iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လို အခက္အခဲ မ်ိဳးမဆို ေက်ာ္လႊားႏိုင္သူျဖစ္တယ္။ဘယ္သူမွေတာ့ ေျခာက္ျပစ္ကင္းသဲလဲစင္မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ခ်စ္မိၿပီဆိုရင္ အျပစ္ မျမင္ပါဘူး၊ ခ်စ္ခ်င္တာပဲသိတဲ့ေနာက္ ဆိုသလိုေပါ့။ သူ႔ အျပစ္ ေတြ၊ တစ္ခ်ိဳ႕ အက်င့္ေလးေတြကို နားလည္ေနႏိုင္ၿပီ၊ လက္ခံ ေပးထားၿပီ။ ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ ဒီအက်င့္ေလးေတြကို လက္ခံတာ လက္ခံလို႔ရတယ္၊ သူက ငါ့ၾကင္ယာဖက္ျဖစ္ေကာ ျဖစ္ႏိုင္ပါ့မလားလို႔ ေတြးမိတတ္ၾကပါတယ္။ သမီးရည္းစား၊ ခ်စ္သူ၊ လက္တဲြေဖာ္၊ အိမ္ေထာင္ဖက္ေကာင္း၊ ခင္ပြန္းေလာင္း ေတြမွာ ဒီလို အရည္အခ်င္း ေလးေတြ မလဲြမေသြရွိတတ္ၾကပါတယ္။

(၁) ဘာလာလာ ေအးေဆးပဲ
သူက ဘယ္လို အခက္အခဲ မ်ိဳးမဆို ေက်ာ္လႊားႏိုင္သူျဖစ္တယ္။ ျပႆနာ တစ္ခုခုၾကံဳတိုင္း၊ အေရးေပၚလိုအပ္တိုင္း ေျဖရွင္းဖို႔ အသင့္ရွိေနသူတစ္ဦးျဖစ္တယ္။ တကယ့္ ေယာက်္ား စစ္တစ္ေယာက္က စကားလံုးလွလွေလးေတြပဲ ေျပာၿပီး တကယ့္ဆံုးျဖတ္ခ်က္ခ်သင့္တဲ့အရာေတြမွာ တံု႔ေႏွးမေနတတ္ပါဘူး။ ဘယ္ေလာက္ပဲ အၾကပ္အတည္းၾကားကို ေရာက္ေနပါေစ၊ သူက သင့္အတြက္ဆို မားမားမတ္မတ္ရပ္တည္ေပးမယ့္ သူအျဖစ္ရွိေနသူတစ္ေယာက္ပါ။

(၂) ထမင္း၊ ဟင္း ခ်က္တတ္တယ္
၂၁ ရာစုေခတ္ အမ်ိဳးသမီး ေတြက ထမင္း၊ ဟင္းခ်က္တတ္တဲ့ ေယာက်္ား ေတြကို သေဘာက်ပါတယ္။ မီးဖိုေခ်ာင္ ထဲမွာ ရွိတဲ့ ပစၥည္းေတြနဲ႔ပဲ စားစရာတစ္ခုခုျဖစ္ေအာင္ ဖန္တီးခ်က္ျပဳတ္ျပင္ဆင္ၿပီး စားတတ္တဲ့ ေယာက်္ား ေတြက ဆဲြေဆာင္မႈအလြန္ရွိေနသလိုပါပဲ။ အရမ္းႀကီး ထူးျခားဆန္းျပားတဲ့ အစားအေသာက္ျဖစ္စရာမလိုပါဘူး။ ဗိုက္ျဖည့္ဖို႔ တစ္ခုခုကို ျပင္ဆင္ၿပီး ပန္းကန္ထဲ သပ္သပ္ရပ္ရပ္ ခူးခပ္စားတတ္ရင္ပဲ အေတာ္ကို ဟုတ္ေနပါၿပီ။

(၃) သင့္ဘက္မွာ ရွိတယ္
သင္ လုပ္တာက အလဲြႀကီးျဖစ္ေနရင္ေတာင္ သူမ်ားက ဒါအလဲြႀကီးဆိုၿပီး ေျပာတာကို ခံမယ့္သူမဟုတ္ပါဘူး။ ႏွစ္ေယာက္တည္းက်မွ သူက ဆူခ်င္ဆူပါလိမ့္မယ္၊ ဒါေပမယ့္ သင့္ဘက္ကေနပဲ ရပ္တည္ၿပီး ခိုင္ခန္႔စြာ ေထာက္ခံေပးဦးမယ့္သူပါ။

