iMyanmarHouse.com - Best Property Website for Myanmar
×





Credit : cantwait2say

ကဲ.. စာဖတ်သူတွေအတွက် ပျော်စရာ ရယ်စရာ ဗီဒီယိုလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ စိုင်းစိုင်း ရဲ့ အသံတု လုပ်ပြီးတော့ ဝတ်မှုန်ရွှေရည်ကို နောက်ပြောင်ခဲ့တဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေး ပဲ ဖြစ်ပါတယ်။ ဒါလေး ကို ကြည့်ပြီး အတူတူရယ်မောလိုက်ရအောင်နော်။

အဆိုပါ ဗီဒီယိုထဲမှာဆိုရင်တော့ တွေ့မြင်ရတဲ့ အတိုင်း ဝတ်မှုန်ရွှေရည် သီချင်းဆိုနေတုန်း နေတိုးက ဝင်ရောက်နောက်ပြောင်နေတာပါ။ သူငယ်ချင်း အပေါင်းအသင်းတွေ အတူတူ သီချင်းဆိုနေကြတုန်း ရိုက်ကူးလိုက်တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်နဲ့ စိုင်းစိုင်းရဲ့ တချိန်က ဇာတ်လမ်းတွေကို နောက်ပြောင်ချင်စိတ်နဲ့ နေတိုးက အခုလို အသောဖောက်လိုက်တာ ဖြစ်မှာပါ။

ဝတ်မှုန်ရွှေရည်ကတော့ မကြာသေးခင်ပဲ မိုးကုတ်နှစ် ၈၀၀ ပြည့် ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ ရှမ်းဝတ်စုံလေးနဲ့ အားလုံးကြားမှာ အလှဆုံး ဖြစ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

နေတိုးကတော့ မကြာသေးခင်ကပဲ တာတေကြီး ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကို ရရှိထားတာပဲ ဖြစ်ပါတယ်။

Credit : cantwait2say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top