iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ငရုတ္သီးခ်စ္သူလား။ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ငရုတ္သီးစိမ္းကိုစားနုိင္တဲ့သူ၊ လက္ဖက္သုပ္တင္မကဘဲ ဘာအသုပ္ေလးစားစား ငရုတ္သီးစိမ္းနဲ႔တြဲစားရမွ ဆိုတဲ့သူ၊ သေဘၤာသီးဆို ရခိုင္သုပ္ေလးမွ၊ ခ်ဥ္စပ္ကေလးမွ ဆိုတဲ့သူ ျဖစ္ရင္ ငရုတ္သီးခ်စ္သူပီသပါတယ္။

တခ်ိ႕ကေတာ့ ဟင္းထဲပါလာတဲ့ ငရုတ္သီးေလးေတြေတာင္ အေသအခ်ာေရြးဖယ္တတ္သူပါ။ အစပ္ေၾကာက္တတ္သူေတြက ငရုတ္သီးကို အစိမ္းေရာ၊ အမွည့္ေရာ ေရွာင္တတ္ေပမယ့္ ငရုတ္သီးရဲ႕အံ့ၾသေလာက္စရာ အက်ိဳးေက်းဇူးေတြကို သိလိုက္ရရင္ ကိုယ္ယူမစားေတာင္ ဟင္းထဲထည့္ခ်က္တာေလာက္ကို ခြင့္ျပဳၾကမယ္ထင္ပါတယ္။ ဒါ့ေၾကာင့္ပဲ ဟိုယခင္တည္းက ျမန္မာ့ဟင္းလ်ာေတြမွာ ဘာေလးခ်က္ခ်က္ ငရုတ္သီးစိမ္းေလးခတ္ျပီးခ်က္ျပဳတ္တတ္ၾကတာထင္ပါတယ္(ဥပမာ ခ်ဥ္ရည္ဟင္းလိုမ်ိဳး)။

ငရုတ္သီးစိမ္းက ဗီတာမင္ စီ ၾကြယ္ဝျပီး အႏွစ္လုပ္၊ ေထာင္းၾကိတ္ၾကတဲ့ ငရုတ္ေျခာက္ေတြမွာ ဗီတာမင္ ေအ ပိုမ်ားပါတယ္။ အစိမ္းေရာင္ သို႔မဟုတ္ အနီေရာင္စိုတဲ့ ငရုတ္သီးေတြမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္း ဘီတာကယ္ရိုတင္ ပါဝင္မႈမ်ားျပီး ဗီတာမင္ ဘီ  နဲ႔ အီး၊ သံဓာတ္နဲ႔ ပုိတက္စီယမ္ဓာတ္ေတြလည္းပါဝင္ပါတယ္။ ငရုတ္သီးစိမ္းကေန ဘာအက်ိဳးေက်းဇူးေတြရနိုင္မလဲ ဆက္ၾကည့္ရေအာင္။

(၁) အေအးမိျခင္းကို ကုသနုိင္

အေအးမိသလို ဖ်ားခ်င္သလိုလိုျဖစ္လာရင္ ရွဴးရွဴးရွဲရွဲ ပူစပ္စပ္ေလးတစ္ခုခုစားလိုက္မွ ေခြ်းထြက္သြားတယ္၊ ပြင့္သြားတယ္နဲ႔ ေျပာၾကတာ သတိထားမိလား။ ဒီနည္းလမ္းက တကယ္လည္း အလုပ္ျဖစ္ပါတယ္။ ငရုတ္သီးစိမ္းနည္းနည္းစားလိုက္တာနဲ႔ (ဥပမာ – ခ်ဥ္စပ္ဟင္းရည္၊ အာပူလွ်ာပူ) အဆုတ္ရဲ႕လုပ္ေဆာင္ခ်က္ကို ႏိႈးဆြေပးျပီး ခႏၶာကိုယ္ကို အားျဖစ္ေစပါတယ္။ ခြ်ဲသလိပ္ေတြ ေခ်ာင္ေစျပီး ေခ်ာင္းဆိုးသက္သာေစပါတယ္။ ဗီတာမင္ စီ က ကိုယ္ခံအားစနစ္ကို ေထာက္ပံ့ေပးတဲ့အတြက္ အေအးမိျခင္းအပါအဝင္ နာမက်န္းျဖစ္တာအေတာ္မ်ားမ်ားကို သက္သာေလ်ာ့ပါးေစနိုင္စြမ္းရွိပါတယ္။

