iMyanmarHouse.com - Best Property Website for Myanmar
×

အရင္တစ္ေခါက္က မိန္းကေလးေတြကို ရာသီလာတဲ့အခ်ိန္မွာ ခြဲျခားဆက္ဆံတာေတြ ရပ္သင့္တဲ့အေၾကာင္း ေျပာခဲ့ဖူးပါတယ္။ အခုတခါေတာ့ ရာသီစက္ဝန္းဟာ ပတ္ဝန္းက်င္မွာ အၿမဲ ရွိေနတဲ့ အရာျဖစ္လို႔ ေနသားၾကေနဖို႔ ေျပာခ်င္ပါတယ္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ရာသီလာေနၿပီဆိုရင္ သူမ်ားကို မသိေစခ်င္ပါဘူး။ လူေရွ႕သူေရွ႕မွာ အဲဒီအေၾကာင္းကို ေျပာရင္ ႐ိုင္းမွာ၊ မသင့္ေတာ္မွာ စိုးရိမ္ၾကပါတယ္။ မိန္းကေလးတစ္ေယာက္က “ဟိုဟာလာေနလို႔”လို႔ေျပာလိုက္ရင္ အဲဒါဘာေျပာတာလဲဆိုတာ ေယာက္်ားေလးေတြပါ သိပါတယ္။ ဓမၼတာလာတယ္ဆိုတာ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုပါ။ မိန္းကေလးတစ္ေယာက္အေနနဲ႔ ဘယ္ေတာ့မွ ေရွာင္လႊဲလို႔ မရပါဘူး။ ဒါဟာ ရွက္စရာကိစၥလည္း မဟုတ္ပါဘူး။ ဒါဆို ဘာလို႔ ဒီအေၾကာင္းေျပာဖို႔ ဝန္ေလးေနၾကတာလဲ။

အပ်ိဳေဘာ္ဝင္စအ႐ြယ္

မိန္းကေလးေတြအမ်ားအားျဖင့္ အသက္ ၈ႏွစ္ကေန ၁၆ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ရာသီေသြးစေပၚပါတယ္။ ဒါကို ပ်ိဳေဘာ္ဝင္စအ႐ြယ္လို႔ေခၚပါတယ္။ ပထမဆုံးအေတြ႕အႀကဳံဟာ မိန္းကေလးတိုင္းအဖို႔ ေၾကာက္စရာေကာင္းပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝမွာ ပထမဆုံးအႀကိမ္ ဒီလိုအေျပာင္းအလဲမ်ိဳးျဖစ္တဲ့ အခ်ိန္မွာ ဓမၼတာလာတာဟာ ႐ြံစရာ၊ အမ်ားေရွ႕မွာ ထုတ္မေျပာသင့္တဲ့အရာလို႔ အေတြးမ်ိဳး ဝင္သြားခဲ့ရင္ အားငယ္စိတ္အလိုလိုဝင္လာႏိုင္ပါတယ္။ ဒီလိုအခ်ိန္မွာ မိဘ၊ဆရာ၊ဆရာမကျဖစ္ေစ သူငယ္ခ်င္းအခ်င္းခ်င္း ျဖစ္ေစ ေဖးမကူညီသင့္ပါတယ္။

ဘဝရဲ႕ တစိတ္တပိုင္း

အမ်ိဳးသမီးေတြဟာ သူတို႔သက္တမ္းတေလွ်ာက္မွာ ပ်မ္းမွ်အားျဖင့္ ရာသီလာတဲ့ရက္ေပါင္း ၃၀၀၀ရွိပါတယ္။ ဒါဟာ ၈ႏွစ္ေက်ာ္အခ်ိန္နဲ႔ ညီမွ်ပါတယ္။ အဲဒါေၾကာင့္ ဓမၼတာဟာ အမ်ိဳးသမီးေတြ ဘဝရဲ႕ တစိတ္တပိုင္း တစ္ခုျဖစ္တယ္လို႔ ေျပာလည္း မမွားပါဘူး။ လစဥ္ရင္ဆိုင္ေနရတဲ့ ဒီကိစၥကို အမ်ိဳးသမီးေတြအေနနဲ႔ ရဲရဲတင္းတင္းေျပာဆိုမွသာ ဒါနဲ႔ပတ္သက္လို႔ ျဖစ္လာတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္မွာ ျဖစ္ပါတယ္။

