iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားနဲ႔ပတ္သက္ၿပီးမတင္ျဖစ္ဘူးဆိုတာက
မခ်စ္လို႔မဟုတ္ဘူး silent တြဲတာလည္းမဟုတ္ဘူး
ခ်စ္တယ္ေနာ္ မခြဲေၾကး ဘာညာသာဓကာနဲ႔
Public ေပၚမွာမတင္ဘူးဆိုတာနဲ႔ silent တြဲေနတာမဟုတ္ဘူး single ေယာင္ေဆာင္ေနတာလည္းမဟုတ္ဘူး
သူနဲ႔ပတ္သတ္တာ တင္ခ်င္တဲ့အခါလည္းတင္မယ္
ေသခ်ာတာကေတာ့ စပ္စလူးထေနတာမ်ိဳးမဟုတ္တာေသခ်ာတယ္

ျမင္သမွ် post ေတြ share
ခရီးသြား post ေတြ share ဟုတ္လားမဟုတ္လားမသိ
သြားမယ္ တကဲကဲလည္းမလုပ္ဘူး သြားခါမွသြားေရာ
ယူကမယူရေသးဘူး ႏွစ္ေယာက္စိတ္ကူးအိပ္မက္ေတြ အနာဂတ္ပလန္ေတြ လူေရွ႕မွာခ်ျပေနတာ နည္းနည္းေတာ့ရယ္ရတယ္ထင္တာပဲ ခ်စ္တာကခ်စ္တာေပါ့ ဆင္ဆင္ျခင္ျခင္ခ်စ္ၾကတာပိုမေကာင္းဘူးလား
ေတြ႕သမွ် post မွာ mention ေခၚၿပီးေတာ့လည္း
မရွလူးတတ္ဘူး သူမ်ား post ေအာက္မွာလည္း
“ခ်စ္ေရ သဲေရ အရမ္းခ်စ္တယ္ အာဘြား”မလုပ္နိုင္ဘူး
လူေတြကိုဂရုစိုက္လြန္းတာမဟုတ္ေပမယ့္
လူတကာကဲ့ရဲ႕ေ၀ဖန္မယ့္လုပ္ရပ္မ်ိဳးေတြေတာ့ေရွာင္တယ္
LDRS ျဖစ္ေနတယ္ဆိုရင္ပိုဆင္ျခင္ရတယ္ အၿမဲေတြ႕ေနရတာမဟုတ္တာေၾကာင့္ ေလေပၚမွာပဲခ်စ္ေနတဲ့အာပလာအတြဲလို႔အထင္မခံနိုင္တာပဲ
လူတကာဆံုးျဖတ္တဲ့ပါးစပ္ထဲမွာ ကိုယ္ေ႐ြးခ်ယ္ထားတဲ့အခ်စ္ကို အေပါစားမဆန္ေစခ်င္တာပဲ

In a relationship ဆိုၿပီး မတင္တာလည္း
“con con ပါ” “စြံသြားၿပီေပါ့” “လိုက္တယ္မလိုက္ဘူး”
“wow ေတြ warr ေတြ” ဘာတစ္ခုမွမလိုခ်င္လို႔ပါ….
ကိုယ့္အေၾကာင္းကို လူတိုင္းသိစရာyမလိုဘူးထင္တယ္ တခ်ိဳ႕ရွိတယ္ ျပတ္ၿပီဆိုတာနဲ႔ single post ေတြ share ၿပီးရင္ တစ္ေယာက္တည္းဘ၀ကပိုလႊတ္လပ္တယ္လုပ္
in a relationship ေတြျဖဳတ္ ဘယ္သူမွမေမးပဲ
single ဆိုတာျပန္ေၾကျငာ ၿပီးရင္ တစ္ပတ္မျပည့္ဘူး တစ္ပတ္မျပည့္ဘူးေနာ္ with koko ေတြ with baby ေတြ
photo by အခ်စ္ေတြဘာေတြနဲ႔ျပန္ျဖစ္သြားေရာ
အဲလို in a relationship ကို
ျဖဳတ္လိုက္တပ္လိုက္လုပ္ေနတာထက္စာရင္ ကိုယ့္အေပါင္းအသင္းေတြၾကားထဲမွာ သန္႔သန္႔ေလး ႏွစ္ေယာက္သားခ်စ္ၾကတာပိုေကာင္းတယ္မထင္ဘူးလား
(ထားပါေလ လူဆိုတာ အမဲနဲ႔အနက္ကိုေတာင္ခြဲျခားေနၾကေသးတာပဲ)

