iMyanmarHouse.com - Best Property Website for Myanmar
×





Photo: သူရိယ ဖေ့စ်ဘုတ်

Credit : Duwun
ပို့သပေးပါတယ်။

သူရိယတစ်ယောက် ချစ်သူလေးက လေဆိပ်မှာ လမ်းမလျှောက်နိုင်တော့ဘူးဆိုလို့ ထမ်းမခေါ်လိုက်ရပဲ ဘယ်လိုခေါ်လာရ သလဲ ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

'' လေဆိပ်မှာ လမ်းမလျှောက်နိုင်တော့ဘူးဆိုလို့လေ...အဲလိုခေါ်သွားရတယ်.....တော်သေးတာပေါ့ ထမ်းမခေါ်ရလို့...'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။ သူရိယတို့နဲ့ ဆုအိမ့်စံတို့ရဲ့ အချစ်ရေးကတော့ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေ အားကျလောက်စရာကောင်းတဲ့ စုံတွဲလေးတစ်တွဲပါပဲ။ နှစ်ယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်ကြလို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ အများကြီးလည်း ရှိကြပါတယ်။

သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေတာကို ပရိသတ်တွေ တွေ့မြင်ရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲသလို ရန်ဖြစ်ရင်လည်း မိနစ်ပိုင်းတောင် မကြာပဲ ပြန်ခေါ်တက်တဲ့သူတို့နှစ်ဦး ရဲ့ ချစ်ခြင်း မေတ္တာကို ပရိသတ်တွေ တွေ့မြင်နိုင်မှာပါ။

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယို ဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမို ခိုင်မာလျှက် ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

Photo: သူရိယ ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top