iMyanmarHouse.com - Best Property Website for Myanmar
×

 အမ်ားသံုး ဘိုထိုင္အိမ္သာေတြ အသံုးျပဳတဲ့အခါ တခ်ိဳ႕က မထိမိေအာင္ ၾကြၿပီးသြားတတ္ၾကၿပီး တခ်ိဳ႕က အိမ္သာသံုးတစ္႐ွဴးေတြ သံုးေလ့ရွိပါတယ္။ အင္မတန္ အသန္႔ႀကိဳက္သူတခ်ိဳ႕ကေတာ့ အိမ္သာအဖံုးေလးေတြ ေဆာင္လာၿပီး သံုးေလ့ရွိေပမယ့္ ဒီအဖံုးေတြဟာ အံဝင္ကြင္က်မျဖစ္ဘဲ ေရတစိုစို ရွိေနတတ္တာေၾကာင့္ တကယ္တမ္း ေရာဂါပိုးမႊားေတြကို မတားဆီး၊ မကာကြယ္ေပးႏိုင္ပါဘူး။

 အိမ္သာအဖံုး သံုးတာပဲျဖစ္ျဖစ္၊ တစ္႐ွဴးခံ သံုးတာပဲျဖစ္ျဖစ္၊ သူ႔မွာပါတဲ့ အေပါက္ေတြဟာ ပိုးမႊားေတြ ျဖတ္ႏိုင္ေလာက္ေအာင္ က်ယ္ေနတာေၾကာင့္ အထပ္ထပ္ ခံၿပီးသံုးရင္ေတာ့ အနည္းငယ္မွ်ေသာ ကာကြယ္မႈေတာ့ ေပးႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ အိမ္သာထိုင္ခံု အရမ္းညစ္ပတ္ေနတာ၊ အရည္ေတြ၊ အရာဝတၳဳေတြနဲ႔ ေပက်ံေနတာမ်ိဳးကလြဲလို႔ ေတာ္႐ံုအိမ္သာေတြဟာ ေရာဂါပိုး ကူးစက္ေစႏိုင္စြမ္း မရွိတတ္ပါဘူး။

အိမ္သာထဲမွာ ေရာဂါျဖစ္ေစႏိုင္တဲ့ ပိုးမႊားေတြ အရမ္းမ်ားတယ္ဆိုတဲ့ အေထာက္အထား မရွိပါဘူး။ တကယ္တမ္းေျပာရရင္ လက္ကိုင္ဖုန္းေတြမွာ အိမ္သာခံုထက္စာရင္ ပိုးမႊား 10 ဆ ပိုမ်ားပါတယ္။ ေသာ့၊ ဖိနပ္ႀကိဳး၊ လက္ကိုင္အိတ္နဲ႔ ေန႔စဥ္အသံုးျပဳက် ပစၥည္းေတြမွာလည္း ပံုမွန္ေဆးေၾကာေနတဲ့ အိမ္သာေတြထက္စာရင္ ပိုးမႊားေတြ ပိုမ်ားတယ္လို႔ ဆိုႏိုင္ပါတယ္။

 လူတစ္ေယာက္ဟာ ဖ်ားနာေနတာ မဟုတ္ခဲ့ရင္  သူ႔ရဲ႕မစင္မွာ ပါဝင္တဲ့ ပိုးေတြဟာ ေဘးဥပါဒ္ မျဖစ္ေစႏိုင္ပါဘူး။ အိမ္သာခံုေတြမွာ ဒီပိုးမႊားေတြ တြယ္ကပ္ေနၿပီး ကိုယ့္ရဲ႕အေရျပားေပၚ ေရာက္ရွိလာရင္ေတာင္ ေတာ္႐ံုေရာဂါ မျဖစ္ေစႏိုင္ပါဘူး။ ေရာဂါျဖစ္ေစႏိုင္ဖို႔အတြက္ ဒီပိုးမႊားေတြဟာ တင္ပါးေပၚမွာရွိတဲ့ အနာေတြနဲ႔ လက္ကေနတစ္ဆင့္ ဝင္မွရမွာပါ။

 ဒါေၾကာင့္ အေရးအႀကီးဆံုးက လက္ေဆးဖို႔ပါပဲ။ အိမ္သာသံုးၿပီးတိုင္းနဲ႔ အစာမစားခင္တိုင္း လက္ေဆးေပးရင္ ေရာဂါဘယေတြ ကာကြယ္ႏိုင္မွာပါ။

 လက္ေဆးျခင္းရဲ႕ အေရးပါပံုကို တခ်ိဳ႕ေတြက ေသခ်ာမသိၾကတဲ့အတြက္ ျဖစ္ကတတ္ဆန္း ေဆးေလ့ ရွိပါတယ္။ ဆပ္ျပာနဲ႔ အခ်ိန္အတန္ၾကာ ေဆးျခင္းကသာ မွန္ကန္တဲ့လက္ေဆးနည္း ျဖစ္ပါတယ္။

