iMyanmarHouse.com - Best Property Website for Myanmar
×

ေမးခြန္း (၁) ဆရာရွင့္ ကြၽန္မအေဒၚအသက္က ၅၀ပါ။ ေဈးသြားခ်ိန္မွာ လူတစ္ေယာက္က အနားလာၿပီး ပခုံးပုတ္ကာ လမ္းမသိလို႔ၫႊန္ျပေပးပါလို႔ဆိုပါတယ္။ အေဒၚလည္း ႐ုတ္တရက္ေၾကာင္သြားၿပီး သူေျပာတဲ့လမ္းကို လိုက္ပို႔မိတယ္လို႔ဆိုတယ္။ အေဒၚနည္းနည္း ဇေဝဇဝါျဖစ္သြားၿပီး ျပန္သတိရလာတဲ့အခ်ိန္မွာ ဆန္ဆိုင္တစ္ခုေရွ႕ေရာက္ေနပါတယ္တဲ့။ အေဒၚဟာ ေဈးကေနအိမ္ျပန္ေရာက္တဲ့အထိ ခပ္ေၾကာင္ေၾကာင္ျဖစ္ေနတုန္းပဲ။ လည္ပင္းက ေ႐ႊဆြဲႀကိဳးနဲ႔ ဆြဲသီးက ပါမလာေတာ့ပါဘူး။ ေဈးျခင္းေတာင္းထဲက ပိုက္ဆံအိတ္လည္း ပါသြားပါတယ္။ တို႔ေဆးအမိခံရတယ္လို႔ ကြၽန္မတို႔ အားလုံးထင္ေနၾကပါတယ္။ တို႔ေဆးဆိုတာ တကယ္ရွိပါသလားဆရာ။ တို႔ေဆးအမိမခံရေအာင္ ဘာလုပ္လို႔ရပါသလဲဆရာ။

ေမးခြန္း (၂) ဆရာ တို႔ေဆးဆိုတာလည္း သိခ်င္ပါတယ္။ ဘန္ေကာက္မွာ ျမန္မာေတြကိုအဲလိုလုပ္ၿပီး ေဒၚလာေတြယူသြားတယ္လို႔ သတင္းၾကားရလို႔ပါ။

ေမးခြန္း (၃) Burundanga ဆိုတဲ့အရာဟာ တို႔ေဆးမ်ားလား။ မဟုတ္ဘူးဆိုရင္ အဘယ္ကဲ့သို႔ေသာ အရာမ်ိဳးပါလဲ။ ေဆးဝါးေရာင္းခ်တဲ့ဆိုင္ေတြမွာ ေမးျမန္းဝယ္လို႔ရပါသလား။ ရခဲ့ရင္အဘယ္ကဲ့သို႔ အသုံးျပဳရပါသလဲ။ လူကိုအႏၲရာယ္ျဖစ္ေစပါသလား။

တြဲၿပီးတင္ထားတဲ့ပုံကိုသုံးၿပီး သတင္းေရးၾကတာေတြဖတ္ရတယ္။ ပုံကိုအသားေပးထားၿပီး အေရးအသားမျပည့္စုံပါ။ လိပ္စာကတ္မွာ ဒီလိုေဆးကိုသုတ္ၿပီး မေကာင္းတာႀကံစည္တယ္ဆိုတဲ့ သတင္းမ်ိဳးေတြလည္း (ဂူဂယ္လ္)မွာေတြ႕ပါတယ္။ ေရးထားတာေတြက ပညာေပးနဲ႔မတူၾကပါ။

