iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္းတိုင္းမွာ မင္းသမီးေလးတစ္ေယာက္လိုမ်ိဳး လွလွပပနဲ႔ႏိုးထလာႏိုင္ဖို႔ဆိုတာ အရမ္းကိုေခ်ာေမာလွပလြန္းတဲ့သူေတြမွာေတာင္ မလြယ္ကူလြန္းပါဘူး။ အခ်ိန္တိုင္းမွာလွပေနဖို႔အတြက္ ဘာေတြလိုအပ္မလဲ။ အဓိကကေတာ့ ထိန္းသိမ္းေစာင့္ေရွာက္တတ္ဖို႔ပါပဲ။ အသားအေရကို ေသခ်ာထိန္းသိမ္းေစာင့္ေရွာက္မယ္၊ ညဘက္အိပ္ခါနီးအခ်ိန္ေတြမွာ ျပင္ဆင္ရမယ့္အရာေတြကို ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ မင္းသမီးေလးတစ္ေယာက္လိုမ်ိဳး လွလွပပႏိုးထလာႏိုင္မွာပါ။

အေရးအေၾကာင္းေတြမရွိေအာင္

အသားအေရေလးက ေခ်ာေမြ႔ေနၿပီး အေရးအေၾကာင္းေတြကင္းစင္ေနမယ္ဆိုရင္ေတာ့ မလွပစရာအေၾကာင္းမရွိပါဘူး။ မ်က္ႏွာေပါင္းတင္တဲ့ Face Mask ေတြကိုေသခ်ာအသံုးျပဳမယ္၊ မ်က္ႏွာကိုလည္း သန္႔စင္ေအာင္ေသခ်ာသစ္ေပးမယ္ဆိုရင္ေတာ့ လွပတဲ့အသားအေရမ်ိဳးေလးနဲ႔ မနက္ခင္းတိုင္းကလွပေနမွာပဲျဖစ္ပါတယ္။

ေျခဖဝါးေလးေတြႏူးညံ့ေနဖို႔

သင္ကေျခေထာက္မွာ ေျခဆီမထြက္ပဲ အသားအေရေျခာက္ၿပီး ေျခဖေနာင့္ကြဲတတ္သူတစ္ေယာက္ဆိုရင္ အိပ္ခါနီးအခ်ိန္တိုင္းမွာ သင့္ေျခဖဝါးေလးေတြကို အစိုဓာတ္ရရွိေနေအာင္အရင္လုပ္ေပးသင့္ပါတယ္။ နည္းလမ္းေကာင္းေလးကေတာ့ Vaseline ကိုေျခေထာက္မွာလိမ္းေပးၿပီး ေျခအိတ္စြပ္ၿပီးအိပ္မယ္ဆိုရင္ မနက္ႏိုးလာတဲ့အခါမွာ ေျခဖဝါးေလးက ႏူးညံ့ၿပီး ျဖဴစင္ေခ်ာ့ေမြ႔ေနတာကို ျမင္ေတြ႔ရမွာပဲျဖစ္ပါတယ္။

ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့ေနေအာင္

သင့္ႏႈတ္ခမ္းသားေလးေတြကလည္း ႏူးညံ့မႈရွိေနမွာလည္း လွပမွာျဖစ္ပါတယ္။ ႏႈတ္ခမ္းေတြက ေျခာက္ေသြ႔ၿပီးကြဲအက္ေနမယ္ဆိုရင္ ႏႈတ္ခမ္းနီေတြဆိုးရင္လည္း မလွေတာ့ဘူးေပါ႔။ ဒါေၾကာင့္ ႏႈတ္ခမ္းသားကိုအစိုဓာတ္ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့ သံလြင္ဆီကို အိပ္ခါနီးတိုင္း ႏွႈတ္ခမ္းေပၚမွာလိမ္းထားေပးလိုက္ပါ။

အသားအေရေလးေခ်ာေမြ႔ေျပာင္တင္းေနဖို႔

သင့္အသားအေရေလးက ေခ်ာေမြ႔ၿပီး ေျပာင္တင္းေနဖို႔အတြက္ဆိုရင္လည္း ညအိပ္ခါနီးအခ်ိန္ေတြမွာ သံလြင္ဆီကိုလိမ္းေပးၿပီး အနည္းငယ္ေလာက္ႏွိပ္နယ္ေပးလိုက္မယ္ဆိုရင္ မနက္ႏိုးလာတဲ့အခါမွာ ေကာင္းမြန္တဲ့ အသားအေရကိုပိုင္ဆိုင္ရၿပီးသားျဖစ္ေနမွာပါ။