 ဒါ့အျပင္ အိမ္သာအဖံုးသံုးျခင္း၊ တစ္႐ွဴး အပိုသံုးျခင္းေၾကာင့္  စကၠဴထုတ္လုပ္မႈကို ပိုမ်ားေစႏိုင္ၿပီး ဒါေတြကို ဖ်က္ဆီးပစ္ဖို႔လည္း ေရပိုလိုတာေၾကာင့္ စြမ္းအင္အရင္းအျမစ္ေတြကို ပိုဆံုး႐ႈံးေစႏိုင္ပါတယ္။

 တစ္ခါတေလ ဆီးစစ္ဖို႔အတြက္ အမ်ားသံုးအိမ္သာကို အသံုးျပဳရတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အိမ္သာအထိုင္နဲ႔ မထိဘဲ တင္ပါးႂကြၿပီးသြားတဲ့အခါ ဆီးအထြက္နည္းၿပီး အေျဖမွားတတ္ပါတယ္။

 အမ်ားသံုးအိမ္သာသံုးျခင္းရဲ႕ ဆိုးက်ိဳးတစ္ခ်က္က ေရာဂါပိုး ကူးတာ၊ မကူးတာထက္ တစ္ပါးသူရဲ႕ အညစ္အေၾကးေတြ ေပက်ံေနတဲ့အခါ ထိခ်င္ထိုင္ခ်င္မွာ မဟုတ္ပါဘူး။

 ဒီလိုအခိ်န္မိ်ဳးမွာေတာ့ ဘိုထိုင္အဖံုး၊ အကာေလး သံုးျခင္းက စိတ္သက္သာေစမွ ာျဖစ္ပါတယ္။

 ေနာက္ဆံုး အခ်က္တစ္ခ်က္ကေတာ့ အိမ္သာ ေရဆြဲခ်တဲ့အခိ်န္မွာ ဘက္တီးရီးယားပိုးမႊားေတြ ေရစက္ေလးေတြနဲ႔ တြဲခိုပါလာတတ္တာေၾကာင့္ တတ္ႏိုင္သမွ် ေဝးေဝးေနပါ။ ေနာက္ေပၚတဲ့ ဖိအားနည္းအိမ္သာမ်ိဳးမွာေတာ့ ဒီလိုမျဖစ္ေအာင္ ကာကြယ္ထားေပမယ့္ အိမ္သာအေဟာင္းေတြမွာေတာ့ ျဖစ္ႏိုင္ေသးတဲ့အတြက္ ေရဆြဲခ်ၿပီးတာနဲ႔ အိမ္သာထဲက ထြက္သင့္ပါတယ္။

Credit : Dr myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 အများသုံး ဘိုထိုင်အိမ်သာတွေ အသုံးပြုတဲ့အခါ တချို့က မထိမိအောင် ကြွပြီးသွားတတ်ကြပြီး တချို့က အိမ်သာသုံးတစ်ရှူးတွေ သုံးလေ့ရှိပါတယ်။ အင်မတန် အသန့်ကြိုက်သူတချို့ကတော့ အိမ်သာအဖုံးလေးတွေ ဆောင်လာပြီး သုံးလေ့ရှိပေမယ့် ဒီအဖုံးတွေဟာ အံဝင်ကွင်ကျမဖြစ်ဘဲ ရေတစိုစို ရှိနေတတ်တာကြောင့် တကယ်တမ်း ရောဂါပိုးမွှားတွေကို မတားဆီး၊ မကာကွယ်ပေးနိုင်ပါဘူး။

 အိမ်သာအဖုံး သုံးတာပဲဖြစ်ဖြစ်၊ တစ်ရှူးခံ သုံးတာပဲဖြစ်ဖြစ်၊ သူ့မှာပါတဲ့ အပေါက်တွေဟာ ပိုးမွှားတွေ ဖြတ်နိုင်လောက်အောင် ကျယ်နေတာကြောင့် အထပ်ထပ် ခံပြီးသုံးရင်တော့ အနည်းငယ်မျှသော ကာကွယ်မှုတော့ ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အိမ်သာထိုင်ခုံ အရမ်းညစ်ပတ်နေတာ၊ အရည်တွေ၊ အရာဝတ္ထုတွေနဲ့ ပေကျံနေတာမျိုးကလွဲလို့ တော်ရုံအိမ်သာတွေဟာ ရောဂါပိုး ကူးစက်စေနိုင်စွမ်း မရှိတတ်ပါဘူး။

