iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုမူမမွန္မႈေတြပဲျဖစ္ျဖစ္ သာမန္အမ်ိဳးသမီးေတြလို ကိုယ္ဝန္ရႏိုင္ႏႈန္းကို ျမွင့္တင္ဖို႔အတြက္ လူနာေတြဟာ ကုသမႈကိုခံယူရမွာျဖစ္ပါတယ္။

အမ်ိဳးသမီးေတြဟာ ကိုယ္၀န္ယူမယ္ဆိုရင္ ရာသီေသြးစက္၀န္းကို သတိထားျပီး ေစာင့္ၾကည့္ၾကပါတယ္။ ဒီလိုေစာင့္ၾကည့္္တာေၾကာင့္ ျဖစ္ေပၚေနတဲ့ ပံုမမွန္တဲ့ဲ ျပႆနာအားလံုးကို သိရွိႏိုင္ပါတယ္။ ရာသီေသြးစက္၀န္း မမွန္္တာဟာ မ်ိဳးမေအာင္္တာရဲ႕ လကၡဏာတစ္ရပ္လည္း ျဖစ္္တာမို႔ စိုးရိမ္စရာေကာင္းပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြဟာ ပံုမမွန္တဲ့ရာသီေသြးစက္၀န္း ေတြရွိၾကပါတယ္။ ဒါေၾကာင့္ မ်ိဳးဥပံုမွန္ မေၾကြၾကပါဘူး။ တခ်ိဳ႕ဆိုရင္ ရာသီေသြးလာေပမယ့္လည္း မ်ိဳးဥမေၾကြတာမ်ိဳးလည္း ရွိပါတယ္။ တခ်ိဳ႕ၾကျပန္ေတာ့ ရာသီေသြးေရာ မ်ိဳးဥေရာ မေၾကြပါဘူး။ မ်ိဳးမေအာင္တဲ့ အမ်ိဳးသမီးအမ်ားစုဟာ မ်ိဳးဥေၾကြ စက္၀န္းနဲ႔ ပတ္သက္တဲ့ ျပႆနာမ်ားစြာကို ခံစားရေလ့ရွိပါတယ္။

ပံုစံမမွန္ မ်ိဳးဥေၾကြျခင္းရဲ႕ အေၾကာင္းရင္းမ်ား
ပံုမွန္ မ်ိဳးဥေၾကြစက္၀န္းမရွိတဲ့ အမ်ိဳးသမီးေတြမွာေတာ့ သားအိမ္က မမ်ိဳးဥေတြ အဆင္သင့္ျဖစ္ဖို႔နဲ႔ ထုတ္လႊတ္ေပးဖို႔ လံုေလာက္တဲ့အခ်ိန္ကို မရရွိၾကပါဘူး။ ပီက်ဴထရီ (pituitary) ဆိုတာက သားအိမ္နဲ႔ဆိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ထိန္းခ်ဳပ္ထားတဲ့ ေဟာ္မုန္းေတြ ထုတ္ေပးတဲ့ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုပါ။ အဲဒါေၾကာင့္ မူမမွန္တဲ့ သားအိမ္လုပ္ေဆာင္ခ်က္ေတြကို ခံစားရျပီဆိုရင္ ပထမဆံုးစဥ္းစား လုပ္ေဆာင္ရမွာ သားအိမ္နဲ႔ pituitary ႏွစ္ခု ခ်ိတ္ဆက္မႈေတြကို စစ္ေဆးၾကည့္ဖို႔ပဲ ျဖစ္ပါတယ္။

သားအိမ္နဲ႔ pituitary ခ်ိတ္ဆက္မႈဟာ မ်ိဳးဥေၾကြစက္၀န္းကို ပံုမွန္ျဖစ္ေစပါတယ္။

ဒီမူမမွန္္တာေတြကို အမ်ားအားနဲ႔ မ်ိဳးဥလံုးဝမေၾကြတာနဲ႔ မ်ိဳးဥေၾကြတာနည္းတာ ဆိုျပီးႏွစ္မ်ိဳးခြဲျခားႏိုင္ပါတယ္။ သားအိမ္ေရာဂါကေတာ့့ မ်ိဳးဥပံုမွန္မေၾကြတာရဲ႕ အဓိကအေၾကာင္းရင္း ပဲျဖစ္ပါတယ္။ ဒီေရာဂါဟာ ကိုယ္၀န္ရႏိုင္ဖို႔ ခက္ခဲေစ႐ံုသာမက သားအိမ္အက်ိတ္တည္္တာ၊ အ၀လြန္္တာ၊ အေမြႊးအမ်င္ေတြ ေပါက္လာတာ စတဲ့ တျခားျပႆနာေတြကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။