(၄) ဒီဘက္ နား ကဝင္ၿပီး ဟိုဘက္ နား က ထြက္မသြားဘူး
မ်ားေသာအားျဖင့္ ေယာက်္ား ေတြက အေၾကာင္းအရာတစ္ခုကိုပဲ အာရုံစိုက္ တတ္ေလ့ရွိၾကၿပီး မိန္းမ ေတြလို အခ်ိန္ျပည့္ အားလံုးကို အေသးစိတ္ အာရုံမစိုက္ၾကဘူး။ ဒါေပမယ့္ သူက သင္နဲ႔ ခုေလးတင္ေျပာထားတဲ့ စကား ေတြ၊ အေၾကာင္းအရာေတြကို သူဘာႀကီးပဲလုပ္ေနေန အခ်ိန္မေရြး ျပန္သတိရ ျပန္ေတြးႏိုင္တယ္။ ဥပမာ သင့္ အလုပ္ မွာ အဆင္မေျပတာကို ညက သူ႔ကို ေျပာျပၿပီး ရင္ဖြင့္ထားတယ္ေပါ့၊ သူက ေနာက္ႏွစ္ရက္ေလာက္ေနေတာ့ စကားလည္းအဆက္အစပ္မရွိဘဲ သင္ အလုပ္ မွာ အဆင္ေျပသြားၿပီလား အဲဒီကိစၥ ဘယ္လိုျဖစ္သြားလဲ စသျဖင့္ သတင္းေမးတတ္တာမ်ိဳးေလးေတြ လုပ္တတ္တယ္။

(၅) သူက လက္ရုံးရည္ တင္မက ႏွလံုးရည္ နဲ႔ ျပည့္စံုေသးတယ္
ေယာက်္ား အမ်ားစုုက အလုပ္ကိစၥ၊ လူမႈေရး၊ စီးပြားေရး ေတြမွာ အရည္အခ်င္း ရွိတယ္၊ ေတာ္တယ္၊ အကြက္ျမင္တယ္၊ ဒါေပမယ့္ သူတို႔အားလံုး မိသားစု အေရး၊ ဆက္ဆံေရးေတြမွာ ေတြးတတ္ေခၚတတ္ၿပီး သူ႔ဖက္ကိုယ့္ဖက္ ႏွစ္ဖက္ျမင္တတ္ၾကတယ္ ရယ္လို႔ေတာ့ မဟုတ္ဘူး။ သူက တျခားသူေတြအတြက္ ဒီလိုအပိုင္းေတြမွာ ေတြးေပး၊ စဥ္းစားေပးတာမ်ိဳး မရွိေပမယ့္ သင့္အတြက္ဆိုရင္ ဒီလိုအပိုင္းေတြမွာ သူကႀကိဳးစားပမ္းစား နားလည္ေပးရွာတယ္။

(၆) သင့္ကို ေပ်ာ္ေအာင္ ဘယ္လိုလုပ္ရမလဲ သိတယ္
သင္ မ်က္ႏွာ မေကာင္းတာ၊ စိတ္ရႈပ္ေနတာမ်ိဳး သူျမင္ရတာနဲ႔ သင့္ေရွ႕မွာ လာၿပီး မ်က္ႏွာေျပာင္ျပမယ္၊ ကိတ္မုန္႔ေလး တစ္တံုးဝယ္ၿပီး လာေကၽြးမယ္၊ အေအးလာတိုက္မယ္ စသျဖင့္ သင္ေပ်ာ္သြားေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ သူသိတယ္။

