iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Luckymyanmar
ဖေ့စ်ဘွက်လူမှုကွန်ယက်ထက်မှာ အဝေဖန်ခံရဆုံး မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာကတော့ ဖေ့စ်ဘွက်ဟက်ကာတွေကို လှောင်ပြောင်ရင်း ဒီနေ့ ဧပရယ်ဖူးလုပ်လိုက်ပါတယ်။ ခု သူမကို ဟက်ကာတွေက ချောင်းနေတယ်လို့ ခံစားရလို့ သူမက ဒီလိုတုန့်ပြန် ဟာသလုပ်လိုက်တာလို့ ယူဆရပါတယ်။
ဟို ပေါဟက်ကာလေးတွေ မဟက်နိုင်တော့လို့ အောက်က ဟက်ကာပုံနဲ့ လူတွေကို မေးလ်နဲ့ ပါတ်စဝါ့ဒ်ပေးလိုက်ပါပြီ ဒီပေ့ချ်ကို သူတို့ပဲ ဆက်သုံးပါတော့မယ်လို့ သူမရဲ့ ဖေ့စ်ဘွက်မှာ ရေးသားပြီး ဧပရယ်ဖူးအနေနဲ့ နောက်လိုက်တာဖြစ်ပါတယ်။ အရင်နေ့ကလည်း “ဘာလာကြည့်တာလဲ၊ ကိုယ့်မှာ ဘော်ဒီဂတ်နဲ့ လက်နက်တွေအပြည်ပဲနော် “ ဆိုပြီး ပို့စ်လေးတစ်ခု တင်ထားပါသေးတယ်။ စိုးမြတ်နန္ဒာက ဝေဖန်မှုအပေါင်းကို အန်တုနေရတဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေတယ်လို့ ယူဆရပါတယ်။
စိုးမြတ်နန္ဒာက ၂ဝဝ၁ ခုနှစ်တွင် “အချစ်ကိုမွေးဖွားခြင်း”၊ ၂ဝဝ၄ ခုနှစ်တွင် “ချစ်ခြင်းငယ်ပြိုင်” ဇာတ်ကားတွေနဲ့ အမျိုးသမိး ဇာတ်ပို့ဆုအကယ်ဒမီ နှစ်ကြိမ်ရရှိထားသူ ဖြစ်ပါတယ်။ ခုတော့ အနုပညာအလုပ်တွေ ကျဲလာနေပါတယ်။ စိုးသူနဲ့ ပက်သက်ခဲ့ပြီးနောက်ပိုင်း သူမဟာ ဖေ့စ်ဘွက်လူမှုကွန်ယက် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုအခံရဆုံး မင်းသမီးတစ်ယောက်လည်း ဖြစ်နေတာကို တွေ့ရပါတယ်။
Credit : Luckymyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top