iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ သြား ေတြ ဝါက်င့္က်င့္ျဖစ္ေနပါသလား၊ ကြမ္းဂ်ိဳး ေတြကပ္ျပီး မည္းတူးေနပါသလား။
သြား အေရာ င္ဝါတာ၊ ညစ္တာ၊ မည္းတာ၊ နီရဲတာေတြဟာ အသက္အရြယ္အိုမင္းမႈေၾကာင့္ ျဖစ္လာႏိုင္သလို တခ်ိဳ႕အစားအေသာက္ေတြ၊ အခ်ိဳရည္ေတြေၾကာင့္ ဒါမွမဟုတ္ အာလုပ္က်င္း တဲ့အရည္ ေတြေၾကာင့္ေတာင္ ျဖစ္ေပၚလာႏိုင္ပါတယ္ (ကြမ္းစားတာကေတာ့ ထိပ္ဆုံးကပါတာေပါ့)။ ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေလးေတြကို လိုက္နာက်င့္သံုးမယ္ဆိုရင္ သင့္သြားေတြကို ပိုမိုျဖဴစင္ဝင္းပေစမွာျဖစ္ျပီး သြား ကိုအေရာင္စြန္းထင္းေစတဲ့ အစားအေသာက္ ေတြကိုပါ ေရွာင္ၾကဥ္လိုက္မယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ပဲေပါ့။
ကဲ ျပဳံးအလွပိုင္ရွင္ေလးျဖစ္ဖို႕ လွ်ိဳ႕ဝွက္ခ်က္ ေတြကို ၾကည့္လိုက္ရေအာင္။

အိမ္ မွာေနရင္းပဲ သြား ေတြ ျဖဴေဖြး ေအာင္ လုပ္ၾကမယ္။

အေပၚယံေလာက္ အစြန္းအထင္း ရွိတာမ်ိဳးကေတာ့ သင့္ဖာသာအိမ္မွာပဲ ဖယ္ရွားလို႕ရပါတယ္။ သြားေခ်းခြၽတ္တဲ့ပစၥည္းေလးေတြ၊ ကပ္ခြါျပားေလးေတြ၊ သြားတိုက္ေဆး ေတြနဲ႕အာလုပ္က်င္း ေဆးရည္ တို႕ဟာ သင့္သြားမွာရွိတဲ့ အစြန္းအထင္းေတြကို သက္သာေစပါလိမ့္မယ္။ ဟိုးအရင္ကတည္းက အသုံးျပဳခဲ့ၾကတဲ့ ေရွးေဟာင္းနည္းလမ္းေတြလည္း ရွိပါေသးတယ္။
ေဆးဆိုင္ေတြမွာ အလြယ္တကူဝယ္ယူရရွိႏိုင္တဲ့ သြားျဖဴေဆး ေတြဟာ သင့္ရဲ့ဝါက်င့္က်င့္သြားေတြကို ျဖဴစင္ဝင္းပေစဖို႕အတြက္ ခြၽတ္ေဆးအေပ်ာ့စားေလးေတြကို အသုံးျပဳထားတာျဖစ္ျပီး သြားတိုက္ေဆး ေတြကေတာ့ သြားကို ပြတ္တိုက္ျပီး အစြန္းခြၽတ္ေပးႏိုင္တဲ့ဓာတ္ပစၥည္းေတြကို သုံးစြဲထားတာျဖစ္ပါတယ္။ အေပၚယံမကဘဲ ေအာက္အလႊာေတြထိပါ စြန္းထင္းေနတာမ်ိဳးဆိုရင္ေတာ့ သြားဆရာဝန္နဲ႕ ျပသဖို႕လိုပါလိမ့္မယ္။