၂၂-၅-၂၀၁၃ရက္ေန႔က သတင္းတစ္ပုဒ္မွာ Burundanga business card ကတ္ျပားနဲ႔ ေဆးတို႔တဲ့သတင္းဟာ အစစ္လား၊ အတုလားလို႔ ေခါင္းစဥ္ေပးထားပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ ဓာတ္ဆီဆိုင္တစ္ခုမွာ လိပ္စာကတ္ေပးၿပီး ေနာက္ေယာင္ခံအလိုက္ခံရတဲ့သတင္းကို ကိုးကားထားပါတယ္။ အဲဒီကပ္မွာ Burundanga ေဆးပါတယ္။ ဒါေပမဲ့ အဲဒီလိုနည္းနဲ႔ေတာ့ လူတေယာက္ကို ေမ့သြားေအာင္မလုပ္ႏိုင္ပါ။ ေဆးပါးစပ္ကေနဝင္မွသာ ဒုကၡေရာက္ပါတယ္။ အေအးထဲ၊ ဘီယာထဲခပ္ထားတာ ေသာက္မိရင္ေတာ့ ဖုတ္ဝင္သလိုျဖစ္ပါလိမ့္မယ္။ အဲဒီလိုမ်ိဳး နယူးေယာက္မွာျဖစ္ဖူးေသးတယ္။ ATM ကေန ပိုက္ဆံအကုန္ထုတ္ယူသြားတာ ခံလိုက္ရပါတယ္။

ဘူ႐ူဒန္းဂါေဆးဟာ Brugmansia plant အပင္ကေနရတယ္။ Angle’s Trumpet ပဒိုင္းပင္ဟာလည္း ႐ုကၡေဗဒအလိုအရ Brugmansia genus အႏြယ္ဝင္ျဖစ္တယ္။ ပဒိုင္းသီးစားရင္ ႐ူးတာကို မစားဖူးေပမယ့္ ၾကားဖူးၾကမယ္။ Alkaloids အမ်ိဳးအစား Scopolomine, Hyoscyamine နဲ႔ Atropine ေတြက အဲဒီအပင္မ်ိဳးေတြကေနရတယ္။ ဓာတ္ခြဲခန္းမွာလည္းထုတ္တယ္။ Anticholinergic medicine အေနနဲ႔ ေရာဂါေတြကုစားဖို႔ အမ်ားႀကီးသုံးပါတယ္။ မွတ္ဉာဏ္ကိုသက္ေရာက္ေစၿပီး ခုခံမႈမလုပ္ႏိုင္တဲ့အေျခအေနကို ျဖစ္ေစတာေၾကာင့္ ရည္႐ြယ္ခ်က္မေကာင္းတာအတြက္ သုံးၾကတယ္။

ေဆဝါးေဗဒအလိုအရ ွScopolomine ဟာ Anticholinergic alkaloid ျဖစ္တယ္။ Hyoscine လို႔လည္းေခၚတယ္။ မ်က္စိသူငယ္အိမ္ကို က်ယ္ေစတယ္။ အစာအိမ္နဲ႔အူေတြ အလုပ္ေႏွးေစတယ္။ ထြက္စရာအရည္ေတြ နည္းေစတယ္။ စားေဆး၊ ငုံေဆး၊ ထိုးေဆး၊ အေရျပား ကပ္ခြာအေနနဲ႔ရတယ္။

Atropine ကို အအန္ေပ်ာက္ေဆး၊ ေမ့ေဆးနဲ႔တြဲေပးတဲ့ ထိုးေဆးအေနနဲ႔သုံးတယ္။ ဗိုက္ (အူ) ရစ္နာတာအတြက္လည္း သုံးတယ္။ ႏွာရည္၊ ခြၽဲ၊ သလိပ္၊ အစာေျခရည္စတာေတြ အထြက္သက္သာေအာင္လည္းသုံးတယ္။ ပါကင္ဆိုနဇင္ေရာဂါအတြက္လည္းသုံးတယ္။ အရင္တုန္းက ဘိန္းျဖဴနဲ႔ကို ကိန္းေဆးျဖတ္တာမွာသုံးတယ္။ အိပ္ေဆးအျဖစ္လည္းရတယ္။ ဘိန္းပါတဲ့ အနာသက္သာေဆးနဲ႔ေရာၿပီး စိတ္ၿငိမ္ေဆးအေနနဲ႔ သုံးတယ္။ ဥပမာ ေမာဖိန္း။ သားဖြားခန္းမွာလည္း ၿငိမ္ေဆးအျဖစ္သုံးၾကတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္ေတြ မသုံးသင့္ဘူး။ အထဲက ကေလးကို ထိခိုက္ေစႏိုင္တယ္။

ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ သူငယ္အိမ္က်ယ္သြားလို႔ မ်က္စိေ၀ဝါးေနမယ္၊ ႏွလုံးခုန္ျမန္မယ္၊ အာေခါင္ေျခာက္မယ္၊ ေခြၽးထြက္နည္းမယ္။ ေရငတ္မယ္။ ဝမ္းခ်ဳပ္မယ္။ ဆီးသြားရခက္မယ္။ မ်ားသြားရင္ ကိုယ္ပူမယ္။ ဂနာမၿငိမ္ျဖစ္မယ္။ စိတ္ရႈပ္ေထြးေစမယ္၊ ေဒါသႀကီးေစမယ္၊ စကားေျပာတာ လုံးေထြးေနမယ္၊ သူမ်ားမျမင္-မၾကားတာေတြ ျမင္ရ-ၾကားရမယ္၊ ေတာင္စဥ္ေရမရျဖစ္မယ္၊ အမွားေတြလုပ္ေနမယ္။ Diazepam လိုပဲ မွတ္ဉာဏ္ေလ်ာ့နည္းေစတယ္။

ေတာင္အေမရိကားမွာ Ritualistic hallucinogen ဆိုၿပီး ကြယ္လြန္သြားသူေတြနဲ႔ အဆက္အသြယ္လုပ္ဖို႔ဆိုၿပီးသုံးတယ္။ ထိန္းမႏိုင္သိမ္းမရျဖစ္တဲ့ ကေလးေတြ သြားေလသူေတြ ပူးေနသလားဆိုၿပီး ေဆးကုဖို႔အတြက္လည္းသုံးေသးတယ္။ အရွင္သခင္ေသတဲ့အခါ ဇနီးေတြ၊ ကြၽန္ေတြကို အရွင္လတ္လတ္ ေျမမျမႇဳပ္ခင္ ေခါင္ရည္၊ ေဆး႐ြက္ေတြနဲ႔ေရာၿပီးတိုက္တယ္။ အေစ့နဲ႔ အ႐ြက္ေတြက ပိုၿပီးအဆိပ္ျပင္းတယ္။

လူငယ္ေတြ ပန္းပြင့္ကို ျပဳတ္-ႀကိဳေသာက္ရာကေန ေဆး႐ုံတက္ၾကရတယ္လို႔ပါတယ္။ အဲလိုေသာက္ေတာ့ အစမွာ (ဟယ္လူစီေနးရွင္း)ေခၚတဲ့ သူမ်ားမျမင္တာေတြကိုျမင္၊ သူမ်ားမၾကားတာေတြကို နားထဲမွာၾကားဆိုတဲ့ မူမွန္မဟုတ္တဲ့ ခံစားမႈေတြျဖစ္ေစတယ္ . . .

