iMyanmarHouse.com - Best Property Website for Myanmar
×

ခုေခတ္မွာ ရည္းစားသနာရွိလာတဲ့အခါ အခ်ိဳ႕အတြဲေလးေတြက လူခ်င္းခ်ိန္းၿပီး ေတြ႕ၾကဖို႔ အဆင္ေျပေပမယ့္ အခ်ိဳ႕က်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္က အေဝးႀကီးမွာတို႔၊ အလုပ္ကိုယ္စီနဲ႔မို႔ အခ်ိန္မရွိၾကတာတို႔၊ အေၾကာင္းေၾကာင္းေတြေၾကာင့္ ေတြ႕ဖို႔အဆင္မေျပၾကတာေတြ ရွိတယ္မလား။ အဲ့ေတာ့ အဆက္အသြယ္အၿမဲတမ္း ရွိေနေအာင္ အင္တာနက္ေပၚက လူမႈကြန္ယက္ေတြနဲ႔ ဖုန္း၊ မတ္ေဆ့ခ်္ေတြကိုပဲ အားကိုးရေရာ။ လူခ်င္းေတြ႕ျဖစ္တဲ့ အတြဲေလးေတြက်ေတာ့လည္း မေတြ႔ရတဲ့အခ်ိန္အတြင္း အလြမ္းေျပေပါ့။

ဖုန္းေတာ့ ေန႔တိုင္းေျပာျဖစ္လား မေသခ်ာေပမယ့္ မတ္ေဆ့ခ်္ကေတာ့ အားတဲ့အခ်ိန္ေတြတိုင္းမွာ ပို႔ျဖစ္ၾကတယ္ဟုတ္။ အဲ့ေတာ့ အက္ဒ္မင့္ရဲ႕ ေယာင္းေတြကို ေယာင္းတို႔ ခ်စ္ခ်စ္ေတြ သည္းသည္းလႈပ္ခ်စ္ေအာင္ မတ္ေဆ့ခ်္ပို႔ၿပီး ခၽြဲနည္းေလးသင္ေပးမယ္ 😛  ဒါနဲ႔ေလ အရင္တစ္ေခါက္က ေရးေပးခဲ့တဲ့ နည္းလမ္းေလးေတြနဲ႔ေရာ သဝန္တိုျပျဖစ္လားဟင္…  ေမ့သြားရင္ ဒီမွာ ျပန္ဖတ္လို႔ရတယ္ေနာ္… အဲ့ဒါေလးေတြေရာၿပီး သည္းသည္းလႈပ္အခ်စ္ခံရရင္လည္း အက္ဒ္မင့္ကို မေမ့နဲ႔ဦးေနာ္… 😀

ကဲ စစ္ဆင္ေရးစရေအာင္။ ဘယ္လို မတ္ေဆ့ခ်္ေလးေတြ ပို႔ၾကမလဲ။

“မေန႔ညက တစ္ညလံုး ကိုနဲ႔ေတြ႔ရတယ္ဆိုၿပီး အိပ္မက္မက္ေနတာ။ ႏိုးလာေတာ့ ငိုေတာင္ငိုခ်င္သြားတယ္။ အိပ္မက္ေလး ၿပီးသြားလို႔။”

ဒါမ်ိဳးေလးသာ မနက္ေစာေစာပို႔ထားလိုက္။ ဟိုက အိပ္ယာႏိုးလို႔ ဖုန္းဖြင့္ၾကည့္ၾကည့္ခ်င္း ေယာင္းရဲ႕ စာေလးကို ျမင္သြားမယ္ဆိုရင္ ၿပံဳးကိုၿပံဳးသြားမယ္လို႔ အာမခံတယ္။ ၿပီးေတာ့ ခ်က္ခ်င္းလာေျပးေတြ႕မလားေတာင္ မေျပာတတ္ဘူးေနာ္။