(၂) ေရာင္ရမ္းမႈေတြသက္သာေစနိုင္

နာတာရွည္ေရာင္ရမ္းမႈေဝဒနာက သင့္က်န္းမာေရးကို အားနည္းယိုယြင္းေစျပီး တျခားေရာဂါေတြဝင္လာေစနုိင္ပါတယ္။ ငရုတ္သီးစိမ္းမွာပါတဲ့ ဗီတာမင္ စီ က အေရာင္က်ေစတဲ့အစြမ္းသတၱိရွိတဲ့အတြက္ ေဂါက္ေရာဂါ၊ အနာေတြနဲ႔ႏွလံုးဆိုင္ရာ ေရာဂါျပႆနာေတြကို ျဖစ္နိုင္ေျခေလ်ာ့နည္းေစနိုင္တယ္လို႔ သုေတသနေတြက ေဖာ္ျပၾကပါတယ္။

(၃) အနာက်က္ျမန္ေစနုိင္

ဗီတာမင္ စီ ေၾကာင့္ပဲ အနာေတြ၊ ဒဏ္ရာေတြကို အက်က္ျမန္ေစပါတယ္။ အေရျပားဖြဲ႕စည္းပံုမွ အဓိကက်တဲ့ ကိုလာဂ်င္အသားဓာတ္ ျဖစ္ေပၚမႈ၊လုပ္ေဆာင္ခ်က္ကို ေထာက္ပံ့အားေပးျပီး အေရျပားအသစ္ျဖစ္ေပၚမႈကို ကူညီတဲ့ ဗီတာမင္ စီ က အနာက်က္ျမန္ေစနိုင္ပါတယ္။

(၄) ခႏၶာကိုယ္အပူခ်ိန္ထိန္းညွိေပးနိုင္

အရသာပူတယ္စပ္တယ္ဆိုေပမယ့္လည္း အံ့ၾသစရာေကာင္းတာက ငရုတ္သီးစိမ္းမွာအလံုအေလာက္ပါဝင္တဲ့ capsaicin(ကပ္ေဆးရ္စင္) က ဦးေႏွာက္ရဲ႕ hypothalamus(ဦးေနွာက္ေရွ့ျခမ္းအပိုင္း)က အပူေလွ်ာ့ခ်ျခင္းစင္တာကို  ႏိႈးဆြေပးတာေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ကိုက်ဆင္းေစပါတယ္။ ဒါ့ေၾကာင့္ပဲ အိႏိၵယလိုမ်ိဳး ပူျပင္းတဲ့ေဒသေတြမွာေတာင္ ငရုတ္သီးစိမ္းကိုစားေနၾကတာပါ။

(၅) အစာအိမ္နဲ႔အူလမ္းေၾကာင္းအတြက္ ေကာင္းက်ိဳးျပဳ

ငရုတ္သီးစိမ္းမွာ အစာေျခဖ်က္မႈကိုအားေပးေထာက္ပံ့ျပီး၊ အူကိုရွင္းေစတဲ့အတြက္ ဝမ္းလည္းမွန္ေစပါတယ္။ ငရုတ္သီးစိမ္းက တံေတြးလည္း ပိုထြက္ေစတာေၾကာင့္ အစာေကာင္းစြာေၾကညက္နိုင္ဖို႔ အကူအညီျဖစ္ေစပါတယ္။ ငရုတ္သီးစိမ္းကို အလြန္အကြ်ံမဟုတ္ဘဲ ထိုက္သင့္သေလာက္စားေပးရင္ capsaicin(ကပ္ေဆးရ္စင္) က အစာအိမ္အနာေတြကို သက္သာေစျပီး အစာအိမ္ကင္ဆာျဖစ္နုိင္ေျခကို ေလ်ာ့နည္းေစပါတယ္။