၉-၇-၂၀၁၀ ရက္ေန႔သတင္းမွာ အေမရိကား၊ ေတာင္ကယ္႐ိုလိုင္းနားမယ္လူငယ္ေတြ ပန္းပြင့္ကို ျပဳတ္-ႀကိဳေသာက္ရာကေန ေဆး႐ုံတက္ၾကရတယ္လို႔ပါတယ္။ အဲလိုေသာက္ေတာ့ အစမွာ (ဟယ္လူစီေနးရွင္း)ေခၚတဲ့ သူမ်ားမျမင္တာေတြကိုျမင္၊ သူမ်ားမၾကားတာေတြကို နားထဲမွာၾကားဆိုတဲ့ မူမွန္မဟုတ္တဲ့ ခံစားမႈေတြျဖစ္ေစတယ္။ ဒါ့ျပင္ ႏွလုံးခုန္ တအားျမန္လာၿပီး၊ ေသေလာက္ေအာင္ဆိုးတဲ့ ႏွလုံးခုန္မမွန္တာနဲ႔ ပန္းနာထသလို အဆုတ္ေလႁပြန္ေတြ က်ဥ္းတာေတြျဖစ္လာမယ္။ ေရာဂါေဗဒဂ်ာနယ္မွာ ဒီေဆးရဲ႕ ဟယ္လူစီေနးရွင္းသတၱိဟာ စိတ္သာယာဖို႔ထက္ ေၾကာက္မက္ဖြယ္ျဖစ္ေစတယ္လို႔ ေရးထားတယ္။ အနည္းဆုံး ခဏတာ႐ူးသြပ္ေစတယ္။

ဒီေဆးမ်ိဳးနဲ႔ေဖ်ာ္စပ္ထားတဲ့ Tonga ကိုေသာက္တဲ့လူတေယာက္ကို (ဆြစ္) သဘာဝသိပၸံပညာရွင္ Johann von Tschudi ကေန ေစ့ေစ့ငုငုေလ့လာတယ္။ ဒီလူဟာ ဘာမွန္းမွ မသိသလို ေျမႀကီးကို စိုက္ၾကည့္ေနတယ္။ ပါးစပ္ကိုစိေနေအာင္ ပိတ္ထားတယ္။ ႏွာေခါင္းက ျပားခ်ပ္ေနတယ္။ နဖူးမွာေခြၽးစီးေတြ ပ်ံလာတယ္။ လူေသလိုပဲ ေအးစက္ေနတယ္။ လည္ပင္းေသြးေၾကာေတြေထာင္ေနတယ္။ အသက္ရွဴတာလည္း ရင္ဘတ္က ခပ္ေႏွးေႏွး ေဖာင္းလိုက္-ျပားလိုက္နဲ႔ တစီစီျမည္ေနတယ္။ လက္ႏွစ္ဖက္ကတင္းၿပီး ေဘးခ်ထားတယ္။ မ်က္လုံးကမ်က္ရည္ေတြ အမ်ားႀကီးစီးက်လာတယ္။ ႏႈတ္ခမ္းက ႐ြစိ႐ြစိျဖစ္လာတယ္။ အသက္ရွဴျမန္လာတယ္။
ဒီလိုျဖစ္ေနတာ ၁၅ မိနစ္ၾကာတယ္။

အဲဒီေနာက္ အဲလိုျဖစ္တာေတြက ျပင္းထန္လာတယ္။ မ်က္လုံးေတြနီရဲၿပီး ေျခာက္လာ၊ လည္လာတယ္။ မ်က္ႏွာႂကြက္သားေတြတြန႔္လႈပ္လာတယ္။ တစ္ဝက္တပ်က္ ပြင့္ေနတဲ့ပါးစပ္က အျမႇဳပ္ျဖဴေတြထြက္လာတယ္။ လည္ပင္းေၾကာေတြ လႈပ္တာျမန္လြန္းလို႔ ေရလို႔ေတာင္မရဘူး။ အသက္ရွဴတာတိုေတာင္းၿပီး ျမန္လာတယ္။ ရင္ဘတ္လႈပ္ေနတယ္မထင္ရဘူး။ ျမင္ေတာ့ေနရတယ္။ ေခြၽးစီးေတြ တစ္ကိုယ္လုံးစို႐ႊဲလာတယ္။ တက္ေနသလိုျဖစ္လာတယ္။ ၿငိမ္ေနလိုက္ အသံက်ယ္ႀကီးနဲ႔ေအာ္လိုက္ ဘာသံေတြလည္း ခြဲလို႔မရဘူး။

