iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕မိန္းကေလးေတြဟာ မခ်စ္တတ္ေလေရာသလားလို႔ ထင္ရေလာက္ေအာင္ ႏွလံုးသား ေအးစက္ၾကသူေတြပါ။ တကယ္ေတာ့ သူတုိ႔မွာ ထူးျခားခ်က္ေလးေတြရွိၿပီး အဲလိုမိန္းကေလးမ်ဳိးကိုမွ ခ်စ္မိၿပီဆုိရင္ေတာ့ သူတုိ႔ေတြမွာ တူညီေနတဲ့ ဒီအခ်က္ေလးကို သိထားသင့္ပါတယ္။

၁။ ဆုိးဆုိးရြားရြား နာက်င္ခဲ့ဖူးသူေတြျဖစ္တယ္

လူတစ္ေယာက္ဟာ ညတြင္းခ်င္း ေအးစက္ထံုထိုင္းမသြားႏုိင္ပါဘူး။ ကိုယ္ေကာင္းရဲ႕သားနဲ႔ ျပန္မေကာင္းတာေတြ၊ ျပန္ရလိုက္တဲ့ နာက်င္မႈေတြ မ်ားျပားလာခ်ိန္မွာ လူတစ္ေယာက္ရဲ႕ ႏွလံုးသားဟာ ေအးစက္မာေက်ာသြားတတ္ပါတယ္။

၂။ ေအးစက္တဲ့ မိန္းကေလးေတြဟာ ႏွစ္ႏွစ္ကာကာခ်စ္တတ္တဲ့ခ်စ္သူေတြျဖစ္တယ္

သူတုိ႔ေတြရဲ႕ အခ်စ္ကိ ရၿပီဆုိရင္ သစၥာမရွိမွာာစကို စိုးရိမ္စရာမလုိပါဘူး။ နာက်င္ဖူးသူေတြျဖစ္တဲ့အတြက္ သင့္ကို တကယ္ခ်စ္မိတဲ့အခါ၊ သင့္အခ်စ္ကို ခံစားမိတဲ့အခါ သင့္အေပၚ ႏွစ္ႏွစ္ကာကာခ်စ္မယ့္သူေတြပါ။

၃။ သူတုိ႔ဘာသာ ရပ္တည္ႏုိင္တယ္

ကိုယ့္ဘဝကို ကိုယ့္ဘာသာ ထူေထာင္ႏိုင္တဲ့ သူတစ္ေယာက္ကို ရွာေနတာဆုိရင္ေတာ့ အဲဒီလို မိန္းကေလးမ်ဳိးကို ေရြးခ်ယ္သင့္ပါတယ္။ သူတုိ႔ေတြက အဓိပၸာယ္မရွိတဲ့ လုပ္ရပ္ေတြကို မလုပ္တဲ့အတြက္၊ စိတ္ဓာတ္ခုိင္မာ မာေက်ာတဲ့အတြက္ အလုပ္အကိုင္ေကာင္းေကာင္း၊ ရာထူးျမင့္ျမင့္ ရွိတတ္ၾကပါတယ္။

၄။ သူတုိ႔ကို ရတဲ့သူေတြကို တျခားသူေတြက အံ့ၾသလိမ့္မယ္

ေအးစက္တဲ့ ႏွလံုးသားပိုင္ရွင္ မိန္းကေလးေတြက ရလြယ္သူေတြ မဟုတ္ပါဘူး။ သူတုိ႔ဟာ အလုပ္ကို ဦးစားေပးတယ္၊ သူတုိ႔ရဲ႕ ကိုယ္ပိုင္အေတြးအေခၚနဲ႔ေနတယ္၊ ဘယ္သူမွမရွိလဲ တစ္ေယာက္တည္းေနတတ္တယ္။ သူတုိ႔ကမာၻမွာ သူတို႔သာလွ်င္ ဘုရင္မပဲ။

