iMyanmarHouse.com - Best Property Website for Myanmar
×

ေျခေထာက္ႂကြက္တက္ျခင္း ဆိုတာကို လူတိုင္း မႀကံဳဖူးေပမယ့္ ၾကားေတာ့ ၾကားဖူးၾကမွပါ။ ႂကြက္တက္ျခင္း ျဖစ္တတ္တဲ့ အေၾကာင္းရင္းေတြနဲ႔ ေျဖရွင္းနည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ႂကြက္တက္ျခင္းဆိုတာ ေျခသလံုး အေနာက္ဘက္ေနရာက ႂကြက္သားေတြ ကိုက္ခဲတင္းမာလာၿပီး တအား နာက်င္လာတတ္တဲ့ ခံစားမႈမ်ဳိးပါ။ တစ္ခါတေလ ေျခဖဝါးက ႂကြက္သားေတြမွာလည္း ျဖစ္တတ္ပါတယ္။ အခ်ိန္အားျဖင့္ စကၠန္႔ပိုင္းနဲ႔ မိနစ္အနည္းငယ္ေလာက္ ၾကာတတ္ၿပီး တခ်ဳိ႕ေတြမွာ ၁၀ မိနစ္ေလာက္ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕လူေတြဆို တစ္ေနကုန္အလုပ္မွာ မတ္တတ္ရပ္ေနရတာမို႔ အိမ္ျပန္ေရာက္လို႔ ေရခ်ိဳးအိပ္ယာဝင္ခါနီး အခ်ိန္ေတြမွာ ၾကြက္တက္တတ္ပါတယ္။

အသက္ႀကီးသူေတြမွာ အမ်ားဆံုး ျဖစ္တတ္ၿပီး တျခားက်န္းမာေရး ျပႆနာေတြေၾကာင့္ ေသာက္သံုးေနရတဲ့ ေဆးဝါး တခ်ဳိ႕ရဲ႕ ေဘးထြက္ဆိုးက်ဳိးေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ႂကြက္သားေတြကို အျပင္းအထန္ ဖိအားေပးခံရတာမ်ဳိး၊ ေရဓာတ္ခန္းေျခာက္တာမ်ဳိး၊ ေသြးထဲမွာ ဆားဓာတ္ မညီမွ်တာမ်ဳိး၊ ကိုယ္ဝန္ေဆာင္ခ်ိန္၊ သိုင္း႐ြိဳက္ျပႆနာ၊ ေျခေထာက္အတြင္း ေသြးလည္ပတ္မႈ အားနည္းတာမ်ဳိး၊ အရက္အလြန္အကၽြံ ေသာက္တာမ်ဳိး၊ အာ႐ံုေၾကာ အားနည္းတာ၊ ေက်ာက္ကပ္ေရာဂါကု ေဆးဝါးေတြ ေသာက္သံုးေနရတာမ်ဳိးေတြေၾကာင့္ ႂကြက္တက္တတ္ပါတယ္။

တစ္စံုတစ္ေယာက္ ၾကြက္တက္ၿပီဆိုရင္ ခ်က္ခ်င္း သူ႔ေျခေထာက္ကို ေျဖာင့္တန္းစြာ ဆန္႔တန္းထားေပးလိုက္ပါ။ ၿပီးရင္ ဒူးကို မၾကြေစေအာင္ တက္ဖိထားၿပီး ေျခဖဝါးအလယ္တည့္တည့္ကို စမ္းၾကည့္လိုက္ပါ။ အလယ္တည့္တည့္မွာ အေခ်ာင္းႀကီး တစ္ေခ်ာင္းျဖစ္ေနတာေတြ႕ရပါလိမ့္မယ္။ အဲဒီအေခ်ာင္းႀကီးကို ေပ်ာ့သြားေအာင္ ေျခေပးပါ။ ဒီအေခ်ာင္းႀကိး ေျပသြားတာနဲ႔ ၾကြက္တက္တာလည္း ေျပသြားတာကို သိသိသာသာႀကီးေတြ႔ရမွာပါ။

Source : MedicalExpress

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ခြေသလုံး အနောက်ဘက်နေရာက ကြွက်သားတွေ ကိုက်ခဲတင်းမာလာပြီး တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တစ်ချို့လူတွေဆို တစ်နေကုန်အလုပ်မှာ မတ်တတ်ရပ်နေရတာမို့ အိမ်ပြန်ရောက်လို့ ရေချိုးအိပ်ယာဝင်ခါနီး အချိန်တွေမှာ ကြွက်တက်တတ်ပါတယ်။

အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး တခြားကျန်းမာရေး ပြဿနာတွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာမျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက်အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါတယ်။

တစ်စုံတစ်ယောက် ကြွက်တက်ပြီဆိုရင် ချက်ချင်း သူ့ခြေထောက်ကို ဖြောင့်တန်းစွာ ဆန့်တန်းထားပေးလိုက်ပါ။ ပြီးရင် ဒူးကို မကြွစေအောင် တက်ဖိထားပြီး ခြေဖဝါးအလယ်တည့်တည့်ကို စမ်းကြည့်လိုက်ပါ။ အလယ်တည့်တည့်မှာ အချောင်းကြီး တစ်ချောင်းဖြစ်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီအချောင်းကြီးကို ပျော့သွားအောင် ခြေပေးပါ။ ဒီအချောင်းကြိး ပြေသွားတာနဲ့ ကြွက်တက်တာလည်း ပြေသွားတာကို သိသိသာသာကြီးတွေ့ရမှာပါ။

Source : MedicalExpress

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top