iMyanmarHouse.com - Best Property Website for Myanmar
×

မွတ္တမ္းမ်ားအရ အသက္ ၄၀ ေက်ာ္လာလွ်င္ မ်က္ႏွာေပၚတြင္ အစက္ေျပာက္မ်ား ျဖစ္ေပၚတတ္ပါသည္။ ထုိသုိ႔ ေျပာေသာ္လည္း အသက္အရြယ္မေရြး ျဖစ္ေပၚတတ္ပါသည္။ ထုိသုိ႔ ျဖစ္ေပၚျခင္းသည္   ေပ်ာက္ကင္းရန္ အခ်ိန္ယူရေသာ္လည္း ေပ်ာက္ကင္းေအာင္ ကုသရန္ နည္းလမ္းေပါင္းမ်ားစြာ ရွိပါသည္။ အသားအေရကုိလည္း မထိခုိက္ႏိုင္ပါ။

အသက္ႀကီးလာလွ်င္ ျဖစ္ေပၚလာႏုိင္ေသာ အစက္အေျပာက္မ်ားမွာ အဘယ္နည္း။

ဘယ္လုိ ထိန္းသိမ္းရမည္ ဆုိတာကုိ မရွင္းခင္ ဘယ္လုိ ျဖစ္ေပၚလာသည္ကုိ ဦးစြာသိသင့္ပါသည္။ ထုိအစက္မ်ားမွာ အညိဳစက္မ်ား၊ ေနေလာင္စက္မ်ား စသည္တုိ႔သည္ အသက္ႀကီးလာသည္ ႏွင့္အမွ် တျဖည္းျဖည္း ေပၚလာတတ္ေသာ အရာမ်ား ျဖစ္ပါသည္။ အစပုိင္းတြင္ ေသးေသးေလး ျဖစ္ေသာ္လည္း ေနာက္ပုိင္းတြင္ ႀကီးလာႏုိင္ပါသည္။ အေရာင္မွာလည္း အေရာင္ေဖ်ာ့မွ အေရာင္ရင့္သုိ႔ ေျပာင္းလဲသြားႏုိင္ပါသည္။ ကရတင္ ဟုေခၚေသာ ေရာင္ျခယ္တစ္မ်ိဳးသည္ အကာအကြယ္အျဖစ္ ျပဳလုပ္ေပးပါသည္။ မလနင္ဟုေခၚေသာ ေရာင္ျခယ္မွာ အသားအေရာင္ကုိ ထိန္းညိွေပးပါသည္။ ေနေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရရွိ မင္လနင္ဓာတ္မွာ တုိးပြားလာၿပီး ကာကြယ္ရန္ အသားအေရာင္ကုိ ရင့္ေစပါသည္။ ထုိ႔အျပင္ အညိဳစက္မ်ားလည္း ျဖစ္ေပၚလာတတ္ပါသည္။

အညိဳစက္မ်ားကုိ မည္သုိ႔ ထိန္းသိမ္းမည္နည္း။

လိမ္းေဆးမ်ား

မ်က္ႏွာလိမ္းေဆးမ်ား သုံး၍ အသားအေရကုိ ျပန္လည္ ေတာက္ပေအာင္ ျပဳလုပ္ႏုိင္ပါသည္။ အစက္အေျပာက္မ်ားမွာ အရမ္းမညိဳလွ်င္ လိမ္းေဆးႏွင့္ ၂ ရာခုိင္ႏႈန္း ဟုိက္ဒ႐ုိကြီႏုန္း သုံး၍ ကုသႏုိ္င္ပါသည္။ အစက္အေျပာက္မ်ားမွာ အရမ္းညိဳလ်ွင္ အေရျပား အထူးကုႏွင့္ တုိင္ပင္၍ ၃ ရာခုိင္ႏႈန္းအထိ တုိးျမင့္ ႏုိင္ပါသည္။ သုိ႔ေသာ္ အထုပ္ေပၚမွ ညႊန္ၾကားခ်က္မ်ားကုိ ေသခ်ာစြာ ဖတ္႐ႈသင့္ပါသည္။
သုိ႔ေသာ္ ထုိလိမ္းေဆးမ်ားသည္ မ်က္ႏွာေပၚတြင္ အခ်ိန္ၾကာျမင့္စြာ မရွိေနသင့္ပါ။ မ်က္ႏွာ အသားအေရကုိ ထိခုိက္ႏုိ္င္ပါသည္။

ဓာတုပစၥည္းမ်ားျဖင္း ေခ်းခြ်တ္ျခင္း

ဓာတုပစၥည္းမ်ားျဖင့္ ေခ်းခြ်တ္ျခင္း နည္းလမ္းကုိလည္း အသုံးျပဳႏုိ္င္ပါသည္။ ထုိအခ်က္မွာ မ်က္ႏွာ အသားအေရရွိ ေခ်းမ်ားကုိ အက္ဆစ္အေပ်ာ့ျဖင့္ တုိက္စားျခင္း ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ဆဲလ္အသစ္မ်ား ျဖစ္ေပၚလာေစပါသည္။ က်န္ရွိခဲ့သည္မွာ မိမိ၏ ႏုပ်ိဳေခ်ာေမြ႔ေသာ မ်က္ႏွာျပင္ ျဖစ္ပါသည္။ မိမိမ်က္ႏွာ၏ အေပၚယံအလႊာကုိသာ တုိက္စားမည္ ဆုိပါက ကုသမႈေဆးမ်ား အမ်ားႀကီး မသုံးသင့္ပါ။ ပုိ၍ နာက်င္ေစသည့္အျပင္ ေပ်ာက္ကင္းရန္ ၾကာျမင့္ႏုိ္င္ပါသည္။

