iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Healthupdate
နို့မှာကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတာ လူတိုင်းသိပြိးဖြစ်ပါတယ်။ ဒါပေမယ့် နို့ကသွေးတိုးနှင့်နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာသင်သိပါသလား။
ုပြင်သစ်နိုင်ငံ မောင့်ပယ်လီယာမှာ ကျင်းပခဲ့တဲ့ Euro Fed Lipid Congress တွင် လူပေါင်း ၅၇,၂၅၆ ဦး၊ သွေးတိုးဝေဒနာရှင် ၁၅၃၆၇ ဦးအား လေ့လာခဲ့သည်။ ရလဒ်များအရ အဆီနည်းသည့်နို့နှင့် နို့ထွက်ပစ္စည်းများနေ့စဉ်စားခြင်းက သွေးတိုးနှင့်နှလုံးသွေးကြောရောဂါတွေကို သက်သာစေတယ်ဆိုတာတွေ့ခဲ့ရတဲ့ အကြောင်းဖော်ပြခဲ့ပါတယ်။
နို့တွင်ပရိုတင်းဓာတ်များစွာပါဝင်ပြီး ၎င်းကကြက်သားနှင့် အရိုးများဖွံ့ဖြိုးရန်အားပေးလေသည်။ နို့က ကယ်ဆီယမ်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်၊ ဗီတာမင်ဒီတို့ ပိုမိုပါဝင်သည်အတွက် အရိုးများကိုသန်မာစေပြီး ကယ်ဆီယမ်နှင့်ပိုတက်ဆီယမ်ကသွေးတိုးကိုကျစေပြီး၊ နှလုံးရောဂါကို ကာကွယ်ပေးစေနိုင်ပါတယ်။
နို့တွင်အဆီအမျိုးမျိုးပါဝင်ပြီး၊ အဆီပမာဏများသော နို့များကိုမူလူများသောက်သုံးရန်အတွက် ညွှန်းလေ့မရှိသော်လည်း၊ အဆီပမာဏနည်းရန်ပြုပြင်ထားသော နို့များကိုမှုသောက်သုံးရန် သင့်တော်ပေသည်။
နို့ကခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်သည်။
အခြားသော နို့ထွက်ပစ္စည်းအမျိုးမျိုးဖြစ်သည့် ထောပတ်နှင့် ဒိန်ချဉ်တို့က အစာကြေလွယ်ပြိး အူအတွင်းရှိပိုးမွှားများကို ချိန်ညှိပေးလေသည်။
အချို့သောသူများ ဥပမာ Lactose into Lerant ( နို့တွင်ပါဝင်သည့် Lactose ကို မခံနိုင်သည့်သူ) ရှိသူများတွင် နို့ကိုသောက်သုံးရန် မသင့်တော်ပေ။
Credit : Healthupdate
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top