iMyanmarHouse.com - Best Property Website for Myanmar
×
Credit : nanmalgyi
ဝေဠုကျော် ဆိုတာကတော့ မြန်မာရုပ်ရှင်လောကမှာ နာမည်ကောင်းနဲ့ သတင်းမွေးလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အနုပညာ အလုပ်တွေ အပြင် ပရဟိတ အလုပ်တွေကိုပါ အားကြိုးမာန်တတ်လုပ်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ယခုနောက်ပိုင်းမှာတော့ ပရဟိတအလုပ်တွေကို ပိုမိုအသားပေးပြီး လုပ်လာတာလည်းဖြစ်ပါတယ်။ လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ သူဟာ အိမ်ထောင်ပြု ဖို့ စိတ်ကူးရှိတယ်ဆိုပြီးတော့လည်း MC နဲ့ အင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်။
သူအနေနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိကြောင်း၊ သူအိမ်ထောင်ဖက်ကလည်း အနီးအနားမှာတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ အိမ်ထောင်ပြဖြစ်သွားနိုင်သလို၊ လူပျိုကြီးဘဝနဲ့လည်း အရိုးထုတ်သွားနိုင်ကြောင်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။ သူအနေနဲ့ ရတာမလို၊ လိုတာမရတဲ့ မတင်မကျအခြေအနေမှာ ရောက်နေကြောင်းကိုလည်း ဆိုပါတယ်။ ဇနီးလောင်းရွေးချယ်ရေးဟာ အင်မတန်မှ ခက်ခဲလှကြောင်း၊ မိမိကို ပါရမီဖြည့်ပေးနိုင်တဲ့ မိန်းမ တစ်ယောက်ကိုသာ ရွေးချယ်သွားမှာပါတဲ့။
သူအနေနဲ့ အိမ်တွင် ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်မျိုးစုံကိုလည်း ပရဟိတစေတနာစိတ်နဲ့ မွေးမြူထားတာပါ။ ပရဟိတရပ်ဝန်းမှာ ကျင်လည်နေတဲ့ ဝေဠုကျော် ကတော့ ရုပ်ရှင်ပိတ်ကားထက်မှာ ပျောက်နေတာကြာလှပါပြီ။ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလားဆိုတဲ့မေးခွန်းကိုလည်း သူအနေနဲ့ တစ်နှစ်ကို ဗီဒီယို ဇာတ်ကားနှစ်ကားလောက်အထိရိုက်ကူးဖို့ ရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း သူပါဝင်မည့် ဇာတ်ကားလေးတွေ့ရုံတင်ဖိုလည်း ရှိနေပါတယ်။ စစ်ကားတစ်ကားရယ်၊ အိန္ဒိယ ပရိုဂျုဆာနဲ့ ရိုက်ကူးထားတဲ့ ကားတွေဖြစ်ကြောင်းသိရပါတယ်။
သူရဲ့ ဖူးစာဖက်ဟာ အနုပညာသည်တွေထဲကလည်းဖြစ်နိုင်သလို၊ ပရဟိတရပ်ဝန်း၊ ဒုက္ခရောက်နေတဲ့သူတွေထဲကလည်း ဖြစ်နိုင်ပါတယ်လို့ အရွန်းဖောက်လိုက်ပါသေးတယ်။ အတိအကျပြောဖို့တော့ ယခုအချိန်မှာ စောသေးတယ်ဆိုပြီး လူပျိုကြီး ဝေဠုကျော်ကပြောကြားခဲ့ပါတယ်။ သူအနေနဲ့ ပရဟိတကို ယခုထက်ပိုုပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ကတိပေးခဲ့ပါတယ်။
လူပျိုကြီး ဝေဠုကျော် တစ်ယောက် ချစ်သောသူနဲ့ အမြန်ဆုံးပေါင်းဖက်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ပရဟိတနဲ့ အနုပညာကို စွမ်းစွမ်းတမံလုပ်သွားနိုင်ပါစေလို့ ပြောချင်လွန်းလို့မှ ဆုတောင်ပေးလိုက်ရပါတယ်။
Credit : nanmalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top