iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲတံုးၾကီးက အရည္ေပ်ာ္ဖို႔ခက္ေနတယ္ဆို ကိုယ့္ရဲ႕ အခ်စ္ေတြနဲ႔ ေဖ်ာ္ခ်ေပးလိုုက္ပါတစ္ခါတေလ ခ်စ္သူေတြျဖစ္ဖို႔ဆိုတာ သတၱိေလးေတြလည္း လိုအပ္ပါေသးတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘာမွ မဖြင့္ဟပဲ တရား၀င္ခ်စ္သူျဖစ္ဖို႔ဆိုတာ တကယ္မလြယ္တဲ့ကိစၥ တစ္ခုပါ။ ဒါေၾကာင့္ ” ခ်စ္တယ္ ” ဆိုတဲ့ ကမၻာေပၚက အခ်ိဳသာ ဆံုးစကားလံုးေလးေတြကို ဖြင့္ေျပာမွကိုျဖစ္မွာပါ။ တစ္ခ်ိဳ႕ အမ်ိဳးသား ေတြဟာ အေနေအးတာတစ္ေၾကာင္း ရိုးတာ တစ္ေၾကာင္း စတဲ့အေၾကာင္းတရားေတြေၾကာင့္ မိန္းကေလး တစ္ေယာက္ကို ခ်စ္တဲ့အေၾကာင္းဖြင့္ေျပာဖို႔ အေတာ္ေလးခဲယဥ္း ၾကတဲ့ အေန အထားတစ္ခု မွာ တည္ရွိေနတတ္ပါတယ္။ ဒီလို လူမ်ိဳးကို ခ်စ္မိေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ကေတာ့ နည္းနည္း ေလး ကိုယ့္ဖက္က ေရလာေျမာင္းေပးလုပ္ရတဲ့ အခါမ်ိဳးေတြလဲ ရွိတတ္ပါတယ္။

ေရလာေျမာင္းေပးလုပ္ရတာကေတာ့ အမ်ိဳးသမီးေတြကြ်မ္းက်င္ တဲ့အပိုင္းပါပဲ။ မိန္းမမာယာေတြထဲမွာလည္း ေရလာေျမာင္းေပး တဲ့အေနအထားေလးေတြ ပါ၀င္ပါတယ္။ ေသခ်ာေလ့လာသင့္ တာတစ္ခုက သူကကိုယ့္ကို သေဘာက်ႏွစ္သက္လားဆိုတာ ပါပဲ။ သူကသေဘာက်ေနျပီး သင့္ကိုဖြင့္မေျပာရဲဘူး ဆိုရင္ေတာ့ သင့္ဖက္ကလုပ္စရာရွိတဲ့ ကိစၥေလးေတြကို လုပ္ရမွာပါ။ ပထမ ဆံုးအေနနဲ႔ သူနဲ႔သင္ ရင္းႏွီးေအာင္လုပ္ရမွာပါ။ သူ႕ကိုျမင္ရင္ ျပံဳးျပတာျဖစ္ျဖစ္ ရင္းရင္းႏွီးႏွီးရယ္ရယ္ေမာေမာ စကားေျပာတာ ျဖစ္ျဖစ္ ဒီလိုအျပဳအမူေလးေတြလုပ္ေပးရပါမယ္။ ဒါဆိုရင္သင့္ကို သူ႕စိတ္ထဲမွာ အရင္ကထက္ ပိုျပီးရင္းႏွီးေႏြးေထြးသြားပါလိမ့္ မယ္။ ဒီလိုအေျခအေနေလးတစ္ခုကို ဖန္တီးႏိုင္ျပီဆိုရင္ သူ႔ဖက္ က သင့္ကိုဖြင့္ေျပာဖို႔ တြန္းအားေလးအနည္းငယ္ရသြားသလို ပါပဲ။