(၇) အိမ္အလုပ္ ေတြ ၾကံဳရင္ၾကံဳသလို ကူလုပ္ေပးေသးတယ္
အိမ္ရွင္းတာ၊ အဝတ္ေလွ်ာ္တာ၊ လွန္းတာ၊ ပန္းကန္ေဆး တာေတြက သူနဲ႔ သိပ္မဆိုင္သလိုသာ ေနခ်င္ေနလိမ့္မယ္။ သင္အလုပ္မ်ားတာ၊ သင္ပင္ပန္းေနတာ သူျမင္တယ္ဆိုရင္ သူ႔ဘာသာ ထလုပ္တတ္တယ္။ သင္သာ အကူအညီေတာင္းရင္ သူက လုပ္ေပးဖို႔ အသင့္ပါပဲ။ ေပ်ာ္ေတာင္ေပ်ာ္ေနေသးတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ လိုအပ္ခ်က္ ေတြကို ျဖည့္ဆည္းေပးၿပီး အတူတကြ တုိင္တိုင္ပင္ပင္နဲ႔ တစ္ေယာက္ကို တစ္ေယာက္ဦးစားေပးတယ္၊ နားလည္မႈရွိတယ္ဆိုရင္ေတာ့ အလွပဆံုး၊ အသာယာဆံုး အ္ိမ္ေထာင္ တစ္ခုကို တည္ေဆာက္ႏိုင္မွာ ေသခ်ာပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်လို အခက်အခဲ မျိုးမဆို ကျော်လွှားနိုင်သူဖြစ်တယ်။ဘယ်သူမှတော့ ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ချစ်မိပြီဆိုရင် အပြစ် မမြင်ပါဘူး၊ ချစ်ချင်တာပဲသိတဲ့နောက် ဆိုသလိုပေါ့။ သူ့ အပြစ် တွေ၊ တစ်ချို့ အကျင့်လေးတွေကို နားလည်နေနိုင်ပြီ၊ လက်ခံ ပေးထားပြီ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဒီအကျင့်လေးတွေကို လက်ခံတာ လက်ခံလို့ရတယ်၊ သူက ငါ့ကြင်ယာဖက်ဖြစ်ကော ဖြစ်နိုင်ပါ့မလားလို့ တွေးမိတတ်ကြပါတယ်။ သမီးရည်းစား၊ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ကောင်း၊ ခင်ပွန်းလောင်း တွေမှာ ဒီလို အရည်အချင်း လေးတွေ မလွဲမသွေရှိတတ်ကြပါတယ်။

(၁) ဘာလာလာ အေးဆေးပဲ
သူက ဘယ်လို အခက်အခဲ မျိုးမဆို ကျော်လွှားနိုင်သူဖြစ်တယ်။ ပြဿနာ တစ်ခုခုကြုံတိုင်း၊ အရေးပေါ်လိုအပ်တိုင်း ဖြေရှင်းဖို့ အသင့်ရှိနေသူတစ်ဦးဖြစ်တယ်။ တကယ့် ယောကျ်ား စစ်တစ်ယောက်က စကားလုံးလှလှလေးတွေပဲ ပြောပြီး တကယ့်ဆုံးဖြတ်ချက်ချသင့်တဲ့အရာတွေမှာ တုံ့နှေးမနေတတ်ပါဘူး။ ဘယ်လောက်ပဲ အကြပ်အတည်းကြားကို ရောက်နေပါစေ၊ သူက သင့်အတွက်ဆို မားမားမတ်မတ်ရပ်တည်ပေးမယ့် သူအဖြစ်ရှိနေသူတစ်ယောက်ပါ။

(၂) ထမင်း၊ ဟင်း ချက်တတ်တယ်
၂၁ ရာစုခေတ် အမျိုးသမီး တွေက ထမင်း၊ ဟင်းချက်တတ်တဲ့ ယောကျ်ား တွေကို သဘောကျပါတယ်။ မီးဖိုချောင် ထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ စားစရာတစ်ခုခုဖြစ်အောင် ဖန်တီးချက်ပြုတ်ပြင်ဆင်ပြီး စားတတ်တဲ့ ယောကျ်ား တွေက ဆွဲဆောင်မှုအလွန်ရှိနေသလိုပါပဲ။ အရမ်းကြီး ထူးခြားဆန်းပြားတဲ့ အစားအသောက်ဖြစ်စရာမလိုပါဘူး။ ဗိုက်ဖြည့်ဖို့ တစ်ခုခုကို ပြင်ဆင်ပြီး ပန်းကန်ထဲ သပ်သပ်ရပ်ရပ် ခူးခပ်စားတတ်ရင်ပဲ အတော်ကို ဟုတ်နေပါပြီ။

(၃) သင့်ဘက်မှာ ရှိတယ်
သင် လုပ်တာက အလွဲကြီးဖြစ်နေရင်တောင် သူများက ဒါအလွဲကြီးဆိုပြီး ပြောတာကို ခံမယ့်သူမဟုတ်ပါဘူး။ နှစ်ယောက်တည်းကျမှ သူက ဆူချင်ဆူပါလိမ့်မယ်၊ ဒါပေမယ့် သင့်ဘက်ကနေပဲ ရပ်တည်ပြီး ခိုင်ခန့်စွာ ထောက်ခံပေးဦးမယ့်သူပါ။

