iMyanmarHouse.com - Best Property Website for Myanmar
×

ေဗာက္ထျခင္းဟာ သင့္ရဲ႕စားေသာက္မႈပံုစံနဲ႔ သက္ဆုိင္ေနပါသလား။ ကၽြမ္းက်င္ပညာရွင္တခ်ိဳ႕ကေတာ့ သက္ဆုိင္ေနတယ္လို႔ဆိုၾကပါတယ္။ ေလ့လာမႈေတြက ထုိအခ်က္ကို သက္ေသမျပႏုိင္ၾကေသးေပမယ့္ အေရျပား အထူးကု အမ်ားစုကေတာ့ စားေသာက္မႈပံုစံ ေျပာင္းလဲျခင္းဟာ ေဗာက္ထ သက္သာေစႏုိင္တယ္လို႔ အၾကံေပးၾကပါတယ္။
သၾကားဓာတ္ ႏွင့္ ေဗာက္ထျခင္း

လူအမ်ားစုဟာ သၾကားနဲ႔အခ်ိဳဓါတ္ေတြ အလြန္အမင္း စားသံုးေနၾကပါတယ္။ သၾကားဓာတ္စားသံုးမႈ ေလွ်ာ့လိုက္ျခင္းဟာ ေရာင္ရမ္းမႈကို သက္သာေစျပီး ေဗာက္ဖက္မ်ား ျဖစ္ေပၚျခင္းကုိ နည္းပါးေစႏိုင္ပါတယ္။ သၾကား၊ ကာဗုိဟုိက္ဒရိတ္ေတြဟာ ခႏၶာကုိယ္မွာ ေရာင္ရမ္းမႈေတြကိုအားေပးႏုိင္တာေၾကာင့္ သၾကားဓါတ္နည္းေသာ၊ ဓါတ္တိုးဆန္႔က်င္ ၾကြယ္၀ေသာ စားစရာမ်ားစားသံုးေပးျခင္းဟာ ေဗာက္ထျခင္းကုိ ထိန္းသိမ္း ေလ်ာ့က်ေစနုိင္ပါလိမ့္မယ္။

အေၾကာင္းျပခ်က္ကေတာ့ မေသခ်ာေပမယ့္ အေရျပား အထူးကု တခ်ိဳ႕ကေတာ့ ဒါဟာ ေဟာ္မုန္းဆက္စပ္မႈ ျဖစ္ႏိုင္တယ္လုိ႔ ဆုိၾကတယ္။ သၾကားဓာတ္မ်ားေသာ၊ အဆီဓာတ္မ်ားေသာ အစားအစာေတြဟာ အင္ဆူလင္ ထြက္မႈမ်ားေစျပီး ထိုအင္ဆူလင္မွ ခႏၶာကုိယ္မွာ အဆီထုတ္မႈ မ်ားေစနုိင္တာ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ေဗာက္ထျခင္းကို ေလ်ာ့နည္းေစရန္ အဆီမ်ားေသာ စားစရာ၊ ဆီေၾကာ္ ထားေသာ စားစရာ၊ သၾကားဓာတ္ ကဆီဓာတ္ မ်ားေသာ စားစရာမ်ား၊ ဓာတုပစၥည္းမ်ားျဖင့္ ထိန္းသိမ္း ထုတ္ပိုးထားေသာ စားစရာမ်ားကို ေလွွ်ာ့ခ်စားေသာက္သင့္ပါတယ္။
တေဆးေဖာက္ျခင္း

အစားအစာနဲ႔ ေဗာက္ထမႈၾကားက ဆက္စပ္မႈဟာ malassezia ေခၚ မိႈတစ္မ်ိဳးေၾကာင့္လည္းျဖစ္တယ္။ ေဗာက္ထျခင္းဟာ မိႈေၾကာင့္ျဖစ္ေသာ ေရာဂါတစ္မ်ိဳး ျဖစ္တာေၾကာင့္ တေဆးေဖာက္ထားေသာ စားစရာေတြဟာ ေဗာက္ထျခင္း ပိုဆိုးေစႏိုင္ပါတယ္။ တေဆးေဖာက္ျခင္းဟာ အေစာကတည္းက ေဗာက္ထျခင္းအပါအ၀င္ အေျခအေန အမ်ိဳးမ်ိဳးမွာ ပါ၀င္ပတ္သက္ေနတတ္တဲ့ အျငင္းပြားစရာ တစ္ခု ျဖစ္လို႔ေနပါျပီ။

ဘီယာ၊ ေပါင္မုန္႔၊ ၀ိုင္ စသျဖင့္ အခ်ိဳ နဲ႔ တေစးေဖာက္ထားတဲ့ စားစရာမ်ားဟာ ေဗာက္ထျခင္းကို အားေပးႏိုင္တယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ ေဗာက္ထျခင္းကုိ ေလ်ာ့နည္းေစဖို႔၊ ကာကြယ္ဖုိ႔အတြက္ ထိုအစားအေသာက္မ်ားကို ေရွာင္ၾကဥ္ ေလွ်ာ့ခ်ဖို႔လိုပါတယ္။ ေပါင္မုန္႔၊ အရက္ေသစာတုိ႔ကို လံုး၀ ျဖတ္ပစ္တာမဟုတ္ဘဲ ေလွ်ာ့ခ်ရံုေလာက္ေလး နဲ႔ပင္ အကူအညီျဖစ္ပါတယ္လုိ႔ ဆုိၾကပါတယ္။
အသီးအရြက္၊ အသီးအႏွံ

