iMyanmarHouse.com - Best Property Website for Myanmar
×
စိတ်နေသဘောထား
.............
အချစ်စိတ်
……………
နေထိုင်မှုပုံစံ
……………
ပေါင်းသင်းဆက်ဆံရေး
…………………………
အားနည်းချက်
…………………
Credit : Loveshorts
ပို့သပေးပါတယ်။
စိတ်နေသဘောထား
.............
A သွေး ပိုင်ရှင်တွေဟာ တယောက်တည်းဆို စိတ်ကူးယဉ် ကမ္ဘာလေးမှာ ပျော်မွေ့နေတတ်ကြတယ်။ မာနကြီးတယ် သစ္စာတရားကို တန်ဖိုးထားတယ်။ ကိုယ့်ကို ကတိပေးထားတဲ့အတိုင်း တည်မှ သဘောကျတယ်။ တစ်ခါ ခံစားဖူးရင် နောက်တကြိမ် ပြန်စဖို့ကို ကြောက်နေတတ်တယ်။
အပြင်ပန်းက မာကျောပေမဲ့ စိတ်ထားနူးညံ့ပြီး ထိရှလွယ်တယ် ။ အားငယ်နေချိန် ကိုယ့်ကိုအားပေးမယ့် လက်တစုံကို လိုချင်ကြတယ်။ စိတ်ညစ်လာပြီ ဆိုရင် စိတ်ညစ်စရာ အကြောင်းကို တယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ နေသာထိုင်သာ ရှိတယ်။ A သွေးတွေဟာ ချစ်သူကို အနိုင်ယူချင် ကြတယ်။ အမြဲလိုလို တယောက်ယောက်အပေါ် ကလေးတယောက်လို ဆိုးနေရတာ ဂျီကျနေရတာကို သဘောကျနေတတ်တယ်။ လိုချင်ရင်မရ ရတဲ့နည်းနဲ့ ယူတတ်တဲ့အကျင့်ရှိတယ်။
A သွေးပိုင်ရှင်တွေဟာ စိတ်ညစ်ရင် သီချင်းနားထောင်တာ ပိုများတယ်။ စိတ်ကောက်ရင်လည်း ခဏပဲ ဒါပေမယ့် စိတ်နာသွားရင် လုံးဝ လှည့်မကြည့်ဘူး။ အငြိုးထားပြီဆို မရဘူး။ ကမ္ဘာမြေပြင် အဆုံးမြေလှန်ရှာပြီး လက်စားချေမယ့် သူမျိုး။ သူတို့ကို ဒေါသထွက်အောင် လုပ်မိရင် စကားပြန်မပြော တတ်ကြပေမယ့် ချော့လိုက်ရင် ခဏလေးနဲ့ ပြေတတ်ကြပါတယ်။
အချစ်စိတ်
……………
A သွေးပိုင်ရှင်တွေက အရမ်းကို အချစ်ကြီးပါတယ်။ သဘောထားကြီးတယ် လူတယောက်ကို ချစ်မိပြီဆိုရင် အသက်နှင့် ထပ်တူ ချစ်တတ်ပြီး နာကျည်းသွားပြီ ဆိုရင်လည်း သွေးအေးအေးနဲ့ ရက်စက်တတ်တယ်။ A သွေးတွေဟာ မျက်နှာများတယ်။ ရည်းစားကို လွယ်လွယ် ထားတယ်။ အချောအလှတွေ မြင်ရင် ကြိုက်တတ်ကြပေမယ့် လွယ်လွယ် မချစ်တတ်ကြပါ ။ ချစ်ခဲပြီး အချစ်မြဲတာ A သွေးပါ ။
အချစ်နဲ့ ပတ်သက်လာရင် အရမ်း romance ဆန်ကြတယ်။ သဝန်တိုလွန်း ကြတယ်။ ရစ်တတ်ကြတယ်။ ဒါကြောင့် ချစ်သူရဲ့ စွန့်ခွာခြင်းကို ခံရကြတယ်။ A သွေးပိုင်ရှင်နဲ့ ချစ်သူဖြစ်ပြီဆိုရင် နားလည်မှု မပေးနိုင်တဲ့ သူနဲ့တွေ့ရင် ခဏတာ ချစ်ခွင်ရပြီး ကွဲသွားတတ်တယ်။
A သွေးပိုင်ရှင်တွေဟာ အချစ်စိတ် ကြီးမားသလောက် အချစ်ရေးမှာ ကံမကောင်းတတ်ကြပါဘူး။ ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်မချစ်ဘဲ ဥပက္ခာပြုခြင်းကို အမြဲ ခံရတတ်ကြပါတယ်။
နေထိုင်မှုပုံစံ
……………
A သွေးပိုင်ရှင်တွေဟာ တယောက်တည်း နေတတ်ပြီး အဆွေး သီချင်းတွေကို ပိုကြိုက်တဲ့ မာနခဲလေးတွေပါ။ လွတ်လပ်မှုကို သဘောကျတယ်။ အနေအေးပါတယ် ဟန်မဆောင်တတ်ဘူး ပွင့်လင်းတယ်။ လူစည်ကားတဲ့ နေရာတွေကို သိပ်မသွားချင်ကြဘူး။ သန့်ရှင်းမှုကို သဘောကျတဲ့ သူတွေပါ။
ပေါင်းသင်းဆက်ဆံရေး
…………………………
A သွေးတွေဟာ အပေါင်းအသင်း တွေနဲ့ဆို ကလေးဆန်ဆန် နေတတ်ပြီး မိဘ တစိမ်းတွေ ရှေ့မှာဆို ရင့်ကျက်တဲ့ အမူအရာ ဖမ်းတတ်တဲ့ သူတွေပါ ။fri တွေနဲ့ ပျော်ပျော်နေတတ်သလို ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘဲ အေးအေးဆေးဆေး တယောက်တည်း သီးခြား ခွဲနေတတ်သူပါ။
အပေါင်းအသင်းများတယ် ထင်ရပေမယ့် အမြဲ အထီးကျန် နေတတ်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ဆို  အရမ်းစကားများပြီး active ဖြစ်နေတတ်တယ်။ ကူညီတတ်တယ်။ ဒါပေမယ့် စေတနာကို အသိအမှတ်ပြု မခံရရင် နောက်တခါ သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ မျက်နှာထား ခပ်တည်တည် နေတတ်ပေမယ့် အစအနောက် သန်သူများဖြစ်တယ်။ ပိုက်ဆံကို ချွေချွေတာတာ စုဆောင်းတတ်ပေမယ့် အပေါင်းအသင်းတွေနဲ့ဆို အသုံးအဖြုန်း ကြီးသူတွေ ဖြစ်တယ်။
အားနည်းချက်
…………………
A သွေးတွေရဲ့ အားနည်းချက်က အားနာတတ်တယ်။ ရှက်တတ်တယ်။ အယုံလွယ်တတ်တယ်။
Credit : Loveshorts
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top