ရွားေစာင္းလက္ပပ္ လိမ္းေဆး

ရွားေစာင္းလက္ပပ္တြင္ ပါဝင္ေသာ ဓာတုပစၥည္းမ်ားသည္ ဆဲလ္ေသမ်ားကုိ ဖယ္ရွားေပးၿပီး ဆဲလ္သစ္မ်ား ျဖစ္ေပၚလာျခင္းကုိ အားေပးပါသည္။ မၾကာခဏ သုံးပါက မ်က္ႏွာ အသားအေရကုိ ဝင္းပေစၿပီး အစက္အေျပာက္မ်ားကုိ ဖယ္ရွားေပးပါသည္။ မိမိလုပ္ေဆာင္ရမည္မွာ တစ္ေန႔ႏွစ္ႀကိမ္ ရွားေစာင္းလက္ပပ္ကုိ လိမ္းေပးရန္ ျဖစ္ပါသည္။ အပင္မွ မရႏုိင္ေသာ အေျခအေန ျဖစ္ခဲ့လွ်င္လည္း အသင့္ လုပ္ထားၿပီးသား ဘူးမ်ားလည္း သုံးႏုိ္င္ပါသည္။

ေနေရာင္ကာေဆးမ်ား

ထုိလိမ္းေဆးမ်ားသည္ ေန႔စဥ္ အသုံးျပဳသင့္ေသာ ပစၥည္းတစ္မ်ိဳး ျဖစ္ပါသည္။ လိမ္းေဆးကုိ မ်က္ႏွာ၊ လက္တုိ႔ကုိ အျပင္မထြက္ခင္ မိနစ္ ၃၀ မတုိင္ခင္ လိမ္းရပါမည္။ ေနေရာင္ ကာကြယ္ႏုိ္င္စြမ္း (SPF) သည္ အနည္းဆုံး ၁၅ ရွိရပါမည္။ ဇင့္ေအာက္ဆုိဒ္ႏွင့္ တုိင္ေတနီယမ္ဒုိင္ေအာက္ဆုိဒ္ ပါ၀င္ေသာ ပစၥည္းမ်ားကုိ အသုံးျပဳရပါမည္။ ႏွစ္နာရီတစ္ခါ ထုိလိမ္းေဆးကုိ ျပန္၍ လိမ္းေပးရပါမည္။

ထုိအစက္အေျပာက္မ်ားသည္ အသားအေရႏွင့္ က်န္းမာေရးကုိ မထိခုိက္ႏုိင္ပါ။ သုိ႔ေသာ္ ထုိအစက္မ်ား ႀကီးလာလွ်င္၊ ထူလာလွ်င္၊ အေရာင္ေျပာင္းလာလွ်င္၊ ေသြးထြက္လာလွ်င္၊ ယားလာလွ်င္ ဆရာဝန္ႏွင့္ ခ်က္ခ်င္းျပရပါမည္။ လုိအပ္လွ်င္ ႏွစ္စဥ္ ကုသမႈခံယူရပါမည္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မှတ်တမ်းများအရ အသက် ၄၀ ကျော်လာလျှင် မျက်နှာပေါ်တွင် အစက်ပြောက်များ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ပြောသော်လည်း အသက်အရွယ်မရွေး ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းသည်   ပျောက်ကင်းရန် အချိန်ယူရသော်လည်း ပျောက်ကင်းအောင် ကုသရန် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ အသားအရေကိုလည်း မထိခိုက်နိုင်ပါ။

အသက်ကြီးလာလျှင် ဖြစ်ပေါ်လာနိုင်သော အစက်အပြောက်များမှာ အဘယ်နည်း။

ဘယ်လို ထိန်းသိမ်းရမည် ဆိုတာကို မရှင်းခင် ဘယ်လို ဖြစ်ပေါ်လာသည်ကို ဦးစွာသိသင့်ပါသည်။ ထိုအစက်များမှာ အညိုစက်များ၊ နေလောင်စက်များ စသည်တို့သည် အသက်ကြီးလာသည် နှင့်အမျှ တဖြည်းဖြည်း ပေါ်လာတတ်သော အရာများ ဖြစ်ပါသည်။ အစပိုင်းတွင် သေးသေးလေး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကြီးလာနိုင်ပါသည်။ အရောင်မှာလည်း အရောင်ဖျော့မှ အရောင်ရင့်သို့ ပြောင်းလဲသွားနိုင်ပါသည်။ ကရတင် ဟုခေါ်သော ရောင်ခြယ်တစ်မျိုးသည် အကာအကွယ်အဖြစ် ပြုလုပ်ပေးပါသည်။ မလနင်ဟုခေါ်သော ရောင်ခြယ်မှာ အသားအရောင်ကို ထိန်းညှိပေးပါသည်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေရှိ မင်လနင်ဓာတ်မှာ တိုးပွားလာပြီး ကာကွယ်ရန် အသားအရောင်ကို ရင့်စေပါသည်။ ထို့အပြင် အညိုစက်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။