သြား ကိုျဖဴစင္ဝင္းပေစတဲ့ ပစၥည္းေ ေတြ

ဒီ ပစၥည္း ေတြမွာ carbamide peroxide လို႕ေခၚတဲ့ ဓာတုေဗဒ ပစၥည္း တမ်ိဳးနဲ႕အေပၚယံလႊာသာမက ေအာက္ေျခအလႊာမွာရွိတဲ့ အစြန္းအထင္းေတြကိုပါ ဖယ္ရွားေပးႏိုင္တဲ့ခြၽတ္ေဆးတို႕ပါဝင္ျပီး သင့္ သြား ရဲ႕နဂိုသဘာဝအေရာင္အတိုင္း အမွန္တကယ္ ျပန္ျဖစ္သြားေစတာေၾကာင့္ သင့္သြားမွာ ေကာ္ဖီဂ်ိဳးကပ္ေနတယ္ဆိုရင္ ဒီ ပစၥည္း ေလးေတြက ကူညီေပးပါလိမ့္မယ္။
အသုံးျပဳပံုကေတာ့ ပစၥည္း တစ္ခုနဲ႕တစ္ခု အနည္းငယ္ကြဲျပားပါတယ္။ တခ်ိဳ႕ပစၥည္းေတြမွာဆိုရင္ peroxide ကို အေျခခံထားတဲ့ gelဂ်ယ္လ္ေလးကို သြားပြတ္တံ အေသးစားေလးကိုသုံးျပီး သြားမ်က္ႏွာျပင္ေပၚကို ပြတ္ေပးရမွာျဖစ္ကာ တခ်ိဳ႕ပစၥည္းေတြမွာက်ျပန္ေတာ့ ဂ်ယ္လ္ဟာ အံကပ္ ေလးထဲမွာ တခါတည္းပါလာတာျဖစ္ပါတယ္။ ဒီ အံကပ္ ေလးကို တစ္ေန႕နာရီဝက္ကေန ေလးဆယ့္ငါးမိနစ္ေလာက္အထိ တပ္ထားရမွာျဖစ္ျပီး ကာလအားျဖင့္ တစ္ပတ္ ဒါမွမဟုတ္ ဒီ့ထက္ၾကာၾကာေန႕စဥ္တပ္ေပးရမွာ ျဖစ္ပါတယ္။

ကပ္ခြါျပား ေလးေတြ

သူတို႕ဟာလည္း သြားအစြန္းအထင္းေတြကို ဖယ္ရွားရာမွာ ကူညီေပးႏိုင္ပါတယ္။ ဒီကပ္ခြါေလးေတြဟာ အင္မတန္ပါးပါးလ်လ်ရွိလွျပီး peroxide အေျခခံထားတဲ့ သြားျဖဴဂ်ဲလ္ပါဝင္ပါတယ္။ တစ္ေန့ကို မိနစ္အနည္းငယ္ေလာက္စီနဲ႔ ေန႔စဥ္ကပ္ေပးရမွာျဖစ္ျပီး တစ္ပတ္ေက်ာ္ေလာက္ အသုံးျပဳရပါမယ္။ ရက္အနည္းငယ္အတြင္းမွာပဲ သိသာလာမွာျဖစ္ျပီး တစ္ခါလုပ္ထားရင္ အနည္းဆုံးတစ္ႏွစ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈ ရွိေစပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ သြားျဖဴပစၥည္းနဲ႕ယွဥ္ရင္ ရလဒ္ပိုင္းမွာအရမ္းၾကီးမသိသာဘူးဆိုေပမယ့္ ဒီကပ္ခြါျပားေလးေတြဟာ အသုံးျပဳရလြယ္ကူျပီး လုပ္ပံုလုပ္နည္း မွားယြင္းအသုံးျပဳမိစရာလည္း လုံးဝမရွိပါဘူး။

