iMyanmarHouse.com - Best Property Website for Myanmar
×
မိတ်ကပ်မျိုးကိုကိုစန်းဟာ Lady Boy တစ်ယောက်ဆိုပေမယ့် မိန်းကလေးတစ်ယောက်အလား နူးညံ့သိမ်မွေ့လွန်းတာကြောင့် မိန်းကလေးပရိသတ်ရော၊ ယောက်ျားလေး ပရိသတ်တွေရဲ့ အချစ်တွေကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
Credit : Duwun
ပရိသတ်တွေက မိန်းကလေးတစ်ယောက်နဲ့တူပါတယ်ဆိုတဲ့ မိတ်ကပ်ပညာရှင်မျိုးကိုကိုစန်းက သူကိုယ်တိုင် မိန်းကလေးတစ်ယောက် လိုဖြစ်ပေါ်လာတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့အတူ မိန်းကလေးနဲ့တူတဲ့ စိတ်နေစိတ်ထားတွေကို ပြောပြ ခဲ့ပါတယ်။
” အမှန်အတိုင်းပြောရရင် ညီမမှာ ယောကျ်ားလေးသူငယ်ချင်းဆိုတာ လက်ချိုးရေတွက်လို့ရတယ်။ ညီမက မိန်းကလေး သူငယ်ချင်းေ တွ အပေါင်းအသင်းများတဲ့အတွက် သူတို့ဆီက စိတ်နေစိတ်ထားတွေ၊ ပြောပုံဆိုပုံတွေက ညီမဆီကို ရောင်ပြန်လာတယ်လို့ ထင်ပါ တယ်။ ကိုယ်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေကြောင့် ညီမပြောတာဆိုတာ၊ ကိုယ်နှုတ်အမူအရာ ကအစ မိန်းကလေးအရမ်းဆန် တယ်လို့ ထင်ပါတယ်” လို့သူကဆိုပါတယ်။
ငယ်ငယ်ကတည်းက မိန်းကလေးလိုနေပေမယ့် မိန်းကလေးပုံစံမပေါက်လို့ စိတ်ဓာတ်ကျခဲ့တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
”ငယ်ငယ်တုန်းကလည်း မိန်းကလေးလိုနေခဲ့တာပေါ့၊ မိတ်ကပ်တွေလိမ်းပြီး နှုတ်ခမ်းနီတွေ ဆိုးခဲ့တာမျိုးတွေလည်းရှိပါတယ်။ အဲ့ဒီတုန်းကဆိုရင် အရမ်းလည်း စိတ်ဓာတ်ကျခဲ့တယ်။ မိန်းကလေးနဲ့လည်းမတူသေးဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကြိုးစားနေ ပေမယ့်လည်း နေရာလေးတစ်ခုရောက်အောင် ကြိုးစားရမယ့် အချိန်လေးတစ်ခု ရောက်နေပြီလို့ထင်ပါတယ်”လို့ ဆိုပါတယ်။
မိတ်ကပ်မျိုးကိုကိုစန်းဟာ Lady Boy တစ်ယောက်ဆိုပေမယ့် မိန်းကလေးတစ်ယောက်အလား နူးညံ့သိမ်မွေ့လွန်းတာကြောင့် မိန်းကလေးပရိသတ်ရော၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အချစ်တွေကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
Photo: မျိုးကိုကိုစန်းဖေ့စ်ဘုတ်
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top