ကုသမႈဟာခက္ခဲသလား
ကံေကာင္းစြာနဲ႔ပဲ သားအိမ္နဲ႔ပတ္သက္တဲ့ မူမမွန္မႈေတြကို ကုသလို႔ရပါတယ္။ မ်ိဳးဥေၾကြစက္ဝန္းကို ပံုမွန္အေျခအေန ျဖစ္လာဖို႔အတြက္ ဆရာ၀န္က ေဆးတိုက္္တာကို တျခားကုသမႈေတြကို လုပ္ပါလိမ့္မယ္။ အသံုးမ်ားတဲ့ ေသာက္ေဆးေတြကေတာ့့ clomid နဲ႔ serophene ပဲျဖစ္ပါတယ္။ ဒီေဆးႏွစ္မ်ိဳးဟာ FSH နဲ႔ LH လို႔ေခၚတဲ့ ပီက်ဴထရီဂလင္းမွာရွိတဲ့ သားအိမ္လုပ္ေဆာင္ခ်က္ေတြကို ပံုမွန္ျဖစ္ေစတဲ့ ေဟာ္မုန္းႏွစ္မ်ိဳးကို တိုးပြားေစပါတယ္။ ရလဒ္အေနနဲ႔ကေတာ့့ မမ်ိဳးဥေတြ ရင့္လာဖို႔နဲ႔ ထုတ္လႊတ္ေပးဖို႔အတြက္ လံုေလာက္တဲ့ အခ်က္ေပးမႈေတြကို သားအိမ္က ရရွိမွာျဖစ္ပါတယ္။ လူနာအမ်ားစုဟာ သူတို႔ရဲ႕ ပံုမွန္ မ်ိဳးဥေၾကြစက္၀န္းကို ျပန္လည္ရရွိၾကျပီး ကုသမႈ ၃ ၾကိမ္နဲ႔ ၆ ၾကိမ္ တြင္းမွာပဲ ကိုယ္၀န္ေဆာင္ႏိုင္ၾကပါတယ္။ တကယ္လို႔ မ်ိဳးဥ ေၾကြႏႈန္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် မတိုးတက္ရင္ေတာ့ ဆရာ၀န္ကေန စမ္းသပ္တိုင္းထြာမႈေတြကို ျပဳလုပ္ ပါလိမ့္မယ္။

ပထမအေနနဲ႔ ကၽြမ္းက်င္သူေတြက ကိုယ္ဝန္ရဖို႔ ခက္ခဲေစတဲ့ တျခားျဖစ္ႏိုင္ေျခ ျပႆနာေတြကို စဥ္းစား ပါလိမ့္မယ္။ ဆီးခံုေရာဂါ၊ သားအိမ္လမ္းေၾကာင္းေရာဂါ၊ အမ်ိဳးသားရဲ႕မ်ိဳးမေအာင္မႈ သို႔မဟုတ္ ဒီေရာဂါေတြ အားလံုးေပါင္းရွိေနရင္လည္း ကိုယ္၀န္မေဆာင္ႏိုင္္တာကို ျဖစ္ေစပါတယ္။

ဒီျပႆနာေတြကို သုတ္ေကာင္ကို သားအိမ္လမ္းေၾကာင္း ကတဆင့္ ထည့္သြင္းျပီးေတာ့ အေထာက္အကူေပး ႏိုင္ပါတယ္။ သုတ္ေကာင္နဲ႔ မမ်ိဳးဥကို အျပင္မွာ မ်ိဳးေအာင္ေစတဲ႔ နည္းလမ္းလို႔ေခၚတဲ့ invitro fertilization ကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ေအာင္ျမင္ႏိုင္ေျခ ၅၂% ရွိပါတယ္။ မ်ိဳးမေအာင္္တာနဲ႔ သားအိမ္မူမမွန္္တာဟာ အျဖစ္မ်ားျပီး ကုသလို႔ရပါတယ္။ ဒါေပမယ့္ ကုသနည္းေတြက လူတိုင္းအတြက္ေတာ့ မေအာင္ျမင္တတ္ပါဘူး။ ကုသမႈကိုပိုခက္ခဲေစျပီး ၾကန္႔ၾကာေစႏိုင္တဲ့ ျပႆနာေတြနဲ႔ မူမမွန္မႈေတြကိုေတာ့ အျမဲေစာင့္ၾကည့္ ေလ့လာဖို႔ လိုအပ္ပါတယ္။ ဒီလိုျပႆနာေတြကို ရင္ဆိုင္ေနရတဲ့ စံုတြဲေတြအတြက္ေတာ့ ကၽြမ္းက်င္သူရဲ႕ အနီးကပ္ ေစာင့္ေရွာက္မႈနဲ႔ ကုသမႈ အေထာက္အပံ့ေတြ ရပါလိမ့္မယ္။ ကုထံုးအမ်ိဳးမ်ိဳးကို စမ္းသပ္ၾကည့္ျပီး ေမွ်ာ္လင့္ထား သလို မျဖစ္လာေသးရင္ေတာ့ ဆရာ၀န္နဲ႔ အျမန္ဆံုးျပသဖို႔ကို အၾကံေပးခ်င္ပါတယ္။

