iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္လည္းေလ်ာ့ခ်လိုတယ္၊ က်န္းမာေရးနဲ႕ညီညြတ္ၿပီး က်စ္လ်စ္လွပတဲ့ ကိုယ္ခႏၶာကိုလည္း ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ယခုေဖာ္ျပေပးမယ့္အိမ္လုပ္ေဖ်ာ္ရည္ေလးေတြကို ေသာက္သံုးေပးႏုိင္ပါတယ္ေနာ္။

အေျခခံလုပ္နည္းေလးေတြျဖစ္လို႕ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အတုိင္း ျပန္လည္ျပဳျပင္ႏုိင္မွာျဖစ္ၿပီး အရသာလည္းအလြန္ရွိမွာပါေနာ္။

သခြားသီးအဆီက်ေဖ်ာ္ရည္

ပါ၀င္ပစၥည္းမ်ား

သခြားသီး – ၁ လံုး

နံနံပင္ – လက္တစ္ဆုပ္စာ

သံပုယိုသီး – ၁ လံုး

ဂ်င္း (ေထာင္းၿပီးသား) – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ရွားေစာင္းလက္ပတ္အရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ေရ – ခြက္တစ္၀က္ခန္႕

ျပဳလုပ္ပံု

ေဖာ္ျပထားတဲ့ ပါ၀င္ပစၥည္းအကုန္လံုးကို အရည္ညွစ္ၿပီး အိပ္ရာမ၀င္ခင္ေသာက္သံုးေပးပါ။ တစ္လေသာက္ၿပီး တစ္ပတ္နားေပးကာ လိုအပ္လွ်င္ ျပန္စေပးႏုိင္ပါတယ္။

ဂရိတ္ဖရုႏွင့္သစ္ႀကံပိုးေခါက္ေဖ်ာ္ရည္

ပါ၀င္ပစၥည္းမ်ား

ဂရိတ္ဖရုအရည္ – ၅၀၀ မီလီလီတာ

စပါကလင္ေရ – ၅၀၀ မီလီလီတာ

ေရ – ၁ ခြက္

သစ္ႀကံပိုးေခါက္ – ၂ ေခ်ာင္း

စမုန္စပါးေစ့ – ၁ ေစ့

ပူစီနံ၊ ေရခဲ၊ သႀကားအနည္းငယ္

ၿပဳလုပ္နည္း

သႀကား၊ ေရႏွင့္ သစ္ႀကံပိုးေခါက္တုိ႕ကို ဒယ္အိုးထဲေပါင္းထည့္ၿပီး အခ်ိဳရည္ရေအာင္လုပ္ပါ။ သႀကားမေပ်ာ္မခ်င္း ငါးမိနစ္မွဆယ္မိနစ္အထိ ေမႊေပးပါ။ အေအးခံၿပီး အသီးအရည္ေတြ၊ အခ်ိဳရည္ႏွင့္ စပါကလင္ေရတုိ႕ကို ခရားတစ္ခုထဲမွာ ေရာေမႊပါ။ ေရခဲႏွင့္ ပူစီနံ၊ စမုန္ေစ့တုိ႕ကို ထည့္ၿပီးရင္ ေသာက္သံုးႏုိင္ပါၿပီ။

