iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ပေါ့ပါးလွတ်လပ်စေတယ်
Credit : Lyhealthcare
၁။ သွေးလည်ပတ်မှုကို ပိုမိုပြီးကောင်းမွန်စေပါတယ်
နံနက်ခင်းမှာ ရေအေးနဲ့ချိုးတာထက် ရေနွေးနဲ့ချိုးတာက ပိုမိုပြီးသွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်းသန်မာစေပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းဟာ ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုစေပါတယ်။
၂။ ပေါ့ပါးလွတ်လပ်စေတယ်
အိပ်ယာနိုးတဲ့အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေရင် မနက်ခင်းရေချိုးလိုက်တဲ့အတွက်ကြောင့် ပေါ့ပါးလွတ်လပ်သွားပါတယ်။
၃။ ဖိစီးမှုတွေကို သက်သာစေပါတယ်
နံနက်ခင်းရေချိုးခြင်းဟာ စိတ်ဖိစီးမှုတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေဖြစ်နေခဲ့ရင် မနက်ခင်းရေချိုးခြင်းကများစွာ အထောက်အကူပြုစေမှာပါ။
၄။ ကြွက်သားများအတွက်လည်း ကောင်းမွန်စေပါတယ်
နံနက်ခင်းမှာလမ်းလျှောက်တာပဲဖြစ်ဖြစ်၊ gym ဆော့တာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းတစ်စုံတစ်ခုလုပ်ပြီးတာနဲ့ရေချိုးခြင်းဟာ ကြွက်သားများကိုပိုမိုပြီး သန်မာစေပါတယ်။
၅။ အမျိုးသားတွေအတွက်အထူးပင် ကောင်းမွန်ပါတယ်
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရတစ်ပတ်မှာ တစ်ကြိမ်ခန့်အေးတဲ့ရေနဲ့ နံနက်ခင်းရေချိုးခြင်းဟာ သုပ်ပိုများကို ပိုမိုပြီးဖွံဖြိုးစေနိုင်တယ်လို့ဆိုပါတယ်။
၆။ ဆံပင်အတွက်လည်း ကောင်းမွန်စေပါတယ်
ရေနွေး(သို့)ရေအေးနဲ့ နံနက်ခင်းခေါင်းလျှော်ခြင်းဟာ ဆံပင်မကျွတ်ခြင်းအတွက် အထူးပင်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သားမကောင်းခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်းတို့အတွက်လည်းကာကွယ် တားဆီးပေးပါတယ်။
Credit : Lyhealthcare
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top