Credit : Kalay with
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်လိုမူမမှန်မှုတွေပဲဖြစ်ဖြစ် သာမန်အမျိုးသမီးတွေလို ကိုယ်ဝန်ရနိုင်နှုန်းကို မြှင့်တင်ဖို့အတွက် လူနာတွေဟာ ကုသမှုကိုခံယူရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်ဝန်ယူမယ်ဆိုရင် ရာသီသွေးစက်ဝန်းကို သတိထားပြီး စောင့်ကြည့်ကြပါတယ်။ ဒီလိုစောင့်ကြည့်တာကြောင့် ဖြစ်ပေါ်နေတဲ့ ပုံမမှန်တဲ့ဲ ပြဿနာအားလုံးကို သိရှိနိုင်ပါတယ်။ ရာသီသွေးစက်ဝန်း မမှန်တာဟာ မျိုးမအောင်တာရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်တာမို့ စိုးရိမ်စရာကောင်းပါတယ်။ တချို့အမျိုးသမီးတွေဟာ ပုံမမှန်တဲ့ရာသီသွေးစက်ဝန်း တွေရှိကြပါတယ်။ ဒါကြောင့် မျိုးဥပုံမှန် မကြွေကြပါဘူး။ တချို့ဆိုရင် ရာသီသွေးလာပေမယ့်လည်း မျိုးဥမကြွေတာမျိုးလည်း ရှိပါတယ်။ တချို့ကြပြန်တော့ ရာသီသွေးရော မျိုးဥရော မကြွေပါဘူး။ မျိုးမအောင်တဲ့ အမျိုးသမီးအများစုဟာ မျိုးဥကြွေ စက်ဝန်းနဲ့ ပတ်သက်တဲ့ ပြဿနာများစွာကို ခံစားရလေ့ရှိပါတယ်။

ပုံစံမမှန် မျိုးဥကြွေခြင်းရဲ့ အကြောင်းရင်းများ
ပုံမှန် မျိုးဥကြွေစက်ဝန်းမရှိတဲ့ အမျိုးသမီးတွေမှာတော့ သားအိမ်က မမျိုးဥတွေ အဆင်သင့်ဖြစ်ဖို့နဲ့ ထုတ်လွှတ်ပေးဖို့ လုံလောက်တဲ့အချိန်ကို မရရှိကြပါဘူး။ ပီကျူထရီ (pituitary) ဆိုတာက သားအိမ်နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ အဲဒါကြောင့် မူမမှန်တဲ့ သားအိမ်လုပ်ဆောင်ချက်တွေကို ခံစားရပြီဆိုရင် ပထမဆုံးစဉ်းစား လုပ်ဆောင်ရမှာ သားအိမ်နဲ့ pituitary နှစ်ခု ချိတ်ဆက်မှုတွေကို စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

