iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕ဆံပင္ေတြက ေမြးရာပါ အေကာက္မို႔လို႔၊ လႈိင္းတြန္႔ပါလို႔ စိတ္ညစ္ေနရင္ေတာ့ အၿမဲတမ္းပဲ စိတ္ညစ္ေနရမွာပါပဲ။ ဆံပင္အေကာက္ကို လက္မခံႏိုင္ဘဲ ေျဖာင့္ဖို႔ႀကိဳးစားရင္းနဲ႔ အခ်ိန္ေတြကုန္၊ ေငြေတြကုန္၊ ဆံပင္ေတြလည္း ပ်က္စီးရတာ ႏွေမ်ာဖုိ႔ေကာင္းပါတယ္။ အေကာက္ေတြေခတ္စားေနတဲ့အခ်ိန္မွာ သဘာဝဆံပင္အေကာက္ေလးေတြက ဆြဲေဆာင္မႈအ႐ွိဆံုးပါပဲေနာ္။

သဘာဝဆံပင္အေကာက္ေလးေတြကို အ႐ွိအတိုင္းလက္ခံၿပီး ေက်နပ္ဂုဏ္ယူေနသူေတြ အမ်ားႀကီး႐ွိပါတယ္။ ဥပမာအေနနဲ႔ေျပာရရင္ေတာ့ Siperman : Home Coming ထဲက မင္းသမီး ဇန္ဒါရာပါ။ သူဆုိရင္ သူ႔ဆံပင္အေကာက္ေလးကို မေျဖာင့္ပါဘူး။ လွပေအာင္ပဲ ျပင္ဆင္ၿပီးပြဲတက္ေလ့႐ွိတယ္။

ဆံပင္အေကာက္ေတြကို ဘာလို႔မႀကိဳက္ၾကတာလဲလို႔ေမးရင္ အမ်ားစုက ေျဖၾကတယ္ " ဆံပင္ႀကီးဖြာလန္ေနလို႔၊ ရႈပ္ပြေနလို႔၊ သပ္သပ္ရပ္ရပ္မ႐ွိလို႔" ဆိုတဲ့ အဓိကအေျဖ ၃ ခုကို ေတြ႔ရပါတယ္။ ဆံပင္ေတြဖြာတာကေတာ့ ေျဖာင့္တဲ့ဆံပင္လည္းဖြာလန္ႀကဲတာပါပဲ။ တကူးတက ေကာက္ထားတဲ့လူေတြဆုိရင္ ပိုၿပီးေတာ့ေတာင္ ထိန္းသိမ္းရေသးတယ္။ ေကာက္တဲ့ဆံပင္ကို ေျဖာင့္ရရင္ ဆံပင္ပ်က္စီး ေငြကုန္ၿပီး ေနာက္ေတာ့လည္း ျပန္ေကာက္သြားဦးမွာပါပဲ။ ပင္ကိုယ္အလွကသာ အလွဆံုးပါ။

ေနာက္တစ္ခုကေတာ့ ေ႐ွး႐ိုးဆန္တဲ့အာ႐ွသူေတြဟာ ဆံပင္အေျဖာင့္ကိုမွ လွတယ္ထင္ၾကလို႔ပါ။ ဆံပင္ကိုေျဖာင့္စင္းၿပီး ႐ွည္လ်ားနက္ေမွာင္ေနမွ လွတယ္လို႔ယူဆၾကတယ္။ ဒီခတ္မွာကေတာ့ ဆံပင္ကို မ်ိဳးစံုလုပ္ၾကတယ္ေလ။ ေျဖာင့္၊ေကာက္၊ ညႇပ္၊ ေဆးဆိုး စံုလို႔ပါပဲ။ ဆံပင္အ႐ွည္ထားဖုိ႔ဆုိတာကလည္း ရာသီဥတုကပူ၊ အလုပ္ကမ်ားေတာ့ ထိန္းသိမ္းရခက္တယ္၊ အခ်ိန္ကုန္ပါတယ္။ ကိုယ့္ရဲ႕ေမြးရာပါဆံပင္အေကာက္ေလးက တကူးတကေကာက္ထားတာမဟုတ္ဘဲ ဆြဲေဆာင္မႈ႐ွိေနတာကို ဂုဏ္ယူသင့္ပါတယ္။

ကိုယ့္ရဲ႕ပင္ကိုယ္ဆံပင္ လိႈင္းတြန္႔၊ အေကာက္ေလးကို လွေအာင္ ဘယ္လိုေနၾကမလဲ?