သြား ကိုျဖဴေဖြးေစတဲ့ သြားတိုက္ေဆး ေတြနဲ႕အာလုပ္က်င္းေဆးေတြ

သင့္ သြား အစြန္းအထင္းေတြကို ဘယ္လိုဖယ္ရွားမလဲ။ ေဆးဆိုင္ေတြမွာ အလြယ္တကူဝယ္ယူရရွိႏိုင္တဲ့ သြားတိုက္ေဆးေတြ၊ ဂ်ဲလ္ ေတြနဲ႕အာလုပ္က်င္းေဆးေတြဟာ သြားအစြန္းအထင္းေတြကို ကူညီဖယ္ရွားေပးႏိုင္ပါတယ္။ သူတို႕ေတြအမ်ားစုမွာ သြားကိုသန္႕စင္ေစတဲ့ ဓာတုေဗဒ ပစၥည္း ေတြနဲ႕သြားကိုျဖဴစင္ေတာက္ေျပာင္ေစတဲ့ ပစၥည္းေတြပါဝင္ပါတယ္။ ေခ်းခြၽတ္တဲ့ပစၥည္းေတြနဲ႕မတူတာက သူတို႕ဟာ သြား ရဲ႕ သဘာဝ အေရာင္ ကို မေျပာင္းလဲေစပါဘူး။

အိမ္တြင္းသုံး ပစၥည္း ေလးေတြနဲ႕သြားျဖဴ ေအာင္လုပ္ၾကမယ္။

ေရွးယခင္ကတည္းက အသုံးျပဳခဲ့တဲ့ နည္းလမ္း ျဖစ္တဲ့ မုန္႕ဖုတ္ဆိုဒါ နဲ႔ သြားတိုက္ေဆး ကိုေရာျပီး တိုက္တာမ်ိဳးကိုလည္း တခ်ိဳ႕လူေတြအသုံးျပဳေနၾကတုန္းပဲ ျဖစ္ပါတယ္။ ပန္းသီး၊ သစ္ေတာ္သီး၊ မုန္လာဥနီ အစရွိတဲ့အစားအစာေတြဟာ တံေတြးမ်ားမ်ားထြက္ေစတဲ့အတြက္ သြားမွာကပ္ေနတဲ့အစာဖတ္ေတြကို ဖယ္ရွားပစ္ႏိုင္ပါတယ္။ သၾကား မပါတဲ့ ပီေကကိုဝါးေပးျခင္းအားျဖင့္လည္း သြားကိုသန္႕စင္ေစႏိုင္ျပီး တံေတြး မ်ားမ်ားထြက္ေစပါတယ္။ တံေတြးထြက္တာေၾကာင့္ ဘာေကာင္းလဲလို႕ေမးရင္ တံေတြးဟာသြားကိုပ်က္စီးေစတဲ့ အက္ဆစ္ ေတြကို ဓာတ္ျပယ္ေစႏိုင္တဲ့အတြက္ သြားနဲ႕ပတ္သက္လာရင္ တံေတြးမ်ားေလေကာင္းေလပဲ ျဖစ္ပါတယ္။

အရင္က သြားစိုက္ ထားတာမ်ိဳး၊ ျပဳျပင္ထားတာမ်ိဳးရွိရင္

တကယ္လို႕သင့္မွာ သြားစိုက္ ထားတာ၊ ျပဳျပင္ထားတာ၊ သြားစြပ္စြပ္ထားတာမ်ိဳးရွိရင္ သြားကို ျဖဴေဖြးသန္႕စင္ေအာင္လုပ္တဲ့အခါ သတိထားသင့္တဲ့အခ်က္ေလး ရွိေနပါတယ္။ ဂ်ီးခြၽတ္တာဟာ သဘာဝသြားေတြကိုပဲ ျဖဴေဖြးေတာက္ေျပာင္ေစမွာျဖစ္ျပီး စိုက္ထားတဲ့သြားကိုေတာ့ အက်ိဳးသက္ေရာက္မႈမရွိတဲ့အတြက္ သြားျ ဖဴျဖဴေတြၾကားထဲမွာ သူတေယာက္တည္း ထင္းထင္းၾကီး ျဖစ္ေနႏိုင္ပါတယ္။
ဒါေၾကာင့္သင့္ရဲ့ ျပန္လည္ ျဖဴေဖြးလာတဲ့ သြား ေလးေတြနဲ႕လိုက္ေလ်ာညီေထြရွိေစဖို႕အတြက္ သဘာဝ အတိုင္းမဟုတ္တဲ့သြားကို ျပန္လည္ျပဳျပင္တာမ်ိဳး လုပ္ဖို႕လိုအပ္ပါလိမ့္မယ္။