အညိုစက်များကို မည်သို့ ထိန်းသိမ်းမည်နည်း။

လိမ်းဆေးများ

မျက်နှာလိမ်းဆေးများ သုံး၍ အသားအရေကို ပြန်လည် တောက်ပအောင် ပြုလုပ်နိုင်ပါသည်။ အစက်အပြောက်များမှာ အရမ်းမညိုလျှင် လိမ်းဆေးနှင့် ၂ ရာခိုင်နှုန်း ဟိုက်ဒရိုကွီနုန်း သုံး၍ ကုသနိုင်ပါသည်။ အစက်အပြောက်များမှာ အရမ်းညိုလျှင် အရေပြား အထူးကုနှင့် တိုင်ပင်၍ ၃ ရာခိုင်နှုန်းအထိ တိုးမြင့် နိုင်ပါသည်။ သို့သော် အထုပ်ပေါ်မှ ညွှန်ကြားချက်များကို သေချာစွာ ဖတ်ရှုသင့်ပါသည်။
သို့သော် ထိုလိမ်းဆေးများသည် မျက်နှာပေါ်တွင် အချိန်ကြာမြင့်စွာ မရှိနေသင့်ပါ။ မျက်နှာ အသားအရေကို ထိခိုက်နိုင်ပါသည်။

ဓာတုပစ္စည်းများဖြင်း ချေးချွတ်ခြင်း

ဓာတုပစ္စည်းများဖြင့် ချေးချွတ်ခြင်း နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။ ထိုအချက်မှာ မျက်နှာ အသားအရေရှိ ချေးများကို အက်ဆစ်အပျော့ဖြင့် တိုက်စားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဆဲလ်အသစ်များ ဖြစ်ပေါ်လာစေပါသည်။ ကျန်ရှိခဲ့သည်မှာ မိမိ၏ နုပျိုချောမွေ့သော မျက်နှာပြင် ဖြစ်ပါသည်။ မိမိမျက်နှာ၏ အပေါ်ယံအလွှာကိုသာ တိုက်စားမည် ဆိုပါက ကုသမှုဆေးများ အများကြီး မသုံးသင့်ပါ။ ပို၍ နာကျင်စေသည့်အပြင် ပျောက်ကင်းရန် ကြာမြင့်နိုင်ပါသည်။

ရှားစောင်းလက်ပပ် လိမ်းဆေး

ရှားစောင်းလက်ပပ်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်သစ်များ ဖြစ်ပေါ်လာခြင်းကို အားပေးပါသည်။ မကြာခဏ သုံးပါက မျက်နှာ အသားအရေကို ဝင်းပစေပြီး အစက်အပြောက်များကို ဖယ်ရှားပေးပါသည်။ မိမိလုပ်ဆောင်ရမည်မှာ တစ်နေ့နှစ်ကြိမ် ရှားစောင်းလက်ပပ်ကို လိမ်းပေးရန် ဖြစ်ပါသည်။ အပင်မှ မရနိုင်သော အခြေအနေ ဖြစ်ခဲ့လျှင်လည်း အသင့် လုပ်ထားပြီးသား ဘူးများလည်း သုံးနိုင်ပါသည်။

နေရောင်ကာဆေးများ

ထိုလိမ်းဆေးများသည် နေ့စဉ် အသုံးပြုသင့်သော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ လိမ်းဆေးကို မျက်နှာ၊ လက်တို့ကို အပြင်မထွက်ခင် မိနစ် ၃၀ မတိုင်ခင် လိမ်းရပါမည်။ နေရောင် ကာကွယ်နိုင်စွမ်း (SPF) သည် အနည်းဆုံး ၁၅ ရှိရပါမည်။ ဇင့်အောက်ဆိုဒ်နှင့် တိုင်တေနီယမ်ဒိုင်အောက်ဆိုဒ် ပါဝင်သော ပစ္စည်းများကို အသုံးပြုရပါမည်။ နှစ်နာရီတစ်ခါ ထိုလိမ်းဆေးကို ပြန်၍ လိမ်းပေးရပါမည်။

ထိုအစက်အပြောက်များသည် အသားအရေနှင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။ သို့သော် ထိုအစက်များ ကြီးလာလျှင်၊ ထူလာလျှင်၊ အရောင်ပြောင်းလာလျှင်၊ သွေးထွက်လာလျှင်၊ ယားလာလျှင် ဆရာဝန်နှင့် ချက်ချင်းပြရပါမည်။ လိုအပ်လျှင် နှစ်စဉ် ကုသမှုခံယူရပါမည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top