iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းကိုက္တဲ့ ေဝဒနာဟာ အေတာ္ေလးကို ခံစားရခက္ပါတယ္။ ဘယ္အရာကိုမွ အာရံုစိုက္လို႔ မရဘဲ ကိုယ့္ရဲ႕ လုပ္ငန္းေဆာင္တာနဲ႔ လူမႈေရးကိစၥေတြကိုပါ လစ္ဟင္းေစပါတယ္။ ေခါင္းကိုက္တာ အခ်ိန္ၾကာလာရင္ စိတ္ဖိစီးမႈေတြေတာင္ ျဖစ္လာႏိုင္ပါတယ္။ ေခါင္းကိုက္တာ သက္သာဖို႔အတြက္ ေဆးေတြ မေသာက္ခ်င္ဘူးဆိုရင္ေတာ့ အရင္ဆံုး အစားအစာေတြ စားၿပီး သက္သာေအာင္ လုပ္ၾကည့္လို႔ ရပါတယ္။

ဟင္းႏုႏြယ္ရြက္

ေသြးဖိအား က်ျခင္းေၾကာင့္ ေခါင္းကိုက္တာေတြ သက္သာေစဖုိ႔အတြက္ဆိုရင္ေတာ့ ဟင္းႏုႏြယ္ရြက္က အေကာင္းဆံုး အစားအစာ တစ္မ်ိဳးပါပဲ။ ဟင္းႏုႏြယ္ရြက္ကို ေၾကာ္စားျခင္း၊ စြပ္ျပဳတ္နဲ႔ အသုပ္သုပ္တာေတြ လုပ္စားလို႔ ရပါတယ္။

ေကာ္ဖီ

ေကာ္ဖီအမ်ားႀကီး ေသာက္တာက ေရဓါတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေစၿပီး ေခါင္းကိုက္ေစတယ္ဆိုေပမယ့္ ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္တာကေတာ့ ေခါင္းကိုက္ေနခ်ိန္မွာ ေသြးဖိအား က်ဆင္းျခင္းကို သက္သာေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေသြးဖိအားက်ဆင္းလို႔ ေခါင္းကိုက္တာဆိုရင္  ေကာ္ဖီတခြက္ေလာက္ေတာ့ ေသာက္ႏုိင္ပါတယ္။

ဆန္လံုးညိဳ

ဆန္လံုးညိဳမွာ ကာဗိုလ္ဟုိက္ဒရိတ္နဲ႔ မဂၢနီစီယမ္ေတြ ပါဝင္ျခင္းက ေခါင္းကိုက္ျခင္းကို သက္သာေစႏုိင္ပါတယ္။ ဆန္လံုးညိဳဟာ တျခားဆန္ေတြ ခ်က္တာထက္ေတာ့ အခ်ိန္အနည္းငယ္ ပိုၾကာႏုိင္ပါတယ္။

ဆယ္လ္မြန္ငါး

ဆယ္လ္မြန္ငါးဟာ omega 3 fatty acid ေတြ ပါဝင္ၿပီး ေလ့လာသူေတြကေတာ့ ဆယ္လ္မြန္ငါး စားျခင္းဟာ ေခါင္းကိုက္ျခင္းနဲ႔ နာက်င္ျခင္းေတြကို သက္သာေစပါတယ္။

အာလူး

ေခါင္းကိုက္ျခင္းရဲ႕ အဓိက ျပႆနာကေတာ့ ေရဓါတ္ခမ္းေျခာက္ျခင္းပါပဲ။ ေရဓါတ္ျပန္လည္ ျပည့္တင္းဖို႔ဆိုရင္ေတာ့ အာလူးစားေပးႏုိင္ပါတယ္။ အာလူးမွာ ေရဓါတ္ကို ျဖည့္ေပးႏိုင္တဲ့ electrolyte လိုမ်ိဳး ပိုတက္စီယမ္ေတြ ပါဝင္ပါတယ္။

ၾကက္ဥ

ၾကက္ဥမွာ Coenzyme Q10 ပါဝင္ၿပီး ဒီဓါတ္ဟာ ေရဓါတ္ခမ္းေျခာက္ျခင္းနဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္ ျဖစ္တတ္တဲ့ ေခါင္းကိုက္ျခင္းကို ကာကြယ္ေပးမယ့္ ခႏၶာကိုယ္ဆဲလ္ေတြကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တဲ့အခါမွ ၾကက္ဥစားေပးႏိုင္ပါတယ္။

ငွက္ေပ်ာသီး

ေခါင္းကိုက္တတ္တယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီးေလး ေဆာင္ထားပါေနာ္။ ငွက္ေပ်ာသီးဟာ ရုတ္တရက္ေခါင္းကိုက္ျခင္းကို သက္သာေစတဲ့ အေကာင္းဆံုး အသီးတစ္မ်ိဳးပါပဲေနာ္။ ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ မ်ားမ်ား ပါဝင္ျခင္းဟာ ဦးေႏွာက္အတြက္လိုအပ္တဲ့ electrolyte ပမာဏကိုပါ ထိန္းညွိေပးပါတယ္။  ေရဓါတ္ခမ္းေျခာက္ျခင္းကို ျပန္လည္ျပည့္ေစၿပီး အားအင္ျပည့္ေစတာမို႔ ေခါင္းကိုက္တယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီးစားေပးမယ္ဆိုရင္ ခဏေလးနဲ႔ ေပ်ာက္ကင္းမွာပါ။