၁) ေန႔တုိင္းေခါင္းမေလွ်ာ္ပါနဲ႔။ ဦးေရျပားကေနထြက္တဲ့ သဘာဝအဆီက ဆံပင္ေတြကို စုစည္းေစၿပီး ဆံပင္ေတြဖြာလန္ႀကဲတာ မျဖစ္ေစဘူး။

၂) Dry shampoo ကို အသံုးျပဳပါ။ ဦးေရျပားက အဆီေတြအရမ္းမ်ားလို႔ မေနတတ္ဘူးဆုိရင္ အဆီေတြကိုစုပ္ယူဖုိ႔အတြက္ေပါ့။

၃) ကိုယ့္ဆံပင္အမ်ိဳးအစားအတြက္ ထုတ္ထားတဲ့ ဆံပင္ပစၥည္းေတြကို အသံုးျပဳတာ အေကာင္းဆံုးပါပဲ။ ေကာက္တဲ့ဆံသားေတြအတြက္ ထုတ္ထားတဲ့ အလွကုန္ပစၥည္းေတြက ကိုယ့္ကိုပိုလွသြားေစပါတယ္။ Argan Oil ဆိုရင္ ေကာက္သားဆံပင္ေတြအတြက္ ေကာင္းပါတယ္။

၄) ေခါင္းေလွ်ာ္ၿပီးရင္ေတာ့ ဆံပင္ေတြ ေျခာက္မသြားခင္ ေခါင္းၿဖီးပါ။ ဘီးႀကဲကိုသံုးၿပီး ဆံပင္စိုေနတုန္းၿဖီးမယ္ဆုိ ဆံပင္ရႈပ္ပြတာ သက္သာပါတယ္။

၅) ဆံပင္အေကာက္ေလးကို ေကာက္သားပိုေပၚခ်င္ရင္ေတာ့ က်စ္ဆံၿမီးက်စ္ၿပီး အိပ္ရာဝင္ပါ။ မနက္မိုးလင္းလို႔ က်စ္ဆံၿမီးျဖည္လိုက္ရင္ ေကာက္သားပိုေပၚေနပါလိမ့္မယ္ေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ရဲ့ဆံပင်တွေက မွေးရာပါ အကောက်မို့လို့၊ လှိုင်းတွန့်ပါလို့ စိတ်ညစ်နေရင်တော့ အမြဲတမ်းပဲ စိတ်ညစ်နေရမှာပါပဲ။ ဆံပင်အကောက်ကို လက်မခံနိုင်ဘဲ ဖြောင့်ဖို့ကြိုးစားရင်းနဲ့ အချိန်တွေကုန်၊ ငွေတွေကုန်၊ ဆံပင်တွေလည်း ပျက်စီးရတာ နှမျောဖို့ကောင်းပါတယ်။ အကောက်တွေခေတ်စားနေတဲ့အချိန်မှာ သဘာဝဆံပင်အကောက်လေးတွေက ဆွဲဆောင်မှုအရှိဆုံးပါပဲနော်။

သဘာဝဆံပင်အကောက်လေးတွေကို အရှိအတိုင်းလက်ခံပြီး ကျေနပ်ဂုဏ်ယူနေသူတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ Siperman : Home Coming ထဲက မင်းသမီး ဇန်ဒါရာပါ။ သူဆိုရင် သူ့ဆံပင်အကောက်လေးကို မဖြောင့်ပါဘူး။ လှပအောင်ပဲ ပြင်ဆင်ပြီးပွဲတက်လေ့ရှိတယ်။