ကိုလမ္ဘီယာႏိုင္ငံမွာ လမ္းေဘးေဆးဝါးအျဖစ္သုံးၾကတယ္။ အမႈန႔္ကိုသုံးတယ္။ ပုံမွန္စိတ္ေတြ ေပ်ာက္သြားေစမယ္။ ေသခ်င္လည္းေသသြားမယ္။ စုန္းေမွာ္အတတ္ပညာမွာလည္း သုံးတယ္လို႔သိရတယ္။ ဒါ့ေၾကာင့္ Zombie drug လို႔လည္း နာမည္ရတယ္။ ဖုတ္ေကာင္ေတြလိုျဖစ္ေစလို႔ပါ။

Date rape drug ေခၚတဲ့ ပါတီသုံးေဆး၊ ရက္ခ်ိန္နဲ႔ မုဒိန္းက်င့္တဲ့ေဆးထက္ ၄ ဆျပင္းတယ္။ နာဇီမွာ Angel of death ေသမင္းတမန္လို႔ နာမည္ရထားတဲ့ Joseph Mengele ကလည္း စမ္းသပ္မႈေတြလုပ္ခဲ့တယ္။ CIA နဲ႔ Czechoslovak communist secret police ခ်က္ကြန္ျမဴနစ္လွ်ိဳ႕ဝွက္ပုလိပ္ေတြကသုံးတယ္။ ျမန္မာစစ္ေထာက္လွမ္းေရးလည္း ဒီပဲယင္းအေရးအခင္းမွာ သုံးတယ္လို႔သံသယရွိၾကတယ္။

ခ်ိဳခ်ဥ္၊ စီးကရက္၊ ခ်ဴးယင္းဂမ္း(ပီေက)၊ ဘီယာစတာေတြထဲမွာခပ္ၿပီး မေတာ္မတရားအလုပ္ ခံရႏိုင္တယ္။ ခံရသူေတြကို ေဆး႐ုံတင္ကုသရတယ္။ စိတ္မူမမွန္ျဖစ္ေနမယ္။ ကိုယ္ပူမယ္။ ေခြၽးမထြက္ဘူး။ Date rape drug ေခၚတဲ့ ပါတီသုံးေဆး၊ ရက္ခ်ိန္နဲ႔မုဒိန္းက်င့္တဲ့ေဆးထက္ ၄ ဆျပင္းတယ္။ နာဇီမွာ Angel of death ေသမင္းတမန္လို႔ နာမည္ရထားတဲ့ Joseph Mengele ကလည္း စမ္းသပ္မႈေတြလုပ္ခဲ့တယ္။ CIA နဲ႔ Czechoslovak communist secret police ခ်က္ကြန္ျမဴနစ္လွ်ိဳ႕ဝွက္ ပုလိပ္ေတြကသုံးတယ္။ ျမန္မာစစ္ေထာက္လွမ္းေရးလည္း ဒီပဲယင္း အေရးအခင္းမွာသုံးတယ္လို႔ သံသယရွိၾကတယ္။

Credit : ေဒါက္တာတင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇဝေဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။

မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။

မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ်ဖြစ်စေပါသလား။

တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ်စာကတ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း (ဂူဂယ်လ်)မှာတွေ့ပါတယ်။ ရေးထားတာတွေက ပညာပေးနဲ့မတူကြပါ။

၂၂-၅-၂၀၁၃ရက်နေ့က သတင်းတစ်ပုဒ်မှာ Burundanga business card ကတ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အတုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက် ဓာတ်ဆီဆိုင်တစ်ခုမှာ လိပ်စာကတ်ပေးပြီး နောက်ယောင်ခံအလိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။ အဲဒီကပ်မှာ Burundanga ဆေးပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေးပါးစပ်ကနေဝင်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲခပ်ထားတာ သောက်မိရင်တော့ ဖုတ်ဝင်သလိုဖြစ်ပါလိမ့်မယ်။ အဲဒီလိုမျိုး နယူးယောက်မှာဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။