(၆) မ်က္စိအားေကာင္းေစနိုင္

ဗီတာမင္ စီ က ငရုတ္သီးစိမ္းမွာပါတဲ့ အေကာင္းဆံုးဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။  မ်က္စိနဲ႔အျမင္အာရံုက်န္းမာေရးကို ေကာင္းမြန္ေစရံုသာမက အတြင္းတိမ္ျဖစ္လာနိုင္တဲ့အႏၱရာယ္ကိုေတာင္ ေလ်ာ့ပါးေစပါတယ္။ ဗီတာမင္ ေအ ၾကြယ္ဝမႈေၾကာင့္လည္း မ်က္စိက်န္းမာေရးအတြက္ပိုေကာင္းေစတာျဖစ္ပါတယ္။

(၇) ႏွလံုးက်န္းမာေစနိုင္

Capsaicin(ကပ္ေဆးရ္စင္) ေၾကာင့္ပဲ ႏွလံုးက်န္းမာေရးကို နည္းလမ္းႏွစ္မ်ိဳးနဲ႔ အက်ိဳးျပဳနိုင္ပါတယ္။ တစ္နည္းက ေသြးထဲက ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်ေပးျပီး ႏွလံုးေသြးေၾကာတြင္း ကိုလက္စထေရာစုပံုျခင္းကို ရွင္းလင္းေပးပါတယ္။ ဒါ့အျပင္ ႏွလံုးေသြးေၾကာေတြကို က်ံု႔ေစျပီး တျခားကိုယ္တြင္းအဂၤါေတြဆီ ေသြးလည္ပတ္မႈကိုဟန္႔တားေနတဲ့ မ်ိဳးဗီဇတစ္ခုခုရဲ႕လုပ္ေဆာင္ခ်က္ကို တားဆီးေပးျခင္းျဖင့္ ေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။ ေသြးေၾကာေတြကိုခ်ဲ႕ေပးတဲ့ Capsaicin(ကပ္ေဆးရ္စင္)  က ေသြးလည္ပတ္မႈကိုေကာင္းေစျပီး ႏွလံုးက်န္းမာေစတာျဖစ္ပါတယ္။

(၈) ကင္ဆာ ကာကြယ္နိုင္

ငရုတ္သီးစိမ္းရဲ႕ capsaicin(ကပ္ေဆးရ္စင္) က ကင္ဆာေရာဂါမျဖစ္ေစဖို႔ သို႔မဟုတ္ ကင္ဆာဆိုးရြားမႈအဆင့္ကို ေႏွးေကြးေစဖို႔(အထူးသျဖင့္ ဆီးက်ိတ္) ကာကြယ္ေပးပါတယ္။ ဗီတာမင္ စီ ရဲ႕ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြက ကင္ဆာကာကြယ္တဲ့လုပ္ေဆာင္ခ်က္မွာ ပါဝင္ေထာက္ကူေပးပါတယ္။

(၉) အသားအေရနဲ႔ ဆံသားကို က်န္းမာေစနိုင္

ထမင္းစားတဲ့အခါ အသုပ္ေလးထဲမွာျဖစ္ျဖစ္ ငရုတ္သီးစိမ္းေလးထည့္စားရင္ အသားအေရလည္းနုပ်ိဳေစျပီး အေရျပားက်န္းမာေရးအတြက္ပါေကာင္းပါတယ္။ အေရးအေၾကာင္းေတြကိုလည္း မျဖစ္ေစပါဘူးတဲ့။ ဗီတာမင္ စီ ေၾကာင့္ ဆဲလ္ေတြကို ေအာက္ဆီဂ်င္ဓာတ္တိုးပ်က္စီးေစျခင္းမျဖစ္ေအာင္ ကာကြယ္ေပးျပီး အရြယ္မတိုင္မီရင့္ေရာ္မႈလကၡဏာေတြကို ေလ်ာ့ပါးေစပါတယ္။

