၈။ ပန္းသီး

ပန္းသီးကို ဒီအတိုင္းကိုက္စားတဲ့အခါ သြားတိုက္သလိုျဖစ္ျပီး သြားေတြျဖဴေစတယ္လို့ဆိုပါတယ္။ ဒါေၾကာင့္တစ္ေန့ကို ပန္းသီးတစ္လံုကေန ႏွစ္လံုးေလာက္ထိ စားေပးသင့္ပါတယ္။

၉။ မီးေသြး

သြားဝါေတြျဖဴေအာင္လုပ္ႏိုင္တဲ့ လူသိမ်ား၊ အသံုးမ်ားတဲ့ အရာပဲျဖစ္ပါတယ္။ မီးေသြးမႈန့္ကို သြားတိုက္ေဆးနဲ့ေရာျပီး တစ္ေန႔ႏွစ္ၾကိမ္ေလာက္တိုက္ေပးရင္ သြားျဖဴေစမွာပါ။

၁၀။ တမာ

တမာခက္ကို သြားပြတ္တံလုိအသံုးျပဳျပီး သြားတိုက္ေပးႏိုင္သလို တမာဆီနဲ့ သြားတိုက္ေဆးေရာျပီးေတာ့လည္း သြားတိုက္ႏိုင္ပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဖြူစင်သန့်ှရှင်းတဲ့သွားတွေဟာ လူတစ်ဦးတစ်ယောက်ကို ဆွဲဆောင်မှု၊ ကျန်းမာမှု၊ နုပျိုလန်းဆန်းမှုတွေ ပေးစွမ်းနိုင်ပြီး တချို့လူတွေဟာဆိုရင် သွားအရောင်မကောင်း၊ ညစ်ထေးထေးဖြစ်နေတဲ့အတွက် လူကြားထဲပြုံးဖို့အတွက်တောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့တဲ့အထိဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ သွားလေးတွေဖြူစင်သန့်ရှင်းအောင် အိမ်မှာပဲလုပ်နိုင်တဲ့နည်းလမ်းတွေကို လက်တို့ချင်ပါတယ်။

၁။ မုန့်ဖုတ်ဆော်ဒါ

ဝါနေတဲ့သွားတွေကို ဖြူအောင်လုပ်ဖို့အတွက် မုန့်ဖုတ်ဆော်ဒါက အသုံးဝင်လှပါတယ်။ ဆော်ဒါမှုန့်လက်ဖက်ရည်ဇွန်းနဲ့ လေးပုံတစ်ပုံပမာဏကို ခပ်ပျစ်ပျစ်လေးလုပ်ပြီး သွားတိုက်ပေးနိုင်သလို၊ ဆော်ဒါမှုန့်ရယ်၊ သံပုရာရည်၊ ရှာလကာရည် (သို့) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ရောပြီးတော့လည်း သွားတိုက်ပေးနိုင်ပါတယ်။

၂။ လိမ္မော်ခွံ

လတ်လတ်ဆတ်ဆတ် လိမ္မော်ခွံနဲ့ ညအိပ်ခါနီးသွားတိုက်ပေးနိုင်ပါတယ်။ လိမ္မော်ခွံမှာ ဗီတာမင်စီနဲ့ ထုံးဓာတ်ပါတာကြောင့်သွားတွေကို သန့်ရှင်းနေစေပါတယ်။

၃။ စတော်ဘယ်ရီ

စတော်ဘယ်ရီသီးအနည်းငယ်ကို အနှစ်ရအောင်လုပ်ပြီး လက်နဲ့ညင်သာစွာပွတ်ပြီးသွားတိုက်ပေးနိုင်သလို မုန့်ဖုတ်ဆော်ဒါမှုန့်နဲ့ အနှစ်လုပ်ပြီးတော့လည်း သွားတိုက်နိုင်ပါတယ်။

၄။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်နဲ့ သွားတိုက်ပြီး ပလုတ်ကျင်းပေးတာတွေလုပ်နိုင်ပါတယ်။

၅။ ရှောက်သီး (သို့) သံပရိုသီး

ရှောက်ရည် (သို့) သံပရိုရည်ထဲကို ဆားအနည်းငယ်ထည့်ပြီးသွားတိုက်ပေးနိုင်သလို အသီးခွံတွေနဲ့လည်း သွားတိုက်ပေးနိုင်ပါတယ်။

၆။ ဆား

ရှေးနှစ်ပေါင်းများစွာကတည်းက သုံးစွဲလာခဲ့ကြတဲ့ ဆားကတော့ အခြေခံသွားတိုက်ဆေးပဲဖြစ်ပါတယ်။ သွားတိုက်ဆေးထဲကို ဆားနည်းနည်းရောပြီး တိုက်နိုင်ပါတယ်။

၇။ ပင်စိမ်းရွက်

သွားနဲ့ခံတွင်းရောဂါတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ပင်စိမ်းရွက်တွေကိုနေလှန်း၊ အရွက်ခြောက်ကိုအမှုန့်ဖြစ်အောင်ထောင်းပြီး သွားတိုက်ဆေးနဲ့ရောပြီး သွားတိုက်နိုင်ပါတယ်။

၈။ ပန်းသီး

ပန်းသီးကို ဒီအတိုင်းကိုက်စားတဲ့အခါ သွားတိုက်သလိုဖြစ်ပြီး သွားတွေဖြူစေတယ်လို့ဆိုပါတယ်။ ဒါကြောင့်တစ်နေ့ကို ပန်းသီးတစ်လုံကနေ နှစ်လုံးလောက်ထိ စားပေးသင့်ပါတယ်။

၉။ မီးသွေး

သွားဝါတွေဖြူအောင်လုပ်နိုင်တဲ့ လူသိများ၊ အသုံးများတဲ့ အရာပဲဖြစ်ပါတယ်။ မီးသွေးမှုန့်ကို သွားတိုက်ဆေးနဲ့ရောပြီး တစ်နေ့နှစ်ကြိမ်လောက်တိုက်ပေးရင် သွားဖြူစေမှာပါ။

၁၀။ တမာ

တမာခက်ကို သွားပွတ်တံလိုအသုံးပြုပြီး သွားတိုက်ပေးနိုင်သလို တမာဆီနဲ့ သွားတိုက်ဆေးရောပြီးတော့လည်း သွားတိုက်နိုင်ပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top