ဒီလိုအခ်ိန္မွာမိန္းကေလးေတြအေနနဲ႔ စတင္လုပ္ေဆာင္သင့္ တာက သူနဲ႔အတူတူ အျပင္သြားတာမ်ိဳးပါ ရုပ္ရွင္သြားၾကည့္တာ ျဖစ္ျဖစ္ မုန္႔အတူသြားစားတာျဖစ္ျဖစ္ ဒီလိုအေျခအေနမ်ိဳးကို ဖန္တီးတတ္ရပါမယ္။ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ ႏွစ္ေယာက္ တည္းျဖစ္ျဖစ္ ဒီလိုအတူသြား အတူစားျပီဆိုရင္ ေရခဲတံုးၾကီးက မၾကာခင္ေပ်ာ္က်ေတာ့မွာ 60 % ေလာက္ ေသခ်ာေနပါျပီ။ အေတာ္အသင့္ရင္းႏွီးမႈရျပီဆိုရင္ Facebook ကေနတဆင့္ စကားသြားေျပာပါ။ ေန႔စဥ္ကိစၥအေရးၾကီးတာျဖစ္ျဖစ္ မၾကီးတာ ျဖစ္ျဖစ္ အကုန္ေျပာပါ။ ဒါဟာရင္းႏွီးမႈယူတဲ့သေဘာပါပဲ။ အေတာ္အသင့္ရင္းႏွီးျပီဆိုရင္ သူသင့္ကိုဖြင့္ေျပာေအာင္ ေျမာင္း ေဖာက္ပါေတာ့။ ဥပမာ သင့္ကိုခ်စ္ေနတဲ့သူေတြရွိေၾကာင္း သင္ကသူတို႔ကိုစိတ္မ၀င္စားေၾကာင္း စတဲ့အေၾကာင္းအရာေတြ ကို သူသိေအာင္ေျပာေပးပါ။ ဒီလိုဆိုရင္ သူ႕ရဲ႕စိတ္မွာ သင့္ကို ဆံုးရံႈးရမွာေၾကာက္တဲ့စိတ္နဲ႔ ရိွသမွ်သတၱိအကုန္ထုတ္သံုးျပီး ခ်စ္စကားေျပာလာပါလိမ့္မယ္။ ဒီနည္းလမ္းဟာ မိန္းကေလးတိုင္း လိုလိုက်င့္သံုးၾကပါတယ္။ တစ္ခ်ိဳ႕လည္း ဒီထက္ၾကမ္းတဲ့ နည္း လမ္းေတြနဲ႔ ေရလာေျမာင္းေပးလုပ္တတ္ၾကပါတယ္။ ဒီနည္းလမ္း ကေတာ့ ရိုးရွင္းလြယ္ကူျပီး အဆင္ေျပနို္င္တဲ့ နည္းလမ္းေလးဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အဓိကအေရးၾကီးတာက ေရလာ ေျမာင္းေပးလုပ္တဲ့အခ်ိန္မွာ အရမ္းၾကီးသဲသဲလႈပ္စရာ မလိုပါဘူး။ ပံုမွန္အေနအထားေလးကိုမွ အနည္းငယ္ေလးပိုရံုပါပဲ။

Credit :Marry
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေခဲတုံးကြီးက အရည်ပျော်ဖို့ခက်နေတယ်ဆို ကိုယ့်ရဲ့ အချစ်တွေနဲ့ ဖျော်ချပေးလိုုက်ပါတစ်ခါတလေ ချစ်သူတွေဖြစ်ဖို့ဆိုတာ သတ္တိလေးတွေလည်း လိုအပ်ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မဖွင့်ဟပဲ တရားဝင်ချစ်သူဖြစ်ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စ တစ်ခုပါ။ ဒါကြောင့် ” ချစ်တယ် ” ဆိုတဲ့ ကမ္ဘာပေါ်က အချိုသာ ဆုံးစကားလုံးလေးတွေကို ဖွင့်ပြောမှကိုဖြစ်မှာပါ။ တစ်ချို့ အမျိုးသား တွေဟာ အနေအေးတာတစ်ကြောင်း ရိုးတာ တစ်ကြောင်း စတဲ့အကြောင်းတရားတွေကြောင့် မိန်းကလေး တစ်ယောက်ကို ချစ်တဲ့အကြောင်းဖွင့်ပြောဖို့ အတော်လေးခဲယဉ်း ကြတဲ့ အနေ အထားတစ်ခု မှာ တည်ရှိနေတတ်ပါတယ်။ ဒီလို လူမျိုးကို ချစ်မိနေတဲ့ အမျိုးသမီးတွေအနေနဲ့ကတော့ နည်းနည်း လေး ကိုယ့်ဖက်က ရေလာမြောင်းပေးလုပ်ရတဲ့ အခါမျိုးတွေလဲ ရှိတတ်ပါတယ်။

