iMyanmarHouse.com - Best Property Website for Myanmar
×

ရံုပတီသီးကို (အဂၤလိပ္လို Okra, Gumbo ၊ Lady Lady's Finger )လို့ သိရျပီး အဓိကအားျဖင့္ ေႏြရာသီအခ်ိန္မွာရရွိႏိုင္တဲ့ ရာသီေပၚအသီးအရြက္ တစ္မ်ိဳးျဖစ္ပါတယ္။ ရံုးပတီသီးကို အာဟာရေတြနဲ႔ဗင္တာမင္ေျမာက္မ်ားစြာပါဝင္တဲ့ စြမ္းအင္သိုေလွာင္ရာ ေနရာလို့ေတာင္ေခၚေဝၚေျပာဆိုၾကပါတယ္။ က်ြန္ုပ္တို့ရံုးပတီသီးကို ပံုမွန္စားသံုးေနၾကေပမဲ့အမ်ားစုက ၄င္းကိုစားသံုးရျခင္းရဲ႕အက်ိဳးကိုမသိၾကပါဘူး။ ရံုးပတီသီးကေနရရွိတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။ ရံုးပတီသီးကိုမ်ားစြာေသာ ဗီတာမင္၊ ဓာတ္ဆားဓာတ္၊ အမွ်င္ဓာတ္နဲ႕တျခားအာဟာရဓာတ္ေတြနဲ႔ဖြဲ႔စည္းထားပါတယ္။ ရံုးပတီသီးမွာ ဗီတာမင္A ၊ B1 ၊ B3 ၊ B6 ၊ C နဲ႔ K တို့ပါဝင္တယ္။  folic acid ၊ calcium ၊ zinc ၊ riboflavin ၊ magnesium ၊ manganese နဲ့ beta carotene စသည္တို့ပါဝင္တဲ့ အမွ်င္ဓာတ္မ်ားစြာကိုလည္း ရရွိေစတယ္။

ရာသီေပၚ အသီးအရြက္မ်ားစြာရွိတဲ့အထဲ ရံုးပတီသီးဟာ အေကာင္းဆံုးျဖစ္ပါတယ္။ သူ႔ရဲ႔ႏူးညံံ့တဲ့ပံုစံက စားခ်င္စဖြယ္ေကာင္းေအာင္ ဆြဲေဆာင္ႏိုင္ပါတယ္။ ဒါေပမဲ့ ခ်က္ျပဳတ္ျပင္ဆင္တဲ့အခါ ေစးကပ္ကပ္၊ ခ်ြဲက်ိက်ိႏိုင္လြန္းတယ္လို့ ထင္ရႏိုင္ပါတယ္။ အဲဒီေစးကပ္တဲ့ အရာေၾကာင့္ပဲ အထူးေကာင္းမြန္တဲ့ ဟင္းခ်ိဳျဖစ္ေစတာပါ။ အဲဒီလိုနဲ႔ မၾကိဳက္ဘူးဆိုရင္ေတာင္ တျခားေသာနည္းျဖင့္ ျပင္ဆင္စားသံုးႏိုင္ပါေသးတယ္။ အခ်ဥ္ရည္ ၊ ၾကက္သြန္နီ ၊ ဆားေလးထည့္ျပီး အျမန္ေၾကာ္၍လည္းေကာင္း ျပင္ဆင္ခ်က္ျပဳတ္ႏိုင္ပါတယ္။

ရံုးပတီသီးကေနရရွိတဲ့ အံ့ၾသဖြယ္က်န္းမာေရး အက်ိဳးေက်းဇူးေတြကေတာ့ ကိုယ္ဝန္သည္ေတြကို က်န္းမာသန္စြမ္းေစျခင္း၊ ေက်ာက္ကပ္ပိုမိုက်န္းမာေစျခင္း၊ အူမၾကီးသန့္စင္ေစျခင္း၊ ပန္းနာေရာဂါကာကြယ္ေပးျခင္း၊ အသားေရေတာက္ပေစျခင္း၊ အေလးခ်ိန္ေလ်ာ့က်ျခင္းနဲ႔ ဝမ္းခ်ဳပ္မႈအတြက္ေကာင္းမြန္ျခင္းတို့ပဲ ျဖစ္ပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရုံပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady's Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီအချိန်မှာရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ဗင်တာမင်မြောက်များစွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင်ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ကျွန်ုပ်တို့ရုံးပတီသီးကို ပုံမှန်စားသုံးနေကြပေမဲ့အများစုက ၎င်းကိုစားသုံးရခြင်းရဲ့အကျိုးကိုမသိကြပါဘူး။ ရုံးပတီသီးကနေရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ ရုံးပတီသီးကိုများစွာသော ဗီတာမင်၊ ဓာတ်ဆားဓာတ်၊ အမျှင်ဓာတ်နဲ့တခြားအာဟာရဓာတ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ရုံးပတီသီးမှာ ဗီတာမင်A ၊ B1 ၊ B3 ၊ B6 ၊ C နဲ့ K တို့ပါဝင်တယ်။  folic acid ၊ calcium ၊ zinc ၊ riboflavin ၊ magnesium ၊ manganese နဲ့ beta carotene စသည်တို့ပါဝင်တဲ့ အမျှင်ဓာတ်များစွာကိုလည်း ရရှိစေတယ်။

ရာသီပေါ် အသီးအရွက်များစွာရှိတဲ့အထဲ ရုံးပတီသီးဟာ အကောင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့နူးညံံ့တဲ့ပုံစံက စားချင်စဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ချက်ပြုတ်ပြင်ဆင်တဲ့အခါ စေးကပ်ကပ်၊ ချွဲကျိကျိနိုင်လွန်းတယ်လို့ ထင်ရနိုင်ပါတယ်။ အဲဒီစေးကပ်တဲ့ အရာကြောင့်ပဲ အထူးကောင်းမွန်တဲ့ ဟင်းချိုဖြစ်စေတာပါ။ အဲဒီလိုနဲ့ မကြိုက်ဘူးဆိုရင်တောင် တခြားသောနည်းဖြင့် ပြင်ဆင်စားသုံးနိုင်ပါသေးတယ်။ အချဉ်ရည် ၊ ကြက်သွန်နီ ၊ ဆားလေးထည့်ပြီး အမြန်ကြော်၍လည်းကောင်း ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ရုံးပတီသီးကနေရရှိတဲ့ အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ကိုယ်ဝန်သည်တွေကို ကျန်းမာသန်စွမ်းစေခြင်း၊ ကျောက်ကပ်ပိုမိုကျန်းမာစေခြင်း၊ အူမကြီးသန့်စင်စေခြင်း၊ ပန်းနာရောဂါကာကွယ်ပေးခြင်း၊ အသားရေတောက်ပစေခြင်း၊ အလေးချိန်လျော့ကျခြင်းနဲ့ ဝမ်းချုပ်မှုအတွက်ကောင်းမွန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top