“ကို႔ အေၾကာင္းစဥ္းစားရင္း လြမ္းေနတာ။“

ဒီေလာက္ မတ္ေဆ့ခ်္တိုတုိေလးကေတာ့ ေက်ာင္းမွာျဖစ္ျဖစ္၊ အလုပ္မွာျဖစ္ျဖစ္ ေကာက္ပို႔လိုက္လို႔ရပါတယ္… ေနာ့္။ ဘယ္ေလာက္မွ ၾကာတာမွမဟုတ္တာ။ တိုေပမဲ့ သူ႔အစြမ္းကလည္း မေသးဘူးေနာ္။ ေၾသာ္ မအားတာေတာင္ ငါ့ကိုသတိရရွာသားဆိုၿပီး ခ်စ္ခ်စ္ေတြက ဝမ္းသာပီတိဂြမ္းဆီထိၾကမွာ.. ဟုတ္မဟုတ္ ခုပဲ စမ္း္ၾကည့္လိုက္ေနာ္..

“ကို႔ အေၾကာင္းစဥ္းစားေနတုန္း ေမေမက ဘာလို႔ၿပံဳးၿဖီးၿဖီး ျဖစ္ေနတာတုန္းဆိုၿပီး လာေျပာလို႔ လန္႔သြားတာပဲ။ မတတ္ႏိုင္ဘူးေလ။ ကိုဆိုတဲ့ အေတြးနဲ႔တင္ ၿပံဳးျဖစ္ေနတာ”

ဒါေလးကေတာ့ သူမ်ားအျမင္မွာ နည္းနည္းအိုဗာျဖစ္တယ္ထင္ရေပမဲ့ ပို႔သာပို႔ ကိစၥမရွိဘူး။ ကိုယ္သမီးရည္းစားႏွစ္ေယာက္တည္း ျမင္မယ့္ စာပဲကို။ ဒီလိုစာေလးသာ ေယာင္းတို႔ခ်စ္ခ်စ္ေတြ ဖတ္မိလို႔ကေတာ့ ေတာ္ေတာ္ဟတ္ထိမွာေနာ္။ ကိုယ့္အေၾကာင္းေတြးရင္ကို ေပ်ာ္တယ္ဆိုတာကိုေတာ့ ဘယ္သူက မႀကိဳက္ဘဲ ရွိမလဲ။

Related article >>> ခ်စ္သူႏွစ္ဦး အဆင္မေျပမႈေတြၾကံဳလာတဲ့အခါ ဘယ္လိုေက်ာ္ျဖတ္ၾကမလဲ။

“အရမ္းခ်စ္ေပးလို႔ ေက်းဇူးတင္ပါတယ္။”

ဒါမ်ိဳးေလးၾကေတာ့ ဖုန္းေျပာၿပီးရင္ပဲ ျဖစ္ျဖစ္ ခ်ိန္းေတြ႔ေတြ႔ၿပီးၿပီးခ်င္း အခ်ိန္ျဖစ္ျဖစ္ ပို႔သင့္တယ္ေနာ္။ ကိုယ္ကသူတို႔အခ်စ္ကို တန္ဖိုးထားတယ္ဆိုတဲ့ သေဘာမ်ိဳး၊ ကိုယ္က အခ်စ္ခံရလို႔ ေပ်ာ္ပါတယ္ဆိုတဲ့သေဘာမ်ိဳးေလး ေပါက္တာေပါ့။ ရိုးရိုးေလးေပမဲ့ ေတာ္ေတာ္ထိေရာက္တာေနာ္။

“ကိုယ့္ရဲ႕ မိန္းကေလးျဖစ္ရလို႔ ရူးေလာက္ေအာင္ ေပ်ာ္တယ္။”

ဒီလို မတ္ေဆ့ခ်္မ်ိဳးၾကေတာ့ ပံုမွန္အခ်ိန္လည္း ပို႔လို႔ရတယ္ဆိုေပမယ့္ ခ်စ္ခ်စ္က သဝန္တိုတဲ့အခ်ိန္ဆို ပို႔လို႔ပိုေတာင္ေကာင္းဦးမယ္။ ေယာင္းတို႔ကို ယံုပါ၊ စိတ္ခ်ပါ ဆိုတဲ့ ပံုစံေလးလည္းျဖစ္သြားသလို ဖတ္ရတဲ့သူလည္း ေတာ္ေတာ္ေက်နပ္သြားမွာေလ.. ဟုတ္ဘူးလား?