“ခ်စ္ရသူရွိပါတယ္ မၾကဴရ”
“ဘယ္သူဘယ္သူရဲ႕ ေဘဘီေလးပါ ဘယ္သူ႔ရဲ႕ေယာက်္ားပါ”လို႔ေျပာမွ
ဒီအတြဲက official ျဖစ္မယ္ဆိုတဲ့သူေတြရွိတယ္
in a relationship လည္းမတင္ဘူး အေပ်ာ္တြဲတာထင္တယ္ဆိုတဲ့သူေတြလည္းရွိတယ္
တစ္ဆိတ္ အဲဒီအေတြးက အရမ္းေၾကာင္တယ္လို႔မထင္ဘူးလား….?
ကိုယ့္မွာခ်စ္ရသူရွိတယ္ဆိုတာ သိတဲ့သူသိမယ္ သိသင့္တဲ့သူေတြသိထားမယ္ဆိုရင္ရၿပီလို႔ထင္တယ္ အထူးသျဖင့္ကိုယ့္ခ်စ္သူက ကိုယ္ခ်စ္တယ္ဆိုတာကိုျပည့္ျပည့္၀၀သိထားရင္ လံုေလာက္ၿပီလို႔ထင္တယ္…

ဒီေတာ့ ေက်းဇူးပါ
ဘယ္အတြဲကိုမွလည္းမရည္႐ြယ္ပါ
in a relationship ဆိုတဲ့ျပႆနာမ်ားလွတဲ့
စကားတစ္ခုအတြက္ လိုအပ္သေလာက္ေျဖရ
အတြဲတိုင္းေ႐ႊလက္တြဲၿမဲၾကပါေစ….❤

Credit : Original Writer
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူရည်းစားနဲ့ပတ်သက်ပြီးမတင်ဖြစ်ဘူးဆိုတာက
မချစ်လို့မဟုတ်ဘူး silent တွဲတာလည်းမဟုတ်ဘူး
ချစ်တယ်နော် မခွဲကြေး ဘာညာသာဓကာနဲ့
Public ပေါ်မှာမတင်ဘူးဆိုတာနဲ့ silent တွဲနေတာမဟုတ်ဘူး single ယောင်ဆောင်နေတာလည်းမဟုတ်ဘူး
သူနဲ့ပတ်သတ်တာ တင်ချင်တဲ့အခါလည်းတင်မယ်
သေချာတာကတော့ စပ်စလူးထနေတာမျိုးမဟုတ်တာသေချာတယ်

မြင်သမျှ post တွေ share
ခရီးသွား post တွေ share ဟုတ်လားမဟုတ်လားမသိ
သွားမယ် တကဲကဲလည်းမလုပ်ဘူး သွားခါမှသွားရော
ယူကမယူရသေးဘူး နှစ်ယောက်စိတ်ကူးအိပ်မက်တွေ အနာဂတ်ပလန်တွေ လူရှေ့မှာချပြနေတာ နည်းနည်းတော့ရယ်ရတယ်ထင်တာပဲ ချစ်တာကချစ်တာပေါ့ ဆင်ဆင်ခြင်ခြင်ချစ်ကြတာပိုမကောင်းဘူးလား
တွေ့သမျှ post မှာ mention ခေါ်ပြီးတော့လည်း
မရှလူးတတ်ဘူး သူများ post အောက်မှာလည်း
“ချစ်ရေ သဲရေ အရမ်းချစ်တယ် အာဘွား”မလုပ်နိုင်ဘူး
လူတွေကိုဂရုစိုက်လွန်းတာမဟုတ်ပေမယ့်
လူတကာကဲ့ရဲ့ဝေဖန်မယ့်လုပ်ရပ်မျိုးတွေတော့ရှောင်တယ်
LDRS ဖြစ်နေတယ်ဆိုရင်ပိုဆင်ခြင်ရတယ် အမြဲတွေ့နေရတာမဟုတ်တာကြောင့် လေပေါ်မှာပဲချစ်နေတဲ့အာပလာအတွဲလို့အထင်မခံနိုင်တာပဲ
လူတကာဆုံးဖြတ်တဲ့ပါးစပ်ထဲမှာ ကိုယ်ရွေးချယ်ထားတဲ့အချစ်ကို အပေါစားမဆန်စေချင်တာပဲ

