iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္မုိးယုစံ တစ္ေယာက္ သႀကၤန္နားနီးလာတာျဖစ္ျဖစ္၊ ပြဲလမ္းသဘင္ေတြလုပ္တဲ့အခါက်ရင္ အရမ္းစိတ္ညစ္ရတယ္လုိ႔ ဆုိပါတယ္။ ငယ္ငယ္ကတည္းက မေပ်ာ္ခဲ့ရတဲ့ ပြဲလမ္းသဘင္ေတြနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ ခံစားခ်က္ကို အခုလုိေျပာျပခဲ့ပါတယ္။သႀကၤန္နားနီးလာေတာ့ သူ႔ရဲ႕ ရင္ဖြင့္သံကုိ ေျပာလာၿပီ။

” ပြဲလမ္းသဘင္ေတြေရာက္ရင္ ညီမ အရမ္းစိတ္ညစ္ရတယ္၊ သႀကၤန္တုိ႔ သီတင္းကၽြတ္တုိ႔ဆုိရင္ မေရာက္ပါေစနဲ႔ ဆုေတာင္းရတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ညီမက မလည္ရဘူးေလ အိမ္မွာပဲ ေနရတယ္။ ၿပီးေတာ့ အိမ္အျပင္ေတာင္ ထြက္မၾကည့္ရဘူးဆုိေတာ့ ႏွစ္တုိင္းေပါ့ သူမ်ားေတြေပ်ာ္သလုိ ကုိယ္က မေပ်ာ္ရေတာ့ မႀကိဳက္ဘူးေပါ့ေနာ္။ အႏုပညာအလုပ္လုပ္ေတာ့လည္း အလုပ္န႔ဲျဖတ္သန္းရတာပဲရွိတယ္ ကုိယ့္ဘာသာ သီးသန္႔ႀကီးေပ်ာ္ရတယ္ဆုိတာေတာ့ မရွိဘူး” လုိ႔ ဆုိပါတယ္။

သႀကၤန္အတြင္း ေလွ်ာက္လည္ၾကမယ့္ သူ႔ရဲ႕ ပရိသတ္ေတြအတြက္လည္း ဂရုတစုိက္ရွိၾကဖုိ႔ ေျပာျပခဲ့ပါေသးတယ္။

” အခုေခတ္မွာ ဖက္ရွင္ကလည္း အရမ္းေခတ္စားေနတယ္ဆုိေတာ့ေလ သႀကၤန္အတြင္းမွာေတာ့ ကုိယ့္ရဲ႕အသားအေရမပ်က္စီးဖုိ႔ေပါ့ အသားအေရပ်က္စီးဖုိ႔ကေတာ့ ခဏေလးဆုိေပမယ့္ ျပန္လည္ထိန္းသိမ္းရတာအရမ္းကုိခက္ခဲတယ္။ အဓိက ကေတာ့ ကုိယ့္အတြက္ အဆင္ေျပမယ့္ ပုံစံေလးေတြပဲ ဝတ္ၾကပါ” လို႔ သူကဆိုပါတယ္။

သရုပ္ေဆာင္မုိးယုစံ တုိ႔ မိသားစုကေတာ့ သႀကၤန္မွာ ဘန္ေကာက္ကုိ ခရီးထြက္ျဖစ္မယ္လုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ အႏုပညာ အလုပ္ေတြဆက္လုပ္သြားဖုိ႔ အစီအစဥ္ရွိေပမယ့္ မိသားစုကုိ ပိုအခ်ိန္ေပးျဖစ္မယ္လုိ႔ ဆုိပါတယ္။

Photo: မိုးယုစံေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်မိုးယုစံ တစ်ယောက် သင်္ကြန်နားနီးလာတာဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေလုပ်တဲ့အခါကျရင် အရမ်းစိတ်ညစ်ရတယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတည်းက မပျော်ခဲ့ရတဲ့ ပွဲလမ်းသဘင်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကို အခုလိုပြောပြခဲ့ပါတယ်။သင်္ကြန်နားနီးလာတော့ သူ့ရဲ့ ရင်ဖွင့်သံကို ပြောလာပြီ။

” ပွဲလမ်းသဘင်တွေရောက်ရင် ညီမ အရမ်းစိတ်ညစ်ရတယ်၊ သင်္ကြန်တို့ သီတင်းကျွတ်တို့ဆိုရင် မရောက်ပါစေနဲ့ ဆုတောင်းရတယ်။ ဘာကြောင့်လဲဆိုတော့ ညီမက မလည်ရဘူးလေ အိမ်မှာပဲ နေရတယ်။ ပြီးတော့ အိမ်အပြင်တောင် ထွက်မကြည့်ရဘူးဆိုတော့ နှစ်တိုင်းပေါ့ သူများတွေပျော်သလို ကိုယ်က မပျော်ရတော့ မကြိုက်ဘူးပေါ့နော်။ အနုပညာအလုပ်လုပ်တော့လည်း အလုပ်နဲ့ဖြတ်သန်းရတာပဲရှိတယ် ကိုယ့်ဘာသာ သီးသန့်ကြီးပျော်ရတယ်ဆိုတာတော့ မရှိဘူး” လို့ ဆိုပါတယ်။

သင်္ကြန်အတွင်း လျှောက်လည်ကြမယ့် သူ့ရဲ့ ပရိသတ်တွေအတွက်လည်း ဂရုတစိုက်ရှိကြဖို့ ပြောပြခဲ့ပါသေးတယ်။

” အခုခေတ်မှာ ဖက်ရှင်ကလည်း အရမ်းခေတ်စားနေတယ်ဆိုတော့လေ သင်္ကြန်အတွင်းမှာတော့ ကိုယ့်ရဲ့အသားအရေမပျက်စီးဖို့ပေါ့ အသားအရေပျက်စီးဖို့ကတော့ ခဏလေးဆိုပေမယ့် ပြန်လည်ထိန်းသိမ်းရတာအရမ်းကိုခက်ခဲတယ်။ အဓိက ကတော့ ကိုယ့်အတွက် အဆင်ပြေမယ့် ပုံစံလေးတွေပဲ ဝတ်ကြပါ” လို့ သူကဆိုပါတယ်။

သရုပ်ဆောင်မိုးယုစံ တို့ မိသားစုကတော့ သင်္ကြန်မှာ ဘန်ကောက်ကို ခရီးထွက်ဖြစ်မယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိပေမယ့် မိသားစုကို ပိုအချိန်ပေးဖြစ်မယ်လို့ ဆိုပါတယ်။

Photo: မိုးယုစံဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top