“ကို႔အနားမွာ တစ္သက္လံုးေနသြားလို႔ရမယ့္ အခ်ိန္ကို မေစာင့္ႏိုင္ေတာ့ဘူး။”

ဒါက်ေတာ့ စိတ္မရွည္တဲ့ေလသံေလးေပါ့။ အခုလိုအေျခအေနႀကီးကို အားမရဘဲ အခ်ိန္တိုင္းေတြ႕ခ်င္တယ္ဆိုတဲ့ ခၽြဲနည္းေလး။ ဒီလိုကိစၥမ်ိဳးက ခ်က္ခ်င္းေတာ့လုပ္ယူလို႔ မရတာ ႏွစ္ေယာက္လံုးသိေနေပမယ့္ ကိုယ္အရမ္းလြမ္းေနတယ္ဆိုတာ သိသာေအာင္ လွည့္ပတ္ေျပာရတာေပါ့ေလ။ တစ္ခါတေလေတာ့လည္း ကေလးဆိုးဂိုက္ေလးဖမ္းေပးရတာေပါ့။ :3

“ကို႔ အၿပံဳးေလးကို လြမ္းတယ္။”

“ကိုနဲ႔ ေတြ႕ရတာ ကံေကာင္းျခင္းပဲ။”

“ဘယ္လိုပဲျဖစ္ေနေန ခ်စ္မွာပါ။”

“ဘဝထဲကို ေရာက္လာေပးတဲ့အတြက္ ေက်းဇူးပါ။”

ဒါမ်ိဳးေလးေတြက်ေတာ့ မထင္တဲ့အခ်ိန္ေကာက္ပို႔ႀကည့္။ ခ်စ္ခ်စ္က အံ့အားသင့္သြားမွာ။ ၿပီးေတာ့ ေယာင္းတို႔က သူတို႔ကို တကယ္ခ်စ္ပါလားဆိုတဲ့ ခံစားမႈေလးလည္း တစ္ခါတည္းေပးၿပီးသားျဖစ္သြားတာေပါ့။ အခ်စ္ခံရတယ္ဆိုတာက ေတာ္ရံုေကာင္းတဲ့ ဖီလင္ မဟုတ္ဘူးေနာ္။ စိတ္ေကာက္တာလည္း ေကာက္ေပါ့။ ဒါေပမဲ့ တစ္ခါတေလ သူတို႔ကို ဒီလိုမ်ိဳးေလးေတြ ပို႔ေပးျခင္းအားျဖင့္ ေယာင္းတို႔လည္း သူတို႔နဲ႔ ထပ္တူခ်စ္ပါတယ္ဆိုတာေလး ျပေပးေနာ္။ အေဝးေရာက္ခ်စ္သူေတြအတြက္လည္း ေသြးမေအးသြားဘဲ အခ်စ္ပိုတိုးေစတာေပါ့။ ဟုတ္တယ္ဟုတ္….

ခ်စ္ျခင္းေတြ ခိုင္ၿမဲၾကပါေစ…

Credit : Myat (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခုခေတ်မှာ ရည်းစားသနာရှိလာတဲ့အခါ အချို့အတွဲလေးတွေက လူချင်းချိန်းပြီး တွေ့ကြဖို့ အဆင်ပြေပေမယ့် အချို့ကျတော့ တစ်ယောက်နဲ့ တစ်ယောက်က အဝေးကြီးမှာတို့၊ အလုပ်ကိုယ်စီနဲ့မို့ အချိန်မရှိကြတာတို့၊ အကြောင်းကြောင်းတွေကြောင့် တွေ့ဖို့အဆင်မပြေကြတာတွေ ရှိတယ်မလား။ အဲ့တော့ အဆက်အသွယ်အမြဲတမ်း ရှိနေအောင် အင်တာနက်ပေါ်က လူမှုကွန်ယက်တွေနဲ့ ဖုန်း၊ မတ်ဆေ့ချ်တွေကိုပဲ အားကိုးရရော။ လူချင်းတွေ့ဖြစ်တဲ့ အတွဲလေးတွေကျတော့လည်း မတွေ့ရတဲ့အချိန်အတွင်း အလွမ်းပြေပေါ့။