(၁၀) အိမ္ေထာင္ေရးသုချပည့္ဝေစနိုင္

ငရုတ္သီးပူစပ္စပ္ေလးက ခႏၶာကိုယ္ထဲမွာ အပူဓာတ္ေပးရံုတင္မကဘဲ အိပ္ရာထဲအထိပါ ေကာင္းက်ိဳးေပးပါတယ္တဲ့။ ငရုတ္သီးစိမ္းမွာပါတဲ့ capsaicin(ကပ္ေဆးရ္စင္) ေၾကာင့္ ႏွလံုးခုန္ႏႈန္းကိုျမန္လာေစျပီး အာရံုေၾကာေတြကို ႏိႈးဆြကာ ေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။

ေဘးထြက္ဆိုးက်ိဳးကေတာ့

ငရုတ္သီးစိမ္းက က်န္းမာေရးအတြက္ေကာင္းတယ္ဆိုေပမယ့္ သိပ္လည္းအမ်ားၾကီးမစားပါနဲ႔။ ဆိုလိုတာက တစ္ေန႔ကို ငါးေတာင့္ထက္ ပိုမစားသင့္ပါဘူး။ ျပီးေတာ့ ဒါကိုလည္း တစ္ၾကိမ္တည္းစားမခ်သင့္ဘူးေနာ္။ တစ္ခါစားမွ တစ္ေတာင့္ႏွစ္ေတာင့္ေလာက္ပဲ စားပါ။ အစာအိမ္ကို ထိခိုက္နုိင္ပါတယ္။ ဗိုက္ေအာင့္တတ္သူဆိုရင္ ကိုယ့္အစာအိမ္ကလက္ခံနိုင္သေလာက္ထက္ပိုျပီး စားမိတဲ့အခါ တန္ေဆးလြန္ေဘးျဖစ္တတ္ပါတယ္။ အစပ္ဒဏ္ကို မခံနိုင္ရင္ ႏို႔ေအးတစ္ခြက္ေသာက္လိုက္ရင္ သက္သာသြားပါလိမ့္မယ္။

ငရုတ္သီးစိမ္းေတြက အမ်ိဳးအစားမတူၾကသလို အစပ္အရသာလည္း အဆင့္အလိုက္ ရွိတဲ့အတြက္ အစပ္သိပ္ျပင္းတာမ်ိဳး အျမဲမစားသင့္ပါဘူး။ သဘာဝအက်ိဳးေက်းဇူးေတြရွိလို႔၊ ႏွစ္သက္လို႔ စားသံုးခ်င္ရင္ ဟင္းပြဲေတြထဲ အနည္းငယ္စီ ထည့္စားရင္းနဲ႔ ရနိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူ ဖြစ်ရင် ငရုတ်သီးချစ်သူပီသပါတယ်။

တချိ့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရော ရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းက မြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။

ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီ  နဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။

(၁) အအေးမိခြင်းကို ကုသနိုင်

အအေးမိသလို ဖျားချင်သလိုလိုဖြစ်လာရင် ရှူးရှူးရှဲရှဲ ပူစပ်စပ်လေးတစ်ခုခုစားလိုက်မှ ချွေးထွက်သွားတယ်၊ ပွင့်သွားတယ်နဲ့ ပြောကြတာ သတိထားမိလား။ ဒီနည်းလမ်းက တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ငရုတ်သီးစိမ်းနည်းနည်းစားလိုက်တာနဲ့ (ဥပမာ – ချဉ်စပ်ဟင်းရည်၊ အာပူလျှာပူ) အဆုတ်ရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ ချွဲသလိပ်တွေ ချောင်စေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ဗီတာမင် စီ က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် အအေးမိခြင်းအပါအဝင် နာမကျန်းဖြစ်တာအတော်များများကို သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။

