iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေပၚမွာ ဘယ္ကမွန္းမသိ ေရာက္လာတဲ့ အညိဳကြက္ေတြကို တင္းတိပ္လို႔ ေခၚပါတယ္။ တကယ္ေတာ့ တင္းတိပ္ေတြဟာ ေနေလာင္ဒဏ္ခံရတာေၾကာင့္ ျဖစ္ေပၚလာတာ မ်ားပါတယ္။ အမ်ိဳးသမီးေဟာ္္မုန္းအေျပာင္းအလဲေၾကာင့္လည္း ေပၚလာတတ္ပါတယ္။ ဒါေပမဲ့ ဘယ္သူကမွေတာ့ တင္းတိပ္ကို ႏွစ္လိုၾကတာမရွိပါဘူး။ ကိုယ့္အလွ ပ်က္ရတာကိုး။

တင္းတိပ္ေတြေပ်ာက္ေအာင္ ေသာက္ေဆး၊ လိမ္းေဆးေတြ အမ်ိဳးမ်ိဳးနဲ႔ ကုသၾကသလို ေလဆာနဲ႔လည္း ေပ်ာက္ေအာင္ ျပဳလုပ္ၾကပါတယ္။ တင္းတိပ္ေတြေပ်ာက္ေစမယ့္ အိမ္သံုးနည္းလမ္းေတြေတာ့ ရွိပါတယ္။ သဘာဝနည္းေတြမို႔လို႔ ေဘးထြက္ဆုိးက်ိဳးလည္း မရွိသေလာက္ပါပဲ။ စိတ္႐ွည္႐ွည္နဲ႔ ပံုမွန္သာ ျပဳလုပ္ေပးမယ္ဆိုရင္ ဒီနည္းေတြက တင္းတိပ္ေတြကို တျဖည္းျဖည္းနဲ႔ အေရာင္ေဖ်ာ့ကာ ေပ်ာက္ကြယ္သြားေစပါလိမ့္မယ္။

ပန္းသီးဗီနီဂါ (apple cider vinegar) ကို အသံုးျပဳတဲ့နည္းလမ္းက အေတာ္ကို ထိေရာက္ပါတယ္။ ပန္းသီးအရက္႐ွာလကာရည္ကို ေသာက္သံုးျခင္းဟာ ယေန႔ေခတ္မွာ အေတာ္ေရပန္းစားေနပါတယ္။ တင္းတိပ္အတြက္ အသံုးျပဳလို႔လည္း ရပါတယ္။ ေရနဲ႔ဆတူေရာၿပီး ဂြမ္းေလးမွာဆြတ္ကာ တင္းတိပ္ေနရာေတြကို ပံုမွန္ေလး လိမ္းေပးထား႐ံုပါပဲ။ ေနပူထဲထြက္တဲ့အခါ ထီးေဆာင္းဖုိ႔နဲ႔ ညမအိပ္မီ မ်က္ႏွာကို ေသေသခ်ာခ်ာ သန္႔စင္ဖုိ႔လည္း လိုအပ္ပါတယ္။ မ်က္ႏွာသစ္ၿပီးတိုင္း ပန္းသီးဗီနီဂါကို သုတ္လိမ္းေပးထားမယ္ဆုိ တစ္လအတြင္း ထူးျခားလာတာ ေတြ႔ရမွာျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာပေါ်မှာ ဘယ်ကမှန်းမသိ ရောက်လာတဲ့ အညိုကွက်တွေကို တင်းတိပ်လို့ ခေါ်ပါတယ်။ တကယ်တော့ တင်းတိပ်တွေဟာ နေလောင်ဒဏ်ခံရတာကြောင့် ဖြစ်ပေါ်လာတာ များပါတယ်။ အမျိုးသမီးဟော်မုန်းအပြောင်းအလဲကြောင့်လည်း ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှတော့ တင်းတိပ်ကို နှစ်လိုကြတာမရှိပါဘူး။ ကိုယ့်အလှ ပျက်ရတာကိုး။

တင်းတိပ်တွေပျောက်အောင် သောက်ဆေး၊ လိမ်းဆေးတွေ အမျိုးမျိုးနဲ့ ကုသကြသလို လေဆာနဲ့လည်း ပျောက်အောင် ပြုလုပ်ကြပါတယ်။ တင်းတိပ်တွေပျောက်စေမယ့် အိမ်သုံးနည်းလမ်းတွေတော့ ရှိပါတယ်။ သဘာဝနည်းတွေမို့လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်ပါပဲ။ စိတ်ရှည်ရှည်နဲ့ ပုံမှန်သာ ပြုလုပ်ပေးမယ်ဆိုရင် ဒီနည်းတွေက တင်းတိပ်တွေကို တဖြည်းဖြည်းနဲ့ အရောင်ဖျော့ကာ ပျောက်ကွယ်သွားစေပါလိမ့်မယ်။

ပန်းသီးဗီနီဂါ (apple cider vinegar) ကို အသုံးပြုတဲ့နည်းလမ်းက အတော်ကို ထိရောက်ပါတယ်။ ပန်းသီးအရက်ရှာလကာရည်ကို သောက်သုံးခြင်းဟာ ယနေ့ခေတ်မှာ အတော်ရေပန်းစားနေပါတယ်။ တင်းတိပ်အတွက် အသုံးပြုလို့လည်း ရပါတယ်။ ရေနဲ့ဆတူရောပြီး ဂွမ်းလေးမှာဆွတ်ကာ တင်းတိပ်နေရာတွေကို ပုံမှန်လေး လိမ်းပေးထားရုံပါပဲ။ နေပူထဲထွက်တဲ့အခါ ထီးဆောင်းဖို့နဲ့ ညမအိပ်မီ မျက်နှာကို သေသေချာချာ သန့်စင်ဖို့လည်း လိုအပ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း ပန်းသီးဗီနီဂါကို သုတ်လိမ်းပေးထားမယ်ဆို တစ်လအတွင်း ထူးခြားလာတာ တွေ့ရမှာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top