အိမ်သာထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ အရမ်းများတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ တကယ်တမ်းပြောရရင် လက်ကိုင်ဖုန်းတွေမှာ အိမ်သာခုံထက်စာရင် ပိုးမွှား 10 ဆ ပိုများပါတယ်။ သော့၊ ဖိနပ်ကြိုး၊ လက်ကိုင်အိတ်နဲ့ နေ့စဉ်အသုံးပြုကျ ပစ္စည်းတွေမှာလည်း ပုံမှန်ဆေးကြောနေတဲ့ အိမ်သာတွေထက်စာရင် ပိုးမွှားတွေ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

 လူတစ်ယောက်ဟာ ဖျားနာနေတာ မဟုတ်ခဲ့ရင်  သူ့ရဲ့မစင်မှာ ပါဝင်တဲ့ ပိုးတွေဟာ ဘေးဥပါဒ် မဖြစ်စေနိုင်ပါဘူး။ အိမ်သာခုံတွေမှာ ဒီပိုးမွှားတွေ တွယ်ကပ်နေပြီး ကိုယ့်ရဲ့အရေပြားပေါ် ရောက်ရှိလာရင်တောင် တော်ရုံရောဂါ မဖြစ်စေနိုင်ပါဘူး။ ရောဂါဖြစ်စေနိုင်ဖို့အတွက် ဒီပိုးမွှားတွေဟာ တင်ပါးပေါ်မှာရှိတဲ့ အနာတွေနဲ့ လက်ကနေတစ်ဆင့် ဝင်မှရမှာပါ။

 ဒါကြောင့် အရေးအကြီးဆုံးက လက်ဆေးဖို့ပါပဲ။ အိမ်သာသုံးပြီးတိုင်းနဲ့ အစာမစားခင်တိုင်း လက်ဆေးပေးရင် ရောဂါဘယတွေ ကာကွယ်နိုင်မှာပါ။

 လက်ဆေးခြင်းရဲ့ အရေးပါပုံကို တချို့တွေက သေချာမသိကြတဲ့အတွက် ဖြစ်ကတတ်ဆန်း ဆေးလေ့ ရှိပါတယ်။ ဆပ်ပြာနဲ့ အချိန်အတန်ကြာ ဆေးခြင်းကသာ မှန်ကန်တဲ့လက်ဆေးနည်း ဖြစ်ပါတယ်။

 ဒါ့အပြင် အိမ်သာအဖုံးသုံးခြင်း၊ တစ်ရှူး အပိုသုံးခြင်းကြောင့်  စက္ကူထုတ်လုပ်မှုကို ပိုများစေနိုင်ပြီး ဒါတွေကို ဖျက်ဆီးပစ်ဖို့လည်း ရေပိုလိုတာကြောင့် စွမ်းအင်အရင်းအမြစ်တွေကို ပိုဆုံးရှုံးစေနိုင်ပါတယ်။

 တစ်ခါတလေ ဆီးစစ်ဖို့အတွက် အများသုံးအိမ်သာကို အသုံးပြုရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အိမ်သာအထိုင်နဲ့ မထိဘဲ တင်ပါးကြွပြီးသွားတဲ့အခါ ဆီးအထွက်နည်းပြီး အဖြေမှားတတ်ပါတယ်။

 အများသုံးအိမ်သာသုံးခြင်းရဲ့ ဆိုးကျိုးတစ်ချက်က ရောဂါပိုး ကူးတာ၊ မကူးတာထက် တစ်ပါးသူရဲ့ အညစ်အကြေးတွေ ပေကျံနေတဲ့အခါ ထိချင်ထိုင်ချင်မှာ မဟုတ်ပါဘူး။

 ဒီလိုအချိန်မျိုးမှာတော့ ဘိုထိုင်အဖုံး၊ အကာလေး သုံးခြင်းက စိတ်သက်သာစေမှ ာဖြစ်ပါတယ်။

 နောက်ဆုံး အချက်တစ်ချက်ကတော့ အိမ်သာ ရေဆွဲချတဲ့အချိန်မှာ ဘက်တီးရီးယားပိုးမွှားတွေ ရေစက်လေးတွေနဲ့ တွဲခိုပါလာတတ်တာကြောင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ နောက်ပေါ်တဲ့ ဖိအားနည်းအိမ်သာမျိုးမှာတော့ ဒီလိုမဖြစ်အောင် ကာကွယ်ထားပေမယ့် အိမ်သာအဟောင်းတွေမှာတော့ ဖြစ်နိုင်သေးတဲ့အတွက် ရေဆွဲချပြီးတာနဲ့ အိမ်သာထဲက ထွက်သင့်ပါတယ်။

Credit : Dr myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top