သြား အစြန္းအထင္းေတြကို ကာကြယ္ပါ။

ကြၽန္ေတာ္တို႕အသက္ၾကီးလာတာနဲ႕အမွ် သြားရဲ့ အေပၚယံ ေျကြလႊာ ဟာ တျဖည္းျဖည္းပ်က္စီးလာျပီး ေအာက္ခံအလႊာက ပိုဝါလာပါတယ္။ ဒါေၾကာင့္ သြား အစြန္းအထင္း ေတြ ျဖစ္မလာေအာင္ ၾကိဳတင္ကာကြယ္ဖို႕ အရမ္းပဲအေရးၾကီးပါတယ္ (အထူးသျဖင့္ သြား ေတြျဖဴေဖြးေအာင္ လုပ္ျပီးကာစမွာေပါ့)။ တကယ္လို႕သင္ဟာ သြား ကို အေရာင္စြန္းေစတဲ့အစားအေသာက္ေတြကို သတိထားျပီးေရွာင္ၾကဥ္မယ္ဆိုရင္ သြားေခ်း ခြၽတ္ထားတာဟာ တစ္ႏွစ္ေလာက္အထိ တာရွည္ခံမွာ ျဖစ္ပါတယ္။ သြားေတြကို ျဖဴစင္ဝင္းပေအာင္ ခဏခဏေခ်းခြၽတ္တာမ်ိဳးလုပ္လြန္းရင္လည္း သြားေတြကပါးလာ၊ ၾကည္လာျပီး အျပာေရာင္ေျပာင္းလာႏိုင္တဲ့အတြက္ သင့္အေနနဲ႕ၾကိဳတင္ကာကြယ္တာ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

သြား ေလးေတြ ျဖဴဝင္းေနေစခ်င္ရင္ ေဆးလိပ္ မေသာက္ပါနဲ႕

ေဆးလိပ္ ေသာက္တာဟာ က်န္းမာေရး ကိုထိခိုက္ေစ႐ံုသာမက သြားအစြန္းအထင္းေတြကို ျဖစ္ေစႏိုင္တဲ့ အဆိုးရြားဆုံးေသာအေၾကာင္းရင္း ျဖစ္ပါတယ္။ ေဆးရြက္ၾကီးဟာ သြားကိုညိဳညစ္ညစ္အေရာင္ ျဖစ္ေစႏိုင္ျပီး ဒီအစြန္းအထင္းေတြဟာ သြားရဲ့ေႂကြလႊာကိုပါ ထိုးေဖာက္စိမ့္ဝင္သြားႏိုင္ပါတယ္။ ဆးရြက္ၾကီးအစြန္းဟာ အင္မတန္ခြၽတ္ရခက္ပါတယ္။ သြားတိုက္တာတသ္ခုတည္းေလာက္နဲ႕ေတာ့ မရပါဘူး။ ေဆးလိပ္ ေသာက္တဲ့သက္တမ္းရင့္ေလေလ၊ သင့္သြားအေရာင္ပိုရင့္ေလ၊ အစြန္းအထင္းေတြပိုစြဲေလပဲ ျဖစ္ပါတယ္။ ေဆးလိပ္ ေသာက္တာဟာ ခံတြင္းနံ႕နံေစတဲ့အျပင္ သြားဖုံးေရာဂါေတြကိုလည္း ျဖစ္ေစႏိုင္ကာ ကင္ဆာမ်ိဳးစံုျဖစ္ပြားႏိုင္ေခ်ေတြကိုလည္း ပိုမ်ားလာေစပါတယ္။

