iMyanmarHouse.com - Best Property Website for Myanmar
×

လူ႕ခႏၶာကိုယ္ထဲက အစိတ္အပိုင္းေတြမွာ အသည္းကေတာ့ အလုပ္အမ်ားဆံုး လုပ္ရတဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္႐ွားေပးၿပီး ဇီဝျဖစ္စဥ္ေတြ ေကာင္းမြန္ဖို႔လည္း လုပ္ေဆာင္ေပးေနရ တဲ့အရာပါ။ ဒါေၾကာင့္ အရမ္းအလုပ္မ်ားတဲ့ အသည္းကို က်န္းမာသန္႔႐ွင္းေအာင္ ထားေပးဖုိ႔ လိုပါတယ္။

၁။ ၾကက္သြန္ျဖဴ

ဆာလဖာကြန္ေပါင္းေတြက အသည္းကို အထူးက်န္းမာေစၿပီး အသည္းမွာ ကပ္ၿငိေနတဲ့  အဆိပ္အေတာက္ေတြကို ႐ွင္းေပးပါတယ္။

၂။ ဂရိတ္ဖ႐ု

ဗီတာမင္ စီ နဲ႔ ဓာတ္တုိးဆန္႔က်င္ပစၥည္းေတြ ၾကြယ္ဝလို႔ အသည္းကို သန္႔႐ွင္းေစပါတယ္။

၃။ လက္ဖက္စိမ္း

လက္ဖက္ရည္ၾကမ္း ေန႔စဥ္ေသာက္ေပးရင္ အသည္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျမႇင့္တင္ေပးပါတယ္။

၄။ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္မ်ား

အထူးသျဖင့္ ၾကက္ဟင္းခါးသီး၊ ဟင္းႏုႏြယ္႐ြက္တုိ႔က အသည္းကို သန္႔႐ွင္းေပးေစႏိုင္ၿပီး အဆိပ္အေတာက္ေတြကို ဓာတ္ျပယ္ေစပါတယ္။

၅။ သစ္ၾကားသီး

သစ္ၾကားသီးဟာ ေသြးထဲက ေအာက္ဆီဂ်င္ကို ေထာက္ပံ့ကူညီေပးႏိုင္တာေၾကာင့္ အသည္းသန္႔႐ွင္းေရး လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစပါတယ္။

၆။ နႏြင္း

ျမန္မာေတြကေတာ့ သေဘာက်မွာပါ။ ဟင္းခ်က္တုိင္း အသံုးျပဳေနၾကတဲ့ နႏြင္းဟာ အသည္းအတြက္ေတာ့ စူပါအစားအစာပါပဲ။ အသည္းကို က်န္းမာေစႏိုင္သလို အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးပါတယ္။ ဒါ့အျပင္ ထိခိုက္ပ်က္စီးေနတ့ဲ အသည္းရဲ႕ အစိတ္အပိုင္းေတြကို ျပန္လည္ေကာင္းမြန္လာေစပါသတဲ့။

Source & Photo : Foodmatters

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေမှာ အသည်းကတော့ အလုပ်အများဆုံး လုပ်ရတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး ဇီဝဖြစ်စဉ်တွေ ကောင်းမွန်ဖို့လည်း လုပ်ဆောင်ပေးနေရ တဲ့အရာပါ။ ဒါကြောင့် အရမ်းအလုပ်များတဲ့ အသည်းကို ကျန်းမာသန့်ရှင်းအောင် ထားပေးဖို့ လိုပါတယ်။

၁။ ကြက်သွန်ဖြူ

ဆာလဖာကွန်ပေါင်းတွေက အသည်းကို အထူးကျန်းမာစေပြီး အသည်းမှာ ကပ်ငြိနေတဲ့  အဆိပ်အတောက်တွေကို ရှင်းပေးပါတယ်။

၂။ ဂရိတ်ဖရု

ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝလို့ အသည်းကို သန့်ရှင်းစေပါတယ်။

၃။ လက်ဖက်စိမ်း

လက်ဖက်ရည်ကြမ်း နေ့စဉ်သောက်ပေးရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။

၄။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အထူးသဖြင့် ကြက်ဟင်းခါးသီး၊ ဟင်းနုနွယ်ရွက်တို့က အသည်းကို သန့်ရှင်းပေးစေနိုင်ပြီး အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေပါတယ်။

၅။ သစ်ကြားသီး

သစ်ကြားသီးဟာ သွေးထဲက အောက်ဆီဂျင်ကို ထောက်ပံ့ကူညီပေးနိုင်တာကြောင့် အသည်းသန့်ရှင်းရေး လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

၆။ နနွင်း

မြန်မာတွေကတော့ သဘောကျမှာပါ။ ဟင်းချက်တိုင်း အသုံးပြုနေကြတဲ့ နနွင်းဟာ အသည်းအတွက်တော့ စူပါအစားအစာပါပဲ။ အသည်းကို ကျန်းမာစေနိုင်သလို အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးနေတဲ့ အသည်းရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ကောင်းမွန်လာစေပါသတဲ့။

Source & Photo : Foodmatters

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top