ဖုန်းတော့ နေ့တိုင်းပြောဖြစ်လား မသေချာပေမယ့် မတ်ဆေ့ချ်ကတော့ အားတဲ့အချိန်တွေတိုင်းမှာ ပို့ဖြစ်ကြတယ်ဟုတ်။ အဲ့တော့ အက်ဒ်မင့်ရဲ့ ယောင်းတွေကို ယောင်းတို့ ချစ်ချစ်တွေ သည်းသည်းလှုပ်ချစ်အောင် မတ်ဆေ့ချ်ပို့ပြီး ချွဲနည်းလေးသင်ပေးမယ် 😛  ဒါနဲ့လေ အရင်တစ်ခေါက်က ရေးပေးခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ရော သဝန်တိုပြဖြစ်လားဟင်…  မေ့သွားရင် ဒီမှာ ပြန်ဖတ်လို့ရတယ်နော်… အဲ့ဒါလေးတွေရောပြီး သည်းသည်းလှုပ်အချစ်ခံရရင်လည်း အက်ဒ်မင့်ကို မမေ့နဲ့ဦးနော်… 😀

ကဲ စစ်ဆင်ရေးစရအောင်။ ဘယ်လို မတ်ဆေ့ချ်လေးတွေ ပို့ကြမလဲ။

“မနေ့ညက တစ်ညလုံး ကိုနဲ့တွေ့ရတယ်ဆိုပြီး အိပ်မက်မက်နေတာ။ နိုးလာတော့ ငိုတောင်ငိုချင်သွားတယ်။ အိပ်မက်လေး ပြီးသွားလို့။”

ဒါမျိုးလေးသာ မနက်စောစောပို့ထားလိုက်။ ဟိုက အိပ်ယာနိုးလို့ ဖုန်းဖွင့်ကြည့်ကြည့်ချင်း ယောင်းရဲ့ စာလေးကို မြင်သွားမယ်ဆိုရင် ပြုံးကိုပြုံးသွားမယ်လို့ အာမခံတယ်။ ပြီးတော့ ချက်ချင်းလာပြေးတွေ့မလားတောင် မပြောတတ်ဘူးနော်။

“ကို့ အကြောင်းစဉ်းစားရင်း လွမ်းနေတာ။“

ဒီလောက် မတ်ဆေ့ချ်တိုတိုလေးကတော့ ကျောင်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် ကောက်ပို့လိုက်လို့ရပါတယ်… နော့်။ ဘယ်လောက်မှ ကြာတာမှမဟုတ်တာ။ တိုပေမဲ့ သူ့အစွမ်းကလည်း မသေးဘူးနော်။ သြော် မအားတာတောင် ငါ့ကိုသတိရရှာသားဆိုပြီး ချစ်ချစ်တွေက ဝမ်းသာပီတိဂွမ်းဆီထိကြမှာ.. ဟုတ်မဟုတ် ခုပဲ စမ်းကြည့်လိုက်နော်..

“ကို့ အကြောင်းစဉ်းစားနေတုန်း မေမေက ဘာလို့ပြုံးဖြီးဖြီး ဖြစ်နေတာတုန်းဆိုပြီး လာပြောလို့ လန့်သွားတာပဲ။ မတတ်နိုင်ဘူးလေ။ ကိုဆိုတဲ့ အတွေးနဲ့တင် ပြုံးဖြစ်နေတာ”

ဒါလေးကတော့ သူများအမြင်မှာ နည်းနည်းအိုဗာဖြစ်တယ်ထင်ရပေမဲ့ ပို့သာပို့ ကိစ္စမရှိဘူး။ ကိုယ်သမီးရည်းစားနှစ်ယောက်တည်း မြင်မယ့် စာပဲကို။ ဒီလိုစာလေးသာ ယောင်းတို့ချစ်ချစ်တွေ ဖတ်မိလို့ကတော့ တော်တော်ဟတ်ထိမှာနော်။ ကိုယ့်အကြောင်းတွေးရင်ကို ပျော်တယ်ဆိုတာကိုတော့ ဘယ်သူက မကြိုက်ဘဲ ရှိမလဲ။

Related article >>> ချစ်သူနှစ်ဦး အဆင်မပြေမှုတွေကြုံလာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ။

“အရမ်းချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။”

