iMyanmarHouse.com - Best Property Website for Myanmar
×

၁ - တံခါး


၂ - ထိုင်ခုံ


၃ - အပြင်အဆင်


၎ - အနံ့


၅ - အိမ်သာ


Credit : Duwun

၁ - တံခါး

သင်အိမ်ကိုလာလည်သူတွေ ပထမဆုံးမြင်မှာ အိမ်ရှေ့တံခါးပါ။ ခြံဝင်းနဲ့ နေတဲ့သူပဲ ဖြစ်ဖြစ်၊ တိုက်ခန်းနဲ့ နေတဲ့သူပဲ ဖြစ်ဖြစ် အိမ်ရှေ့တံခါးကို အရောင်ကောင်းကောင်း သုတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် အနုပညာလက်ရာတစ်ခုလို ပြင်ဆင်ထားတာမျိုး လုပ်သင့်ပါတယ်။

၂ - ထိုင်ခုံ

ကိုယ့်အိမ်မှာဖြစ်တာကြောင့် ကိုယ့်အတွက် အရေးမကြီးပေမဲ့ ဧည့်သည်တွေအတွက်တော့ အရေးကြီးပါတယ်။ တံခါးက ဝင်လာတဲ့အခါ  ဧည့်သည်ထိုင်ရမယ့်နေရာဟာ အဝေးကြီးမှာ မဖြစ်သင့်ပါဘူး။ ကြားထဲမှာ အတားအဆီးလည်း မရှိသင့်ပါဘူး။

၃ - အပြင်အဆင်

အခန်းထဲမှာ ပြင်ဆင်ထားပုံဟာ သင့်ပုံစံကို ထင်ဟပ်နေရင် ပိုကောင်းပါတယ်။ ဥပမာ စာဖတ်ဝါသနာပါရင် စာအုပ်တွေထားတာမျိုးပါ။

၄ - အနံ့

အရေးကြီးဆုံးကတော့ သင့်အခန်းက အနံ့ဆိုးမထွက်ဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ ပထမဆုံးရောက်ဖူးသူဟာ အဆိုပါအနံ့နဲ့ သင့်အခန်းကို တွဲဖက်မှတ်မိသွားကြပါလိမ့်မယ်။

၅ - အိမ်သာ

အိမ်သာကလည်း သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top