သြား ကိုအေရာင္စြန္းေစတဲ့ အစားအစာေတြ

သင္ဘာပဲစားစားသတိထားပါ။ ဆင္ျခင္ျပီးစားပါ။ လူအမ်ားစု စားေနက်အစားအစာအမ်ားအျပားဟာ သြားေတြကို အေရာင္စြန္းထင္းေစပါတယ္။ ဘယ္လိုအစားအစာမ်ိဳးက သြား ေတြကို အေရာင္စြန္းထင္းေစသလဲဆိုတာ အလြယ္တကူစမ္းသပ္ႏိုင္ပါတယ္။ အျဖဴေရာင္ခ်ည္ထည္ အကၤ်ီ ကို စြန္းထင္းေစႏိုင္တဲ့အစားအစာဟာ သြား ေတြကိုလည္း စြန္းထင္းေစႏိုင္ပါတယ္လို႕သြားဆရာဝန္ေတြက ဆိုပါတယ္ (ဥပမာ- ေကာ္ဖီ၊ ကြမ္းေသြးစသျဖင့္ေပါ့)။ လက္ဖက္ရည္၊ ကိုလာလိုအမည္းေရာင္အေအးေတြနဲ႕သစ္သီးေဖ်ာ္ရည္ေတြဟာလည္း သြား ကိုအေရာင္စြန္းထင္းေစႏိုင္ပါတယ္။ ဒီအစြန္းအထင္းေတြဟာ တျဖည္းျဖည္းခ်င္းထြက္ေပၚလာတာျဖစ္ျပီး အသက္အရြယ္ၾကီးလာတဲ့အခါ ပိုျပီးသတိထားမိလာပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့် သွား တွေ ဝါကျင့်ကျင့်ဖြစ်နေပါသလား၊ ကွမ်းဂျိုး တွေကပ်ပြီး မည်းတူးနေပါသလား။
သွား အရော င်ဝါတာ၊ ညစ်တာ၊ မည်းတာ၊ နီရဲတာတွေဟာ အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်လာနိုင်သလို တချို့အစားအသောက်တွေ၊ အချိုရည်တွေကြောင့် ဒါမှမဟုတ် အာလုပ်ကျင်း တဲ့အရည် တွေကြောင့်တောင် ဖြစ်ပေါ်လာနိုင်ပါတယ် (ကွမ်းစားတာကတော့ ထိပ်ဆုံးကပါတာပေါ့)။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်သွားတွေကို ပိုမိုဖြူစင်ဝင်းပစေမှာဖြစ်ပြီး သွား ကိုအရောင်စွန်းထင်းစေတဲ့ အစားအသောက် တွေကိုပါ ရှောင်ကြဉ်လိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။
ကဲ ပြုံးအလှပိုင်ရှင်လေးဖြစ်ဖို့ လျှို့ဝှက်ချက် တွေကို ကြည့်လိုက်ရအောင်။

အိမ် မှာနေရင်းပဲ သွား တွေ ဖြူဖွေး အောင် လုပ်ကြမယ်။

အပေါ်ယံလောက် အစွန်းအထင်း ရှိတာမျိုးကတော့ သင့်ဖာသာအိမ်မှာပဲ ဖယ်ရှားလို့ရပါတယ်။ သွားချေးချွတ်တဲ့ပစ္စည်းလေးတွေ၊ ကပ်ခွါပြားလေးတွေ၊ သွားတိုက်ဆေး တွေနဲ့အာလုပ်ကျင်း ဆေးရည် တို့ဟာ သင့်သွားမှာရှိတဲ့ အစွန်းအထင်းတွေကို သက်သာစေပါလိမ့်မယ်။ ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတဲ့ ရှေးဟောင်းနည်းလမ်းတွေလည်း ရှိပါသေးတယ်။
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သွားဖြူဆေး တွေဟာ သင့်ရဲ့ဝါကျင့်ကျင့်သွားတွေကို ဖြူစင်ဝင်းပစေဖို့အတွက် ချွတ်ဆေးအပျော့စားလေးတွေကို အသုံးပြုထားတာဖြစ်ပြီး သွားတိုက်ဆေး တွေကတော့ သွားကို ပွတ်တိုက်ပြီး အစွန်းချွတ်ပေးနိုင်တဲ့ဓာတ်ပစ္စည်းတွေကို သုံးစွဲထားတာဖြစ်ပါတယ်။ အပေါ်ယံမကဘဲ အောက်အလွှာတွေထိပါ စွန်းထင်းနေတာမျိုးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသဖို့လိုပါလိမ့်မယ်။