ဒါမျိုးလေးကြတော့ ဖုန်းပြောပြီးရင်ပဲ ဖြစ်ဖြစ် ချိန်းတွေ့တွေ့ပြီးပြီးချင်း အချိန်ဖြစ်ဖြစ် ပို့သင့်တယ်နော်။ ကိုယ်ကသူတို့အချစ်ကို တန်ဖိုးထားတယ်ဆိုတဲ့ သဘောမျိုး၊ ကိုယ်က အချစ်ခံရလို့ ပျော်ပါတယ်ဆိုတဲ့သဘောမျိုးလေး ပေါက်တာပေါ့။ ရိုးရိုးလေးပေမဲ့ တော်တော်ထိရောက်တာနော်။

“ကိုယ့်ရဲ့ မိန်းကလေးဖြစ်ရလို့ ရူးလောက်အောင် ပျော်တယ်။”

ဒီလို မတ်ဆေ့ချ်မျိုးကြတော့ ပုံမှန်အချိန်လည်း ပို့လို့ရတယ်ဆိုပေမယ့် ချစ်ချစ်က သဝန်တိုတဲ့အချိန်ဆို ပို့လို့ပိုတောင်ကောင်းဦးမယ်။ ယောင်းတို့ကို ယုံပါ၊ စိတ်ချပါ ဆိုတဲ့ ပုံစံလေးလည်းဖြစ်သွားသလို ဖတ်ရတဲ့သူလည်း တော်တော်ကျေနပ်သွားမှာလေ.. ဟုတ်ဘူးလား?

“ကို့အနားမှာ တစ်သက်လုံးနေသွားလို့ရမယ့် အချိန်ကို မစောင့်နိုင်တော့ဘူး။”

ဒါကျတော့ စိတ်မရှည်တဲ့လေသံလေးပေါ့။ အခုလိုအခြေအနေကြီးကို အားမရဘဲ အချိန်တိုင်းတွေ့ချင်တယ်ဆိုတဲ့ ချွဲနည်းလေး။ ဒီလိုကိစ္စမျိုးက ချက်ချင်းတော့လုပ်ယူလို့ မရတာ နှစ်ယောက်လုံးသိနေပေမယ့် ကိုယ်အရမ်းလွမ်းနေတယ်ဆိုတာ သိသာအောင် လှည့်ပတ်ပြောရတာပေါ့လေ။ တစ်ခါတလေတော့လည်း ကလေးဆိုးဂိုက်လေးဖမ်းပေးရတာပေါ့။ :3

“ကို့ အပြုံးလေးကို လွမ်းတယ်။”

“ကိုနဲ့ တွေ့ရတာ ကံကောင်းခြင်းပဲ။”

“ဘယ်လိုပဲဖြစ်နေနေ ချစ်မှာပါ။”

“ဘဝထဲကို ရောက်လာပေးတဲ့အတွက် ကျေးဇူးပါ။”

ဒါမျိုးလေးတွေကျတော့ မထင်တဲ့အချိန်ကောက်ပို့ကြည့်။ ချစ်ချစ်က အံ့အားသင့်သွားမှာ။ ပြီးတော့ ယောင်းတို့က သူတို့ကို တကယ်ချစ်ပါလားဆိုတဲ့ ခံစားမှုလေးလည်း တစ်ခါတည်းပေးပြီးသားဖြစ်သွားတာပေါ့။ အချစ်ခံရတယ်ဆိုတာက တော်ရုံကောင်းတဲ့ ဖီလင် မဟုတ်ဘူးနော်။ စိတ်ကောက်တာလည်း ကောက်ပေါ့။ ဒါပေမဲ့ တစ်ခါတလေ သူတို့ကို ဒီလိုမျိုးလေးတွေ ပို့ပေးခြင်းအားဖြင့် ယောင်းတို့လည်း သူတို့နဲ့ ထပ်တူချစ်ပါတယ်ဆိုတာလေး ပြပေးနော်။ အဝေးရောက်ချစ်သူတွေအတွက်လည်း သွေးမအေးသွားဘဲ အချစ်ပိုတိုးစေတာပေါ့။ ဟုတ်တယ်ဟုတ်….

ချစ်ခြင်းတွေ ခိုင်မြဲကြပါစေ…

Credit : Myat (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top