iMyanmarHouse.com - Best Property Website for Myanmar
×






ကောက်ယူသွားသူ ကို

ပြောဆိုသွားခဲ့သည်။


အကယ်ဒမီဆုပေးပွဲ တက်ရောက်သည့်
ရုပ်ရှင်မင်းသမီးအေးမြတ်သူ ဝတ်ဆင်သည့်
သိန်း၇၀တန် ပတ္တမြားလက်စွပ်ပျောက်ဆုံး
ခဲ့ခြင်းကြောင့် ပုဇွန်တောင်ရဲစခန်းတွင်

မင်းသမီးကိုယ်တိုင် လာရောက်၍
အမှုဖွင့်သွားခဲ့ကြောင်း စခန်းမှူးဖြစ်သူ
ဦးဇော်ရှိန်းမှ သတင်းထောက်ရဲ့
မေးမြန်းချက်ကို ဝန်ခံပြောဆိုသွားခဲ့ပါသည်။

မင်းသမီးအေးမြတ်သူ သည်
ည၉နာရီခွဲက ပုဇွန်တောင်ရဲစခန်းကို
လက်စွပ်ပျောက်ဆုံးကြောင်း
လာရောက်တိုင်တန်းခဲ့ပြီး

အဆိုပါလက်စွပ်မှာ ရွှေနန်းတော်ရွှေဆိုင်မှ
ငှါးရမ်းဝတ်ဆင်ခဲ့ပြီး အကယ်ဒမီအခန်းအနားကို
တက်ရောက်စဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး

ရဲတပ်ဖွဲ့မှ အခန်းအနား၏cctv မှတ်တမ်းကို
လက်ရှိအချိန်တွင် သွားရောက်စစ်ဆေးနေပြီး
အကျီတိုက်ပုံအမဲ ပုဆိုးအနီကွက် ကို
ဝတ်ဆင်ထားသူ အမျိုးသားတဦးက
ကောက်ယူသွားခဲ့ကြောင်းသိရပါသည်။

ကောက်ယူသွားသူ ကို
ပြန်လည်ပေးအပ်ရန် သတင်းစာထဲတွင်
ကြေငြာထည့်သွင်းမည်ဖြစ်ပြီး
တပတ်အတွင်း ပြန်လည်ပေးအပ်ခြင်း

မရှိပါက ဆက်လက်အရေးယူသွားမည်
ဖြစ်ကြောင်း ဦးဇော်ရှိန်း မှ
ပြောဆိုသွားခဲ့သည်။

Credit : 7Day Media Group

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top