iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အတြက္ စကပ္တိုေလးေတြ၊ ေဘာင္းဘီတိုေလးေတြဝတ္တဲ့အခ်ိန္မွာ ေျခသလံုးေမႊးေလးေတြ မရွိေနဖို႔ကအေရးႀကီးပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ရိတ္ၿပီးဖယ္ရွားတတ္ေပမယ့္ အခ်ိန္ျမန္ျမန္ျပန္ထြက္လာတတ္ေတာ့ မၾကာခဏဆိုသလို ေျခသလံုးေမႊးေတြကို ဖယ္ရွားေနရတာေပါ႔။ အခုတစ္ခါမွာေတာ့ ပ်ိဳေမတို႔အတြက္ ေျခသလံုးေမႊးေတြကို ခဏခဏဖယ္ရွားေနစရာ မလိုေတာ့မယ့္နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ရိတ္ထားတဲ့ေျခသလံုးေမႊးေတြ ျမန္ျမန္ျပန္မထြက္လာေစဖို႔အတြက္ဆိုရင္ ေျခသလံုးေမႊးေတြကိုရိတ္ၿပီး ေနာက္တစ္ေန႔မွာ ဆားနဲ႔ scrub သေဘာမ်ိဳးပြတ္တိုက္ေပးလိုက္သင့္ပါတယ္။ ေျခသလံုးေမႊးေတြကို ရိတ္ၿပီးသြားတဲ့အခ်ိန္မွာ ဆားနဲ႔ပြတ္ေပးမယ္ဆိုရင္ အသားအေရေပၚမွာရွိေနတဲ့ ဆဲလ္ေသေတြကိုဖယ္ရွားေပးႏိုင္တာေၾကာင့္ ေနာက္ထပ္ေပါက္လာမယ့္ ေျခသလံုးေမႊးေတြကိုလည္း ေႏွာင့္ေနွးေစပါတယ္။

ေရခ်ိဳးၿပီးသြားတဲ့အခါမွ ဖယ္ရွားပစ္တာက အေကာင္းဆံုးနည္းလမ္းပါ။ ေရခ်ိဳးတဲ့အခါမွာ အသံုးျပဳတဲ့ဆပ္ျပာက အေရျပားေပၚမွာရွိတဲ့ အဆီနဲ႔အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကိုလည္းေရဓာတ္ျပန္လည္ျပည့္ဝေစတာဆိုေတာ့ ေရခ်ိဳးၿပီးသြားတဲ့အခ်ိန္မွ အေမႊးေတြကိုဖယ္ရွားေပးမယ္ဆိုရင္ အေကာင္းဆံုးပါပဲ။

ေကာင္းမြန္တဲ့ပစၥည္းေတြကိုေရြးခ်ယ္ဖို႔လိုပါတယ္။ သင္အသံုးျပဳမယ့္ အေမႊးရိတ္တဲ့ဓားက ေကာင္းမြန္ေနမွ အေမြႊးေတြကိုေသခ်ာဖယ္ရွားႏိုင္ၿပီး ႐ုပ္ပ်က္ဆင္းပ်က္ေတြလည္း မျဖစ္ေစေတာ့မွာေပါ႔။

ေရနဲ႔စိမ္ေပးဖို႔လည္းလိုပါတယ္။ အေမႊးေတြကိုရိတ္ၿပီးသြားတဲ့အခါမွာ ေရထဲမွာေျခေထာက္ကို ခဏေလာက္စိမ္ထားၿပီး အဝတ္နဲ႔ျပန္လည္ေျခာက္ေသြ႔ေအာင္ သုတ္ေပးလိုက္ပါ။ ဒီလိုလုပ္ေပးတာက သင့္ေျခေထာက္မွာရွိတဲ့ ေမႊးညင္းေပါက္ေတြကို က်ဥ္းသြားေစၿပီး အသားအေရယားယံတာေတြကိုလည္း သက္သာေစမွာပဲျဖစ္ပါတယ္။