သွား ကိုဖြူစင်ဝင်းပစေတဲ့ ပစ္စည်းေ တွေ

ဒီ ပစ္စည်း တွေမှာ carbamide peroxide လို့ခေါ်တဲ့ ဓာတုဗေဒ ပစ္စည်း တမျိုးနဲ့အပေါ်ယံလွှာသာမက အောက်ခြေအလွှာမှာရှိတဲ့ အစွန်းအထင်းတွေကိုပါ ဖယ်ရှားပေးနိုင်တဲ့ချွတ်ဆေးတို့ပါဝင်ပြီး သင့် သွား ရဲ့နဂိုသဘာဝအရောင်အတိုင်း အမှန်တကယ် ပြန်ဖြစ်သွားစေတာကြောင့် သင့်သွားမှာ ကော်ဖီဂျိုးကပ်နေတယ်ဆိုရင် ဒီ ပစ္စည်း လေးတွေက ကူညီပေးပါလိမ့်မယ်။
အသုံးပြုပုံကတော့ ပစ္စည်း တစ်ခုနဲ့တစ်ခု အနည်းငယ်ကွဲပြားပါတယ်။ တချို့ပစ္စည်းတွေမှာဆိုရင် peroxide ကို အခြေခံထားတဲ့ gelဂျယ်လ်လေးကို သွားပွတ်တံ အသေးစားလေးကိုသုံးပြီး သွားမျက်နှာပြင်ပေါ်ကို ပွတ်ပေးရမှာဖြစ်ကာ တချို့ပစ္စည်းတွေမှာကျပြန်တော့ ဂျယ်လ်ဟာ အံကပ် လေးထဲမှာ တခါတည်းပါလာတာဖြစ်ပါတယ်။ ဒီ အံကပ် လေးကို တစ်နေ့နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက်အထိ တပ်ထားရမှာဖြစ်ပြီး ကာလအားဖြင့် တစ်ပတ် ဒါမှမဟုတ် ဒီ့ထက်ကြာကြာနေ့စဉ်တပ်ပေးရမှာ ဖြစ်ပါတယ်။

ကပ်ခွါပြား လေးတွေ

သူတို့ဟာလည်း သွားအစွန်းအထင်းတွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီကပ်ခွါလေးတွေဟာ အင်မတန်ပါးပါးလျလျရှိလှပြီး peroxide အခြေခံထားတဲ့ သွားဖြူဂျဲလ်ပါဝင်ပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်လောက်စီနဲ့ နေ့စဉ်ကပ်ပေးရမှာဖြစ်ပြီး တစ်ပတ်ကျော်လောက် အသုံးပြုရပါမယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သိသာလာမှာဖြစ်ပြီး တစ်ခါလုပ်ထားရင် အနည်းဆုံးတစ်နှစ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ သွားဖြူပစ္စည်းနဲ့ယှဉ်ရင် ရလဒ်ပိုင်းမှာအရမ်းကြီးမသိသာဘူးဆိုပေမယ့် ဒီကပ်ခွါပြားလေးတွေဟာ အသုံးပြုရလွယ်ကူပြီး လုပ်ပုံလုပ်နည်း မှားယွင်းအသုံးပြုမိစရာလည်း လုံးဝမရှိပါဘူး။

သွား ကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေး တွေနဲ့အာလုပ်ကျင်းဆေးတွေ