အမ်ိဳးသားေတြဘာေၾကာင့္သိသင့္သလဲ

မိန္းကေလးေတြဟာ ဓမၼတာလာတဲ့အခ်ိန္မွာ ေမာင္ႏွမအခ်င္းခ်င္းျဖစ္ေစ၊ ေယာက်္ားေလးသူငယ္ခ်င္းေတြ ကိုျဖစ္ေစ သိမွာကို မစိုးရိမ္သင့္ပါဘူးး။ တကယ္ေတာ့ ရာသီစက္ဝန္းနဲ႔ ပတ္သက္တဲ့ အသိပညာဟာ ေယာက်္ားေလးေတြမွာလည္း ရွိသင့္ပါတယ္။ ရာသီလာတဲ့အခ်ိန္မွာ မိန္းမတစ္ေယာက္ရဲ႕ ခႏၶာကိုယ္မွာ ဘယ္လိုအေျပာင္းအလဲေတြျဖစ္တယ္၊ ဘာေတြခံစားရတယ္ဆိုတဲ့ ေယာက်္ားေလးေတြ ဘယ္ေတာ့မွ မခံစားရမယ့္ အေတြ႕အႀကဳံကို မိန္းကေလးေတြ ျဖတ္သန္းရတဲ့အတြက္ စိတ္ဓာတ္ခြန္အားတစ္ခုျဖစ္ပါတယ္။ ရင့္က်က္တဲ့ ေယာက်္ားတစ္ေယာက္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ရာသီကိစၥ၊ ရာသီေသြးစြန္းတာနဲ႔ပတ္သက္ၿပီး ႐ြံစရာတစ္ခုအျဖစ္သတ္မွတ္မွာ မဟုတ္ပါဘူး။

မိန္းကေလးတစ္ေယာက္စိတ္ဟာ ဓမၼတာလာတဲ့အခ်ိန္မွာ ဟိုမုန္းအေျပာင္းအလဲ ထိလြယ္ရွလြယ္ပါတယ္။ ဒီလိုအခ်ိန္မွာ ကိုယ့္ဘက္က အမွား မလုပ္မိေအာင္ သတိထားသင့္ပါတယ္။ ဒါ့အျပင္ ေယာက်္ားေလးေတြဘက္က ဒါကို အခြင့္အေရးယူၿပီး မေစာ္ကားမိေအာင္ ျပဳမူသင့္ပါတယ္။ မိန္းကေလးေရာ၊ ေယာက္်ားေလးပါ ဒီကိစၥကို သဘာဝတရားအျဖစ္သတ္မွတ္ၿပီး ကန႔္သတ္ခ်ဳပ္ျခယ္မႈေတြ မလုပ္ဘူးဆိုရင္ ခြဲျခားဆက္ဆံမႈေတြကို ေျဖေလွ်ာ့ႏိုင္မွာျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရင်တစ်ခေါက်က မိန်းကလေးတွေကို ရာသီလာတဲ့အချိန်မှာ ခွဲခြားဆက်ဆံတာတွေ ရပ်သင့်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ အခုတခါတော့ ရာသီစက်ဝန်းဟာ ပတ်ဝန်းကျင်မှာ အမြဲ ရှိနေတဲ့ အရာဖြစ်လို့ နေသားကြနေဖို့ ပြောချင်ပါတယ်။ မိန်းကလေးတော်တော်များများက ရာသီလာနေပြီဆိုရင် သူများကို မသိစေချင်ပါဘူး။ လူရှေ့သူရှေ့မှာ အဲဒီအကြောင်းကို ပြောရင် ရိုင်းမှာ၊ မသင့်တော်မှာ စိုးရိမ်ကြပါတယ်။ မိန်းကလေးတစ်ယောက်က “ဟိုဟာလာနေလို့”လို့ပြောလိုက်ရင် အဲဒါဘာပြောတာလဲဆိုတာ ယောက်ျားလေးတွေပါ သိပါတယ်။ ဓမ္မတာလာတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်တော့မှ ရှောင်လွှဲလို့ မရပါဘူး။ ဒါဟာ ရှက်စရာကိစ္စလည်း မဟုတ်ပါဘူး။ ဒါဆို ဘာလို့ ဒီအကြောင်းပြောဖို့ ဝန်လေးနေကြတာလဲ။