ဒီနည္းလမ္းေတြကေတာ့ အရမ္းကိုလွခ်င္တဲ့ပ်ိဳေမတို႔အတြက္ မနက္ခင္းတိုင္းမွာ မင္းသမီးေလးတစ္ေယာက္လိုမ်ိဳး ႏိုးထလာရေစမယ့္နည္းလမ္းေကာင္းေလးေတြပဲျဖစ္ပါတယ္ေနာ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်ခင်းတိုင်းမှာ မင်းသမီးလေးတစ်ယောက်လိုမျိုး လှလှပပနဲ့နိုးထလာနိုင်ဖို့ဆိုတာ အရမ်းကိုချောမောလှပလွန်းတဲ့သူတွေမှာတောင် မလွယ်ကူလွန်းပါဘူး။ အချိန်တိုင်းမှာလှပနေဖို့အတွက် ဘာတွေလိုအပ်မလဲ။ အဓိကကတော့ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ပါပဲ။ အသားအရေကို သေချာထိန်းသိမ်းစောင့်ရှောက်မယ်၊ ညဘက်အိပ်ခါနီးအချိန်တွေမှာ ပြင်ဆင်ရမယ့်အရာတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ မင်းသမီးလေးတစ်ယောက်လိုမျိုး လှလှပပနိုးထလာနိုင်မှာပါ။

အရေးအကြောင်းတွေမရှိအောင်

အသားအရေလေးက ချောမွေ့နေပြီး အရေးအကြောင်းတွေကင်းစင်နေမယ်ဆိုရင်တော့ မလှပစရာအကြောင်းမရှိပါဘူး။ မျက်နှာပေါင်းတင်တဲ့ Face Mask တွေကိုသေချာအသုံးပြုမယ်၊ မျက်နှာကိုလည်း သန့်စင်အောင်သေချာသစ်ပေးမယ်ဆိုရင်တော့ လှပတဲ့အသားအရေမျိုးလေးနဲ့ မနက်ခင်းတိုင်းကလှပနေမှာပဲဖြစ်ပါတယ်။

ခြေဖဝါးလေးတွေနူးညံ့နေဖို့

သင်ကခြေထောက်မှာ ခြေဆီမထွက်ပဲ အသားအရေခြောက်ပြီး ခြေဖနောင့်ကွဲတတ်သူတစ်ယောက်ဆိုရင် အိပ်ခါနီးအချိန်တိုင်းမှာ သင့်ခြေဖဝါးလေးတွေကို အစိုဓာတ်ရရှိနေအောင်အရင်လုပ်ပေးသင့်ပါတယ်။ နည်းလမ်းကောင်းလေးကတော့ Vaseline ကိုခြေထောက်မှာလိမ်းပေးပြီး ခြေအိတ်စွပ်ပြီးအိပ်မယ်ဆိုရင် မနက်နိုးလာတဲ့အခါမှာ ခြေဖဝါးလေးက နူးညံ့ပြီး ဖြူစင်ချော့မွေ့နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းသားလေးတွေ နူးညံ့နေအောင်

သင့်နှုတ်ခမ်းသားလေးတွေကလည်း နူးညံ့မှုရှိနေမှာလည်း လှပမှာဖြစ်ပါတယ်။ နှုတ်ခမ်းတွေက ခြောက်သွေ့ပြီးကွဲအက်နေမယ်ဆိုရင် နှုတ်ခမ်းနီတွေဆိုးရင်လည်း မလှတော့ဘူးပေါ့။ ဒါကြောင့် နှုတ်ခမ်းသားကိုအစိုဓာတ်ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ သံလွင်ဆီကို အိပ်ခါနီးတိုင်း နှှုတ်ခမ်းပေါ်မှာလိမ်းထားပေးလိုက်ပါ။

အသားအရေလေးချောမွေ့ပြောင်တင်းနေဖို့

သင့်အသားအရေလေးက ချောမွေ့ပြီး ပြောင်တင်းနေဖို့အတွက်ဆိုရင်လည်း ညအိပ်ခါနီးအချိန်တွေမှာ သံလွင်ဆီကိုလိမ်းပေးပြီး အနည်းငယ်လောက်နှိပ်နယ်ပေးလိုက်မယ်ဆိုရင် မနက်နိုးလာတဲ့အခါမှာ ကောင်းမွန်တဲ့ အသားအရေကိုပိုင်ဆိုင်ရပြီးသားဖြစ်နေမှာပါ။

ဒီနည်းလမ်းတွေကတော့ အရမ်းကိုလှချင်တဲ့ပျိုမေတို့အတွက် မနက်ခင်းတိုင်းမှာ မင်းသမီးလေးတစ်ယောက်လိုမျိုး နိုးထလာရစေမယ့်နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်နော်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top