သံလြင္ဆီေလးလိမ္းေပးပါ။ အေမႊးေတြကိုဖယ္ရွားၿပီးသြားတဲ့အခါမွာ အသားအေရေကာင္းဖို႔အတြက္ေရာ သဘာဝအဆီတစ္မ်ိဳးမ်ိဳးကို လိမ္းေပးသင့္ပါတယ္။ ဒီေနရာမွာ အသင့္ေတာ္ဆံုးကေတာ့ သံလြင္ဆီပဲေပါ႔။ သံလြင္ဆီက အသားအေရကိုႏူးညံ့ေစၿပီး ၾကည္လင္ေစတာေၾကာင့္ အေမႊးေတြကိုရိတ္ၿပီးသြားတဲ့အခါမွာ သံုးဖို႔အသင့္ေတာ္ဆံုးပဲေပါ႔။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတစ်ယောက်အတွက် စကပ်တိုလေးတွေ၊ ဘောင်းဘီတိုလေးတွေဝတ်တဲ့အချိန်မှာ ခြေသလုံးမွှေးလေးတွေ မရှိနေဖို့ကအရေးကြီးပါတယ်။ တစ်ချို့တွေကတော့ ရိတ်ပြီးဖယ်ရှားတတ်ပေမယ့် အချိန်မြန်မြန်ပြန်ထွက်လာတတ်တော့ မကြာခဏဆိုသလို ခြေသလုံးမွှေးတွေကို ဖယ်ရှားနေရတာပေါ့။ အခုတစ်ခါမှာတော့ ပျိုမေတို့အတွက် ခြေသလုံးမွှေးတွေကို ခဏခဏဖယ်ရှားနေစရာ မလိုတော့မယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရိတ်ထားတဲ့ခြေသလုံးမွှေးတွေ မြန်မြန်ပြန်မထွက်လာစေဖို့အတွက်ဆိုရင် ခြေသလုံးမွှေးတွေကိုရိတ်ပြီး နောက်တစ်နေ့မှာ ဆားနဲ့ scrub သဘောမျိုးပွတ်တိုက်ပေးလိုက်သင့်ပါတယ်။ ခြေသလုံးမွှေးတွေကို ရိတ်ပြီးသွားတဲ့အချိန်မှာ ဆားနဲ့ပွတ်ပေးမယ်ဆိုရင် အသားအရေပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တာကြောင့် နောက်ထပ်ပေါက်လာမယ့် ခြေသလုံးမွှေးတွေကိုလည်း နှောင့်နှေးစေပါတယ်။

ရေချိုးပြီးသွားတဲ့အခါမှ ဖယ်ရှားပစ်တာက အကောင်းဆုံးနည်းလမ်းပါ။ ရေချိုးတဲ့အခါမှာ အသုံးပြုတဲ့ဆပ်ပြာက အရေပြားပေါ်မှာရှိတဲ့ အဆီနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကိုလည်းရေဓာတ်ပြန်လည်ပြည့်ဝစေတာဆိုတော့ ရေချိုးပြီးသွားတဲ့အချိန်မှ အမွှေးတွေကိုဖယ်ရှားပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

ကောင်းမွန်တဲ့ပစ္စည်းတွေကိုရွေးချယ်ဖို့လိုပါတယ်။ သင်အသုံးပြုမယ့် အမွှေးရိတ်တဲ့ဓားက ကောင်းမွန်နေမှ အမွှေးတွေကိုသေချာဖယ်ရှားနိုင်ပြီး ရုပ်ပျက်ဆင်းပျက်တွေလည်း မဖြစ်စေတော့မှာပေါ့။

ရေနဲ့စိမ်ပေးဖို့လည်းလိုပါတယ်။ အမွှေးတွေကိုရိတ်ပြီးသွားတဲ့အခါမှာ ရေထဲမှာခြေထောက်ကို ခဏလောက်စိမ်ထားပြီး အဝတ်နဲ့ပြန်လည်ခြောက်သွေ့အောင် သုတ်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သင့်ခြေထောက်မှာရှိတဲ့ မွှေးညင်းပေါက်တွေကို ကျဉ်းသွားစေပြီး အသားအရေယားယံတာတွေကိုလည်း သက်သာစေမှာပဲဖြစ်ပါတယ်။

သံလွင်ဆီလေးလိမ်းပေးပါ။ အမွှေးတွေကိုဖယ်ရှားပြီးသွားတဲ့အခါမှာ အသားအရေကောင်းဖို့အတွက်ရော သဘာဝအဆီတစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ ဒီနေရာမှာ အသင့်တော်ဆုံးကတော့ သံလွင်ဆီပဲပေါ့။ သံလွင်ဆီက အသားအရေကိုနူးညံ့စေပြီး ကြည်လင်စေတာကြောင့် အမွှေးတွေကိုရိတ်ပြီးသွားတဲ့အခါမှာ သုံးဖို့အသင့်တော်ဆုံးပဲပေါ့။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top