(၂) ရောင်ရမ်းမှုတွေသက်သာစေနိုင်

နာတာရှည်ရောင်ရမ်းမှုဝေဒနာက သင့်ကျန်းမာရေးကို အားနည်းယိုယွင်းစေပြီး တခြားရောဂါတွေဝင်လာစေနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာပါတဲ့ ဗီတာမင် စီ က အရောင်ကျစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက် ဂေါက်ရောဂါ၊ အနာတွေနဲ့နှလုံးဆိုင်ရာ ရောဂါပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။

(၃) အနာကျက်မြန်စေနိုင်

ဗီတာမင် စီ ကြောင့်ပဲ အနာတွေ၊ ဒဏ်ရာတွေကို အကျက်မြန်စေပါတယ်။ အရေပြားဖွဲ့စည်းပုံမှ အဓိကကျတဲ့ ကိုလာဂျင်အသားဓာတ် ဖြစ်ပေါ်မှု၊လုပ်ဆောင်ချက်ကို ထောက်ပံ့အားပေးပြီး အရေပြားအသစ်ဖြစ်ပေါ်မှုကို ကူညီတဲ့ ဗီတာမင် စီ က အနာကျက်မြန်စေနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးနိုင်

အရသာပူတယ်စပ်တယ်ဆိုပေမယ့်လည်း အံ့သြစရာကောင်းတာက ငရုတ်သီးစိမ်းမှာအလုံအလောက်ပါဝင်တဲ့ capsaicin(ကပ်ဆေးရ်စင်) က ဦးနှောက်ရဲ့ hypothalamus(ဦးနှောက်ရှေ့ခြမ်းအပိုင်း)က အပူလျှော့ချခြင်းစင်တာကို  နှိုးဆွပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကိုကျဆင်းစေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယလိုမျိုး ပူပြင်းတဲ့ဒေသတွေမှာတောင် ငရုတ်သီးစိမ်းကိုစားနေကြတာပါ။

(၅) အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကောင်းကျိုးပြု

ငရုတ်သီးစိမ်းမှာ အစာခြေဖျက်မှုကိုအားပေးထောက်ပံ့ပြီး၊ အူကိုရှင်းစေတဲ့အတွက် ဝမ်းလည်းမှန်စေပါတယ်။ ငရုတ်သီးစိမ်းက တံတွေးလည်း ပိုထွက်စေတာကြောင့် အစာကောင်းစွာကြေညက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ငရုတ်သီးစိမ်းကို အလွန်အကျွံမဟုတ်ဘဲ ထိုက်သင့်သလောက်စားပေးရင် capsaicin(ကပ်ဆေးရ်စင်) က အစာအိမ်အနာတွေကို သက်သာစေပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

(၆) မျက်စိအားကောင်းစေနိုင်

ဗီတာမင် စီ က ငရုတ်သီးစိမ်းမှာပါတဲ့ အကောင်းဆုံးဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။  မျက်စိနဲ့အမြင်အာရုံကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အတွင်းတိမ်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုတောင် လျော့ပါးစေပါတယ်။ ဗီတာမင် အေ ကြွယ်ဝမှုကြောင့်လည်း မျက်စိကျန်းမာရေးအတွက်ပိုကောင်းစေတာဖြစ်ပါတယ်။