ပူရွိန္းရွိန္းေလးနဲ႕ အိႏၵိယစတိုင္ေဖ်ာ္ရည္

ပါ၀င္ပစၥည္းမ်ား

သံပရာသီး – ၄ လံုး

ဂ်င္း၊ ပူစီနံ

စပါကလင္ေရ – ၁ လီတာ

ေရ – ခြက္တစ္၀က္ခန္႕

ေရခဲ၊ သႀကားအနည္းငယ္

ၿပဳလုပ္ပံုအဆင့္ဆင့္

သံပရာသီးအခ်ိုဳ႕ကိုအရည္ညွစ္ၿပီး သႀကားႏွင့္ ေရခြက္တစ္၀က္ကို ဒယ္အိုးထဲေပါင္းထည့္ကာ သႀကားအရည္ေပ်ာ္သည္အထိ ေမႊေပးပါ။ ဂ်င္းကို ျခစ္ၿပီး အခ်ိဳရည္ထဲေပါင္းထည့္ပါ။ ပြက္လာၿပီဆိုရင္ မီးပိတ္လိုက္ၿပီး အေအးခံပါ။ သံပရာရည္၊ စပါကလင္ေရႏွင့္ေရခဲတုိ႕ကို ေရာထည့္ၿပီး ပူစီနံ၊ သံပရာသီးအျခမ္းေလးေတြနဲ႕ အလွဆင္ၿပီးရင္ အရသာရွိရွိေသာက္သံုးႏုိင္ပါၿပီ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လည်းလျော့ချလိုတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့်အိမ်လုပ်ဖျော်ရည်လေးတွေကို သောက်သုံးပေးနိုင်ပါတယ်နော်။

အခြေခံလုပ်နည်းလေးတွေဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အတိုင်း ပြန်လည်ပြုပြင်နိုင်မှာဖြစ်ပြီး အရသာလည်းအလွန်ရှိမှာပါနော်။

သခွားသီးအဆီကျဖျော်ရည်

ပါဝင်ပစ္စည်းများ

သခွားသီး – ၁ လုံး

နံနံပင် – လက်တစ်ဆုပ်စာ

သံပုယိုသီး – ၁ လုံး

ဂျင်း (ထောင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရှားစောင်းလက်ပတ်အရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ – ခွက်တစ်ဝက်ခန့်

ပြုလုပ်ပုံ

ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းအကုန်လုံးကို အရည်ညှစ်ပြီး အိပ်ရာမဝင်ခင်သောက်သုံးပေးပါ။ တစ်လသောက်ပြီး တစ်ပတ်နားပေးကာ လိုအပ်လျှင် ပြန်စပေးနိုင်ပါတယ်။

ဂရိတ်ဖရုနှင့်သစ်ကြံပိုးခေါက်ဖျော်ရည်

ပါဝင်ပစ္စည်းများ

ဂရိတ်ဖရုအရည် – ၅၀၀ မီလီလီတာ

စပါကလင်ရေ – ၅၀၀ မီလီလီတာ

ရေ – ၁ ခွက်

သစ်ကြံပိုးခေါက် – ၂ ချောင်း

စမုန်စပါးစေ့ – ၁ စေ့

ပူစီနံ၊ ရေခဲ၊ သကြားအနည်းငယ်

ပြုလုပ်နည်း

သကြား၊ ရေနှင့် သစ်ကြံပိုးခေါက်တို့ကို ဒယ်အိုးထဲပေါင်းထည့်ပြီး အချိုရည်ရအောင်လုပ်ပါ။ သကြားမပျော်မချင်း ငါးမိနစ်မှဆယ်မိနစ်အထိ မွှေပေးပါ။ အအေးခံပြီး အသီးအရည်တွေ၊ အချိုရည်နှင့် စပါကလင်ရေတို့ကို ခရားတစ်ခုထဲမှာ ရောမွှေပါ။ ရေခဲနှင့် ပူစီနံ၊ စမုန်စေ့တို့ကို ထည့်ပြီးရင် သောက်သုံးနိုင်ပါပြီ။

ပူရှိန်းရှိန်းလေးနဲ့ အိန္ဒိယစတိုင်ဖျော်ရည်

ပါဝင်ပစ္စည်းများ

သံပရာသီး – ၄ လုံး

ဂျင်း၊ ပူစီနံ

စပါကလင်ရေ – ၁ လီတာ

ရေ – ခွက်တစ်ဝက်ခန့်

ရေခဲ၊ သကြားအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

သံပရာသီးအချိုု့ကိုအရည်ညှစ်ပြီး သကြားနှင့် ရေခွက်တစ်ဝက်ကို ဒယ်အိုးထဲပေါင်းထည့်ကာ သကြားအရည်ပျော်သည်အထိ မွှေပေးပါ။ ဂျင်းကို ခြစ်ပြီး အချိုရည်ထဲပေါင်းထည့်ပါ။ ပွက်လာပြီဆိုရင် မီးပိတ်လိုက်ပြီး အအေးခံပါ။ သံပရာရည်၊ စပါကလင်ရေနှင့်ရေခဲတို့ကို ရောထည့်ပြီး ပူစီနံ၊ သံပရာသီးအခြမ်းလေးတွေနဲ့ အလှဆင်ပြီးရင် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top