ရေလာမြောင်းပေးလုပ်ရတာကတော့ အမျိုးသမီးတွေကျွမ်းကျင် တဲ့အပိုင်းပါပဲ။ မိန်းမမာယာတွေထဲမှာလည်း ရေလာမြောင်းပေး တဲ့အနေအထားလေးတွေ ပါဝင်ပါတယ်။ သေချာလေ့လာသင့် တာတစ်ခုက သူကကိုယ့်ကို သဘောကျနှစ်သက်လားဆိုတာ ပါပဲ။ သူကသဘောကျနေပြီး သင့်ကိုဖွင့်မပြောရဲဘူး ဆိုရင်တော့ သင့်ဖက်ကလုပ်စရာရှိတဲ့ ကိစ္စလေးတွေကို လုပ်ရမှာပါ။ ပထမ ဆုံးအနေနဲ့ သူနဲ့သင် ရင်းနှီးအောင်လုပ်ရမှာပါ။ သူ့ကိုမြင်ရင် ပြုံးပြတာဖြစ်ဖြစ် ရင်းရင်းနှီးနှီးရယ်ရယ်မောမော စကားပြောတာ ဖြစ်ဖြစ် ဒီလိုအပြုအမူလေးတွေလုပ်ပေးရပါမယ်။ ဒါဆိုရင်သင့်ကို သူ့စိတ်ထဲမှာ အရင်ကထက် ပိုပြီးရင်းနှီးနွေးထွေးသွားပါလိမ့် မယ်။ ဒီလိုအခြေအနေလေးတစ်ခုကို ဖန်တီးနိုင်ပြီဆိုရင် သူ့ဖက် က သင့်ကိုဖွင့်ပြောဖို့ တွန်းအားလေးအနည်းငယ်ရသွားသလို ပါပဲ။

ဒီလိုအချိန်မှာမိန်းကလေးတွေအနေနဲ့ စတင်လုပ်ဆောင်သင့် တာက သူနဲ့အတူတူ အပြင်သွားတာမျိုးပါ ရုပ်ရှင်သွားကြည့်တာ ဖြစ်ဖြစ် မုန့်အတူသွားစားတာဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးကို ဖန်တီးတတ်ရပါမယ်။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် နှစ်ယောက် တည်းဖြစ်ဖြစ် ဒီလိုအတူသွား အတူစားပြီဆိုရင် ရေခဲတုံးကြီးက မကြာခင်ပျော်ကျတော့မှာ 60 % လောက် သေချာနေပါပြီ။ အတော်အသင့်ရင်းနှီးမှုရပြီဆိုရင် Facebook ကနေတဆင့် စကားသွားပြောပါ။ နေ့စဉ်ကိစ္စအရေးကြီးတာဖြစ်ဖြစ် မကြီးတာ ဖြစ်ဖြစ် အကုန်ပြောပါ။ ဒါဟာရင်းနှီးမှုယူတဲ့သဘောပါပဲ။ အတော်အသင့်ရင်းနှီးပြီဆိုရင် သူသင့်ကိုဖွင့်ပြောအောင် မြောင်း ဖောက်ပါတော့။ ဥပမာ သင့်ကိုချစ်နေတဲ့သူတွေရှိကြောင်း သင်ကသူတို့ကိုစိတ်မဝင်စားကြောင်း စတဲ့အကြောင်းအရာတွေ ကို သူသိအောင်ပြောပေးပါ။ ဒီလိုဆိုရင် သူ့ရဲ့စိတ်မှာ သင့်ကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ရှိသမျှသတ္တိအကုန်ထုတ်သုံးပြီး ချစ်စကားပြောလာပါလိမ့်မယ်။ ဒီနည်းလမ်းဟာ မိန်းကလေးတိုင်း လိုလိုကျင့်သုံးကြပါတယ်။ တစ်ချို့လည်း ဒီထက်ကြမ်းတဲ့ နည်း လမ်းတွေနဲ့ ရေလာမြောင်းပေးလုပ်တတ်ကြပါတယ်။ ဒီနည်းလမ်း ကတော့ ရိုးရှင်းလွယ်ကူပြီး အဆင်ပြေနိုင်တဲ့ နည်းလမ်းလေးဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ အဓိကအရေးကြီးတာက ရေလာ မြောင်းပေးလုပ်တဲ့အချိန်မှာ အရမ်းကြီးသဲသဲလှုပ်စရာ မလိုပါဘူး။ ပုံမှန်အနေအထားလေးကိုမှ အနည်းငယ်လေးပိုရုံပါပဲ။

Credit :Marry

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top