(၇) နှလုံးကျန်းမာစေနိုင်

Capsaicin(ကပ်ဆေးရ်စင်) ကြောင့်ပဲ နှလုံးကျန်းမာရေးကို နည်းလမ်းနှစ်မျိုးနဲ့ အကျိုးပြုနိုင်ပါတယ်။ တစ်နည်းက သွေးထဲက ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး နှလုံးသွေးကြောတွင်း ကိုလက်စထရောစုပုံခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောတွေကို ကျုံ့စေပြီး တခြားကိုယ်တွင်းအင်္ဂါတွေဆီ သွေးလည်ပတ်မှုကိုဟန့်တားနေတဲ့ မျိုးဗီဇတစ်ခုခုရဲ့လုပ်ဆောင်ချက်ကို တားဆီးပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ သွေးကြောတွေကိုချဲ့ပေးတဲ့ Capsaicin(ကပ်ဆေးရ်စင်)  က သွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကျန်းမာစေတာဖြစ်ပါတယ်။

(၈) ကင်ဆာ ကာကွယ်နိုင်

ငရုတ်သီးစိမ်းရဲ့ capsaicin(ကပ်ဆေးရ်စင်) က ကင်ဆာရောဂါမဖြစ်စေဖို့ သို့မဟုတ် ကင်ဆာဆိုးရွားမှုအဆင့်ကို နှေးကွေးစေဖို့(အထူးသဖြင့် ဆီးကျိတ်) ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကင်ဆာကာကွယ်တဲ့လုပ်ဆောင်ချက်မှာ ပါဝင်ထောက်ကူပေးပါတယ်။

(၉) အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်

ထမင်းစားတဲ့အခါ အသုပ်လေးထဲမှာဖြစ်ဖြစ် ငရုတ်သီးစိမ်းလေးထည့်စားရင် အသားအရေလည်းနုပျိုစေပြီး အရေပြားကျန်းမာရေးအတွက်ပါကောင်းပါတယ်။ အရေးအကြောင်းတွေကိုလည်း မဖြစ်စေပါဘူးတဲ့။ ဗီတာမင် စီ ကြောင့် ဆဲလ်တွေကို အောက်ဆီဂျင်ဓာတ်တိုးပျက်စီးစေခြင်းမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်မီရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးစေပါတယ်။

(၁၀) အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်

ငရုတ်သီးပူစပ်စပ်လေးက ခန္ဓာကိုယ်ထဲမှာ အပူဓာတ်ပေးရုံတင်မကဘဲ အိပ်ရာထဲအထိပါ ကောင်းကျိုးပေးပါတယ်တဲ့။ ငရုတ်သီးစိမ်းမှာပါတဲ့ capsaicin(ကပ်ဆေးရ်စင်) ကြောင့် နှလုံးခုန်နှုန်းကိုမြန်လာစေပြီး အာရုံကြောတွေကို နှိုးဆွကာ သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။

ဘေးထွက်ဆိုးကျိုးကတော့

ငရုတ်သီးစိမ်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် သိပ်လည်းအများကြီးမစားပါနဲ့။ ဆိုလိုတာက တစ်နေ့ကို ငါးတောင့်ထက် ပိုမစားသင့်ပါဘူး။ ပြီးတော့ ဒါကိုလည်း တစ်ကြိမ်တည်းစားမချသင့်ဘူးနော်။ တစ်ခါစားမှ တစ်တောင့်နှစ်တောင့်လောက်ပဲ စားပါ။ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။ ဗိုက်အောင့်တတ်သူဆိုရင် ကိုယ့်အစာအိမ်ကလက်ခံနိုင်သလောက်ထက်ပိုပြီး စားမိတဲ့အခါ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ အစပ်ဒဏ်ကို မခံနိုင်ရင် နို့အေးတစ်ခွက်သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။

ငရုတ်သီးစိမ်းတွေက အမျိုးအစားမတူကြသလို အစပ်အရသာလည်း အဆင့်အလိုက် ရှိတဲ့အတွက် အစပ်သိပ်ပြင်းတာမျိုး အမြဲမစားသင့်ပါဘူး။ သဘာဝအကျိုးကျေးဇူးတွေရှိလို့၊ နှစ်သက်လို့ စားသုံးချင်ရင် ဟင်းပွဲတွေထဲ အနည်းငယ်စီ ထည့်စားရင်းနဲ့ ရနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top