၅။ ေအးစက္မႈကို ၿဖိဳခြင္းႏိုင္ၿပီဆုိရင္ သင္ဟာ သူ႔ရဲ႕ကမာၻျဖစ္သြားၿပီ

ေအးစက္တဲ့ ႏွလံုးသားပိုင္ရွင္ မိန္းကေလးေတြဟာ သူတုိ႔ တကယ္ခ်စ္သူကို ေပးႏုိင္တဲ့ ေပ်ာ္ရႊင္မႈက အံ့ၾသစရာပါ။ သင္ဘယ္လိုပဲျဖစ္ျဖစ္ သင့္ဘက္က အခိုင္အမာ ရပ္တည္ေပးမယ့္ ခ်စ္သူေကာင္းတစ္ေယာက္ျဖစ္တယ္။

Source & Photos : Life

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တချို့မိန်းကလေးတွေဟာ မချစ်တတ်လေရောသလားလို့ ထင်ရလောက်အောင် နှလုံးသား အေးစက်ကြသူတွေပါ။ တကယ်တော့ သူတို့မှာ ထူးခြားချက်လေးတွေရှိပြီး အဲလိုမိန်းကလေးမျိုးကိုမှ ချစ်မိပြီဆိုရင်တော့ သူတို့တွေမှာ တူညီနေတဲ့ ဒီအချက်လေးကို သိထားသင့်ပါတယ်။

၁။ ဆိုးဆိုးရွားရွား နာကျင်ခဲ့ဖူးသူတွေဖြစ်တယ်

လူတစ်ယောက်ဟာ ညတွင်းချင်း အေးစက်ထုံထိုင်းမသွားနိုင်ပါဘူး။ ကိုယ်ကောင်းရဲ့သားနဲ့ ပြန်မကောင်းတာတွေ၊ ပြန်ရလိုက်တဲ့ နာကျင်မှုတွေ များပြားလာချိန်မှာ လူတစ်ယောက်ရဲ့ နှလုံးသားဟာ အေးစက်မာကျောသွားတတ်ပါတယ်။

၂။ အေးစက်တဲ့ မိန်းကလေးတွေဟာ နှစ်နှစ်ကာကာချစ်တတ်တဲ့ချစ်သူတွေဖြစ်တယ်

သူတို့တွေရဲ့ အချစ်ကိ ရပြီဆိုရင် သစ္စာမရှိမှာာစကို စိုးရိမ်စရာမလိုပါဘူး။ နာကျင်ဖူးသူတွေဖြစ်တဲ့အတွက် သင့်ကို တကယ်ချစ်မိတဲ့အခါ၊ သင့်အချစ်ကို ခံစားမိတဲ့အခါ သင့်အပေါ် နှစ်နှစ်ကာကာချစ်မယ့်သူတွေပါ။

၃။ သူတို့ဘာသာ ရပ်တည်နိုင်တယ်

ကိုယ့်ဘဝကို ကိုယ့်ဘာသာ ထူထောင်နိုင်တဲ့ သူတစ်ယောက်ကို ရှာနေတာဆိုရင်တော့ အဲဒီလို မိန်းကလေးမျိုးကို ရွေးချယ်သင့်ပါတယ်။ သူတို့တွေက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို မလုပ်တဲ့အတွက်၊ စိတ်ဓာတ်ခိုင်မာ မာကျောတဲ့အတွက် အလုပ်အကိုင်ကောင်းကောင်း၊ ရာထူးမြင့်မြင့် ရှိတတ်ကြပါတယ်။

၄။ သူတို့ကို ရတဲ့သူတွေကို တခြားသူတွေက အံ့သြလိမ့်မယ်

အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေက ရလွယ်သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အလုပ်ကို ဦးစားပေးတယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့နေတယ်၊ ဘယ်သူမှမရှိလဲ တစ်ယောက်တည်းနေတတ်တယ်။ သူတို့ကမ္ဘာမှာ သူတို့သာလျှင် ဘုရင်မပဲ။

၅။ အေးစက်မှုကို ဖြိုခွင်းနိုင်ပြီဆိုရင် သင်ဟာ သူ့ရဲ့ကမ္ဘာဖြစ်သွားပြီ

အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေဟာ သူတို့ တကယ်ချစ်သူကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက အံ့သြစရာပါ။ သင်ဘယ်လိုပဲဖြစ်ဖြစ် သင့်ဘက်က အခိုင်အမာ ရပ်တည်ပေးမယ့် ချစ်သူကောင်းတစ်ယောက်ဖြစ်တယ်။

Source & Photos : Life

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top