အပျိုဘော်ဝင်စအရွယ်

မိန်းကလေးတွေအများအားဖြင့် အသက် ၈နှစ်ကနေ ၁၆နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ရာသီသွေးစပေါ်ပါတယ်။ ဒါကို ပျိုဘော်ဝင်စအရွယ်လို့ခေါ်ပါတယ်။ ပထမဆုံးအတွေ့အကြုံဟာ မိန်းကလေးတိုင်းအဖို့ ကြောက်စရာကောင်းပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် ဒီလိုအပြောင်းအလဲမျိုးဖြစ်တဲ့ အချိန်မှာ ဓမ္မတာလာတာဟာ ရွံစရာ၊ အများရှေ့မှာ ထုတ်မပြောသင့်တဲ့အရာလို့ အတွေးမျိုး ဝင်သွားခဲ့ရင် အားငယ်စိတ်အလိုလိုဝင်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ မိဘ၊ဆရာ၊ဆရာမကဖြစ်စေ သူငယ်ချင်းအချင်းချင်း ဖြစ်စေ ဖေးမကူညီသင့်ပါတယ်။

ဘဝရဲ့ တစိတ်တပိုင်း

အမျိုးသမီးတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ပျမ်းမျှအားဖြင့် ရာသီလာတဲ့ရက်ပေါင်း ၃၀၀၀ရှိပါတယ်။ ဒါဟာ ၈နှစ်ကျော်အချိန်နဲ့ ညီမျှပါတယ်။ အဲဒါကြောင့် ဓမ္မတာဟာ အမျိုးသမီးတွေ ဘဝရဲ့ တစိတ်တပိုင်း တစ်ခုဖြစ်တယ်လို့ ပြောလည်း မမှားပါဘူး။ လစဉ်ရင်ဆိုင်နေရတဲ့ ဒီကိစ္စကို အမျိုးသမီးတွေအနေနဲ့ ရဲရဲတင်းတင်းပြောဆိုမှသာ ဒါနဲ့ပတ်သက်လို့ ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတွေဘာကြောင့်သိသင့်သလဲ

မိန်းကလေးတွေဟာ ဓမ္မတာလာတဲ့အချိန်မှာ မောင်နှမအချင်းချင်းဖြစ်စေ၊ ယောကျ်ားလေးသူငယ်ချင်းတွေ ကိုဖြစ်စေ သိမှာကို မစိုးရိမ်သင့်ပါဘူးး။ တကယ်တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ အသိပညာဟာ ယောကျ်ားလေးတွေမှာလည်း ရှိသင့်ပါတယ်။ ရာသီလာတဲ့အချိန်မှာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်တယ်၊ ဘာတွေခံစားရတယ်ဆိုတဲ့ ယောကျ်ားလေးတွေ ဘယ်တော့မှ မခံစားရမယ့် အတွေ့အကြုံကို မိန်းကလေးတွေ ဖြတ်သန်းရတဲ့အတွက် စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်ပါတယ်။ ရင့်ကျက်တဲ့ ယောကျ်ားတစ်ယောက် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီကိစ္စ၊ ရာသီသွေးစွန်းတာနဲ့ပတ်သက်ပြီး ရွံစရာတစ်ခုအဖြစ်သတ်မှတ်မှာ မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်စိတ်ဟာ ဓမ္မတာလာတဲ့အချိန်မှာ ဟိုမုန်းအပြောင်းအလဲ ထိလွယ်ရှလွယ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘက်က အမှား မလုပ်မိအောင် သတိထားသင့်ပါတယ်။ ဒါ့အပြင် ယောကျ်ားလေးတွေဘက်က ဒါကို အခွင့်အရေးယူပြီး မစော်ကားမိအောင် ပြုမူသင့်ပါတယ်။ မိန်းကလေးရော၊ ယောက်ျားလေးပါ ဒီကိစ္စကို သဘာဝတရားအဖြစ်သတ်မှတ်ပြီး ကန့်သတ်ချုပ်ခြယ်မှုတွေ မလုပ်ဘူးဆိုရင် ခွဲခြားဆက်ဆံမှုတွေကို ဖြေလျှော့နိုင်မှာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top