ဆံပင်အကောက်တွေကို ဘာလို့မကြိုက်ကြတာလဲလို့မေးရင် အများစုက ဖြေကြတယ် " ဆံပင်ကြီးဖွာလန်နေလို့၊ ရှုပ်ပွနေလို့၊ သပ်သပ်ရပ်ရပ်မရှိလို့" ဆိုတဲ့ အဓိကအဖြေ ၃ ခုကို တွေ့ရပါတယ်။ ဆံပင်တွေဖွာတာကတော့ ဖြောင့်တဲ့ဆံပင်လည်းဖွာလန်ကြဲတာပါပဲ။ တကူးတက ကောက်ထားတဲ့လူတွေဆိုရင် ပိုပြီးတော့တောင် ထိန်းသိမ်းရသေးတယ်။ ကောက်တဲ့ဆံပင်ကို ဖြောင့်ရရင် ဆံပင်ပျက်စီး ငွေကုန်ပြီး နောက်တော့လည်း ပြန်ကောက်သွားဦးမှာပါပဲ။ ပင်ကိုယ်အလှကသာ အလှဆုံးပါ။

နောက်တစ်ခုကတော့ ရှေးရိုးဆန်တဲ့အာရှသူတွေဟာ ဆံပင်အဖြောင့်ကိုမှ လှတယ်ထင်ကြလို့ပါ။ ဆံပင်ကိုဖြောင့်စင်းပြီး ရှည်လျားနက်မှောင်နေမှ လှတယ်လို့ယူဆကြတယ်။ ဒီခတ်မှာကတော့ ဆံပင်ကို မျိုးစုံလုပ်ကြတယ်လေ။ ဖြောင့်၊ကောက်၊ ညှပ်၊ ဆေးဆိုး စုံလို့ပါပဲ။ ဆံပင်အရှည်ထားဖို့ဆိုတာကလည်း ရာသီဥတုကပူ၊ အလုပ်ကများတော့ ထိန်းသိမ်းရခက်တယ်၊ အချိန်ကုန်ပါတယ်။ ကိုယ့်ရဲ့မွေးရာပါဆံပင်အကောက်လေးက တကူးတကကောက်ထားတာမဟုတ်ဘဲ ဆွဲဆောင်မှုရှိနေတာကို ဂုဏ်ယူသင့်ပါတယ်။

ကိုယ့်ရဲ့ပင်ကိုယ်ဆံပင် လှိုင်းတွန့်၊ အကောက်လေးကို လှအောင် ဘယ်လိုနေကြမလဲ?

၁) နေ့တိုင်းခေါင်းမလျှော်ပါနဲ့။ ဦးရေပြားကနေထွက်တဲ့ သဘာဝအဆီက ဆံပင်တွေကို စုစည်းစေပြီး ဆံပင်တွေဖွာလန်ကြဲတာ မဖြစ်စေဘူး။

၂) Dry shampoo ကို အသုံးပြုပါ။ ဦးရေပြားက အဆီတွေအရမ်းများလို့ မနေတတ်ဘူးဆိုရင် အဆီတွေကိုစုပ်ယူဖို့အတွက်ပေါ့။

၃) ကိုယ့်ဆံပင်အမျိုးအစားအတွက် ထုတ်ထားတဲ့ ဆံပင်ပစ္စည်းတွေကို အသုံးပြုတာ အကောင်းဆုံးပါပဲ။ ကောက်တဲ့ဆံသားတွေအတွက် ထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေက ကိုယ့်ကိုပိုလှသွားစေပါတယ်။ Argan Oil ဆိုရင် ကောက်သားဆံပင်တွေအတွက် ကောင်းပါတယ်။

၄) ခေါင်းလျှော်ပြီးရင်တော့ ဆံပင်တွေ ခြောက်မသွားခင် ခေါင်းဖြီးပါ။ ဘီးကြဲကိုသုံးပြီး ဆံပင်စိုနေတုန်းဖြီးမယ်ဆို ဆံပင်ရှုပ်ပွတာ သက်သာပါတယ်။

၅) ဆံပင်အကောက်လေးကို ကောက်သားပိုပေါ်ချင်ရင်တော့ ကျစ်ဆံမြီးကျစ်ပြီး အိပ်ရာဝင်ပါ။ မနက်မိုးလင်းလို့ ကျစ်ဆံမြီးဖြည်လိုက်ရင် ကောက်သားပိုပေါ်နေပါလိမ့်မယ်နော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top