In a relationship ဆိုပြီး မတင်တာလည်း
“con con ပါ” “စွံသွားပြီပေါ့” “လိုက်တယ်မလိုက်ဘူး”
“wow တွေ warr တွေ” ဘာတစ်ခုမှမလိုချင်လို့ပါ….
ကိုယ့်အကြောင်းကို လူတိုင်းသိစရာyမလိုဘူးထင်တယ် တချို့ရှိတယ် ပြတ်ပြီဆိုတာနဲ့ single post တွေ share ပြီးရင် တစ်ယောက်တည်းဘဝကပိုလွှတ်လပ်တယ်လုပ်
in a relationship တွေဖြုတ် ဘယ်သူမှမမေးပဲ
single ဆိုတာပြန်ကြေငြာ ပြီးရင် တစ်ပတ်မပြည့်ဘူး တစ်ပတ်မပြည့်ဘူးနော် with koko တွေ with baby တွေ
photo by အချစ်တွေဘာတွေနဲ့ပြန်ဖြစ်သွားရော
အဲလို in a relationship ကို
ဖြုတ်လိုက်တပ်လိုက်လုပ်နေတာထက်စာရင် ကိုယ့်အပေါင်းအသင်းတွေကြားထဲမှာ သန့်သန့်လေး နှစ်ယောက်သားချစ်ကြတာပိုကောင်းတယ်မထင်ဘူးလား
(ထားပါလေ လူဆိုတာ အမဲနဲ့အနက်ကိုတောင်ခွဲခြားနေကြသေးတာပဲ)

“ချစ်ရသူရှိပါတယ် မကြူရ”
“ဘယ်သူဘယ်သူရဲ့ ဘေဘီလေးပါ ဘယ်သူ့ရဲ့ယောကျ်ားပါ”လို့ပြောမှ
ဒီအတွဲက official ဖြစ်မယ်ဆိုတဲ့သူတွေရှိတယ်
in a relationship လည်းမတင်ဘူး အပျော်တွဲတာထင်တယ်ဆိုတဲ့သူတွေလည်းရှိတယ်
တစ်ဆိတ် အဲဒီအတွေးက အရမ်းကြောင်တယ်လို့မထင်ဘူးလား….?
ကိုယ့်မှာချစ်ရသူရှိတယ်ဆိုတာ သိတဲ့သူသိမယ် သိသင့်တဲ့သူတွေသိထားမယ်ဆိုရင်ရပြီလို့ထင်တယ် အထူးသဖြင့်ကိုယ့်ချစ်သူက ကိုယ်ချစ်တယ်ဆိုတာကိုပြည့်ပြည့်၀၀သိထားရင် လုံလောက်ပြီလို့ထင်တယ်…

ဒီတော့ ကျေးဇူးပါ
ဘယ်အတွဲကိုမှလည်းမရည်ရွယ်ပါ
in a relationship ဆိုတဲ့ပြဿနာများလှတဲ့
စကားတစ်ခုအတွက် လိုအပ်သလောက်ဖြေရ
အတွဲတိုင်းရွှေလက်တွဲမြဲကြပါစေ….❤

Credit : Original Writer

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top