ဘူရူဒန်းဂါဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angle’s Trumpet ပဒိုင်းပင်ဟာလည်း ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဖူးပေမယ့် ကြားဖူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓာတ်ခွဲခန်းမှာလည်းထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဖို့ အများကြီးသုံးပါတယ်။ မှတ်ဉာဏ်ကိုသက်ရောက်စေပြီး ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။

ဆေဝါးဗေဒအလိုအရ ှScopolomine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လည်းခေါ်တယ်။ မျက်စိသူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့အူတွေ အလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွာအနေနဲ့ရတယ်။

Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့သုံးတယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လည်း သုံးတယ်။ နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည်စတာတွေ အထွက်သက်သာအောင်လည်းသုံးတယ်။ ပါကင်ဆိုနဇင်ရောဂါအတွက်လည်းသုံးတယ်။ အရင်တုန်းက ဘိန်းဖြူနဲ့ကို ကိန်းဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လည်းရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့ သုံးတယ်။ ဥပမာ မောဖိန်း။ သားဖွားခန်းမှာလည်း ငြိမ်ဆေးအဖြစ်သုံးကြတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင် ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုပ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုပဲ မှတ်ဉာဏ်လျော့နည်းစေတယ်။

တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ဆိုပြီးသုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဖို့အတွက်လည်းသုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ၊ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုပ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီးတိုက်တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ် . . .

၉-၇-၂၀၁၀ ရက်နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ်လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ သေလောက်အောင်ဆိုးတဲ့ နှလုံးခုန်မမှန်တာနဲ့ ပန်းနာထသလို အဆုတ်လေပြွန်တွေ ကျဉ်းတာတွေဖြစ်လာမယ်။ ရောဂါဗေဒဂျာနယ်မှာ ဒီဆေးရဲ့ ဟယ်လူစီနေးရှင်းသတ္တိဟာ စိတ်သာယာဖို့ထက် ကြောက်မက်ဖွယ်ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာရူးသွပ်စေတယ်။

ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့လူတယောက်ကို (ဆွစ်) သဘာဝသိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငုလေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကိုစိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာချွေးစီးတွေ ပျံလာတယ်။ လူသေလိုပဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေထောင်နေတယ်။ အသက်ရှူတာလည်း ရင်ဘတ်က ခပ်နှေးနှေး ဖောင်းလိုက်-ပြားလိုက်နဲ့ တစီစီမြည်နေတယ်။ လက်နှစ်ဖက်ကတင်းပြီး ဘေးချထားတယ်။ မျက်လုံးကမျက်ရည်တွေ အများကြီးစီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။
ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။

အဲဒီနောက် အဲလိုဖြစ်တာတွေက ပြင်းထန်လာတယ်။ မျက်လုံးတွေနီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာကြွက်သားတွေတွန့်လှုပ်လာတယ်။ တစ်ဝက်တပျက် ပွင့်နေတဲ့ပါးစပ်က အမြှုပ်ဖြူတွေထွက်လာတယ်။ လည်ပင်းကြောတွေ လှုပ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ဘတ်လှုပ်နေတယ်မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တစ်ကိုယ်လုံးစိုရွှဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့အော်လိုက် ဘာသံတွေလည်း ခွဲလို့မရဘူး။

ကိုလမ်ဘီယာနိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ်သုံးကြတယ်။ အမှုန့်ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လည်းသေသွားမယ်။ စုန်းမှော်အတတ်ပညာမှာလည်း သုံးတယ်လို့သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လည်း နာမည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။

Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့ဝှက်ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့သံသယရှိကြတယ်။

ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း(ပီကေ)၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ် ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတင်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့ဝှက် ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်း အရေးအခင်းမှာသုံးတယ်လို့ သံသယရှိကြတယ်။

Credit : ဒေါက်တာတင့်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top