iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ကို ဗုဒၶဂါယာပို႔ခ်င္ခဲ့တာတဲ့။

သ႐ုပ္ေဆာင္ ဒိန္းေဒါင္က မိခင္ျဖစ္သူကို ဗုဒၶဂါယာပို႔ေပးခ်င္တဲ့ သူ႔ရဲ႕ ရည္မွန္းခ်က္ ေအာင္ျမင္လို႔ ေပ်ာ္႐ႊင္ေနပါတယ္။ ဒိန္းေဒါင္က သူ႔ရဲ႕ ေမြးေန႔မွာ မိခင္ကို ဗုဒၶဂါယာကို ပို႔ေပးခ်င္ေၾကာင္းကို ေျဖဆိုခဲ့ေပးဖူးပါတယ္။

အခုေတာ့ ဒိန္းေဒါင္ရဲ႕ ဆႏၵေတြ ျပည့္ဝသြားပါၿပီ။အဲ့ဒီအတြက္လည္း ဒိန္းေဒါင္တစ္ေယာက္ေပ်ာ္ေနေၾကာင္းသူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ တင္ထားတဲ့ စာသားေလးက သက္ေသပါပဲ။

“အေမ့ကိုဗုဒၶဂါယာပို႔ခ်င္တဲ့ကြၽန္ေတာ္ရည္မွန္းခ်က္ေအာင္ျမင္လို႔ေပ်ာ္ပါသည္အေမ” ဆိုၿပီး ေရးထားကာ မိခင္နဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေလးကိုပါ တင္ထားတာ ျဖစ္ပါတယ္။

ဒိန္းေဒါင္အတြက္က မိခင္ဟာ အသက္ရွိေနတဲ့ ဘုရားတစ္ဆူလိုပါပဲတဲ့။ မိခင္ကို စိတ္ခ်မ္းသာေအာင္ထားခ်င္တဲ့ ဒိန္းေဒါင္ရဲ႕ စိတ္ဓာတ္ကေတာ့ ေလးစားအတုယူဖြယ္ပါပဲ။

မိခင္ကို အရမ္းခ်စ္တဲ့ သားတစ္ေယာက္အေနနဲ႔ မိခင္ေမတၱာကို ေဖာ္က်ဴးတဲ့အေနနဲ႔ သီခ်င္းေလးတစ္ပုဒ္ ကိုယ္တိုင္ေရးဖို႔ စီစဥ္ထားတယ္လို႔လည္း ဆိုပါေသးတယ္။

သီခ်င္းကေတာ့ မၿပီးေသးေပမယ့္ အဲ့ဒီသီခ်င္းထဲမွာ သူအရမ္းထည့္ခ်င္တဲ့ စာသားေလးေတြလည္း ရွိပါတယ္။ အဲ့ဒီစာသားေလးကေတာ့ “ငယ္ငယ္တုန္းက မသိခဲ့ပဲ ဆြဲမိခဲ့တဲ့ အေမ့ဆံပင္ေလးေတြ ျဖဴေနၿပီ၊ ငယ္ငယ္က မွည့္ျခင္ယင္မသန္းေအာင္ ယမ္းေပးခဲ့တဲ့ အေမ့ရဲ႕ လက္ေလးေတြ အသားေတြ တြဲက်ေနၿပီ၊ ငယ္ငယ္က အိမ္ယာဝင္ခါနီး သီခ်င္းေလးေတြ ဆိုၿပီးေခ်ာ့သိပ္ခဲ့တဲ့ အေမရဲ႕ ပါးစပ္ေလးဟာ အခုေတာ့ ေလးလံေနၿပီ၊ ကဲ ငါတို႔ဘာလုပ္ၾကမွာလဲ” ဆိုတဲ့ စာသားေလးပဲ ျဖစ္ပါတယ္။

ဒိန္းေဒါင္ဟာ အႏုပညာအလုပ္ေတြသာမက ပရဟိတအလုပ္ေတြကိုပါ လုပ္ေဆာင္ေနသူတစ္ဦးျဖစ္ပါတယ္။

Photo : ဒိန္းေဒါင္ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိခင်ကို ဗုဒ္ဓဂါယာပို့ချင်ခဲ့တာတဲ့။

သရုပ်ဆောင် ဒိန်းဒေါင်က မိခင်ဖြစ်သူကို ဗုဒ္ဓဂါယာပို့ပေးချင်တဲ့ သူ့ရဲ့ ရည်မှန်းချက် အောင်မြင်လို့ ပျော်ရွှင်နေပါတယ်။ ဒိန်းဒေါင်က သူ့ရဲ့ မွေးနေ့မှာ မိခင်ကို ဗုဒ္ဓဂါယာကို ပို့ပေးချင်ကြောင်း ကို ဖြေဆိုခဲ့ပေးဖူးပါတယ်။

အခုတော့ ဒိန်းဒေါင်ရဲ့ ဆန္ဒတွေ ပြည့်ဝသွားပါပြီ။အဲ့ဒီအတွက်လည်း ဒိန်းဒေါင်တစ်ယောက်ပျော်နေကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ စာသားလေးက သက်သေပါပဲ။

“အမေ့ကိုဗုဒ္ဓဂါယာပို့ချင်တဲ့ကျွန်တော်ရည်မှန်းချက်အောင်မြင်လို့ပျော်ပါသည်အမေ” ဆိုပြီး ရေးထားကာ မိခင်နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပါ တင်ထားတာ ဖြစ်ပါတယ်။

ဒိန်းဒေါင်အတွက်က မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲတဲ့။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။

မိခင်ကို အရမ်းချစ်တဲ့ သားတစ်ယောက်အနေနဲ့ မိခင်မေတ္တာကို ဖော်ကျူးတဲ့အနေနဲ့ သီချင်းလေးတစ်ပုဒ် ကိုယ်တိုင်ရေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါသေးတယ်။

သီချင်းကတော့ မပြီးသေးပေမယ့် အဲ့ဒီသီချင်းထဲမှာ သူအရမ်းထည့်ချင်တဲ့ စာသားလေးတွေလည်း ရှိပါတယ်။ အဲ့ဒီစာသားလေးကတော့ “ငယ်ငယ်တုန်းက မသိခဲ့ပဲ ဆွဲမိခဲ့တဲ့ အမေ့ဆံပင်လေးတွေ ဖြူနေပြီ၊ ငယ်ငယ်က မှည့်ခြင်ယင်မသန်းအောင် ယမ်းပေးခဲ့တဲ့ အမေ့ရဲ့ လက်လေးတွေ အသားတွေ တွဲကျနေပြီ၊ ငယ်ငယ်က အိမ်ယာဝင်ခါနီး သီချင်းလေးတွေ ဆိုပြီးချော့သိပ်ခဲ့တဲ့ အမေရဲ့ ပါးစပ်လေးဟာ အခုတော့ လေးလံနေပြီ၊ ကဲ ငါတို့ဘာလုပ်ကြမှာလဲ” ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။

ဒိန်းဒေါင်ဟာ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

Photo : ဒိန်းဒေါင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top