ဖရဲသီး

ေခါင္းကိုက္ျခင္းကို အျဖစ္မ်ားေစတဲ့ အေၾကာင္းအရာကေတာ့ ေရဓါတ္လိုအပ္ျခင္းလို႔ Stella Metsovas က ဆိုထားပါတယ္။ ဒီလိုမ်ိဳး ေခါင္းအရမ္းကိုက္ေနခ်ိန္မွာ သက္သာေစဖို႔အတြက္ ဖရဲသီး အပါအဝင္ ဖရဲသီးလိုမ်ိဳး အရည္ရႊမ္းတဲ့ အသီးေတြ စားေပးပါ။ ဖရဲသီးမွာ ပါဝင္တဲ့ မဂၢနီဆီယမ္လိုမ်ိဳး သတၱဳဓါတ္ေတြဟာ ေခါင္းကိုက္ျခင္းကို သက္သာေစႏိုင္ပါတယ္။ ဖရဲသီးစိပ္ ဒါမွမဟုတ္ ဖရဲသီးေဖ်ာ္ရည္ေလး ေသာက္ေပးပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေးကိစ္စတွေကိုပါ လစ်ဟင်းစေပါတယ်။ ခေါင်းကိုက်တာ အချိန်ကြာလာရင် စိတ်ဖိစီးမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့အတွက် ဆေးတွေ မသောက်ချင်ဘူးဆိုရင်တော့ အရင်ဆုံး အစားအစာတွေ စားပြီး သက်သာအောင် လုပ်ကြည့်လို့ ရပါတယ်။

ဟင်းနုနွယ်ရွက်

သွေးဖိအား ကျခြင်းကြောင့် ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်က အကောင်းဆုံး အစားအစာ တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်ကို ကြော်စားခြင်း၊ စွပ်ပြုတ်နဲ့ အသုပ်သုပ်တာတွေ လုပ်စားလို့ ရပါတယ်။

ကော်ဖီ

ကော်ဖီအများကြီး သောက်တာက ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး ခေါင်းကိုက်စေတယ်ဆိုပေမယ့် ကော်ဖီတစ်ခွက်လောက် သောက်တာကတော့ ခေါင်းကိုက်နေချိန်မှာ သွေးဖိအား ကျဆင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဖိအားကျဆင်းလို့ ခေါင်းကိုက်တာဆိုရင်  ကော်ဖီတခွက်လောက်တော့ သောက်နိုင်ပါတယ်။

ဆန်လုံးညို

ဆန်လုံးညိုမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ မဂ္ဂနီစီယမ်တွေ ပါဝင်ခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဆန်လုံးညိုဟာ တခြားဆန်တွေ ချက်တာထက်တော့ အချိန်အနည်းငယ် ပိုကြာနိုင်ပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးဟာ omega 3 fatty acid တွေ ပါဝင်ပြီး လေ့လာသူတွေကတော့ ဆယ်လ်မွန်ငါး စားခြင်းဟာ ခေါင်းကိုက်ခြင်းနဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။

အာလူး

ခေါင်းကိုက်ခြင်းရဲ့ အဓိက ပြဿနာကတော့ ရေဓါတ်ခမ်းခြောက်ခြင်းပါပဲ။ ရေဓါတ်ပြန်လည် ပြည့်တင်းဖို့ဆိုရင်တော့ အာလူးစားပေးနိုင်ပါတယ်။ အာလူးမှာ ရေဓါတ်ကို ဖြည့်ပေးနိုင်တဲ့ electrolyte လိုမျိုး ပိုတက်စီယမ်တွေ ပါဝင်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ Coenzyme Q10 ပါဝင်ပြီး ဒီဓါတ်ဟာ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးမယ့် ခန္ဓာကိုယ်ဆဲလ်တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါမှ ကြက်ဥစားပေးနိုင်ပါတယ်။

ငှက်ပျောသီး

ခေါင်းကိုက်တတ်တယ်ဆိုရင်တော့ ငှက်ပျောသီးလေး ဆောင်ထားပါနော်။ ငှက်ပျောသီးဟာ ရုတ်တရက်ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ အကောင်းဆုံး အသီးတစ်မျိုးပါပဲနော်။ ငှက်ပျောသီးမှာ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ဦးနှောက်အတွက်လိုအပ်တဲ့ electrolyte ပမာဏကိုပါ ထိန်းညှိပေးပါတယ်။  ရေဓါတ်ခမ်းခြောက်ခြင်းကို ပြန်လည်ပြည့်စေပြီး အားအင်ပြည့်စေတာမို့ ခေါင်းကိုက်တယ်ဆိုရင်တော့ ငှက်ပျောသီးစားပေးမယ်ဆိုရင် ခဏလေးနဲ့ ပျောက်ကင်းမှာပါ။

ဖရဲသီး

ခေါင်းကိုက်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရာကတော့ ရေဓါတ်လိုအပ်ခြင်းလို့ Stella Metsovas က ဆိုထားပါတယ်။ ဒီလိုမျိုး ခေါင်းအရမ်းကိုက်နေချိန်မှာ သက်သာစေဖို့အတွက် ဖရဲသီး အပါအဝင် ဖရဲသီးလိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေ စားပေးပါ။ ဖရဲသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်လိုမျိုး သတ္တုဓါတ်တွေဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဖရဲသီးစိပ် ဒါမှမဟုတ် ဖရဲသီးဖျော်ရည်လေး သောက်ပေးပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top