သင့် သွား အစွန်းအထင်းတွေကို ဘယ်လိုဖယ်ရှားမလဲ။ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သွားတိုက်ဆေးတွေ၊ ဂျဲလ် တွေနဲ့အာလုပ်ကျင်းဆေးတွေဟာ သွားအစွန်းအထင်းတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ သူတို့တွေအများစုမှာ သွားကိုသန့်စင်စေတဲ့ ဓာတုဗေဒ ပစ္စည်း တွေနဲ့သွားကိုဖြူစင်တောက်ပြောင်စေတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ ချေးချွတ်တဲ့ပစ္စည်းတွေနဲ့မတူတာက သူတို့ဟာ သွား ရဲ့ သဘာဝ အရောင် ကို မပြောင်းလဲစေပါဘူး။

အိမ်တွင်းသုံး ပစ္စည်း လေးတွေနဲ့သွားဖြူ အောင်လုပ်ကြမယ်။

ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့ နည်းလမ်း ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါ နဲ့ သွားတိုက်ဆေး ကိုရောပြီး တိုက်တာမျိုးကိုလည်း တချို့လူတွေအသုံးပြုနေကြတုန်းပဲ ဖြစ်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ မုန်လာဥနီ အစရှိတဲ့အစားအစာတွေဟာ တံတွေးများများထွက်စေတဲ့အတွက် သွားမှာကပ်နေတဲ့အစာဖတ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သကြား မပါတဲ့ ပီကေကိုဝါးပေးခြင်းအားဖြင့်လည်း သွားကိုသန့်စင်စေနိုင်ပြီး တံတွေး များများထွက်စေပါတယ်။ တံတွေးထွက်တာကြောင့် ဘာကောင်းလဲလို့မေးရင် တံတွေးဟာသွားကိုပျက်စီးစေတဲ့ အက်ဆစ် တွေကို ဓာတ်ပြယ်စေနိုင်တဲ့အတွက် သွားနဲ့ပတ်သက်လာရင် တံတွေးများလေကောင်းလေပဲ ဖြစ်ပါတယ်။

အရင်က သွားစိုက် ထားတာမျိုး၊ ပြုပြင်ထားတာမျိုးရှိရင်

တကယ်လို့သင့်မှာ သွားစိုက် ထားတာ၊ ပြုပြင်ထားတာ၊ သွားစွပ်စွပ်ထားတာမျိုးရှိရင် သွားကို ဖြူဖွေးသန့်စင်အောင်လုပ်တဲ့အခါ သတိထားသင့်တဲ့အချက်လေး ရှိနေပါတယ်။ ဂျီးချွတ်တာဟာ သဘာဝသွားတွေကိုပဲ ဖြူဖွေးတောက်ပြောင်စေမှာဖြစ်ပြီး စိုက်ထားတဲ့သွားကိုတော့ အကျိုးသက်ရောက်မှုမရှိတဲ့အတွက် သွားြ ဖူဖြူတွေကြားထဲမှာ သူတယောက်တည်း ထင်းထင်းကြီး ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့်သင့်ရဲ့ ပြန်လည် ဖြူဖွေးလာတဲ့ သွား လေးတွေနဲ့လိုက်လျောညီထွေရှိစေဖို့အတွက် သဘာဝ အတိုင်းမဟုတ်တဲ့သွားကို ပြန်လည်ပြုပြင်တာမျိုး လုပ်ဖို့လိုအပ်ပါလိမ့်မယ်။