(၄) ဒီဘက် နား ကဝင်ပြီး ဟိုဘက် နား က ထွက်မသွားဘူး
များသောအားဖြင့် ယောကျ်ား တွေက အကြောင်းအရာတစ်ခုကိုပဲ အာရုံစိုက် တတ်လေ့ရှိကြပြီး မိန်းမ တွေလို အချိန်ပြည့် အားလုံးကို အသေးစိတ် အာရုံမစိုက်ကြဘူး။ ဒါပေမယ့် သူက သင်နဲ့ ခုလေးတင်ပြောထားတဲ့ စကား တွေ၊ အကြောင်းအရာတွေကို သူဘာကြီးပဲလုပ်နေနေ အချိန်မရွေး ပြန်သတိရ ပြန်တွေးနိုင်တယ်။ ဥပမာ သင့် အလုပ် မှာ အဆင်မပြေတာကို ညက သူ့ကို ပြောပြပြီး ရင်ဖွင့်ထားတယ်ပေါ့၊ သူက နောက်နှစ်ရက်လောက်နေတော့ စကားလည်းအဆက်အစပ်မရှိဘဲ သင် အလုပ် မှာ အဆင်ပြေသွားပြီလား အဲဒီကိစ္စ ဘယ်လိုဖြစ်သွားလဲ စသဖြင့် သတင်းမေးတတ်တာမျိုးလေးတွေ လုပ်တတ်တယ်။

(၅) သူက လက်ရုံးရည် တင်မက နှလုံးရည် နဲ့ ပြည့်စုံသေးတယ်
ယောကျ်ား အများစုုက အလုပ်ကိစ္စ၊ လူမှုရေး၊ စီးပွားရေး တွေမှာ အရည်အချင်း ရှိတယ်၊ တော်တယ်၊ အကွက်မြင်တယ်၊ ဒါပေမယ့် သူတို့အားလုံး မိသားစု အရေး၊ ဆက်ဆံရေးတွေမှာ တွေးတတ်ခေါ်တတ်ပြီး သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်မြင်တတ်ကြတယ် ရယ်လို့တော့ မဟုတ်ဘူး။ သူက တခြားသူတွေအတွက် ဒီလိုအပိုင်းတွေမှာ တွေးပေး၊ စဉ်းစားပေးတာမျိုး မရှိပေမယ့် သင့်အတွက်ဆိုရင် ဒီလိုအပိုင်းတွေမှာ သူကကြိုးစားပမ်းစား နားလည်ပေးရှာတယ်။

(၆) သင့်ကို ပျော်အောင် ဘယ်လိုလုပ်ရမလဲ သိတယ်
သင် မျက်နှာ မကောင်းတာ၊ စိတ်ရှုပ်နေတာမျိုး သူမြင်ရတာနဲ့ သင့်ရှေ့မှာ လာပြီး မျက်နှာပြောင်ပြမယ်၊ ကိတ်မုန့်လေး တစ်တုံးဝယ်ပြီး လာကျွေးမယ်၊ အအေးလာတိုက်မယ် စသဖြင့် သင်ပျော်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူသိတယ်။

(၇) အိမ်အလုပ် တွေ ကြုံရင်ကြုံသလို ကူလုပ်ပေးသေးတယ်
အိမ်ရှင်းတာ၊ အဝတ်လျှော်တာ၊ လှန်းတာ၊ ပန်းကန်ဆေး တာတွေက သူနဲ့ သိပ်မဆိုင်သလိုသာ နေချင်နေလိမ့်မယ်။ သင်အလုပ်များတာ၊ သင်ပင်ပန်းနေတာ သူမြင်တယ်ဆိုရင် သူ့ဘာသာ ထလုပ်တတ်တယ်။ သင်သာ အကူအညီတောင်းရင် သူက လုပ်ပေးဖို့ အသင့်ပါပဲ။ ပျော်တောင်ပျော်နေသေးတယ်။

တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးပြီး အတူတကွ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကို တစ်ယောက်ဦးစားပေးတယ်၊ နားလည်မှုရှိတယ်ဆိုရင်တော့ အလှပဆုံး၊ အသာယာဆုံး အိမ်ထောင် တစ်ခုကို တည်ဆောက်နိုင်မှာ သေချာပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top