သားအိမ်နဲ့ pituitary ချိတ်ဆက်မှုဟာ မျိုးဥကြွေစက်ဝန်းကို ပုံမှန်ဖြစ်စေပါတယ်။

ဒီမူမမှန်တာတွေကို အများအားနဲ့ မျိုးဥလုံးဝမကြွေတာနဲ့ မျိုးဥကြွေတာနည်းတာ ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။ သားအိမ်ရောဂါကတော့ မျိုးဥပုံမှန်မကြွေတာရဲ့ အဓိကအကြောင်းရင်း ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲစေရုံသာမက သားအိမ်အကျိတ်တည်တာ၊ အဝလွန်တာ၊ အမွှေးအမျင်တွေ ပေါက်လာတာ စတဲ့ တခြားပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ကုသမှုဟာခက်ခဲသလား
ကံကောင်းစွာနဲ့ပဲ သားအိမ်နဲ့ပတ်သက်တဲ့ မူမမှန်မှုတွေကို ကုသလို့ရပါတယ်။ မျိုးဥကြွေစက်ဝန်းကို ပုံမှန်အခြေအနေ ဖြစ်လာဖို့အတွက် ဆရာဝန်က ဆေးတိုက်တာကို တခြားကုသမှုတွေကို လုပ်ပါလိမ့်မယ်။ အသုံးများတဲ့ သောက်ဆေးတွေကတော့ clomid နဲ့ serophene ပဲဖြစ်ပါတယ်။ ဒီဆေးနှစ်မျိုးဟာ FSH နဲ့ LH လို့ခေါ်တဲ့ ပီကျူထရီဂလင်းမှာရှိတဲ့ သားအိမ်လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်စေတဲ့ ဟော်မုန်းနှစ်မျိုးကို တိုးပွားစေပါတယ်။ ရလဒ်အနေနဲ့ကတော့ မမျိုးဥတွေ ရင့်လာဖို့နဲ့ ထုတ်လွှတ်ပေးဖို့အတွက် လုံလောက်တဲ့ အချက်ပေးမှုတွေကို သားအိမ်က ရရှိမှာဖြစ်ပါတယ်။ လူနာအများစုဟာ သူတို့ရဲ့ ပုံမှန် မျိုးဥကြွေစက်ဝန်းကို ပြန်လည်ရရှိကြပြီး ကုသမှု ၃ ကြိမ်နဲ့ ၆ ကြိမ် တွင်းမှာပဲ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ တကယ်လို့ မျိုးဥ ကြွေနှုန်းဟာ အချိန်ကြာလာတာနဲ့အမျှ မတိုးတက်ရင်တော့ ဆရာဝန်ကနေ စမ်းသပ်တိုင်းထွာမှုတွေကို ပြုလုပ် ပါလိမ့်မယ်။

ပထမအနေနဲ့ ကျွမ်းကျင်သူတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေတဲ့ တခြားဖြစ်နိုင်ခြေ ပြဿနာတွေကို စဉ်းစား ပါလိမ့်မယ်။ ဆီးခုံရောဂါ၊ သားအိမ်လမ်းကြောင်းရောဂါ၊ အမျိုးသားရဲ့မျိုးမအောင်မှု သို့မဟုတ် ဒီရောဂါတွေ အားလုံးပေါင်းရှိနေရင်လည်း ကိုယ်ဝန်မဆောင်နိုင်တာကို ဖြစ်စေပါတယ်။

ဒီပြဿနာတွေကို သုတ်ကောင်ကို သားအိမ်လမ်းကြောင်း ကတဆင့် ထည့်သွင်းပြီးတော့ အထောက်အကူပေး နိုင်ပါတယ်။ သုတ်ကောင်နဲ့ မမျိုးဥကို အပြင်မှာ မျိုးအောင်စေတဲ့ နည်းလမ်းလို့ခေါ်တဲ့ invitro fertilization ကို ရွေးချယ်မယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေ ၅၂% ရှိပါတယ်။ မျိုးမအောင်တာနဲ့ သားအိမ်မူမမှန်တာဟာ အဖြစ်များပြီး ကုသလို့ရပါတယ်။ ဒါပေမယ့် ကုသနည်းတွေက လူတိုင်းအတွက်တော့ မအောင်မြင်တတ်ပါဘူး။ ကုသမှုကိုပိုခက်ခဲစေပြီး ကြန့်ကြာစေနိုင်တဲ့ ပြဿနာတွေနဲ့ မူမမှန်မှုတွေကိုတော့ အမြဲစောင့်ကြည့် လေ့လာဖို့ လိုအပ်ပါတယ်။ ဒီလိုပြဿနာတွေကို ရင်ဆိုင်နေရတဲ့ စုံတွဲတွေအတွက်တော့ ကျွမ်းကျင်သူရဲ့ အနီးကပ် စောင့်ရှောက်မှုနဲ့ ကုသမှု အထောက်အပံ့တွေ ရပါလိမ့်မယ်။ ကုထုံးအမျိုးမျိုးကို စမ်းသပ်ကြည့်ပြီး မျှော်လင့်ထား သလို မဖြစ်လာသေးရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ကို အကြံပေးချင်ပါတယ်။

Credit : Kalay with

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top