သွား အစွန်းအထင်းတွေကို ကာကွယ်ပါ။

ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှ သွားရဲ့ အပေါ်ယံ ကြွေလွှာ ဟာ တဖြည်းဖြည်းပျက်စီးလာပြီး အောက်ခံအလွှာက ပိုဝါလာပါတယ်။ ဒါကြောင့် သွား အစွန်းအထင်း တွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ဖို့ အရမ်းပဲအရေးကြီးပါတယ် (အထူးသဖြင့် သွား တွေဖြူဖွေးအောင် လုပ်ပြီးကာစမှာပေါ့)။ တကယ်လို့သင်ဟာ သွား ကို အရောင်စွန်းစေတဲ့အစားအသောက်တွေကို သတိထားပြီးရှောင်ကြဉ်မယ်ဆိုရင် သွားချေး ချွတ်ထားတာဟာ တစ်နှစ်လောက်အထိ တာရှည်ခံမှာ ဖြစ်ပါတယ်။ သွားတွေကို ဖြူစင်ဝင်းပအောင် ခဏခဏချေးချွတ်တာမျိုးလုပ်လွန်းရင်လည်း သွားတွေကပါးလာ၊ ကြည်လာပြီး အပြာရောင်ပြောင်းလာနိုင်တဲ့အတွက် သင့်အနေနဲ့ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

သွား လေးတွေ ဖြူဝင်းနေစေချင်ရင် ဆေးလိပ် မသောက်ပါနဲ့

ဆေးလိပ် သောက်တာဟာ ကျန်းမာရေး ကိုထိခိုက်စေရုံသာမက သွားအစွန်းအထင်းတွေကို ဖြစ်စေနိုင်တဲ့ အဆိုးရွားဆုံးသောအကြောင်းရင်း ဖြစ်ပါတယ်။ ဆေးရွက်ကြီးဟာ သွားကိုညိုညစ်ညစ်အရောင် ဖြစ်စေနိုင်ပြီး ဒီအစွန်းအထင်းတွေဟာ သွားရဲ့ကြွေလွှာကိုပါ ထိုးဖောက်စိမ့်ဝင်သွားနိုင်ပါတယ်။ ဆးရွက်ကြီးအစွန်းဟာ အင်မတန်ချွတ်ရခက်ပါတယ်။ သွားတိုက်တာတသ်ခုတည်းလောက်နဲ့တော့ မရပါဘူး။ ဆေးလိပ် သောက်တဲ့သက်တမ်းရင့်လေလေ၊ သင့်သွားအရောင်ပိုရင့်လေ၊ အစွန်းအထင်းတွေပိုစွဲလေပဲ ဖြစ်ပါတယ်။ ဆေးလိပ် သောက်တာဟာ ခံတွင်းနံ့နံစေတဲ့အပြင် သွားဖုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ကာ ကင်ဆာမျိုးစုံဖြစ်ပွားနိုင်ချေတွေကိုလည်း ပိုများလာစေပါတယ်။

သွား ကိုအရောင်စွန်းစေတဲ့ အစားအစာတွေ

သင်ဘာပဲစားစားသတိထားပါ။ ဆင်ခြင်ပြီးစားပါ။ လူအများစု စားနေကျအစားအစာအများအပြားဟာ သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ ဘယ်လိုအစားအစာမျိုးက သွား တွေကို အရောင်စွန်းထင်းစေသလဲဆိုတာ အလွယ်တကူစမ်းသပ်နိုင်ပါတယ်။ အဖြူရောင်ချည်ထည် အင်္ကျီ ကို စွန်းထင်းစေနိုင်တဲ့အစားအစာဟာ သွား တွေကိုလည်း စွန်းထင်းစေနိုင်ပါတယ်လို့သွားဆရာဝန်တွေက ဆိုပါတယ် (ဥပမာ- ကော်ဖီ၊ ကွမ်းသွေးစသဖြင့်ပေါ့)။ လက်ဖက်ရည်၊ ကိုလာလိုအမည်းရောင်အအေးတွေနဲ့သစ်သီးဖျော်ရည်တွေဟာလည်း သွား ကိုအရောင်စွန်းထင်းစေနိုင်ပါတယ်။ ဒီအစွန်းအထင်းတွေဟာ တဖြည်းဖြည်းချင်းထွက်ပေါ်လာတာဖြစ်ပြီး အသက်အရွယ်ကြီးလာတဲ့အခါ ပိုပြီးသတိထားမိလာပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top