အာဟာရဓာတ္၊ အမွ်င္ဓာတ္ၾကြယ္၀စြာပါတဲ့ အသီးအရြက္နဲ႔ အသီးအႏွံေတြ ပိုစားေပးျခင္းဟာ ေဗာက္ထျခင္းကို ေလွ်ာ့ခ်ႏုိင္မွာပါ။ သၾကားဓာတ္၊ အငန္ဓာတ္၊ အဆီဓာတ္ေတြသာ မ်ားေနတတ္တဲ့ ကၽြနု္ပ္တို႔ရဲ႕ စားေသာက္မႈပံုစံေတြဟာ ေဗာက္ထျခင္းကဲ့သို႔ အေရျပားဆိုင္ရာကိစၥေတြ အပါအ၀င္ တျခားျပႆနာမ်ားကို အားေပးေနတတ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကုိယ္အတြက္ လိုအပ္တဲ့အာဟာရဓာတ္မ်ား လံုေလာက္စြာရရွိရန္ အသီးအနွံအသီးအရြက္တို႔ကို အစိမ္းျဖစ္ေစ၊ ခ်က္ျပဳတ္ျပီးျဖစ္ေစ အမ်ားအျပားစားေပးသင့္ပါတယ္။
က်န္းမာေသာအဆီ

အိုမီဂါ-3 အိုမီဂါ-6 ကဲ့သို႔ ခႏၶာကုိယ္အတြက္လိုအပ္သည့္ အဆီဓာတ္ေတြကိုေတာ့ ေဗာက္ထျခင္းနဲ႔ပတ္သက္ျပီး ေလ့လာထားမႈေတြမရွိပါဘူး။ ဒါေပမယ့္ အေရျပား အထူးကုအမ်ားစုကေတာ့ ထိုအဆီဓာတ္ေတြဟာ က်န္းမာ သန္စြမ္းတဲ့ဆံပင္နဲ႔  အသားအေရအတြက္ အေရးပါတယ္ လို႔ဆုိၾကပါတယ္။

လတ္တေလာ ေလ့လာမႈေတြ ကလည္း ထိုအဆီဓာတ္ေတြဟာ အေရျပား လုပ္ငန္းေဆာင္တာေတြ အတြက္ အေရးပါတယ္လို႔ ဆိုလာပါတယ္။ ဒါ့အျပင္ ေရာင္ရမ္းမႈ ေလ်ာ့က်ေစတဲ့သတၲိ လည္းရွိပါတယ္။ ဆယ္လမြန္ငါး၊ တူနာငါး၊ ေျမပဲယုိ၊ ႏွမ္းၾကတ္ေစ့၊ သံလြင္ဆီ၊ ေထာပတ္သီး၊ သစ္ၾကားသီး ေတြဟာ ေဗာက္ထသူမ်ား စားသင့္ေသာစားစရာေတြျဖစ္ပါတယ္။

ဦးေရျပားကို အုန္းဆီလိမ္းေပးျခင္းဟာ ေဗာက္ထျခင္းအတြက္ အိမ္သံုးကုထံုးတစ္ခု ျဖစ္တာေၾကာင့္ အုန္းဆီကို စားေသာက္မႈမွာပါ ထည့္သြင္းသံုးစြဲျခင္းက ေဗာက္ထတာအတြက္ အက်ိဳးရွိမလားလို႔ တခ်ိဳ႕ကအၾကံျပဳၾကေပမယ့္ အုန္းဆီဟာ ျပည့္၀ဆီျဖစ္တာေၾကာင့္ မသံုးစြဲခင္ ဆရာ၀န္နဲ႔ ေသခ်ာတုိင္ပင္ဖို႔လိုပါလိမ့္မယ္။

ဘယ္အခ်ိနကတည္းကစျပီး သင့္  စားေသာက္မႈပံုစံ ေျပာင္းလုိက္မိသလဲ ဆုိတာကို သိေနဖု႔ိက အေရးၾကီးပါတယ္။ ဒါမွဆရာ၀န္နဲ႔ တုိင္ပင္ ေဆြးေႏြးတဲ့အခါမွာ အကူအညီျဖစ္ႏိုင္မွာပါ။ သင့္ အစားအေသာက္ပံုစံကို ဘယ္လိုေျပာင္းလဲရမလဲ ဆုိတာကို အၾကံေပးရ ပိုလြယ္ကူေစပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကု အများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထ သက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။
သကြားဓာတ် နှင့် ဗောက်ထခြင်း

လူအများစုဟာ သကြားနဲ့အချိုဓါတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓာတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကိုအားပေးနိုင်တာကြောင့် သကြားဓါတ်နည်းသော၊ ဓါတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။

အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြား အထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓာတ်များသော၊ အဆီဓာတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓာကိုယ်မှာ အဆီထုတ်မှု များစေနိုင်တာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေရန် အဆီများသော စားစရာ၊ ဆီကြော် ထားသော စားစရာ၊ သကြားဓာတ် ကဆီဓာတ် များသော စားစရာများ၊ ဓာတုပစ္စည်းများဖြင့် ထိန်းသိမ်း ထုတ်ပိုးထားသော စားစရာများကို လှျှော့ချစားသောက်သင့်ပါတယ်။
တဆေးဖောက်ခြင်း

အစားအစာနဲ့ ဗောက်ထမှုကြားက ဆက်စပ်မှုဟာ malassezia ခေါ် မှိုတစ်မျိုးကြောင့်လည်းဖြစ်တယ်။ ဗောက်ထခြင်းဟာ မှိုကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်တာကြောင့် တဆေးဖောက်ထားသော စားစရာတွေဟာ ဗောက်ထခြင်း ပိုဆိုးစေနိုင်ပါတယ်။ တဆေးဖောက်ခြင်းဟာ အစောကတည်းက ဗောက်ထခြင်းအပါအဝင် အခြေအနေ အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတတ်တဲ့ အငြင်းပွားစရာ တစ်ခု ဖြစ်လို့နေပါပြီ။

ဘီယာ၊ ပေါင်မုန့်၊ ဝိုင် စသဖြင့် အချို နဲ့ တစေးဖောက်ထားတဲ့ စားစရာများဟာ ဗောက်ထခြင်းကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေဖို့၊ ကာကွယ်ဖို့အတွက် ထိုအစားအသောက်များကို ရှောင်ကြဉ် လျှော့ချဖို့လိုပါတယ်။ ပေါင်မုန့်၊ အရက်သေစာတို့ကို လုံး၀ ဖြတ်ပစ်တာမဟုတ်ဘဲ လျှော့ချရုံလောက်လေး နဲ့ပင် အကူအညီဖြစ်ပါတယ်လို့ ဆိုကြပါတယ်။
အသီးအရွက်၊ အသီးအနှံ

အာဟာရဓာတ်၊ အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ ပိုစားပေးခြင်းဟာ ဗောက်ထခြင်းကို လျှော့ချနိုင်မှာပါ။ သကြားဓာတ်၊ အငန်ဓာတ်၊ အဆီဓာတ်တွေသာ များနေတတ်တဲ့ ကျွနု်ပ်တို့ရဲ့ စားသောက်မှုပုံစံတွေဟာ ဗောက်ထခြင်းကဲ့သို့ အရေပြားဆိုင်ရာကိစ္စတွေ အပါအဝင် တခြားပြဿနာများကို အားပေးနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များ လုံလောက်စွာရရှိရန် အသီးအနှံအသီးအရွက်တို့ကို အစိမ်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ အများအပြားစားပေးသင့်ပါတယ်။
ကျန်းမာသောအဆီ

အိုမီဂါ-3 အိုမီဂါ-6 ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အဆီဓာတ်တွေကိုတော့ ဗောက်ထခြင်းနဲ့ပတ်သက်ပြီး လေ့လာထားမှုတွေမရှိပါဘူး။ ဒါပေမယ့် အရေပြား အထူးကုအများစုကတော့ ထိုအဆီဓာတ်တွေဟာ ကျန်းမာ သန်စွမ်းတဲ့ဆံပင်နဲ့  အသားအရေအတွက် အရေးပါတယ် လို့ဆိုကြပါတယ်။

လတ်တလော လေ့လာမှုတွေ ကလည်း ထိုအဆီဓာတ်တွေဟာ အရေပြား လုပ်ငန်းဆောင်တာတွေ အတွက် အရေးပါတယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေတဲ့သတ္တိ လည်းရှိပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါး၊ မြေပဲယို၊ နှမ်းကြတ်စေ့၊ သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ကြားသီး တွေဟာ ဗောက်ထသူများ စားသင့်သောစားစရာတွေဖြစ်ပါတယ်။

ဦးရေပြားကို အုန်းဆီလိမ်းပေးခြင်းဟာ ဗောက်ထခြင်းအတွက် အိမ်သုံးကုထုံးတစ်ခု ဖြစ်တာကြောင့် အုန်းဆီကို စားသောက်မှုမှာပါ ထည့်သွင်းသုံးစွဲခြင်းက ဗောက်ထတာအတွက် အကျိုးရှိမလားလို့ တချို့ကအကြံပြုကြပေမယ့် အုန်းဆီဟာ ပြည့်ဝဆီဖြစ်တာကြောင့် မသုံးစွဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါလိမ့်မယ်။

ဘယ်အချိနကတည်းကစပြီး သင့်  စားသောက်မှုပုံစံ ပြောင်းလိုက်မိသလဲ ဆိုတာကို သိနေဖု့ိက အရေးကြီးပါတယ်။ ဒါမှဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးတဲ့အခါမှာ အကူအညီဖြစ်နိုင်မှာပါ။ သင့် အစားအသောက်ပုံစံကို ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို အကြံပေးရ ပိုလွယ်ကူစေပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top